iMyanmarHouse.com - Best Property Website for Myanmar
×

မ်က္ခြံေပၚ၊ လည္ပင္း၊ ေပါင္ ျခံ  ၊ခ်ဳိင္းနဲ႔ ရင္သားေအာက္လုိ အေရျပားတြန္႔ေခါက္တတ္တဲ့ ေနရာေတြမွာ  ဆန္ေစ့ေလာက္အရြယ္ရွိတဲ့ အညဳိေရာင္အသားပိုေလးေတြျဖစ္တတ္ပါတယ္။ တကယ္ေတာ့ ဒီအသားပိုေလးေတြက  ျပန္႔ပြားမႈမရွိတဲ့ အေရျပားအၾကိတ္ေလးေတြပဲ ျဖစ္ပါတယ္။ လူတုိင္းမွာျဖစ္ႏုိင္ျပီး နာက်င္မႈလည္း မရွိတတ္ပါဘူး။ ဒါေပမဲ့ လူအမ်ားစုက ဒီအၾကိတ္ေလးေတြနဲ႔ ပတ္သက္ျပီး စုိးရိမ္တတ္ၾကပါတယ္။ ဘာေၾကာင့္ျဖစ္တာလဲ။ ဘယ္လိုဖယ္ရွားရမလဲဆုိတာကို သိခ်င္ၾကပါတယ္။

တကယ္ေတာ့ ဒီအသားပိုေလးေတြက ဘာအႏၱရာယ္မွ မေပးႏုိင္ပါဘူး။ အေရျပားအခ်င္းခ်င္းပြတ္တုိက္မိတာေၾကာင့္ ျဖစ္ရတာျဖစ္ပါတယ္။ သက္လတ္ပိုင္းနဲ႔ သက္ၾကီးပိုင္းအရြယ္ေတြ၊ ကိုယ္အေလးခ်ိန္မ်ားတဲ့သူေတြမွာ အျဖစ္မ်ားပါတယ္။ ဒါေပမဲ့ အသားပိုေလးေတြက လက္ဝတ္လက္စားေတြ၊ အဝတ္အစားေတြေၾကာင့္ ယားယံတာမ်ဳိး ျဖစ္လာရင္ေတာ့ အေရျပားဆရာဝန္နဲ႔ ျပသင့္ပါတယ္။ အသားပုိေလးေတြက အႏၱရာယ္မျဖစ္ေစႏုိင္ေပမဲ့ အလွအပအတြက္ေတာ့ စိတ္အေႏွာင့္ အယွက္ျဖစ္ရရင္ ဖယ္ရွားလို႔ရမယ့္ နည္းေလးေတြကို ေျပာျပခ်င္ပါတယ္။

အသားပိုေနရာေလးကို ပန္းသီးရွာလကာရည္နဲ႔ တစ္ေန႔သုံးၾကိမ္ေလာက္ဂြမ္းေလးနဲ႔ တုိ႔တုိ႔လိမ္းေပးရင္ ၂-၃ ပတ္အၾကာမွာမနာမက်င္ဘဲ ေၾကြက်သြားပါလိမ့္မယ္။ ေနာက္တစ္နည္းကေတာ ဗီတာမင္ အီးအေတာင့္ထဲက အရည္အနည္းငယ္နဲ႔ အသားပိုကုိပြတ္ေပးပါ။ ျပီးရင္ ပလာစတာတစ္ခုနဲ႔ ကပ္ထားျပီး ရက္အနည္းငယ္ထားလိုက္ပါ။ ရက္အနည္းငယ္ၾကာျပီးေနာက္မွာ အသားပိုကြာက်သြားျပီလားဆုိတာကို ခြာၾကည့္ျပီး မကြာေသးရင္ တစ္ခါျပန္ျပီးအရင္အတုိင္းျပန္လုပ္ၾကည့္ပါ။

ေနာက္ဆုံးတစ္နည္းကေတာ့ လက္သည္းညွပ္ကုိ ပိုးသတ္ျပီး အေရျပားကုိ ညွပ္လုိက္တာပဲျဖစ္ပါတယ္။ ျပီးရင္ ညွပ္လိုက္တဲ့ေနရာကို အရက္ပ်ံသုတ္ထားတဲ့ ဂြမ္းစေလးနဲ႔ သုတ္ေပးလိုက္ရင္ရပါတယ္။ ဒီနည္းက နည္းနည္းနာေစႏုိင္တဲ့နည္းလို႔ထင္ရေပမဲ့ အျမန္ဆုံးနည္းတစ္ခုျဖစ္ပါတယ္။

