iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိ ဳးသမီးေတြဟာ မ်ားေသာအားျဖင့္ေတာ့ ကိုယ့္ထက္ အသက္အရြယ္ၾကီးတဲ့သူကို ခ်စ္သူအျဖစ္ ေရြးခ်ယ္တတ္ၾကတာမ်ားပါတယ္။ ဒါေပမယ့္ ကိုယ့္ထက္အသက္ၾကီးလွ ၂ႏွစ္၊ ၃ႏွစ္ေလာက္ပါပဲ။ ကိုယ့္ထက္ ၇ႏွစ္၊ ၈ႏွစ္ေလာက္ၾကီးတဲ့သူဆုိရင္ေတာ့ အမ်ိဳးသမီးေတြက တစ္ခါျပန္စဥ္းစားၾကျပန္ပါတယ္။ တကယ္ေတာ့ ကိုယ့္ထက္အသက္ ၁၀ႏွစ္၀န္းက်င္ေလာက္ၾကီးတဲ့သူေတြကို ကိုယ့္အိမ္ေထာင္ဖက္၊ ခ်စ္သူအျဖစ္ ေရြးခ်ယ္တဲ့အခါ အမ်ိဳးသမီးေတြအေနနဲ႕ ခံစားရရွိႏိုင္တဲ့ အက်ိဳးေက်းဇူးေတြ အမ်ားၾကီးရွိပါတယ္။ အဲ့ဒါေတြကေတာ့

၁။သူတုိ႕ဟာ ေငြေရးေၾကးေရးအေျခအေန တည္ျငိမ္ေနပါျပီ။
အလုပ္အကိုင္ ေကာင္းေကာင္းရွိေနျပီးျဖစ္တဲ့ သူနဲ႕ ခ်စ္သူရည္းစားျဖစ္ရတာ၊ အိမ္ေထာင္က်ရတာဟာ မိန္းမသားေတြအတြက္ စိတ္သက္သာရာ ရေစတဲ့အခ်က္ေတြထဲက တစ္ခုပါ။ ကိုယ့္ထက္အသက္ ဆယ္ႏွစ္နီးပါးေလာက္ၾကီးတဲ့သူ ေတာ္ေတာ္မ်ားမ်ားဟာ အလုပ္အကိုင္ေကာင္းေတြ၊ ရာထူးေတြနဲ႕ ျဖစ္ေနတတ္တာမ်ားပါတယ္။ ဒါ့ေၾကာင့္ အမ်ိဳးသမီးေတြအေနနဲ႕ ေငြေရးေၾကးေရးကိစၥနဲ႕ပတ္သက္ျပီး သိပ္စိတ္ပူစရာမလိုေတာ့ပါဘူး။

၂။ သူတုိ႕ဟာ ရင့္က်က္ေနၾကပါျပီ။
ကိုယ့္ထက္အသက္ ၁၀ႏွစ္ေလာက္ၾကီးတဲ့ သူေတြဟာ ကုိယ္နဲ႕ရြယ္တူေတြထက္ေတာ့ အမ်ားၾကီး ရင့္က်က္ေနၾကပါျပီ။ ဘားေတြ၊ကလပ္ေတ အပတ္တိုင္းသြားခ်င္မွာ မဟုတ္ပါဘူး။ တည္ျငိမ္တဲ့အရြယ္ေတြမုိ႕ ကိုယ္က်င္လည္ရမယ့္ အသိုင္းအ၀ိုင္းကလည္း ရင့္က်က္တည္ျငိမ္သူေတြနဲ႕သာ ပတ္သက္ေနပါလိမ့္မယ္။ ျပသနာေတြခဏခဏတက္၊ ေဒါသထြက္ရန္ျဖစ္ရမယ့္ က႑ေတြ မရွိသေလာက္ နည္းပါးသြားမွာပါ။

