iMyanmarHouse.com - Best Property Website for Myanmar
×

သူနဲ႔ သင္ဟာ အျပင္မွာ မေတြ႕ျဖစ္ေပမဲ့ ေန႔စဥ္လိုလို အြန္လိုင္းက စကားေျပာျဖစ္တယ္။ စကားေျပာတာလည္း အဆင္ေျပေနရဲ႕သားက ႐ုတ္တရက္ႀကီး သူက သင့္မက္ေဆ့ကို ျပန္မေျဖေတာ့တဲ့အတြက္ ဘာေၾကာင့္လဲဆုိတဲ့အေတြးနဲ႔ သင့္မွာ အခ်ိန္္တုိင္း ေဝခြဲမရျဖစ္ေနသလား။

တကယ္လို႔ ဒီလုိအျဖစ္မ်ဳိး သင္ၾကံဳေနရၿပီဆုိရင္ ေအာက္ပါ အခ်က္ (၇) ခ်က္ေတြထဲက တစ္ခုခုေၾကာင့္ သူ ဆက္မေျပာေတာ့တာ ျဖစ္ပါတယ္။

၁။ သူ မက္ေဆ့ပို႔တုိင္း သင္ခ်က္ခ်င္း ျပန္ေျပာတယ္

လူဆုိတာ လိုက္ရင္ေျပးတယ္၊ ေျပးရင္လိုက္တယ္ဆုိတဲ့ ေရွးစကားက အျမဲတမ္း မွန္ကန္ပါတယ္။ သူ မက္ေဆ့ပို႔လုိက္တိုင္း စကၠန္႔ပိုင္းအတြင္း သင္ျပန္ေျဖေနတယ္ဆုိရင္ သူ ပ်င္းသြားတာပါ။

၂။ သင့္ဘက္က မက္ေဆ့ ခဏခဏပို႔တယ္

အစကေတာ့ သင္နဲ႔ စကားေတြ အမ်ားႀကီးေျပာရတာ ေက်နပ္ေနတယ္ဆုိရင္ေတာင္ အဲဒီအတြက္ ေန႔စဥ္ နာရီနဲ႔ခ်ီၿပီး အခ်ိန္ေပးရတာ ဘယ္သူမွ မႀကိဳက္ပါဘူး။

၃။ သင္က အရမ္းစကားမ်ားတယ္

အေျခအေန ဘယ္လိုလဲလို႔ သူေမးတာဟာ သိခ်င္လို႔ ေမးတာမဟုတ္ပါဘူး။ အဲဒါကို သင္က မနက္စာအေၾကာင္း၊ အလုပ္အေၾကာင္း၊ သူငယ္ခ်င္းေတြအေၾကာင္း၊ အိမ္အေၾကာင္းေတြနဲ႔ တရွည္တလ်ားရွင္းျပေနတယ္ဆုိရင္ အေတာ္စကားမ်ားတဲ့ ေကာင္မေလးဆုိၿပီး စိတ္ပ်က္သြားမွာပါပဲ။

၄။ တျခားေကာင္ေလးေတြနဲ႔လည္း သင္ စကားအျပန္အလွန္ေျပာတာ သူသိသြားတယ္

သင္ဟာ ေကာင္ေလးေတြ အမ်ားႀကီးကို တစ္ၿပိဳင္နက္တည္း ခ်က္တင္ေျပာေနတာကို မေတာ္တဆ သူသိသြားတာလည္း ျဖစ္ႏုိင္ပါတယ္။ ဒါဟာ ရည္းစားမ်ားတာ မဟုတ္ေပမဲ့ အခ်ိန္္ျပည့္ ေယာက္်ားေလးေတြ တေလွႀကီးနဲ႔ စကားေျပာေနတတ္သူကို ဘယ္သူမွ မႏွစ္သက္ပါဘူး။

၅။ သူ႔မွာ တျခားမိန္းကေလး ရွိေနလုိ႔

သူ ရည္းစားရသြားၿပီဆုိရင္ သူ႔ရည္းစားက သင္နဲ႔စကားေျပာတာ ႀကိဳက္မွာမဟုတ္တဲ့အတြက္ သူဆက္ေျပာမွာ မဟုတ္္ပါဘူး။


၆။ သံေယာဇဥ္ေတြျဖစ္မွာ ေၾကာက္တဲ့သူ

တခ်ဳိ႕က လြတ္လပ္တဲ့ဘဝကို ႏွစ္သက္ၾကၿပီး တစ္စံုတစ္ေယာက္ကို တြယ္ၿငိရမွာ ေၾကာက္ပါတယ္။ မက္ေဆ့ေလး ပို႔တာပဲ ဆုိေပမဲ့ ဒါကို တာဝန္တစ္ခုလို ေန႔စဥ္ ေျပာျဖစ္ေနမွာကို သူတုိ႔ မလုိလားပါဘူး။

၇။ စိတ္မဝင္စားေတာ့လို႔

ေျပာရတာေတာ့ စိတ္မေကာင္းပါဘူး။ ဒါေပမဲ့ သူက သင့္ကို အသစ္အဆန္းတစ္ခုလိုပဲ စိတ္ဝင္စားၿပီး လအနည္းငယ္ၾကာမွာ သင့္အေၾကာင္း အေတာ္မ်ားမ်ားကို သိလုိက္ရၿပီးေနာက္ သူ သင့္ကို စိတ္မဝင္စားေတာ့ဘူးဆုိရင္ သင့္အတြက္ အခ်ိန္ေပးခ်င္ေတာ့မွာ မဟုတ္ပါဘူး။

