iMyanmarHouse.com - Best Property Website for Myanmar
×

ဆယ္ေက်ာ္သက္အမ်ားစုဟာ ဘယ္အခ်ိန္မွာ လိင္ကိစၥကိုစျပီး စိတ္၀င္စားတယ္၊ စမ္းသပ္ခ်င္ၾကတယ္ စသျဖင့္ သုေသတနေတြ ျပဳလုပ္ျပီး ေဖာ္ျပခဲ့ၾကဖူးပါတယ္။ ဒါေပမယ့္ ခုေဖာ္ျပေပးမယ့္ အခ်က္ကေတာ့ မၾကာေသးခင္ ဒတ္ခ်္လူမ်ိဳးေတြရဲ႕ ေလ့လာမႈကေန ေဖာ္ထုတ္ခဲ့တာျဖစ္ျပီး အေမနဲ႕ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးရွိသူ သမီးေတြဟာ သူတုိ႕ရဲ႕ပထမဆံုးလိင္မႈကိစၥကို သူမ်ားေတြထက္ အခ်ိန္ေနာက္က်ျပီးေတာ့မွသာ စဥ္းစားေလ့ရွိပါတယ္တဲ့။

သုေသတီေတြဟာ ဒီေလ့လာမႈအတြက္ ေယာက်ၤားေလးနဲ႕မိန္းကေလး စုစုေပါင္း ၂၉၁၃ေယာက္ကို သူတုိ႕ရဲ႕မိဘနဲ႕ဆက္ဆံေရးအေျခအေန၊ သူတုိ႕ရဲ႕လိင္မႈကိစၥ စတာေတြကို ေမးခြန္းေတြ ေမးျမန္းခဲ့ၾကတာပါ။ အဲ့ဒီအထဲမွာမွ ထူးျခားတာက အသက္ ၁၂ႏွစ္ကေန ၁၆ႏွစ္အတြင္း မိခင္ျဖစ္သူနဲ႕ တပူးတြဲတြဲ ခ်စ္ခင္ရင္းႏွီးစြာ ေနထုိင္တဲ့ မိန္းကေလးေတြဟာ အျခား မိန္းကေလးေတြထက္ ၄၄ရာခုိင္ႏႈန္းနည္းပါးစြာ လိင္မႈကိစၥ ေနာက္က်ေနၾကတာကို သိရပါတယ္။ သူတုိ႕ေတြဟာ မိခင္ေတြေျပာတဲ့ ခ်စ္ေရးခ်စ္ရာနဲ႕ ပတ္သက္တဲ့ အေၾကာင္းအရာေတြ၊ လိင္ပိုင္းဆုိင္ရာကိစၥေတြကို အေသအခ်ာနားလည္ထားၾကျပီး ဒါကို စမ္းသပ္ခ်င္စိတ္ထက္ အခ်ိန္ယူရမယ္ဆိုတာကို ပိုနားလည္သေဘာေပါက္ေနတတ္ၾကပါတယ္။ သမီးေတြဟာ ဖခင္နဲ႕ဘယ္ေလာက္ရင္းႏွီးမႈရွိတယ္ဆုိတဲ့အခ်က္ ၊ ျပီးေတာ့ သားျဖစ္သူေတြနဲ႕ အေဖ၊ အေမ ဆက္ဆံေရး နဲ႕ လိင္ပိုင္းဆုိင္ရာ ကိစၥရပ္ေတြကေတာ့ ဒီေလ့လာမႈအရ ဘာမွကို ဆက္ႏြယ္မေနဘူးလုိ႕ သိရပါတယ္။

ခုထြက္ရွိလာတဲ့ေလ့လာမႈဟာ မိခင္နဲ႕အရမ္းရင္းႏွီးတဲ့ ဆက္ဆံေရးရတဲ့ မိန္းကေလးေတြဟာ လိင္ပိုင္းဆုိင္ရာမယံုၾကည္ေတာ့တာ၊ လိင္ကိစၥကို စိတ္မ၀င္စားတာမ်ိဳး မဟုတ္ပဲ သူတုိ႕သိထားတာေတြ နားလည္ထားတာေတြကို ပိုအခ်ိန္ယူ ေလ့လာတဲ့ သေဘာလုိ႕ ေျပာႏိုင္ပါတယ္။ ေျပာင္းျပန္ျပန္စဥ္းစားမယ္ဆုိရင္ေတာ့ မိခင္နဲ႕ ရင္းႏွီးေႏြးေထြးတဲ့ ဆက္ဆံေရးမရွိသူေတြဟာ ဒီကိစၥေတြကို စမ္းသပ္လိုစိတ္ျပင္းျပတာမ်ားပါတယ္။ တစ္ခုေတာ့ ရွိပါတယ္။ မိခင္ေတြကလည္း သမီးနဲ႕အတူရွိခ်ိန္ သူတုိ႕ၾကံဳေတြခဲ့ရတဲ့ အေၾကာင္းအရာေတြကို ျပန္လည္ေ၀မ်ွတတ္မယ္၊ လိင္ပိုင္းဆိုင္ရာကိစၥေတြ ဘယ္လိုရွိတယ္ဆုိတာ ကိုယ့္သမီးကို ပညာေပးေျပာျပသြားမယ္ဆုိရင္ေတာ့ သမီးေတြအေနနဲ႕ ပိုအႏၱရာယ္ကင္းျပီး ကိုယ့္ကိုယ္ကုိယ္ ယံုၾကည္မႈလည္း ပိုတိုးေစမယ္ဆုိတာပါပဲ။