၃။ ဆိုရွယ္မီဒီယာေတြအတြက္ အသည္းအသန္အခ်ိန္ေပးေနမွာ မဟုတ္ပါဘူး။
ဆယ္ေက်ာ္သက္ေတြ၊ ႏွစ္ဆယ္ေက်ာ္ေက်ာ္ေလးေတြဆုိရင္ေတာ့ ဖုန္းကို လက္ကမခ်ပဲ ဆုိရွယ္မီဒီယာကိစၥေတြအတြက္ပဲ အခ်ိန္ေပးေနၾကပါလိမ့္မယ္။ သက္လတ္ပိုင္းအရြယ္ေတာ့ကေတာ့ ၂၄နာရီစလံုး ဖုန္းအတြက္အခ်ိန္ေပးျခင္းကေန ပိုမိုေလ်ာ့နည္းသြားတတ္ၾကပါတယ္။ သူ႕ပံုစံက ခုေခတ္ေကာင္ေလးေတြလို ဖက္ရွင္အတြက္ အရမ္းအခ်ိန္မေပးႏိုင္ရင္ေတာင္မွ သင့္ကို message ေတြပို႕ရတာထက္ ဖုန္းေျပာရတာ၊ မ်က္ႏွာခ်င္းဆုိင္ေတြ႕ျပီး စကားေျပာရတာကို ပိုၾကိဳက္ပါလိမ့္မယ္။

၄။ ကိုယ့္ကိုဆက္ဆံေျပာဆုိတဲ့အခါ လူၾကီးဆန္ဆန္ ေျပာဆုိျပဳမူမွာပါ။
ကိုယ္နဲ႕ရြယ္တူ မဟုတ္တာေၾကာင့္ ျငင္းခုန္ရတဲ့ကိစၥေတြ မရွိႏိုင္သလို ကိုယ္ေျပာတာကို ေသခ်ာအခ်ိန္ေပးနားေထာင္ေပးမွာျဖစ္ျပီး သူေျပာခ်င္တာကိုလည္း ကိုယ္နား၀င္ေအာင္ ေအးေအးေဆးေဆး ေျပာႏိုင္ပါလိမ့္မယ္။

၅။ သူလိုခ်င္တာဘာလဲဆုိတာသိျပီး သူဟာ ဘယ္လိုလူမ်ိဳးလဲဆုိတာ ေသခ်ာသိေနျပီ။
ခုေခတ္လူငယ္ေတြဟာ ကိုယ္ဘာျဖစ္ခ်င္တယ္၊ အနာဂတ္မွာ ဘာျဖစ္ခ်င္တယ္၊ သူတုိ႕ရဲ႕ ပန္းတုိင္ကဘာဆုိတာ သိသူနည္းပါလြန္းလွပါတယ္။ ကိုယ့္ထက္အသက္ပိုၾကီးတဲ့ သူေတြကေတာ့ သူတုိ႕လုိခ်င္တာဘာဆုိတာ ေသခ်ာသိေနၾကျပီး ျဖစ္သလို သူ႕ကိုယ္သူ ဘယ္လိုလူမ်ိဳးျဖစ္တယ္ဆုိတာကိုပါ သင့္ကိုေျပာျပႏိုင္ပါလိမ့္မယ္။

၆။ အတည္တက် အေျခခ်ခ်င္ၾကတယ္။
ရည္းစားေတြ တစ္ေယာက္ျပီးတစ္ေယာက္ ေျပာင္းထားဖုိ႕ထက္ သူတုိ႕အသက္အရြယ္ေၾကာင့္ တစ္ေယာက္ဆုိတစ္ေယာက္တည္းကိုပဲ ခ်စ္ခ်င္ၾကျပီး အဲ့ဒီလူနဲ႕သာ အတည္တက် အိမ္ေထာင္ျပဳခ်င္တတ္ၾကပါတယ္။ အခ်ိန္ေတြထပ္မျဖဳန္းခ်င္ၾကေတာ့တာေၾကာင့္ သူ႕ဘ၀အတြက္ ကိုယ္ကသာ အေရးပါေနပါလိမ့္မယ္။

