iMyanmarHouse.com - Best Property Website for Myanmar
×




Credit :trend Myanmar




#Unicode Version

မုန့်ဖုတ်ဆော်ဒါကို အလှအပနည်းတော်တော်များများအတွက် အသုံးပြုနိုင်ပါတယ်။ ဥပမာ - အသားအရေပိုမိုနူးညံ့စေဖို့အတွက် မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်သလို မျက်နှာကို scrub လုပ်တဲ့အခါတွေမှာလည်း မုန့်ဖုတ်ဆော်ဒါကို အသုံးပြုနိုင်ပါတယ်။ အစွန်းအထင်းတွေ ချွတ်တဲ့အခါ၊ သွားတွေပိုမိုဖြူဝင်းတောက်ပအောင် လုပ်ဆောင်ချင်တဲ့အခါမျိုးတွေမှာ မုန့်ဖုတ်ဆော်ဒါကို ကောင်းမွန်စွာအသုံးပြုနိုင်ပါတယ်။

ဒီလိုအလှအပအတွက် မုန့်ဖုတ်ဆော်ဒါအသုံးပြုနည်းတော်တော်များများထဲမှာမှ ဆံပင်အတွက်ဆိုရင် Dry Shampoo အနေနဲ့လည်း အသုံးပြုနေကြတာ တွေ့ရပေမယ့် ဆံပင်အတွက် မုန့်ဖုတ်ဆော်ဒါ လုံးဝမသုံးသင့်တဲ့ အကြောင်းအရာလေးတစ်ခုကို ပြောပြပေးချင်ပါတယ်။

မုန့်ဖုတ်ဆော်ဒါကို ဆံပင်အတွက် အထူးသဖြင့် ရှန်ပူနေရာမှာ အစားထိုးသုံးတာဟာ အန္တရာယ်အလွန်များပါတယ်။ ဘာလို့လဲဆိုတော့ တစ်ခါတစ်လေ ဆံပင်ကို ပျက်စီးစေတဲ့အရာမှာ pH အချိုးအစားတွေက အဓိကနေရာကနေ ပါဝင်နေတာကြောင့်ပါ။ မုန့်ဖုတ်ဆော်ဒါမှာ pH 9အထိရှိနေပါတယ်။ သင့်ဆံပင်တွေအတွက်လိုအပ်တဲ့ pHက 4.5 ကနေ 5.5 အထိပါပဲ။ ဒီ့ထက်ပိုများသွားမယ်ဆိုရင် သင့်ဆံပင်တွေ ကျိုးကြေပျက်စီးလွယ်ပြီး ခြောက်သွေ့တာမျိုး ဖြစ်ပေါ်ပါလိမ့်မယ်။ ဒါ့ကြောင့် မုန့်ဖုတ်ဆော်ဒါဟာ အခြားအလှအပနည်းလမ်းတွေ အတွက် အသုံးဝင်ပေမယ့် ဆံပင်အတွက်တော့ အထူးတလည်ကို ဂရုစိုက်အသုံးပြုသင့်ပါတယ်။

Credit :trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top