Credit:Trend Myanmar
ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဆယ်ကျော်သက်အများစုဟာ ဘယ်အချိန်မှာ လိင်ကိစ္စကိုစပြီး စိတ်ဝင်စားတယ်၊ စမ်းသပ်ချင်ကြတယ် စသဖြင့် သုသေတနတွေ ပြုလုပ်ပြီး ဖော်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ခုဖော်ပြပေးမယ့် အချက်ကတော့ မကြာသေးခင် ဒတ်ချ်လူမျိုးတွေရဲ့ လေ့လာမှုကနေ ဖော်ထုတ်ခဲ့တာဖြစ်ပြီး အမေနဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးရှိသူ သမီးတွေဟာ သူတို့ရဲ့ပထမဆုံးလိင်မှုကိစ္စကို သူများတွေထက် အချိန်နောက်ကျပြီးတော့မှသာ စဉ်းစားလေ့ရှိပါတယ်တဲ့။

သုသေတီတွေဟာ ဒီလေ့လာမှုအတွက် ယောကျၤားလေးနဲ့မိန်းကလေး စုစုပေါင်း ၂၉၁၃ယောက်ကို သူတို့ရဲ့မိဘနဲ့ဆက်ဆံရေးအခြေအနေ၊ သူတို့ရဲ့လိင်မှုကိစ္စ စတာတွေကို မေးခွန်းတွေ မေးမြန်းခဲ့ကြတာပါ။ အဲ့ဒီအထဲမှာမှ ထူးခြားတာက အသက် ၁၂နှစ်ကနေ ၁၆နှစ်အတွင်း မိခင်ဖြစ်သူနဲ့ တပူးတွဲတွဲ ချစ်ခင်ရင်းနှီးစွာ နေထိုင်တဲ့ မိန်းကလေးတွေဟာ အခြား မိန်းကလေးတွေထက် ၄၄ရာခိုင်နှုန်းနည်းပါးစွာ လိင်မှုကိစ္စ နောက်ကျနေကြတာကို သိရပါတယ်။ သူတို့တွေဟာ မိခင်တွေပြောတဲ့ ချစ်ရေးချစ်ရာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို အသေအချာနားလည်ထားကြပြီး ဒါကို စမ်းသပ်ချင်စိတ်ထက် အချိန်ယူရမယ်ဆိုတာကို ပိုနားလည်သဘောပေါက်နေတတ်ကြပါတယ်။ သမီးတွေဟာ ဖခင်နဲ့ဘယ်လောက်ရင်းနှီးမှုရှိတယ်ဆိုတဲ့အချက် ၊ ပြီးတော့ သားဖြစ်သူတွေနဲ့ အဖေ၊ အမေ ဆက်ဆံရေး နဲ့ လိင်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေကတော့ ဒီလေ့လာမှုအရ ဘာမှကို ဆက်နွယ်မနေဘူးလို့ သိရပါတယ်။

ခုထွက်ရှိလာတဲ့လေ့လာမှုဟာ မိခင်နဲ့အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးရတဲ့ မိန်းကလေးတွေဟာ လိင်ပိုင်းဆိုင်ရာမယုံကြည်တော့တာ၊ လိင်ကိစ္စကို စိတ်မဝင်စားတာမျိုး မဟုတ်ပဲ သူတို့သိထားတာတွေ နားလည်ထားတာတွေကို ပိုအချိန်ယူ လေ့လာတဲ့ သဘောလို့ ပြောနိုင်ပါတယ်။ ပြောင်းပြန်ပြန်စဉ်းစားမယ်ဆိုရင်တော့ မိခင်နဲ့ ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးမရှိသူတွေဟာ ဒီကိစ္စတွေကို စမ်းသပ်လိုစိတ်ပြင်းပြတာများပါတယ်။ တစ်ခုတော့ ရှိပါတယ်။ မိခင်တွေကလည်း သမီးနဲ့အတူရှိချိန် သူတို့ကြုံတွေခဲ့ရတဲ့ အကြောင်းအရာတွေကို ပြန်လည်ဝေမျှတတ်မယ်၊ လိင်ပိုင်းဆိုင်ရာကိစ္စတွေ ဘယ်လိုရှိတယ်ဆိုတာ ကိုယ့်သမီးကို ပညာပေးပြောပြသွားမယ်ဆိုရင်တော့ သမီးတွေအနေနဲ့ ပိုအန္တရာယ်ကင်းပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း ပိုတိုးစေမယ်ဆိုတာပါပဲ။


Credit:Trend Myanmar

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top