Credit:Duwun

 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Unicode Version

သူနဲ့ သင်ဟာ အပြင်မှာ မတွေ့ဖြစ်ပေမဲ့ နေ့စဉ်လိုလို အွန်လိုင်းက စကားပြောဖြစ်တယ်။ စကားပြောတာလည်း အဆင်ပြေနေရဲ့သားက ရုတ်တရက်ကြီး သူက သင့်မက်ဆေ့ကို ပြန်မဖြေတော့တဲ့အတွက် ဘာကြောင့်လဲဆိုတဲ့အတွေးနဲ့ သင့်မှာ အချိန်တိုင်း ဝေခွဲမရဖြစ်နေသလား။

တကယ်လို့ ဒီလိုအဖြစ်မျိုး သင်ကြုံနေရပြီဆိုရင် အောက်ပါ အချက် (၇) ချက်တွေထဲက တစ်ခုခုကြောင့် သူ ဆက်မပြောတော့တာ ဖြစ်ပါတယ်။

၁။ သူ မက်ဆေ့ပို့တိုင်း သင်ချက်ချင်း ပြန်ပြောတယ်

လူဆိုတာ လိုက်ရင်ပြေးတယ်၊ ပြေးရင်လိုက်တယ်ဆိုတဲ့ ရှေးစကားက အမြဲတမ်း မှန်ကန်ပါတယ်။ သူ မက်ဆေ့ပို့လိုက်တိုင်း စက္ကန့်ပိုင်းအတွင်း သင်ပြန်ဖြေနေတယ်ဆိုရင် သူ ပျင်းသွားတာပါ။

၂။ သင့်ဘက်က မက်ဆေ့ ခဏခဏပို့တယ်

အစကတော့ သင်နဲ့ စကားတွေ အများကြီးပြောရတာ ကျေနပ်နေတယ်ဆိုရင်တောင် အဲဒီအတွက် နေ့စဉ် နာရီနဲ့ချီပြီး အချိန်ပေးရတာ ဘယ်သူမှ မကြိုက်ပါဘူး။

၃။ သင်က အရမ်းစကားများတယ်

အခြေအနေ ဘယ်လိုလဲလို့ သူမေးတာဟာ သိချင်လို့ မေးတာမဟုတ်ပါဘူး။ အဲဒါကို သင်က မနက်စာအကြောင်း၊ အလုပ်အကြောင်း၊ သူငယ်ချင်းတွေအကြောင်း၊ အိမ်အကြောင်းတွေနဲ့ တရှည်တလျားရှင်းပြနေတယ်ဆိုရင် အတော်စကားများတဲ့ ကောင်မလေးဆိုပြီး စိတ်ပျက်သွားမှာပါပဲ။

၄။ တခြားကောင်လေးတွေနဲ့လည်း သင် စကားအပြန်အလှန်ပြောတာ သူသိသွားတယ်

သင်ဟာ ကောင်လေးတွေ အများကြီးကို တစ်ပြိုင်နက်တည်း ချက်တင်ပြောနေတာကို မတော်တဆ သူသိသွားတာလည်း ဖြစ်နိုင်ပါတယ်။ ဒါဟာ ရည်းစားများတာ မဟုတ်ပေမဲ့ အချိန်ပြည့် ယောက်ျားလေးတွေ တလှေကြီးနဲ့ စကားပြောနေတတ်သူကို ဘယ်သူမှ မနှစ်သက်ပါဘူး။

၅။ သူ့မှာ တခြားမိန်းကလေး ရှိနေလို့

သူ ရည်းစားရသွားပြီဆိုရင် သူ့ရည်းစားက သင်နဲ့စကားပြောတာ ကြိုက်မှာမဟုတ်တဲ့အတွက် သူဆက်ပြောမှာ မဟုတ်ပါဘူး။


၆။ သံယောဇဉ်တွေဖြစ်မှာ ကြောက်တဲ့သူ

တချို့က လွတ်လပ်တဲ့ဘဝကို နှစ်သက်ကြပြီး တစ်စုံတစ်ယောက်ကို တွယ်ငြိရမှာ ကြောက်ပါတယ်။ မက်ဆေ့လေး ပို့တာပဲ ဆိုပေမဲ့ ဒါကို တာဝန်တစ်ခုလို နေ့စဉ် ပြောဖြစ်နေမှာကို သူတို့ မလိုလားပါဘူး။

၇။ စိတ်မဝင်စားတော့လို့

ပြောရတာတော့ စိတ်မကောင်းပါဘူး။ ဒါပေမဲ့ သူက သင့်ကို အသစ်အဆန်းတစ်ခုလိုပဲ စိတ်ဝင်စားပြီး လအနည်းငယ်ကြာမှာ သင့်အကြောင်း အတော်များများကို သိလိုက်ရပြီးနောက် သူ သင့်ကို စိတ်မဝင်စားတော့ဘူးဆိုရင် သင့်အတွက် အချိန်ပေးချင်တော့မှာ မဟုတ်ပါဘူး။

Credit:Duwun



 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top