iMyanmarHouse.com - Best Property Website for Myanmar
×

သင့္ခ်စ္ဇနီးက ကန္စြန္းရြက္ေၾကာ္၊ ကန္စြန္းရြက္သုပ္၊ ကန္စြန္းရြက္ခ်ည္ရည္ဟင္း စသျဖင့္ ကန္စြန္းရြက္ကို ပင္တိုင္စံ ဟင္းတစ္ခြက္လို မပါမျဖစ္ ခ်က္ျပဳတ္ေကၽြးတဲ့အခါ “ဒီေန႔လည္း ကန္စြန္းရြက္ပဲလားကြာ” ဆိုၿပီး မညည္းတြားလိုက္ပါနဲ႔။ ကန္စြန္းရြက္မွာ ဗီတာမင္ေအ၊ ဗီတာမင္ B1၊ ဗီတာမင္စီ၊ ပ႐ိုတင္းဓာတ္၊ ကယ္လ္စီယမ္၊ ေဖာ့စ္ဖရပ္စ္၊ သံဓာတ္၊ ကာ႐ိုတင္း စတဲ့ အာဟာရဓာတ္ေတြ မ်ားစြာ ပါဝင္တာေၾကာင့္ သင့္က်န္းမာေရးအတြက္ တန္ဖိုးမျဖတ္ႏိုင္တဲ့ အရြက္တစ္မ်ဳိးပဲ ျဖစ္ပါတယ္။

(၁) အိပ္ေရးဝဝ အိပ္ေပ်ာ္ေစပါတယ္။
ကန္စြန္းရြက္ဟာ အိပ္မေပ်ာ္တဲ့သူ ဒါမဟုတ္ အိပ္ေပ်ာ္ဖို႔ ခက္ခဲတဲ့သူေတြအတြက္ အိမ္သံုး သဘာဝ ေဆး
တစ္လက္လိုမ်ဳိး အသံုးဝင္ပါတယ္။
ကန္စြန္းရြက္ဟာ အိပ္ေမာက်ေအာင္ လႈံ႔ေဆာ္ေပးႏိုင္စြမ္း ရွိလို႔ပါ။
ကန္စြန္းရြက္ကို စားရင္ အခ်ိန္ၾကာၾကာ အိပ္ေပ်ာ္ေစတာမ်ဳိး မဟုတ္ဘဲ အိပ္စက္မႈ အရည္အေသြးကို ျပည့္ဝ
ေစတာေၾကာင့္ ႏိုးထလာတဲ့အခါ လန္းဆန္းေစႏိုင္ပါတယ္။

(၂) ဝမ္းမွန္မွန္သြားေစပါတယ္။
ကန္စြန္းရြက္မွာ အေလးခ်ိန္တူ ခရမ္းခ်ဥ္သီးထက္ ပ႐ိုတင္းဓာတ္ ေလးဆ ပိုမိုပါဝင္ၿပီး ကယ္လ္စီယမ္ ပါဝင္
မႈက ၁၂ ဆ ပိုမ်ားကာ ကာ႐ိုတင္းဓာတ္လည္း ပိုမိုပါဝင္ပါတယ္။
ကန္ဇြန္းရြက္မွာ အမွ်င္ဓာတ္မ်ားစြာ ပါဝင္တာေၾကာင့္ အစာအိမ္အူလမ္းေၾကာင္း လႈပ္ရွားမႈကိုေကာင္းမြန္ေစ
ၿပီး ဝမ္းမွန္မွန္သြားေစပါတယ္။
ကန္ဇြန္းရြက္ကိုစားၿပီးခ်ိန္မွာ အူထဲရွိ အက္စစ္ဂုဏ္သတၱိကိုေလ်ာ့က်ေစတာေၾကာင့္ အူလမ္းေၾကာင္းရွိFlora
မမွ်တမႈမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္တဲ့အတြက္ ကင္ဆာ တားဆီးေပးတဲ့ အာနိသင္ရွိပါတယ္။

(၃) ကိုယ္အေလးခ်ိန္ ေလ်ာ့က်ေစပါတယ္။
ကန္စြန္းရြက္ကို ဝမ္းႏုတ္ေဆး၊ သန္ခ်ေဆးအျဖစ္ က်န္းမာေရးဆိုင္ရာ ကၽြမ္းက်င္သူေတြက ယံုၾကည္ၾကသ
လို ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လုိသူေတြအတြက္လည္း ေကာင္းပါတယ္။
ကန္စြန္းရြက္ဟာ ဝမ္းခ်ဳပ္တာ၊ လိပ္ေခါင္းျဖစ္တာေတြကို သက္သာေစသလို ကိုယ္အေလးခ်ိန္ ေလ်ာ့က်လို
သူေတြ အတြက္လည္း တျခားအစားအေသာက္ေတြ ေနရာမွာ အစားထိုးစားသင့္တဲ့ အစာပဲျဖစ္ပါတယ္။

