iMyanmarHouse.com - Best Property Website for Myanmar
×





Credit : 7Day Daily




Unicode Version

နာမည်ကျော် အဆိုတော် မာရီယာကာရေး သည် ၎င်း၏လှပသော ခန္ဓာကိုယ် ကောက်ကြောင်းကို ပေါ်လွင်စေ ရန် အတိုအပြတ်အဝတ်အစား များ ဝတ်ဆင်၍ စတိတ်စင်ပေါ် တွင် ဖျော်ဖြေလေ့ရှိသည်။

ထိုကဲ့သို့   ခန္ဓာကိုယ်လှပ အောင်   ထိန်းသိမ်းထားသည့် လျှို့ဝှက်ချက်ကိုလည်း   ပြော ပြခဲ့သည်။ အဖြေမှာ အံ့အားသင့် စရာကောင်းသည်။

‘‘ကျွန်မ ဝိတ်ချတာ တကယ် ကို ခက်ခဲပါတယ်။ ဝိတ်ချတဲ့ နည်းကတော့     နော်ဝေး ဆော် လမွန်ငါးနဲ့ ပဲစိမ်းကို နေ့တိုင်းစား တာပါပဲ’’ဟု ၎င်းက E! News သတင်းဌာနအား ပြောသည်။

‘‘ကျွန်မ တကယ်ကို ကြိုး ကြိုးစားစား လုပ်ခဲ့ပါတယ်။ အဲဒီ အစားအစာ နှစ်မျိုးနဲ့ပဲ တင်းတိမ် အောင် ကြိုးစားခဲ့တယ်။ အဲဒါက လည်း ဆိုးရွားပါတယ်။ ဒါပေမဲ့ အဲဒီလို စားတာက အလုပ်ဖြစ်ပါ တယ်’’ဟု ၎င်းက ရယ်လျက်ပြော သည်။ အသက် (၄၆)နှစ်အရွယ် အမေရိကန် အဆိုတော် သီချင်း ရေးသူ ကာရေးသည် Grammy Awards, World Music Awards နှင့် American Music Awards စသည့်ဆုများ ချီးမြှင့်ခံခဲ့ရသည်။

Credit : 7Day Daily




ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top