iMyanmarHouse.com - Best Property Website for Myanmar
×

1. ဆံသားေတြကို သန္႔ရွင္းေအာင္ထားပါ။

ဆံပင္ေတြမွာ အဆီေတြထြက္ေနရင္ ပါးတယ္လို႔ပိုၿပီးထင္ရပါတယ္။ ဒါ့ေၾကာင့္ ေခါင္းပံုမွန္ေလွ်ာ္ပါ။

2. ေပ်ာ့ေဆးကို နည္းစနစ္မွန္ကန္စြာသံုးပါ။

ဆံသားေတြေျခာက္ေသြ႔ၿပီး အေရာင္မြဲေနရင္ ေပ်ာ့ေဆးကို ေခါင္းတစ္ေခါင္းလံုးေပၚကို မလိမ္းသင့္ပါဘူး။ ပိုၿပီးေျခာက္ေသြ႔တယ္လို႔ထင္ရတဲ့ ဆံပင္အဖ်ားဘက္ေတြကိုပဲ ေပ်ာ့ေဆးအနည္းငယ္လိမ္းေပးပါ။

3. ဆံပင္အဖ်ားေတြကို ပံုမွန္ညွပ္ေပးပါ။

ဆံပင္ေတြက်န္းမာသန္စြမ္းေစဖို႔နဲ႔ ၾကည့္ေကာင္းေစဖို႔အတြက္ 6-8 ပတ္ၾကာရင္တစ္ႀကိမ္ အဖ်ားေတြကို တိေပးသင့္ပါတယ္။ ဒါေပမယ့္ အထပ္အထပ္ေတြအရမ္းမညႇပ္ပါနဲ႔။

4. အရည္အေသြးေကာင္းမြန္တဲ့ ပစၥည္းေတြကိုအသံုးျပဳပါ။

ဆံပင္ေကာင္းျခင္းက သံုးတဲ့ပစၥည္းေတြမွာမူတည္တဲ့အတြက္ ဆံသားပါးတဲ့သူေတြအတြက္ ထုတ္ထားတဲ့ အလွကုန္ပစၥည္းကိုေရြးခ်ယ္အသံုးျပဳပါ။

5. အပူနဲ႔အလြန္အကၽြံမထိေတြ႔ပါေစနဲ႔။

ဆံပင္ကို ပူတဲ့အရာေတြနဲ႔ထိေတြ႔တဲ့အခါ သတိထားပါ။ အပူမ်ားရင္ ဆံပင္ကၽြတ္ျခင္း၊ ေျခာက္ျခင္း၊ ျပတ္ျခင္းမ်ားျဖစ္ေစႏိုင္ပါတယ္။

6. တစ္ပတ္တစ္ခါ ဆံပင္ေပါင္းေပးပါ။

ဆံပင္ေပါင္းေဆးနဲ႔ တစ္ပတ္တစ္ခါေပါင္းေပးျခင္းျဖင့္ ပ်က္စီးေနတဲ့ေနရာေတြကို ျပန္လည္ျပဳျပင္ေပးၿပီး ဆံသားေတြကို က်န္းမာသန္စြမ္းေစပါတယ္။ Jojoba seed oil, sea buckthorn berry, omega fatty acids, antioxidants, vitamin A, C ပါဝင္တဲ့ ေပါင္းေဆးေတြကို ေရြးခ်ယ္အသံုးျပဳပါ။

7. ဆံသားက်န္းမာေစတဲ့အစားအစာေတြကို ေရြးခ်ယ္စားေသာက္ပါ။

ဆံသားက်န္းမာေရးအတြက္ အသားဓာတ္က အေျခခံလိုအပ္ခ်က္ျဖစ္ပါတယ္။ အသားဓာတ္မလံုေလာက္ရင္ ေနစဥ္ကၽြတ္သြားတဲ့ဆံသားေတြေနရာမွာ အစားျပန္မေပါက္ႏိုင္ေတာ့ပါဘူး။ ၾကက္သား၊ ဆယ္မြန္ငါး၊ ပဲအမ်ိဳးမ်ိဳး၊ အခြံမာသီး စတဲ့အသားဓာတ္ႂကြယ္ဝတဲ့ အစားအစာေတြကိုစားသံုးေပးပါ။ အခြံမာသီးန႔ဲ ဆယ္မြန္ငါးေတြမွာ အသားဓာတ္သာမက ဆံသားအရင္းရွိ ေမြးညႇင္းေပါက္ေတြကို က်န္းမာေစတဲ့ omega-3 fatty acid လည္းႂကြယ္ဝပါတယ္။ ဒိန္ခ်ဥ္မွာလည္း ဦးေရျပားကို ေသြးစီးဆင္းမႈေကာင္းေစၿပီး ဆံပင္ေပါက္ျခင္းကို အားေပးတဲ့ ဗီတာမင္ B5 ႂကြယ္ဝပါတယ္။ ဖ႐ံုေစ့မွာေတာ့ သြပ္ဓာတ္ႂကြယ္ဝစြာပါဝင္ၿပီး သြပ္ဓာတ္ခ်ိဳ႕တဲ့ရင္ ဆံပင္ကၽြတ္ေစပါတယ္။

