iMyanmarHouse.com - Best Property Website for Myanmar
×

 ဒီလို လကၡဏာ လမ္းေၾကာင္းမ်ိဳးက ေတာ္ေတာ္ေလး ရွားပါတယ္။ ရွိေတာ့ ရွိတယ္။ ရွားတယ္။ ႏွလံုး လမ္းေၾကာင္းမွာ စက္၀ိုင္းပံုေလး ခံေနတဲ့ လမ္းေၾကာင္းပါ။ အဲဒီလို လကၡဏာ ပိုင္ရွင္ေတြဟာ လူသား စင္စစ္ မဟုတ္တဲ့ ၀ိဥာဥ္ေလာကနဲ႔ ဆက္ႏြယ္ၿပီး ခ်စ္ႀကိဳး သြယ္တတ္ပါတယ္။ ဥစၥာေစာင့္မေလးေတြ ၊ ဥစၥာေစာင္ အမ်ိဳးသားေတြနဲ႔ ခ်စ္သူျဖစ္ရတတ္တဲ့ လကၡဏာပိုင္ရွင္ပါ။ (ဒီအေၾကာင္းကို ေနာက္မွ ဂမၻီရ ဆန္းက်ယ္ ၀တၳဳ ေရးပါဦးမယ္)
ႏွလံုးလမ္းေၾကာင္း တစ္ေလွ်ာက္မွာ ကြ်န္းေတြအမ်ားႀကီး ပါေနရင္ေတာ့ အခ်စ္ေရး ကိစၥေတြမွာ မေလးနက္ဘူး၊ အေလးမထားဘူး။ ကိုယ့္ရဲ့ ခ်စ္သူအေပၚ ေပါ့ေပါ့တန္တန္ သေဘာမ်ိဳး ထားတတ္ပါတယ္။ မ်ားေသာအားျဖင့္ ဒီလို လကၡဏာ ပိုင္ရွင္ေတြဟာ ခ်စ္သူ မ်ားတတ္ပါတယ္။ တစ္ေယာက္ဆို တစ္ေယာက္ ပိေတာက္ဆို ပိေတာက္ မရွိတတ္ဘူး။ အဆင္ေျပတဲ့ လူနဲ႔ ခ်စ္သူ ျဖစ္လိုက္ၾက တာပါပဲ။
ႏွလံုး လမ္းေၾကာင္း ႏွစ္ထပ္ ပါေနရင္ေတာ့ အခ်စ္ ႀကီးသလို အမ်က္လည္း ႀကီးတတ္ ပါတယ္။ ၿပီးေတာ့ အခ်စ္ေရးကို ဦးစားေပးလြန္းတယ္။ အခ်စ္ေရးကို ေရွ႕တန္းတင္လြန္းပါတယ္။ အခ်စ္သည္သာ ပဓာန ဆိုတဲ့ လူမ်ိဳးေတြေပါ့။ သူတို႔ဟာ အခ်စ္ကို ဦးစား ေပးသလို ခ်စ္သူ ကိုလည္း အလြန္အမင္း သ၀န္ေၾကာင္ တတ္ပါတယ္။
တနဂၤေႏြ ၿဂိဳဟ္ခံု ေအာက္တည့္တည့္ ႏွလံုး လမ္းေၾကာင္း ေပၚမွာ အျပတ္တစ္ခု ရွိေနရင္ေတာ့ အခ်စ္ေရးမွာ တစ္ဖက္ေစာင္းနင္း ႏိုင္တတ္ပါတယ္။ မိမိရဲ့ အခ်စ္ သည္သာ တန္ဖိုးရွိတယ္။ ျမင့္ျမတ္တယ္ ၊ မိမိသည္သာ ခ်စ္သူ အေပၚကို အရမ္း ခ်စ္ျမတ္ႏိုး ႏိုင္တယ္ ။ မိမိ အခ်စ္ သည္သာ ျဖဴစင္တယ္လို႔ မိမိကို မိမိ ခံယူ ေနသူရဲ့ လက္၀ါး ျပင္ႏွလံုး လမ္းေၾကာင္းမွာ ပါတတ္ပါတယ္။ ၿပီးေတာ့ သူတို႔ဟာ ခ်စ္သူ အေပၚမွာ အင္မတန္ လႊမ္းမိုး အႏိုင္ယူခ်င္ သူေတြ ျဖစ္ပါတယ္။ သူတို႔ရဲ့ ခ်စ္သူဟာ သူတို႔ကို အၿမဲတမ္း ဦးစား ေပးႏိုင္မွ သေဘာ က်ပါတယ္။

