iMyanmarHouse.com - Best Property Website for Myanmar
×

ၾကားလိုက္ရရင္ေတာ့ အဆန္းၾကီးပါပဲ။ ခုေနာက္ပိုင္း နႈတ္ခမ္းသားဖူးဖူးေဖာင္းေဖာင္းေလး ျဖစ္ေစဖုိ႕အတြက္ ပ်ိဳေမေတြေတာ္ေတာ္ေလးကို လိုလားလာၾကပါတယ္။ ဒါကလည္း Kylie Jenner ကစတဲ့ဇာတ္လမ္းပါ။ သူမလို ႏႈတ္ခမ္းသားေလး ပိုမိုေဖာင္းျပီး ၾကြေနေစဖုိ႕ နည္းလမ္းေတြ အမ်ားၾကီးထဲကမွ ခုေနာက္ဆံုး ေရပန္းစားေနတဲ့ နည္းကေတာ့ ႏႈတ္ခမ္းသားကို Wasabi သုတ္လိမ္းျပီး သာမန္ထက္ ႏႈတ္ခမ္းသားေလး ပိုထူျပီးေဖာင္းေအာင္ ဖန္တီးတဲ့နည္းပါ။ ခုလို ေျပာလိုက္ရင္ ျဖစ္ႏိုင္ပါ့မလားလို႕ ေတြးပါလိမ့္မယ္။ ဒါေပမယ့္ အင္တာနက္မွာ နာမည္ၾကီးေရပန္းစားလာတဲ့ ဒီနည္းကို စမ္းသပ္ျပီး ေတာ္ေတာ္ေလး အဆင္ေျပေနၾကပါျပီ။


Wasabi ဆုိတာ ဆူရွီစားတဲ့အခါ အျမဲတမ္းတြဲစားရတဲ့ အရာပါ။ အေရာင္ကေတာ့ အစိမ္းေရာင္ေပါ့။ သူ႕ကို ဆူရွီစားတဲ့အခါ နည္းနည္းေလး ပိုစားမိရင္ေတာင္ လည္ေခ်ာင္းထဲ ပါးစပ္ထဲ ပူစပ္ျပီး ဆင္းသြားတတ္တယ္ဆုိတာ ဆူရွီစားဖူးတဲ့သူတုိင္း သိပါတယ္။ Wasabi ကို အပင္ကေန ရယူထားတာျဖစ္ျပီး ေနာက္ပိုင္းမွာေတာ့ အသင့္၀ယ္ယူစားသံုးႏိုင္ေအာင္ သြားတိုက္ေဆးဗူးလို ညွစ္ဗူးေလးေတြနဲ႕ထည့္ျပီး ေစ်းကြက္ထဲတင္ပို႕လာၾကပါတယ္။

ေဆးပညာနဲ႕အလွအပဆုိင္ရာ တတ္သိနားလည္သူ Joshua Zeichner ဆိုသူကေတာ့ Wasabi ကို အသားမွာ သုတ္လိုက္တဲ့အရာ နည္းနည္းေလး ေဖာင္းလာတဲ့ လကၡဏာေတြ႕ရတာေၾကာင့္ ႏႈတ္ခမ္းတုိ႕ဘာတုိ႕မွာ သုတ္လိမ္းထားလိုက္ရင္ သာမန္ထက္ ႏႈတ္ခမ္းသားပိုထူသလို ျဖစ္သြားလိမ့္မယ္လို႕ သူက ေျပာပါတယ္။ ဒါ့ေၾကာင့္ ဒါကို သေဘာက်တယ္ဆုိရင္ေတာ့ ဒီနည္းနဲ႕ စမ္းသပ္ႏိုင္တယ္လို႕လည္း ဆုိသြားပါတယ္။

Beauty Blogger တစ္ေယာက္ျဖစ္တဲ့ Farah Dhukai ကေတာ့ ဒီနည္းကိုစမ္းသပ္ျပီး သူမရဲ႕ instagram အေကာင့္မွာ ဗီဒီယိုတင္ထားခဲ့ပါတယ္။ ပထမဆံုးသူမက အသင့္၀ယ္ယူထားတဲ့ wasabi ဗူးေလးထဲကေန wasabi ကိုညွစ္ထုတ္လိုက္ျပီး ႏႈတ္ခမ္းေပၚတင္ျပီး လက္ကေလးနဲ႕ ပြတ္လိမ္းေပးလိုက္ပါတယ္။ မိနစ္ပိုင္းအတြင္းမွာပဲ သူမက ႏႈတ္ခမ္းေပၚက wasabi ေတြကို သုတ္ျပီးလိုက္ျပီး ႏႈတ္ခမ္းသားအတြက္ သင့္ေလ်ာ္တဲ့ moisturizer ကို လိမ္းေပးလိုက္ပါတယ္။ အေျဖကေတာ့ ႏႈတ္ခမ္းေလးက ေဖာင္းျပီး ပန္းေရာင္သမ္းသမ္းေလး ျဖစ္ေနတာပါ။ သူမကေတာ့ ဒီနည္းကို သေဘာေတြ႕ေၾကာင္းလည္း ေျပာထားပါေသးတယ္။