၇။ သင့္ရဲ႕ငယ္ရြယ္မႈကို အျမဲေလးစားအသိအမွတ္ျပဳေနပါလိမ့္မယ္။
သူဟာ သင့္ထက္အသက္ၾကီးတာေၾကာင့္ သင့္ကိုအျခားသူေတြထက္ ပိုနားလည္မႈေပးႏိုင္သလို သင့္ရဲ႕ငယ္ရြယ္မႈအတြက္လည္း သင့္ကိုအျမဲအသိအမွတ္ျပဳေနမွာပါ။ သင္နဲ႕ခ်စ္သူျဖစ္ခြင့္ရတာေၾကာင့္ သူလည္း ပိုမုိႏုပ်ိဳလာမွာ အေသအခ်ာပဲ မဟုတ္လား။ 

Credit: Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

အမျိ ုးသမီးတွေဟာ များသောအားဖြင့်တော့ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့သူကို ချစ်သူအဖြစ် ရွေးချယ်တတ်ကြတာများပါတယ်။ ဒါပေမယ့် ကိုယ့်ထက်အသက်ကြီးလှ ၂နှစ်၊ ၃နှစ်လောက်ပါပဲ။ ကိုယ့်ထက် ၇နှစ်၊ ၈နှစ်လောက်ကြီးတဲ့သူဆိုရင်တော့ အမျိုးသမီးတွေက တစ်ခါပြန်စဉ်းစားကြပြန်ပါတယ်။ တကယ်တော့ ကိုယ့်ထက်အသက် ၁၀နှစ်ဝန်းကျင်လောက်ကြီးတဲ့သူတွေကို ကိုယ့်အိမ်ထောင်ဖက်၊ ချစ်သူအဖြစ် ရွေးချယ်တဲ့အခါ အမျိုးသမီးတွေအနေနဲ့ ခံစားရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။ အဲ့ဒါတွေကတော့

၁။သူတို့ဟာ ငွေရေးကြေးရေးအခြေအနေ တည်ငြိမ်နေပါပြီ။
အလုပ်အကိုင် ကောင်းကောင်းရှိနေပြီးဖြစ်တဲ့ သူနဲ့ ချစ်သူရည်းစားဖြစ်ရတာ၊ အိမ်ထောင်ကျရတာဟာ မိန်းမသားတွေအတွက် စိတ်သက်သာရာ ရစေတဲ့အချက်တွေထဲက တစ်ခုပါ။ ကိုယ့်ထက်အသက် ဆယ်နှစ်နီးပါးလောက်ကြီးတဲ့သူ တော်တော်များများဟာ အလုပ်အကိုင်ကောင်းတွေ၊ ရာထူးတွေနဲ့ ဖြစ်နေတတ်တာများပါတယ်။ ဒါ့ကြောင့် အမျိုးသမီးတွေအနေနဲ့ ငွေရေးကြေးရေးကိစ္စနဲ့ပတ်သက်ပြီး သိပ်စိတ်ပူစရာမလိုတော့ပါဘူး။

၂။ သူတို့ဟာ ရင့်ကျက်နေကြပါပြီ။
ကိုယ့်ထက်အသက် ၁၀နှစ်လောက်ကြီးတဲ့ သူတွေဟာ ကိုယ်နဲ့ရွယ်တူတွေထက်တော့ အများကြီး ရင့်ကျက်နေကြပါပြီ။ ဘားတွေ၊ကလပ်တေ အပတ်တိုင်းသွားချင်မှာ မဟုတ်ပါဘူး။ တည်ငြိမ်တဲ့အရွယ်တွေမို့ ကိုယ်ကျင်လည်ရမယ့် အသိုင်းအဝိုင်းကလည်း ရင့်ကျက်တည်ငြိမ်သူတွေနဲ့သာ ပတ်သက်နေပါလိမ့်မယ်။ ပြသနာတွေခဏခဏတက်၊ ဒေါသထွက်ရန်ဖြစ်ရမယ့် ကဏ္ဍတွေ မရှိသလောက် နည်းပါးသွားမှာပါ။

