iMyanmarHouse.com - Best Property Website for Myanmar
×


၎ - လုပ်ငန်းခွင် အာရုံစူးစိုက်မှု ပိုကောင်းစေတယ်




Credit:Momolay



Unicode Version

တရားထိုင်ခြင်းကို မည်သည့်ဘာသာဝင်မဆို ပြုလုပ်နိုင်ပြီး တရားထိုင်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်သန်စွမ်းမှုကို အများကြီးအထောက်အကူဖြစ်တယ်ဆိုတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ ထို့အတူ လုပ်ငန်းခွင်အတွင်းမှာ ပိုမိုအဆင်ပြေချောမွေ့စေဖို့ လိုအပ်တဲ့ အရည်အသွေးများကိုလည်း တရားထိုင်ခြင်းကနေ သင်ရရှိနိုင်ပါသေးတယ်။ တရားထိုင်ခြင်းက ပေးအပ်တဲ့ ဘဝအတွက် ကောင်းကျိုး ၁၅ ချက်ကတော့ ...

၁ - ဖိအားတွေကို အလွယ်တကူကျော်လွှားနိုင်မယ်
၂ - ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေတယ်
၃ - မိမိကိုယ်ကို ယုံကြည်မှုရှိစေတယ်
၄ - လုပ်ငန်းခွင် အာရုံစူးစိုက်မှု ပိုကောင်းစေတယ်
၅ - လုပ်ငန်းဆောင်တာတွေနဲ့ တာဝန်တွေကို အချိန်တိုတိုနဲ့ မြန်မြန်ပြီးမြောက်စေတယ်

၆ - တေးဂီတတွေအပေါ် ပိုမိုခုံမင်နှစ်သက်စေတယ်
၇ - အကောင်းမြင်ဝါဒကို ပျိုးထောင်ပေးတယ်
၈ - စိတ်ကိုအမြဲလိုလို ကြည်လင်လန်းဆန်းစေတယ်
၉ - စိတ်ဓါတ်ကျခြင်းနဲ့ အထီးကျန်မှု ခံစားရခြင်းတွေကို ကာကွယ်ပေးတယ်
၁၀ - ပြင်ပရောဂါတွေ ခန္ဓာကိုယ်တွင်း မဝင်ရောက်စေဖို့ အတတ်နိုင်ဆုံး တားဆီးပေးတယ်

၁၁ - ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်မောကျစေတယ်
၁၂ - ကိုယ်အလေးချိန်ကို ကျန်းမာရေးနဲ့ ညီညွတ်စွာ ထိန်းသိမ်းပေးထားနိုင်တယ်
၁၃ - ပေါင်းသင်းဆက်ဆံရေးမှာ ပိုမိုအားကောင်းစေတယ်
၁၄ - ကျောင်းသူကျောင်းသားများအတွက် ပညာသင်ကြားရေးမှာ များစွာအထောက်အကူပေးတယ်
၁၅ - စိတ်ခွန်အားကောင်းစေလို့ ပြဿနာတွေနဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတဲ့အခါ စိတ်အေးလက်အေး ဖြေရှင်းနိုင်မယ်။


Credit:Momolay


ဤစာဖတ်သူများအားလုံးစိတ်ဓာတ်ခွန်အားတွေရရှိနိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top