iMyanmarHouse.com - Best Property Website for Myanmar
×

အာဟာရျပည့္၀ၿပီး က်န္းမာ စြာေနထိုင္စားေသာက္ရာမွာ အ သက္အရြယ္၊ က်န္းမာမႈအေနအ ထား၊ ေနထိုင္မႈစနစ္၊ ကိုယ္လက္ လႈပ္ရွားမႈ၊ တစ္ဦးတစ္ေယာက္ခ်င္းစီရဲ႕ အမူအက်င့္စတဲ့ အခ်က္ေတြအေပၚမူတည္သလို အမ်ဳိးသား၊ အမ်ဳိးသမီးကြဲျပားျခားနားမႈအေပၚလည္း မူတည္တယ္လို႔ ဆိုပါတယ္။

ကယ္လိုရီလိုအပ္ခ်က္မွာ ေတာ့ အမ်ဳိးသား၊ အမ်ဳိးသမီးအ တူတူျဖစ္ၿပီး ကိုယ္အေလးခ်ိန္တစ္ ေပါင္လွ်င္ ၁၃ ကယ္လိုရီလိုအပ္ တယ္လို႔ သိရပါတယ္။ ကိုယ္က ေပါင္ ၁၅၀ ရွိသူဆိုရင္ ေန႔စဥ္ ကယ္လိုရီလိုအပ္ခ်က္က ၁၉၅၀  ေလာက္ရွိပါတယ္။

ကယ္လ္ဆီယမ္လိုအပ္ခ်က္ မွာလည္း အမ်ဳိးသား၊ အမ်ဳိးသမီး တိုင္းလိုအပ္တယ္ဆိုေပမယ့္ အမ်ဳိးသမီးေတြအတြက္ကေတာ့ ပိုၿပီးအေရးပါပါတယ္။ အ႐ိုးပြတာ တို႔၊ ႏွလံုးေရာဂါတို႔ကိုကာကြယ္ႏုိင္ဖို႔ဆိုရင္ အမ်ဳိးသမီးေတြဟာ ကယ္လ္ဆီယမ္တစ္ေန႔ ၁,၀၀၀ မီလီဂရမ္ေလာက္အနည္းဆံုးလိုအပ္တယ္လို႔ သိရပါတယ္။ အမ်ဳိးသားေတြကေတာ့ တစ္ေန႔ ၈၀၀ မီလီဂရမ္ေလာက္စားေပးရင္ ပေရာ့စတိတ္ကင္ဆာေရာဂါအတြက္ ကာကြယ္ၿပီးသားျဖစ္ေစပါတယ္။

အမွ်င္ဓာတ္ကေတာ့ အမ်ဳိး သမီးေတြဆိုရင္ အသက္ (၅၀)မျပည့္ခင္မွာ တစ္ေန႔ကို ၂၅ ဂရမ္ လိုအပ္ၿပီး အသက္ (၅၀) ေနာက္ပိုင္းမွာဆိုရင္ တစ္ေန႔ကို ၂၁ ဂရမ္ လိုအပ္ပါတယ္။ အမ်ဳိးသားေတြ အတြက္ကေတာ့ ႏွလံုးေရာဂါကာ ကြယ္ႏိုင္ဖို႔အတြက္ ပိုလိုအပ္ၿပီး အသက္ (၅၀) မျပည့္ခင္မွာဆို ရင္ တစ္ေန႔ ၃၈ ဂရမ္စားဖို႔လိုၿပီး အသက္ (၅၀) ေနာက္ပိုင္းမွာေတာ့ ၃၀ ဂရမ္လိုအပ္ပါတယ္။

သံဓာတ္လိုအပ္ခ်က္မွာ ေတာ့ အမ်ဳိးသမီးေတြက ပိုလိုအပ္ၿပီး ေသြးဆံုးခ်ိန္အထိကို ေန႔စဥ္ ၁၈ မီလီဂရမ္စားေပးဖို႔ လိုပါ တယ္။ ေသြးဆံုးၿပီးရင္ေတာ့ တစ္ ေန႔ကို ၈ မီလီဂရမ္ေလာက္ပဲ စား ဖို႔လိုတယ္လို႔ သိရပါတယ္။ အမ်ဳိးသားေတြအတြက္ကေတာ့ သက္ တမ္းတစ္ေလွ်ာက္ တစ္ေန႔ကို ၈ မီလီဂရမ္ေလာက္ပဲ လိုအပ္ပါ တယ္။ပ႐ိုတိန္းကေတာ့ အမ်ဳိး သား၊ အမ်ဳိးသမီးလုိအပ္ခ်က္အ တူတူျဖစ္ၿပီး ကိုယ္အေလးခ်ိန္တစ္ ေပါင္ကို အၾကမ္းဖ်င္း ၂ဒသမ၇ ဂရမ္ေလာက္လိုအပ္တယ္လို႔ ဆို ပါတယ္။