၃။ ဆိုရှယ်မီဒီယာတွေအတွက် အသည်းအသန်အချိန်ပေးနေမှာ မဟုတ်ပါဘူး။
ဆယ်ကျော်သက်တွေ၊ နှစ်ဆယ်ကျော်ကျော်လေးတွေဆိုရင်တော့ ဖုန်းကို လက်ကမချပဲ ဆိုရှယ်မီဒီယာကိစ္စတွေအတွက်ပဲ အချိန်ပေးနေကြပါလိမ့်မယ်။ သက်လတ်ပိုင်းအရွယ်တော့ကတော့ ၂၄နာရီစလုံး ဖုန်းအတွက်အချိန်ပေးခြင်းကနေ ပိုမိုလျော့နည်းသွားတတ်ကြပါတယ်။ သူ့ပုံစံက ခုခေတ်ကောင်လေးတွေလို ဖက်ရှင်အတွက် အရမ်းအချိန်မပေးနိုင်ရင်တောင်မှ သင့်ကို message တွေပို့ရတာထက် ဖုန်းပြောရတာ၊ မျက်နှာချင်းဆိုင်တွေ့ပြီး စကားပြောရတာကို ပိုကြိုက်ပါလိမ့်မယ်။

၄။ ကိုယ့်ကိုဆက်ဆံပြောဆိုတဲ့အခါ လူကြီးဆန်ဆန် ပြောဆိုပြုမူမှာပါ။
ကိုယ်နဲ့ရွယ်တူ မဟုတ်တာကြောင့် ငြင်းခုန်ရတဲ့ကိစ္စတွေ မရှိနိုင်သလို ကိုယ်ပြောတာကို သေချာအချိန်ပေးနားထောင်ပေးမှာဖြစ်ပြီး သူပြောချင်တာကိုလည်း ကိုယ်နားဝင်အောင် အေးအေးဆေးဆေး ပြောနိုင်ပါလိမ့်မယ်။

၅။ သူလိုချင်တာဘာလဲဆိုတာသိပြီး သူဟာ ဘယ်လိုလူမျိုးလဲဆိုတာ သေချာသိနေပြီ။
ခုခေတ်လူငယ်တွေဟာ ကိုယ်ဘာဖြစ်ချင်တယ်၊ အနာဂတ်မှာ ဘာဖြစ်ချင်တယ်၊ သူတို့ရဲ့ ပန်းတိုင်ကဘာဆိုတာ သိသူနည်းပါလွန်းလှပါတယ်။ ကိုယ့်ထက်အသက်ပိုကြီးတဲ့ သူတွေကတော့ သူတို့လိုချင်တာဘာဆိုတာ သေချာသိနေကြပြီး ဖြစ်သလို သူ့ကိုယ်သူ ဘယ်လိုလူမျိုးဖြစ်တယ်ဆိုတာကိုပါ သင့်ကိုပြောပြနိုင်ပါလိမ့်မယ်။

၆။ အတည်တကျ အခြေချချင်ကြတယ်။
ရည်းစားတွေ တစ်ယောက်ပြီးတစ်ယောက် ပြောင်းထားဖို့ထက် သူတို့အသက်အရွယ်ကြောင့် တစ်ယောက်ဆိုတစ်ယောက်တည်းကိုပဲ ချစ်ချင်ကြပြီး အဲ့ဒီလူနဲ့သာ အတည်တကျ အိမ်ထောင်ပြုချင်တတ်ကြပါတယ်။ အချိန်တွေထပ်မဖြုန်းချင်ကြတော့တာကြောင့် သူ့ဘဝအတွက် ကိုယ်ကသာ အရေးပါနေပါလိမ့်မယ်။

၇။ သင့်ရဲ့ငယ်ရွယ်မှုကို အမြဲလေးစားအသိအမှတ်ပြုနေပါလိမ့်မယ်။
သူဟာ သင့်ထက်အသက်ကြီးတာကြောင့် သင့်ကိုအခြားသူတွေထက် ပိုနားလည်မှုပေးနိုင်သလို သင့်ရဲ့ငယ်ရွယ်မှုအတွက်လည်း သင့်ကိုအမြဲအသိအမှတ်ပြုနေမှာပါ။ သင်နဲ့ချစ်သူဖြစ်ခွင့်ရတာကြောင့် သူလည်း ပိုမိုနုပျိုလာမှာ အသေအချာပဲ မဟုတ်လား။

Credit: Trend Myanmar

ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top