iMyanmarHouse.com - Best Property Website for Myanmar
×







Credit : 7 day daily




#Unicode Version

ဘရူနိုမားစ်နှင့် မက်ခ်ရွန်ဆင်တို့သည် ၎င်းတို့၏ ပေါက်သီချင်း Uptown Funk သည်  Collage အဖွဲ့၏ ၁၉၈၃ ခုနှစ်တွင် ထွက်ရှိခဲ့သော  Young Girls သီချင်းကို များစွာမှီငြမ်း ထားသည်ဆိုကာ မူပိုင်ခွင့်ချိုး ဖောက်ကြောင်း တရားစွဲဆိုမှုနှင့် ရင်ဆိုင်နေရသည်။

ယင်းတရားစွဲဆိုမှုတွင် Collage အဖွဲ့က Uptown Funk သီချင်း၏သံစဉ်နှင့် တူရိယာတီး ခတ်ထားမှုများသည် Young Girls သီချင်းမှကူးယူထားကြောင်း ပြောကြားသည်ဟု ဖော်ပြထားသည်။

တေးသီချင်းဖန်တီးရာတွင် ဂီတာတီးခတ်ပုံ တူညီနေပြီး တစ်ပြိုင်တည်းနားထောင်ကြည့်ပါက ခွဲမရလုနီးပါး တူညီနေသည်။

သို့သော် တရားစွဲဆိုထား သည်ဆိုခြင်းနှင့်ပတ်သက်၍ ဘရူ နိုမားစ်နှင့် ရွန်ဆင်တို့က မှတ်ချက် ပြုရန် ငြင်းဆိုထားသည်။

မားစ်နှင့် ရွန်ဆင်တို့က တွေ့ ဆုံမေးမြန်းမှုတစ်ခုတွင် Collage အဖွဲ့၏တေးသီချင်းများကို လေး စားအားကျမှုရှိကြောင်း ဝန်ခံထား သည်ဟု Collage အဖွဲ့ကပြော ကြားကြောင်း တိုင်းမ်မဂ္ဂဇင်းဝက် ဘ်ဆိုက်က ဖော်ပြသည်။

၂၀၁၄ နိုဝင်ဘာက Uptown Funk ကို ရောင်းချပြီးကတည်းက မားစ်နှင့် ရွန်ဆင်တို့သည် Sequ ence အဖွဲ့၏တရားစွဲဆိုမည်ဆို  မည်ဆိုသော ခြိမ်းခြောက်မှုအပါ အဝင်မူပိုင်ခွင့် ချိုးဖောက်သည်ဆို သော စွပ်စွဲမှုများနှင့် ရင်ဆိုင်ခဲ့ရ သည်။ Sequence အဖွဲ့က မားခ်နှင့် ရွန်ဆင်တို့သည် ၎င်းတို့၏၁၉၇၉ တေးသီချင်း Funk YouUp ကို ကူးယူထားသည်ဟု စွပ်စွဲခဲ့ သည်။သို့သော် Sequence အဖွဲ့ က တရားဝင်တရားစွဲဆိုခြင်း မရှိ ခဲ့ပေ။

Credit : 7 day daily

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top