ကဲ ႏႈတ္ခမ္းကိုေဆးထိုးတာ၊ ခြဲတာမ်ိဳး မလုပ္ခ်င္တဲ့ ပ်ိဳေမေတြအတြက္ ဒီနည္းေလးက စမ္းၾကည့္သင့္တဲ့နည္းေလးပါပဲေနာ္။

Credit : Trend Myanmar

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကြားလိုက်ရရင်တော့ အဆန်းကြီးပါပဲ။ ခုနောက်ပိုင်း နှုတ်ခမ်းသားဖူးဖူးဖောင်းဖောင်းလေး ဖြစ်စေဖို့အတွက် ပျိုမေတွေတော်တော်လေးကို လိုလားလာကြပါတယ်။ ဒါကလည်း Kylie Jenner ကစတဲ့ဇာတ်လမ်းပါ။ သူမလို နှုတ်ခမ်းသားလေး ပိုမိုဖောင်းပြီး ကြွနေစေဖို့ နည်းလမ်းတွေ အများကြီးထဲကမှ ခုနောက်ဆုံး ရေပန်းစားနေတဲ့ နည်းကတော့ နှုတ်ခမ်းသားကို Wasabi သုတ်လိမ်းပြီး သာမန်ထက် နှုတ်ခမ်းသားလေး ပိုထူပြီးဖောင်းအောင် ဖန်တီးတဲ့နည်းပါ။ ခုလို ပြောလိုက်ရင် ဖြစ်နိုင်ပါ့မလားလို့ တွေးပါလိမ့်မယ်။ ဒါပေမယ့် အင်တာနက်မှာ နာမည်ကြီးရေပန်းစားလာတဲ့ ဒီနည်းကို စမ်းသပ်ပြီး တော်တော်လေး အဆင်ပြေနေကြပါပြီ။

Wasabi ဆိုတာ ဆူရှီစားတဲ့အခါ အမြဲတမ်းတွဲစားရတဲ့ အရာပါ။ အရောင်ကတော့ အစိမ်းရောင်ပေါ့။ သူ့ကို ဆူရှီစားတဲ့အခါ နည်းနည်းလေး ပိုစားမိရင်တောင် လည်ချောင်းထဲ ပါးစပ်ထဲ ပူစပ်ပြီး ဆင်းသွားတတ်တယ်ဆိုတာ ဆူရှီစားဖူးတဲ့သူတိုင်း သိပါတယ်။ Wasabi ကို အပင်ကနေ ရယူထားတာဖြစ်ပြီး နောက်ပိုင်းမှာတော့ အသင့်ဝယ်ယူစားသုံးနိုင်အောင် သွားတိုက်ဆေးဗူးလို ညှစ်ဗူးလေးတွေနဲ့ထည့်ပြီး ဈေးကွက်ထဲတင်ပို့လာကြပါတယ်။

ဆေးပညာနဲ့အလှအပဆိုင်ရာ တတ်သိနားလည်သူ Joshua Zeichner ဆိုသူကတော့ Wasabi ကို အသားမှာ သုတ်လိုက်တဲ့အရာ နည်းနည်းလေး ဖောင်းလာတဲ့ လက္ခဏာတွေ့ရတာကြောင့် နှုတ်ခမ်းတို့ဘာတို့မှာ သုတ်လိမ်းထားလိုက်ရင် သာမန်ထက် နှုတ်ခမ်းသားပိုထူသလို ဖြစ်သွားလိမ့်မယ်လို့ သူက ပြောပါတယ်။ ဒါ့ကြောင့် ဒါကို သဘောကျတယ်ဆိုရင်တော့ ဒီနည်းနဲ့ စမ်းသပ်နိုင်တယ်လို့လည်း ဆိုသွားပါတယ်။

Beauty Blogger တစ်ယောက်ဖြစ်တဲ့ Farah Dhukai ကတော့ ဒီနည်းကိုစမ်းသပ်ပြီး သူမရဲ့ instagram အကောင့်မှာ ဗီဒီယိုတင်ထားခဲ့ပါတယ်။ ပထမဆုံးသူမက အသင့်ဝယ်ယူထားတဲ့ wasabi ဗူးလေးထဲကနေ wasabi ကိုညှစ်ထုတ်လိုက်ပြီး နှုတ်ခမ်းပေါ်တင်ပြီး လက်ကလေးနဲ့ ပွတ်လိမ်းပေးလိုက်ပါတယ်။ မိနစ်ပိုင်းအတွင်းမှာပဲ သူမက နှုတ်ခမ်းပေါ်က wasabi တွေကို သုတ်ပြီးလိုက်ပြီး နှုတ်ခမ်းသားအတွက် သင့်လျော်တဲ့ moisturizer ကို လိမ်းပေးလိုက်ပါတယ်။ အဖြေကတော့ နှုတ်ခမ်းလေးက ဖောင်းပြီး ပန်းရောင်သမ်းသမ်းလေး ဖြစ်နေတာပါ။ သူမကတော့ ဒီနည်းကို သဘောတွေ့ကြောင်းလည်း ပြောထားပါသေးတယ်။

ကဲ နှုတ်ခမ်းကိုဆေးထိုးတာ၊ ခွဲတာမျိုး မလုပ်ချင်တဲ့ ပျိုမေတွေအတွက် ဒီနည်းလေးက စမ်းကြည့်သင့်တဲ့နည်းလေးပါပဲနော်။

Credit : Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top