Credit:khitthitmyotaw
 
 ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
 
Unicode Version
 

 ဒီလို လက္ခဏာ လမ်းကြောင်းမျိုးက တော်တော်လေး ရှားပါတယ်။ ရှိတော့ ရှိတယ်။ ရှားတယ်။ နှလုံး လမ်းကြောင်းမှာ စက်ဝိုင်းပုံလေး ခံနေတဲ့ လမ်းကြောင်းပါ။ အဲဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ လူသား စင်စစ် မဟုတ်တဲ့ ဝိဉာဉ်လောကနဲ့ ဆက်နွယ်ပြီး ချစ်ကြိုး သွယ်တတ်ပါတယ်။ ဥစ္စာစောင့်မလေးတွေ ၊ ဥစ္စာစောင် အမျိုးသားတွေနဲ့ ချစ်သူဖြစ်ရတတ်တဲ့ လက္ခဏာပိုင်ရှင်ပါ။ (ဒီအကြောင်းကို နောက်မှ ဂမ္ဘီရ ဆန်းကျယ် ဝတ္ထု ရေးပါဦးမယ်)
နှလုံးလမ်းကြောင်း တစ်လျှောက်မှာ ကျွန်းတွေအများကြီး ပါနေရင်တော့ အချစ်ရေး ကိစ္စတွေမှာ မလေးနက်ဘူး၊ အလေးမထားဘူး။ ကိုယ့်ရဲ့ ချစ်သူအပေါ် ပေါ့ပေါ့တန်တန် သဘောမျိုး ထားတတ်ပါတယ်။ များသောအားဖြင့် ဒီလို လက္ခဏာ ပိုင်ရှင်တွေဟာ ချစ်သူ များတတ်ပါတယ်။ တစ်ယောက်ဆို တစ်ယောက် ပိတောက်ဆို ပိတောက် မရှိတတ်ဘူး။ အဆင်ပြေတဲ့ လူနဲ့ ချစ်သူ ဖြစ်လိုက်ကြ တာပါပဲ။
နှလုံး လမ်းကြောင်း နှစ်ထပ် ပါနေရင်တော့ အချစ် ကြီးသလို အမျက်လည်း ကြီးတတ် ပါတယ်။ ပြီးတော့ အချစ်ရေးကို ဦးစားပေးလွန်းတယ်။ အချစ်ရေးကို ရှေ့တန်းတင်လွန်းပါတယ်။ အချစ်သည်သာ ပဓာန ဆိုတဲ့ လူမျိုးတွေပေါ့။ သူတို့ဟာ အချစ်ကို ဦးစား ပေးသလို ချစ်သူ ကိုလည်း အလွန်အမင်း သဝန်ကြောင် တတ်ပါတယ်။
တနင်္ဂနွေ ဂြိုဟ်ခုံ အောက်တည့်တည့် နှလုံး လမ်းကြောင်း ပေါ်မှာ အပြတ်တစ်ခု ရှိနေရင်တော့ အချစ်ရေးမှာ တစ်ဖက်စောင်းနင်း နိုင်တတ်ပါတယ်။ မိမိရဲ့ အချစ် သည်သာ တန်ဖိုးရှိတယ်။ မြင့်မြတ်တယ် ၊ မိမိသည်သာ ချစ်သူ အပေါ်ကို အရမ်း ချစ်မြတ်နိုး နိုင်တယ် ။ မိမိ အချစ် သည်သာ ဖြူစင်တယ်လို့ မိမိကို မိမိ ခံယူ နေသူရဲ့ လက်ဝါး ပြင်နှလုံး လမ်းကြောင်းမှာ ပါတတ်ပါတယ်။ ပြီးတော့ သူတို့ဟာ ချစ်သူ အပေါ်မှာ အင်မတန် လွှမ်းမိုး အနိုင်ယူချင် သူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်သူဟာ သူတို့ကို အမြဲတမ်း ဦးစား ပေးနိုင်မှ သဘော ကျပါတယ်။

Credit:khitthitmyotaw

 ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top