(၄) ေသြးဖိအားကို ထိန္းေပးပါတယ္။
ေသြးတိုးေနသူေတြမွာ ကန္စြန္းရြက္ကို စားေပးရင္ ေသြးဖိအား ေလ်ာ့က်ေစပါတယ္။
ကန္စြန္းရြက္ဟာ ေသြးေၾကာထဲရွိ အဆီေတြကင္းေဝးေစေရးအတြက္ အေရးပါပါတယ္။

(၅) သိုင္းရိြဳက္ဂလင္းရဲ့ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။
ကန္စြန္းရြက္မွာ ကယ္လိုရီပါဝင္မႈ နည္းၿပီး ဗီတာမင္ေအ၊ ဗီတာမင္စီ၊ ေဖာလစ္အက္စစ္၊ ဆလဖာ၊ သြပ္
(ဇင့္)၊ ပိုတက္စီယမ္၊ ေဖာ့စ္ဖရပ္စ္၊ အိုင္အိုဒင္းနဲ႔ သံဓာတ္တို႔ ပါဝင္တာေၾကာင့္ သိုင္းရြိဳက္ဂလင္းရဲ့ လုပ္ငန္း
ေဆာင္တာေတြကို ထိန္းခ်ဳပ္ေပးႏိုင္ပါတယ္။
အင္တီေအာက္ဆီးဒင့္ ပါဝင္မႈ ျမင့္မားတာေၾကာင့္ ကင္ဆာမျဖစ္ေအာင္ ကာကြယ္ေပးႏိုင္သလို ႏွလံုးေရာဂါ
ကိုလည္း ကင္းေဝးေစပါတယ္။

(၆) ေရာင္ရမ္းမႈကို ေလ်ာ့က်ေစပါတယ္။
ကန္စြန္းရြက္ကို သုပ္ၿပီး စားတာေၾကာင့္ ပန္းနာရပ္က်ပ္ေရာဂါ၊ အေအးမိတာ၊ ေခ်ာင္းဆိုးတာနဲ႔ ေလႁပြန္
ေရာင္ရမ္းတာေတြကို သက္သာေစပါတယ္။
ကန္စြန္းရြက္မွာ အမိုင္ႏိုအက္စစ္ အမ်ားအျပားပါဝင္ကာ အဆိပ္တားအာနိသင္၊ ေရာင္ရမ္းမႈက်ေစတဲ့ အာနိ
သင္၊ ဆီးသြားေစတဲ့ အာနိသင္နဲ႔ အိပ္ေမာက်ေစတဲ့ အာနိသင္ေတြကို ရရွိေစပါတယ္။

(၇) ဆီးခ်ဳိေသြးခ်ဳိေရာဂါကို ကာကြယ္ေပးပါတယ္။
ကန္စြန္းရြက္မွာ အမွ်င္ဓာတ္ အမ်ားအျပား ပါဝင္တဲ့အျပင္ အင္ဆူလင္လို အာနိသင္လည္း ရွိကာ ဆီးခ်ဳိေသြး
ခ်ဳိေရာဂါ ကာကြယ္ေရးအေနနဲ႔ ေသြးတြင္းသၾကားဓာတ္ကိုလည္း ထိန္းခ်ဳပ္ေပးႏိုင္စြမ္း ရွိပါတယ္။

(၈) အဆိပ္ေျပေစပါတယ္ ကန္စြန္းရြက္ကို အဆိပ္ေျပေစတဲ့ ေဆးတစ္လက္လို အသံုးျပဳၾကပါတယ္။
အစားမွားတာေၾကာင့္ ေအာ့အန္တဲ့ ေဝဒနာေတြကို သက္သာေစတယ္လို႔ ယံုၾကည္ၾကပါတယ္။
ကန္စြန္းရြက္မွာပါတဲ့ အင္တီေအာက္ဆီးဒင့္ဟာ ခႏၶာကိုယ္ထဲက မေကာင္းတဲ့ ဖရီးရယ္ဒီကယ္ေတြကို ကင္း
စင္ေစတာေၾကာင့္ ေရာဂါမ်ားစြာ၊ အထူးသျဖင့္ ကင္ဆာေရာဂါ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။