8. ဆံသားအားျဖည့္ေဆးမ်ားသံုးပါ။

ဆံသားအြက္သီးသန္႔ထုတ္လုပ္ထားတဲ့ အားျဖည့္ေဆးေတြဟာ ဆံသားအတြက္လိုအပ္တဲ့ ဗီတာမင္နဲ႔သတၱဳဓာတ္ေတြကို ျဖည့္ဆည္းေပးႏိုင္ပါတယ္။ biotin, keratin ဓာတ္ေတြက ဆံသားသန္စြမ္းေစၿပီး ထူထဲေစပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: drmyanmar

#Unicode Version

1. ဆံသားတွေကို သန့်ရှင်းအောင်ထားပါ။

ဆံပင်တွေမှာ အဆီတွေထွက်နေရင် ပါးတယ်လို့ပိုပြီးထင်ရပါတယ်။ ဒါ့ကြောင့် ခေါင်းပုံမှန်လျှော်ပါ။

2. ပျော့ဆေးကို နည်းစနစ်မှန်ကန်စွာသုံးပါ။

ဆံသားတွေခြောက်သွေ့ပြီး အရောင်မွဲနေရင် ပျော့ဆေးကို ခေါင်းတစ်ခေါင်းလုံးပေါ်ကို မလိမ်းသင့်ပါဘူး။ ပိုပြီးခြောက်သွေ့တယ်လို့ထင်ရတဲ့ ဆံပင်အဖျားဘက်တွေကိုပဲ ပျော့ဆေးအနည်းငယ်လိမ်းပေးပါ။

3. ဆံပင်အဖျားတွေကို ပုံမှန်ညှပ်ပေးပါ။

ဆံပင်တွေကျန်းမာသန်စွမ်းစေဖို့နဲ့ ကြည့်ကောင်းစေဖို့အတွက် 6-8 ပတ်ကြာရင်တစ်ကြိမ် အဖျားတွေကို တိပေးသင့်ပါတယ်။ ဒါပေမယ့် အထပ်အထပ်တွေအရမ်းမညှပ်ပါနဲ့။

4. အရည်အသွေးကောင်းမွန်တဲ့ ပစ္စည်းတွေကိုအသုံးပြုပါ။

ဆံပင်ကောင်းခြင်းက သုံးတဲ့ပစ္စည်းတွေမှာမူတည်တဲ့အတွက် ဆံသားပါးတဲ့သူတွေအတွက် ထုတ်ထားတဲ့ အလှကုန်ပစ္စည်းကိုရွေးချယ်အသုံးပြုပါ။

5. အပူနဲ့အလွန်အကျွံမထိတွေ့ပါစေနဲ့။

ဆံပင်ကို ပူတဲ့အရာတွေနဲ့ထိတွေ့တဲ့အခါ သတိထားပါ။ အပူများရင် ဆံပင်ကျွတ်ခြင်း၊ ခြောက်ခြင်း၊ ပြတ်ခြင်းများဖြစ်စေနိုင်ပါတယ်။

6. တစ်ပတ်တစ်ခါ ဆံပင်ပေါင်းပေးပါ။

ဆံပင်ပေါင်းဆေးနဲ့ တစ်ပတ်တစ်ခါပေါင်းပေးခြင်းဖြင့် ပျက်စီးနေတဲ့နေရာတွေကို ပြန်လည်ပြုပြင်ပေးပြီး ဆံသားတွေကို ကျန်းမာသန်စွမ်းစေပါတယ်။ Jojoba seed oil, sea buckthorn berry, omega fatty acids, antioxidants, vitamin A, C ပါဝင်တဲ့ ပေါင်းဆေးတွေကို ရွေးချယ်အသုံးပြုပါ။

7. ဆံသားကျန်းမာစေတဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပါ။

ဆံသားကျန်းမာရေးအတွက် အသားဓာတ်က အခြေခံလိုအပ်ချက်ဖြစ်ပါတယ်။ အသားဓာတ်မလုံလောက်ရင် နေစဉ်ကျွတ်သွားတဲ့ဆံသားတွေနေရာမှာ အစားပြန်မပေါက်နိုင်တော့ပါဘူး။ ကြက်သား၊ ဆယ်မွန်ငါး၊ ပဲအမျိုးမျိုး၊ အခွံမာသီး စတဲ့အသားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားသုံးပေးပါ။ အခွံမာသီးနဲ့ ဆယ်မွန်ငါးတွေမှာ အသားဓာတ်သာမက ဆံသားအရင်းရှိ မွေးညှင်းပေါက်တွေကို ကျန်းမာစေတဲ့ omega-3 fatty acid လည်းကြွယ်ဝပါတယ်။ ဒိန်ချဉ်မှာလည်း ဦးရေပြားကို သွေးစီးဆင်းမှုကောင်းစေပြီး ဆံပင်ပေါက်ခြင်းကို အားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဖရုံစေ့မှာတော့ သွပ်ဓာတ်ကြွယ်ဝစွာပါဝင်ပြီး သွပ်ဓာတ်ချို့တဲ့ရင် ဆံပင်ကျွတ်စေပါတယ်။

8. ဆံသားအားဖြည့်ဆေးများသုံးပါ။

ဆံသားအွက်သီးသန့်ထုတ်လုပ်ထားတဲ့ အားဖြည့်ဆေးတွေဟာ ဆံသားအတွက်လိုအပ်တဲ့ ဗီတာမင်နဲ့သတ္တုဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။ biotin, keratin ဓာတ်တွေက ဆံသားသန်စွမ်းစေပြီး ထူထဲစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: drmyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top