အိုမီဂါ ၃ ဖက္တီးအက္စစ္ လိုအပ္ခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ပညာရွင္ေတြရဲ႕ အယူအဆေတြ က အမ်ဳိးမ်ဳိးျဖစ္ေနပါတယ္။ အမ်ဳိးသမီးေတြ စားေပးရင္ေသြးေၾကာပိတ္တာတို႔၊ ႏွလံုးေရာဂါတို႔ ကာကြယ္ႏုိင္သလုိ ကိုလက္စထေရာပမာဏကိုလည္း ထိန္းထားေပးတယ္လို႔ သိရပါတယ္။ အမ်ဳိးသားေတြဆိုရင္ေတာ့ အိုမီဂါ ၃ အက္စစ္ပိုလိုအပ္ၿပီး အိုမီဂါ ၃ အားေဆးေတြကို ေရွာင္သင့္တယ္လို႔ ဆိုပါ တယ္။ ေဘးထြက္ဆိုးက်ဳိးကင္းဖို႔ ဆိုရင္ေတာ့ တစ္ပတ္ကို ႏွစ္ႀကိမ္ေလာက္ ငါးစားေပးတာ အေကာင္းဆံုးပါ။

ေရလိုအပ္ခ်က္ကလည္း ကိုယ္အေလးခ်ိန္တစ္ေပါင္ကို ေရ ေအာင္စ၀က္ေလာက္လိုအပ္ပါ တယ္။ ရာသီဥတုအေနအထား (ဒါမွမဟုတ္) ကိုယ္လက္လႈပ္ရွားရတဲ့ အလုပ္မ်ဳိး၊ ေခြၽးထြက္မ်ားတဲ့ အလုပ္မ်ဳိးလုပ္ရင္ေတာ့ ကိုယ္အ ေလးခ်ိန္တစ္ေပါင္ကို ေရတစ္ ေအာင္စေလာက္ေသာက္ဖို႔ လိုပါ တယ္။


Credit: 7 day daily
ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

အာဟာရပြည့်ဝပြီး ကျန်းမာ စွာနေထိုင်စားသောက်ရာမှာ အ သက်အရွယ်၊ ကျန်းမာမှုအနေအ ထား၊ နေထိုင်မှုစနစ်၊ ကိုယ်လက် လှုပ်ရှားမှု၊ တစ်ဦးတစ်ယောက်ချင်းစီရဲ့ အမူအကျင့်စတဲ့ အချက်တွေအပေါ်မူတည်သလို အမျိုးသား၊ အမျိုးသမီးကွဲပြားခြားနားမှုအပေါ်လည်း မူတည်တယ်လို့ ဆိုပါတယ်။

ကယ်လိုရီလိုအပ်ချက်မှာ တော့ အမျိုးသား၊ အမျိုးသမီးအ တူတူဖြစ်ပြီး ကိုယ်အလေးချိန်တစ် ပေါင်လျှင် ၁၃ ကယ်လိုရီလိုအပ် တယ်လို့ သိရပါတယ်။ ကိုယ်က ပေါင် ၁၅၀ ရှိသူဆိုရင် နေ့စဉ် ကယ်လိုရီလိုအပ်ချက်က ၁၉၅၀  လောက်ရှိပါတယ်။

ကယ်လ်ဆီယမ်လိုအပ်ချက် မှာလည်း အမျိုးသား၊ အမျိုးသမီး တိုင်းလိုအပ်တယ်ဆိုပေမယ့် အမျိုးသမီးတွေအတွက်ကတော့ ပိုပြီးအရေးပါပါတယ်။ အရိုးပွတာ တို့၊ နှလုံးရောဂါတို့ကိုကာကွယ်နိုင်ဖို့ဆိုရင် အမျိုးသမီးတွေဟာ ကယ်လ်ဆီယမ်တစ်နေ့ ၁,၀၀၀ မီလီဂရမ်လောက်အနည်းဆုံးလိုအပ်တယ်လို့ သိရပါတယ်။ အမျိုးသားတွေကတော့ တစ်နေ့ ၈၀၀ မီလီဂရမ်လောက်စားပေးရင် ပရော့စတိတ်ကင်ဆာရောဂါအတွက် ကာကွယ်ပြီးသားဖြစ်စေပါတယ်။