ကန္စြန္းရြက္ရဲ႕ တျခား က်န္းမာေရး အက်ဳိးေက်းဇူးေတြကေတာ့
- ရာသီလာစဥ္ နာက်င္ကိုက္ခဲမႈကို ေလ်ာ့က်ေစပါတယ္။
- ေခါင္းကိုက္တာ၊ သြားကိုက္တာကို သက္သာေစပါတယ္။
- ေဗာက္ထတာနဲ႔ အေရျပား ျပႆနာေတြအတြက္ အသံုးဝင္ပါတယ္။
- အနာေတြကို သက္သာေစပါတယ္။
- နာ့ဗ္ေၾကာရဲ႕ လုပ္ငန္းေဆာင္တာေတြကို ေကာင္းမြန္ေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...
Credit:-က်န္းမာေရးအတြက္ေဆးတစ္ခြက္

Unicode Version

သင့်ချစ်ဇနီးက ကန်စွန်းရွက်ကြော်၊ ကန်စွန်းရွက်သုပ်၊ ကန်စွန်းရွက်ချည်ရည်ဟင်း စသဖြင့် ကန်စွန်းရွက်ကို ပင်တိုင်စံ ဟင်းတစ်ခွက်လို မပါမဖြစ် ချက်ပြုတ်ကျွေးတဲ့အခါ “ဒီနေ့လည်း ကန်စွန်းရွက်ပဲလားကွာ” ဆိုပြီး မညည်းတွားလိုက်ပါနဲ့။ ကန်စွန်းရွက်မှာ ဗီတာမင်အေ၊ ဗီတာမင် B1၊ ဗီတာမင်စီ၊ ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်၊ ဖော့စ်ဖရပ်စ်၊ သံဓာတ်၊ ကာရိုတင်း စတဲ့ အာဟာရဓာတ်တွေ များစွာ ပါဝင်တာကြောင့် သင့်ကျန်းမာရေးအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရွက်တစ်မျိုးပဲ ဖြစ်ပါတယ်။

(၁) အိပ်ရေးဝဝ အိပ်ပျော်စေပါတယ်။
ကန်စွန်းရွက်ဟာ အိပ်မပျော်တဲ့သူ ဒါမဟုတ် အိပ်ပျော်ဖို့ ခက်ခဲတဲ့သူတွေအတွက် အိမ်သုံး သဘာဝ ဆေး
တစ်လက်လိုမျိုး အသုံးဝင်ပါတယ်။
ကန်စွန်းရွက်ဟာ အိပ်မောကျအောင် လှုံ့ဆော်ပေးနိုင်စွမ်း ရှိလို့ပါ။
ကန်စွန်းရွက်ကို စားရင် အချိန်ကြာကြာ အိပ်ပျော်စေတာမျိုး မဟုတ်ဘဲ အိပ်စက်မှု အရည်အသွေးကို ပြည့်ဝ
စေတာကြောင့် နိုးထလာတဲ့အခါ လန်းဆန်းစေနိုင်ပါတယ်။

(၂) ဝမ်းမှန်မှန်သွားစေပါတယ်။
ကန်စွန်းရွက်မှာ အလေးချိန်တူ ခရမ်းချဉ်သီးထက် ပရိုတင်းဓာတ် လေးဆ ပိုမိုပါဝင်ပြီး ကယ်လ်စီယမ် ပါဝင်
မှုက ၁၂ ဆ ပိုများကာ ကာရိုတင်းဓာတ်လည်း ပိုမိုပါဝင်ပါတယ်။
ကန်ဇွန်းရွက်မှာ အမျှင်ဓာတ်များစွာ ပါဝင်တာကြောင့် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုကိုကောင်းမွန်စေ
ပြီး ဝမ်းမှန်မှန်သွားစေပါတယ်။
ကန်ဇွန်းရွက်ကိုစားပြီးချိန်မှာ အူထဲရှိ အက်စစ်ဂုဏ်သတ္တိကိုလျော့ကျစေတာကြောင့် အူလမ်းကြောင်းရှိFlora
မမျှတမှုမဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့အတွက် ကင်ဆာ တားဆီးပေးတဲ့ အာနိသင်ရှိပါတယ်။

