iMyanmarHouse.com - Best Property Website for Myanmar
×

ကိုယ္​ဟန္​အမူအရာဟာ လူတစ္​​ေယာက္​ကိုဆြဲ​ေဆာင္​တဲ့​ေနရာမွာ အင္​မတန္​အ​ေရးႀကီးတဲ့အရာပါ။ ခ်စ္​​ေရးခ်စ္​ရာကိစၥ​ေတြမွာပဲျဖစ္​ျဖစ္​ လူမႈဆက္​ဆံ​ေရးမွာပဲျဖစ္​ျဖစ္​ ကိုယ္​ဟန္​အမူအရာဟာ သိပ္​အ​ေရးႀကီးပါတယ္​။

မ်ား​ေသာအားျဖင္​့ လူ​ေတြက Relationshipတစ္​ခုစတင္​​ေတာ့မယ္​ဆိုရင္​

"ငါတို႔ႏွစ္​​ေယာက္​ဆက္​ဆံ​ေရးဘာလို႔အဆင္​မ​ေျပတာလဲ"

"ငါ့ကို သ​ေဘာက်ရဲ႕လားမသိဘူး"

"ဘာလို႔ ငါ့ကိုဖုန္​းမဆက္​တာလဲ" ..အစရွိသျဖင္​့​ ​ေမးခြန္​းမ်ားစြာကိုယ္​့ကိုကိုယ္​​ေမးၿပီး သံသယျဖစ္​တတ္​ၾကပါတယ္​။

ဒီလိုအခ်ိန္​မ်ိဳး​ေရာက္​ၿပီဆိိုရင္​​ေတာ့ ကိုယ္​့ရဲ႕ကိုယ္​ဟန္​အမူအရာကို ဘယ္​လိုဆြဲ​ေဆာင္​မႈရွိ​ေအာင္​လုပ္​မလဲဆိုတာ စၿပီးစဥ္​းစားရ​ေတာ့မွာျဖစ္​ပါတယ္​။

အဆင္​့(၁)

ဦးစြာပထမ အထင္​ႀကီးမႈရယူပါ

ဒီအဆင္​့မွာကိုယ္​ဟာ ​ေရာက္​​ေနတဲ့အ​ေနအထားနဲ႕ကိုက္​ညီ​ေအာင္​ကိုယ္​့ရဲ႕ ကိုယ္​ဟန္​အမူအရာကို ဘယ္​လို သင္​့​​ေတာ္​​ေအာင္​သုံးမလဲ သိ​ေနရပါမယ္​။ ၿပဳံး​ေနတာပဲျဖစ္​ျဖစ္​၊ ခႏၶာကိုယ္​ကို Smartက်​တဲ့အ​ေနအထားျပင္​ထိုင္​တာပဲျဖစ္​​ျဖစ္​ ကိုယ္​ဟန္​အမူအရာကို သတိထားရပါမယ္​။ ကိုယ္​့ရဲ႕ ဆြဲ​ေဆာင္​မႈရွိတဲ့ခႏၶာကိုယ္​အလွ​ေပၚတဲ့အဝတ္​အစားဝတ္​ၿပီး​ေတာ့ပဲျဖစ္​ျဖစ္​ ကိုယ္​့မွာရွိၿပီးသားအလွတရားကို သူျမင္​​ေအာင္​လုပ္​​ေပးရပါမယ္​။

အဆင္​့(၂)

ဆြဲ​ေဆာင္​နိုင္​တဲ့အခိုက္​အတန္​့ႀကဳံလာရင္​ လက္​မလႊတ္​ပါနဲ႕

ဒီအဆင္​့မွာ​ေတာ့ ကိုယ္​နဲ႕စကား​ေျပာ​ေနတဲ့သူ အနားနားကိုတိုးကပ္​ၿပီးဆြဲ​ေဆာင္​ပါ။ သူ​ေျပာတာကို ကိုယ္​အာ႐ုံစိုက္​သလိုနဲ႕ အနားကိုတိုးၿပီးစိတ္​လႈပ္​ရွားဖြယ္​အခ်ိန္​ကိုဖန္​တီးပါ။ သူ​ေျပာတာကိုနား​ေထာင္​ရင္​း ​ေခါင္​းတညိတ္​ညိတ္​လုပ္​​ေပးဖို႔မ​ေမ့ပါနဲ႕။

အဆင္​့(၃)

သူ႕ရဲ႕ကိုယ္​ဟန္​အမူအရာ​ေတြကို​ေလ့လာပါ

ကိုယ္​ကသူ႕ကို ဆြဲ​ေဆာင္​​ေနသလို သူက​ေကာ ကိုယ္​့ရဲ႕ၫြတ္​ကြင္​းထဲဝင္​သြားၿပီလားဆိုတာ အကဲခတ္​ပါ။ သူစကား​ေျပာတာ ျမန္​ၿပီးဟိုမ​ေရာက္​ဒီမ​ေရာက္​ျဖစ္​​ေနၿပီလား၊ မ်က္​လုံးအၾကည္​့​ေတြမၿငိမ္​ဘူးလား၊ လက္​ကဟိုဟာ​ေလွ်ာက္​ကိုင္​ ဒီဟာ​ေလွ်ာက္​ကိုင္​​ေနၿပီလား? ဒါဆို သူ မင္​းရဲ႕ဆြဲ​ေဆာင္​မႈ​ေအာက္​​ေရာက္​သြားပါၿပီ။ မိန္​းက​ေလးဆိုရင္​​ေတာ့ ရွက္​​ေသြးျဖာတာ၊ ပိုက္​ဆံအိတ္​ကို တင္​းတင္​းက်ပ္​က်ပ္​ဖက္​ထားတာမ်ိဳး​ေတြျဖစ္​​ေနမွာပါ။