Credit: Trend Myanmar

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မျက်ခွံပေါ်၊ လည်ပင်း၊ ပေါင်ခြံ၊ ချိုင်းနဲ့ ရင်သားအောက်လို အရေပြားတွန့်ခေါက်တတ်တဲ့ နေရာတွေမှာ  ဆန်စေ့လောက်အရွယ်ရှိတဲ့ အညိုရောင်အသားပိုလေးတွေဖြစ်တတ်ပါတယ်။ တကယ်တော့ ဒီအသားပိုလေးတွေက  ပြန့်ပွားမှုမရှိတဲ့ အရေပြားအကြိတ်လေးတွေပဲ ဖြစ်ပါတယ်။ လူတိုင်းမှာဖြစ်နိုင်ပြီး နာကျင်မှုလည်း မရှိတတ်ပါဘူး။ ဒါပေမဲ့ လူအများစုက ဒီအကြိတ်လေးတွေနဲ့ ပတ်သက်ပြီး စိုးရိမ်တတ်ကြပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ ဘယ်လိုဖယ်ရှားရမလဲဆိုတာကို သိချင်ကြပါတယ်။

တကယ်တော့ ဒီအသားပိုလေးတွေက ဘာအန္တရာယ်မှ မပေးနိုင်ပါဘူး။ အရေပြားအချင်းချင်းပွတ်တိုက်မိတာကြောင့် ဖြစ်ရတာဖြစ်ပါတယ်။ သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းအရွယ်တွေ၊ ကိုယ်အလေးချိန်များတဲ့သူတွေမှာ အဖြစ်များပါတယ်။ ဒါပေမဲ့ အသားပိုလေးတွေက လက်ဝတ်လက်စားတွေ၊ အဝတ်အစားတွေကြောင့် ယားယံတာမျိုး ဖြစ်လာရင်တော့ အရေပြားဆရာဝန်နဲ့ ပြသင့်ပါတယ်။ အသားပိုလေးတွေက အန္တရာယ်မဖြစ်စေနိုင်ပေမဲ့ အလှအပအတွက်တော့ စိတ်အနှောင့် အယှက်ဖြစ်ရရင် ဖယ်ရှားလို့ရမယ့် နည်းလေးတွေကို ပြောပြချင်ပါတယ်။

အသားပိုနေရာလေးကို ပန်းသီးရှာလကာရည်နဲ့ တစ်နေ့သုံးကြိမ်လောက်ဂွမ်းလေးနဲ့ တို့တို့လိမ်းပေးရင် ၂-၃ ပတ်အကြာမှာမနာမကျင်ဘဲ ကြွေကျသွားပါလိမ့်မယ်။ နောက်တစ်နည်းကတော ဗီတာမင် အီးအတောင့်ထဲက အရည်အနည်းငယ်နဲ့ အသားပိုကိုပွတ်ပေးပါ။ ပြီးရင် ပလာစတာတစ်ခုနဲ့ ကပ်ထားပြီး ရက်အနည်းငယ်ထားလိုက်ပါ။ ရက်အနည်းငယ်ကြာပြီးနောက်မှာ အသားပိုကွာကျသွားပြီလားဆိုတာကို ခွာကြည့်ပြီး မကွာသေးရင် တစ်ခါပြန်ပြီးအရင်အတိုင်းပြန်လုပ်ကြည့်ပါ။

နောက်ဆုံးတစ်နည်းကတော့ လက်သည်းညှပ်ကို ပိုးသတ်ပြီး အရေပြားကို ညှပ်လိုက်တာပဲဖြစ်ပါတယ်။ ပြီးရင် ညှပ်လိုက်တဲ့နေရာကို အရက်ပျံသုတ်ထားတဲ့ ဂွမ်းစလေးနဲ့ သုတ်ပေးလိုက်ရင်ရပါတယ်။ ဒီနည်းက နည်းနည်းနာစေနိုင်တဲ့နည်းလို့ထင်ရပေမဲ့ အမြန်ဆုံးနည်းတစ်ခုဖြစ်ပါတယ်။

Credit: Trend Myanmar



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top