iMyanmarHouse.com - Best Property Website for Myanmar
×
(၆)  သင့်နှုတ်ခမ်းတွေကနေတဆင့် သင့်ရဲ့မှတ်ဥာဏ်တွေကို သိနိုင်ခြင်း
Credit : Trend Myanmar
#Unicode Version
အရက်အလွန်အကျွံသောက်ခြင်းက ဘဝကို ပျက်စီးစေနိုင်သလို ဆေးလိပ်အလွန်အကျွံ သောက်ခြင်းက အဆုတ်ကို ပျက်စီးစေနိုင်တယ်ဆိုတာ ကျွနု်ပ်တို့သိပြီးသားပါ။ ဒါပေမယ့် သင့်ရဲ့ လက်ညှိုးအရှည်ဟာ သင့်လိင်အင်္ဂါရဲ့ တကယ့်အရှည်ကို ဖော်ပြနိုင်တယ်လို့ ပြောလိုက်ရင် သင် ဘယ်လိုခံစားရမလဲ ။ ရူးလိုက်တာပေါ့။ ဒါပေမယ့် အဲဒါအမှန်ပါ။ အခုဖော်ပြပေးမယ့် ခန္ဓာကိုယ် စပ်ဆက်မှုအချက်(၆)ချက်ကို သိထားရင် သင့်ဘဝအတွက် အသုံးဝင်နိုင်ပါလိမ့်မယ်။
(၁) မျက်လုံးတွေကတဆင့် ဦးနှောက်ကို သိနိုင်ခြင်း
စိတ္တဗေဒ သိပ္ပံပညာ လေ့လာချက်တွေအရ သင့်မျက်လုံးတွေနောက်က သွေးကြောတွေဟာ သင့်ဦးနှောက်ရဲ့ ကျန်းမာရေးအဆင့်အတန်းကို ဖော်ပြနေပါတယ်။ သွေးပြန်ကြောတွေကို တချက်ကြည့်လိုက်ပါ။ အဲဒီသွေးကြောတွေ ကျယ်လေလေ IQ နည်းလေလေ ပါပဲ။
(၂)  အသားအရေကတဆင့် သွေးဖိအားနှုန်းကို သိနိုင်ခြင်း
ပျော့တွဲတွဲအသားအရေနဲ့ အရေးအကြောင်းတွေက အတိတ်ကို ဖော်ပြနေနိုင်သလိုပါပဲ။ ကျန်းမာသန်စွမ်းတဲ့ အသားအရေက သင့်ရဲ့ သွေးဖိအားဟာ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး သင့်ရဲ့ နှလုံးကလည်း ကောင်းမွန်တဲ့ အနေအထားမှာ ရှိနေတယ်လို့ ဖော်ပြနေပါတယ်။ သင့်အသားအရေရဲ့ ငယ်ရွယ်နုပျိုမှု အတိုင်းအတာဟာ နှလုံးနဲ့ပတ်သက်တဲ့ ရောဂါအတော်များများကို ဖော်ပြနေတယ်လို့ ဆိုပါတယ်။
(၃) သင့်အသံကနေတဆင့် အရပ်အမြင့်ကို သိနိုင်ခြင်း
အမျိုးသားတွေရဲ့ စကားသံ နဲ့ တီးတိုးပြောသံ စတာတွေကနေတဆင့် သူတို့ရဲ့ အရပ်အရှည်ကို မြင်သာနိုင်ပါတယ်။ အဆုတ်ရဲ့ အောက်ပိုင်းကထွက်လာတဲ့ လေသံဟာ ပိုပြီးတိုးလေ သူ့ရဲ့အရပ်က ရှည်လေပါပဲ။
(၄) သင့်လက်ကနေတဆင့် သင့်လိင်အင်္ဂါ အရွယ်အစားကိုသိနိုင်ခြင်း
ဒီဆောင်းပါး အစကတည်းက ဒီအကြောင်းကို စိတ်ဝင်စားနေမယ်လို့ ထင်ပါတယ်။ သတင်းအပြည့်အစုံကတော့ ၂၀၁၁ ခုနှစ်က ကိုရီးယား သုတေသနပညာရှင်တွေ တွေ့ရှိထားတာပါ။ အမျိုးသားတစ်ယောက်ရဲ့ လက်ညှိုးဟာ လက်ခလယ်ထက် ပိုတိုလေလေ ပိုကြီးတဲ့ လိင်အင်္ဂါ အရွယ်အစား ရှိလေပါပဲတဲ့ ။
(၅) သင့်ရဲ့ သွားတွေကနေတဆင့် သင့်စိတ်ကိုသိနိုင်ခြင်း
သင့်ရဲ့ သဘာဝကပေးထားတဲ့ ပုလဲလေးတွေက သင့်စိတ်ရဲ့ သတိရမှုနဲ့ မေ့လျော့မှု စွမ်းရည်တွေကို ဖော်ပြနေပါတယ်။ သုတေသနတွေ အဆိုအရ စိတ်ဓါတ်အင်အား နိမ့်ပါးသူတွေဟာ သွားနှင့်ဆိုင်တဲ့ ခံတွင်းပိုင်း ထိန်းသိမ်းမှုအား နည်းတယ်လို့ဆိုပါတယ်။
(၆)  သင့်နှုတ်ခမ်းတွေကနေတဆင့် သင့်ရဲ့မှတ်ဉာဏ်တွေကို သိနိုင်ခြင်း
ဟုတ်ပါတယ်။ နှုတ်ခမ်းတွေက မညာနိုင်ပါဘူး။ အက်ကွဲနေတဲ့ နှုတ်ခမ်းတွေနဲ့ အေးစက်နာကျင်နေတဲ့ ဒဏ်ရာမျိုးတွေဟာ အယ်ဇိုင်းမားရောဂါနဲ့ စိတ်ဖောက်ပြန်နိုင်တဲ့ အခြေအနေတွေကို ဖော်ပြနေပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top