အမျှင်ဓာတ်ကတော့ အမျိုး သမီးတွေဆိုရင် အသက် (၅၀)မပြည့်ခင်မှာ တစ်နေ့ကို ၂၅ ဂရမ် လိုအပ်ပြီး အသက် (၅၀) နောက်ပိုင်းမှာဆိုရင် တစ်နေ့ကို ၂၁ ဂရမ် လိုအပ်ပါတယ်။ အမျိုးသားတွေ အတွက်ကတော့ နှလုံးရောဂါကာ ကွယ်နိုင်ဖို့အတွက် ပိုလိုအပ်ပြီး အသက် (၅၀) မပြည့်ခင်မှာဆို ရင် တစ်နေ့ ၃၈ ဂရမ်စားဖို့လိုပြီး အသက် (၅၀) နောက်ပိုင်းမှာတော့ ၃၀ ဂရမ်လိုအပ်ပါတယ်။

သံဓာတ်လိုအပ်ချက်မှာ တော့ အမျိုးသမီးတွေက ပိုလိုအပ်ပြီး သွေးဆုံးချိန်အထိကို နေ့စဉ် ၁၈ မီလီဂရမ်စားပေးဖို့ လိုပါ တယ်။ သွေးဆုံးပြီးရင်တော့ တစ် နေ့ကို ၈ မီလီဂရမ်လောက်ပဲ စား ဖို့လိုတယ်လို့ သိရပါတယ်။ အမျိုးသားတွေအတွက်ကတော့ သက် တမ်းတစ်လျှောက် တစ်နေ့ကို ၈ မီလီဂရမ်လောက်ပဲ လိုအပ်ပါ တယ်။ပရိုတိန်းကတော့ အမျိုး သား၊ အမျိုးသမီးလိုအပ်ချက်အ တူတူဖြစ်ပြီး ကိုယ်အလေးချိန်တစ် ပေါင်ကို အကြမ်းဖျင်း ၂ဒသမ၇ ဂရမ်လောက်လိုအပ်တယ်လို့ ဆို ပါတယ်။

အိုမီဂါ ၃ ဖက်တီးအက်စစ် လိုအပ်ချက်နဲ့ ပတ်သက်ပြီးတော့ ပညာရှင်တွေရဲ့ အယူအဆတွေ က အမျိုးမျိုးဖြစ်နေပါတယ်။ အမျိုးသမီးတွေ စားပေးရင်သွေးကြောပိတ်တာတို့၊ နှလုံးရောဂါတို့ ကာကွယ်နိုင်သလို ကိုလက်စထရောပမာဏကိုလည်း ထိန်းထားပေးတယ်လို့ သိရပါတယ်။ အမျိုးသားတွေဆိုရင်တော့ အိုမီဂါ ၃ အက်စစ်ပိုလိုအပ်ပြီး အိုမီဂါ ၃ အားဆေးတွေကို ရှောင်သင့်တယ်လို့ ဆိုပါ တယ်။ ဘေးထွက်ဆိုးကျိုးကင်းဖို့ ဆိုရင်တော့ တစ်ပတ်ကို နှစ်ကြိမ်လောက် ငါးစားပေးတာ အကောင်းဆုံးပါ။

ရေလိုအပ်ချက်ကလည်း ကိုယ်အလေးချိန်တစ်ပေါင်ကို ရေ အောင်စဝက်လောက်လိုအပ်ပါ တယ်။ ရာသီဥတုအနေအထား (ဒါမှမဟုတ်) ကိုယ်လက်လှုပ်ရှားရတဲ့ အလုပ်မျိုး၊ ချွေးထွက်များတဲ့ အလုပ်မျိုးလုပ်ရင်တော့ ကိုယ်အ လေးချိန်တစ်ပေါင်ကို ရေတစ် အောင်စလောက်သောက်ဖို့ လိုပါ တယ်။


Credit: 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...





 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top