Credit:myanmarload

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

#Unicode Version

ကိုယ်ဟန်အမူအရာဟာ လူတစ်ယောက်ကိုဆွဲဆောင်တဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့အရာပါ။ ချစ်ရေးချစ်ရာကိစ္စတွေမှာပဲဖြစ်ဖြစ် လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကိုယ်ဟန်အမူအရာဟာ သိပ်အရေးကြီးပါတယ်။

များသောအားဖြင့် လူတွေက Relationshipတစ်ခုစတင်တော့မယ်ဆိုရင်

"ငါတို့နှစ်ယောက်ဆက်ဆံရေးဘာလို့အဆင်မပြေတာလဲ"

"ငါ့ကို သဘောကျရဲ့လားမသိဘူး"

"ဘာလို့ ငါ့ကိုဖုန်းမဆက်တာလဲ" ..အစရှိသဖြင့် မေးခွန်းများစွာကိုယ့်ကိုကိုယ်မေးပြီး သံသယဖြစ်တတ်ကြပါတယ်။

ဒီလိုအချိန်မျိုးရောက်ပြီဆိုရင်တော့ ကိုယ့်ရဲ့ကိုယ်ဟန်အမူအရာကို ဘယ်လိုဆွဲဆောင်မှုရှိအောင်လုပ်မလဲဆိုတာ စပြီးစဉ်းစားရတော့မှာဖြစ်ပါတယ်။

အဆင့်(၁)

ဦးစွာပထမ အထင်ကြီးမှုရယူပါ

ဒီအဆင့်မှာကိုယ်ဟာ ရောက်နေတဲ့အနေအထားနဲ့ကိုက်ညီအောင်ကိုယ့်ရဲ့ ကိုယ်ဟန်အမူအရာကို ဘယ်လို သင့်တော်အောင်သုံးမလဲ သိနေရပါမယ်။ ပြုံးနေတာပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကို Smartကျတဲ့အနေအထားပြင်ထိုင်တာပဲဖြစ်ဖြစ် ကိုယ်ဟန်အမူအရာကို သတိထားရပါမယ်။ ကိုယ့်ရဲ့ ဆွဲဆောင်မှုရှိတဲ့ခန္ဓာကိုယ်အလှပေါ်တဲ့အဝတ်အစားဝတ်ပြီးတော့ပဲဖြစ်ဖြစ် ကိုယ့်မှာရှိပြီးသားအလှတရားကို သူမြင်အောင်လုပ်ပေးရပါမယ်။

အဆင့်(၂)

ဆွဲဆောင်နိုင်တဲ့အခိုက်အတန့်ကြုံလာရင် လက်မလွှတ်ပါနဲ့

ဒီအဆင့်မှာတော့ ကိုယ်နဲ့စကားပြောနေတဲ့သူ အနားနားကိုတိုးကပ်ပြီးဆွဲဆောင်ပါ။ သူပြောတာကို ကိုယ်အာရုံစိုက်သလိုနဲ့ အနားကိုတိုးပြီးစိတ်လှုပ်ရှားဖွယ်အချိန်ကိုဖန်တီးပါ။ သူပြောတာကိုနားထောင်ရင်း ခေါင်းတညိတ်ညိတ်လုပ်ပေးဖို့မမေ့ပါနဲ့။

အဆင့်(၃)

သူ့ရဲ့ကိုယ်ဟန်အမူအရာတွေကိုလေ့လာပါ

ကိုယ်ကသူ့ကို ဆွဲဆောင်နေသလို သူကကော ကိုယ့်ရဲ့ညွတ်ကွင်းထဲဝင်သွားပြီလားဆိုတာ အကဲခတ်ပါ။ သူစကားပြောတာ မြန်ပြီးဟိုမရောက်ဒီမရောက်ဖြစ်နေပြီလား၊ မျက်လုံးအကြည့်တွေမငြိမ်ဘူးလား၊ လက်ကဟိုဟာလျှောက်ကိုင် ဒီဟာလျှောက်ကိုင်နေပြီလား? ဒါဆို သူ မင်းရဲ့ဆွဲဆောင်မှုအောက်ရောက်သွားပါပြီ။ မိန်းကလေးဆိုရင်တော့ ရှက်သွေးဖြာတာ၊ ပိုက်ဆံအိတ်ကို တင်းတင်းကျပ်ကျပ်ဖက်ထားတာမျိုးတွေဖြစ်နေမှာပါ။

Credit:myanmarload

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top