(၃) ကိုယ်အလေးချိန် လျော့ကျစေပါတယ်။
ကန်စွန်းရွက်ကို ဝမ်းနုတ်ဆေး၊ သန်ချဆေးအဖြစ် ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ယုံကြည်ကြသ
လို ကိုယ်အလေးချိန် လျှော့ချလိုသူတွေအတွက်လည်း ကောင်းပါတယ်။
ကန်စွန်းရွက်ဟာ ဝမ်းချုပ်တာ၊ လိပ်ခေါင်းဖြစ်တာတွေကို သက်သာစေသလို ကိုယ်အလေးချိန် လျော့ကျလို
သူတွေ အတွက်လည်း တခြားအစားအသောက်တွေ နေရာမှာ အစားထိုးစားသင့်တဲ့ အစာပဲဖြစ်ပါတယ်။

(၄) သွေးဖိအားကို ထိန်းပေးပါတယ်။
သွေးတိုးနေသူတွေမှာ ကန်စွန်းရွက်ကို စားပေးရင် သွေးဖိအား လျော့ကျစေပါတယ်။
ကန်စွန်းရွက်ဟာ သွေးကြောထဲရှိ အဆီတွေကင်းဝေးစေရေးအတွက် အရေးပါပါတယ်။

(၅) သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။
ကန်စွန်းရွက်မှာ ကယ်လိုရီပါဝင်မှု နည်းပြီး ဗီတာမင်အေ၊ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ ဆလဖာ၊ သွပ်
(ဇင့်)၊ ပိုတက်စီယမ်၊ ဖော့စ်ဖရပ်စ်၊ အိုင်အိုဒင်းနဲ့ သံဓာတ်တို့ ပါဝင်တာကြောင့် သိုင်းရွိုက်ဂလင်းရဲ့ လုပ်ငန်း
ဆောင်တာတွေကို ထိန်းချုပ်ပေးနိုင်ပါတယ်။
အင်တီအောက်ဆီးဒင့် ပါဝင်မှု မြင့်မားတာကြောင့် ကင်ဆာမဖြစ်အောင် ကာကွယ်ပေးနိုင်သလို နှလုံးရောဂါ
ကိုလည်း ကင်းဝေးစေပါတယ်။

(၆) ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။
ကန်စွန်းရွက်ကို သုပ်ပြီး စားတာကြောင့် ပန်းနာရပ်ကျပ်ရောဂါ၊ အအေးမိတာ၊ ချောင်းဆိုးတာနဲ့ လေပြွန်
ရောင်ရမ်းတာတွေကို သက်သာစေပါတယ်။
ကန်စွန်းရွက်မှာ အမိုင်နိုအက်စစ် အများအပြားပါဝင်ကာ အဆိပ်တားအာနိသင်၊ ရောင်ရမ်းမှုကျစေတဲ့ အာနိ
သင်၊ ဆီးသွားစေတဲ့ အာနိသင်နဲ့ အိပ်မောကျစေတဲ့ အာနိသင်တွေကို ရရှိစေပါတယ်။

(၇) ဆီးချိုသွေးချိုရောဂါကို ကာကွယ်ပေးပါတယ်။
ကန်စွန်းရွက်မှာ အမျှင်ဓာတ် အများအပြား ပါဝင်တဲ့အပြင် အင်ဆူလင်လို အာနိသင်လည်း ရှိကာ ဆီးချိုသွေး
ချိုရောဂါ ကာကွယ်ရေးအနေနဲ့ သွေးတွင်းသကြားဓာတ်ကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။

(၈) အဆိပ်ပြေစေပါတယ် ကန်စွန်းရွက်ကို အဆိပ်ပြေစေတဲ့ ဆေးတစ်လက်လို အသုံးပြုကြပါတယ်။
အစားမှားတာကြောင့် အော့အန်တဲ့ ဝေဒနာတွေကို သက်သာစေတယ်လို့ ယုံကြည်ကြပါတယ်။
ကန်စွန်းရွက်မှာပါတဲ့ အင်တီအောက်ဆီးဒင့်ဟာ ခန္ဓာကိုယ်ထဲက မကောင်းတဲ့ ဖရီးရယ်ဒီကယ်တွေကို ကင်း
စင်စေတာကြောင့် ရောဂါများစွာ၊ အထူးသဖြင့် ကင်ဆာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကန်စွန်းရွက်ရဲ့ တခြား ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့
- ရာသီလာစဉ် နာကျင်ကိုက်ခဲမှုကို လျော့ကျစေပါတယ်။
- ခေါင်းကိုက်တာ၊ သွားကိုက်တာကို သက်သာစေပါတယ်။
- ဗောက်ထတာနဲ့ အရေပြား ပြဿနာတွေအတွက် အသုံးဝင်ပါတယ်။
- အနာတွေကို သက်သာစေပါတယ်။
- နာ့ဗ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit:-ကျန်းမာရေးအတွက်ဆေးတစ်ခွက်
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top