iMyanmarHouse.com - Best Property Website for Myanmar
×

ေဆာင္းဥတုတြင္ အျပင္ထြက္လွ်င္ အေအးပတ္ျခင္းႏွင့္ ေရခ်ဳိး မွားျခင္းမွ ကာကြယ္ရန္ အတြက္ ခ်င္းကို ေန႔စဥ္ စားသံုး ေပးသင့္သည္။

ဂ်င္းတက္ အစိုကို အိမ္ရွင္မ မ်ားက မီးဖိုေခ်ာင္သံုး ဟင္းခတ္ အေမႊးအႀကိဳင္ အျဖစ္ သံုးေလ့ ရွိသည္။ ဂ်င္းေျခာက္ကို ပရေဆး ပစၥည္း အျဖစ္ ေဆးေဖာ္ရာတြင္ အသံုးျပဳၾကသည္။ အစာေၾကေဆးႏွင့္ အခိုးပြင့္ေဆး မွန္သမွ်တြင္ ခ်င္းပါ၀င္သည္။ အမွ်င္မ်ားေသာ ဥအတက္မ်ိဳး ျဖစ္သျဖင့္ ကင္ဆာ ေရာဂါကို ကာကြယ္ ေစႏိုင္သည္ဟု ဖတ္႐ႈ ရသည္။ ဂ်င္းကို ဟင္းခတ္ အေမႊးအၾကိဳင္ အျဖစ္ သာမက အစာ ေၾကေစရန္ အတြက္ပါ ရည္ရြယ္ျပီး ဟင္းခ်က္ရာတြင္ ထုေထာင္းျပီး ထည့္ေလ့ ရွိသည္။

အေအးပတ္သူႏွင့္ ေရခ်ဳိးမွား သူမ်ား၏ ကိုယ္တြင္း ငုတ္လ်ဳိး သြားေသာ အပူဓာတ္ကို ေၾကသြား ေစရန္ႏွင့္ ျပန္လည္ ကန္ထြက္ေစရန္ ပူစပ္ေသာ အရသာရွိသည့္ ဂ်င္းတက္ကို ခပ္ပါးပါး လွီးျဖတ္ျပီး ဂ်င္းပါးပါး ခုႏွစ္လႊာ ထန္းလ်က္ (အမည္း) ခုႏွစ္ခဲ၊ ကြမ္းရြက္ သံုးရြက္တုိ႔ ကိုဆား အနည္းငယ္ ထည့္ၿပီး ေရေႏြး မတ္ခြက္ႀကီး တစ္ခြက္ႏွင့္ ေရာႀကိဳပါ။ ေရေႏြး သံုးပံုတစ္ပံု ခမ္းသြားျပီးလွ်င္ ေၾကြပန္းကန္လံုး အႀကီးတြင္ ေလာင္းထည့္ပါ။ ဂ်င္းျပဳတ္ရည္ ပူပူမွ ထြက္ေသာ အေငြ႔ကိုလည္း ရွဴရွိဳက္ရင္း ေၾကြဇြန္းျဖင့္ ေကာ္ႏိုင္သမွ် ပူပူ မွုတ္ေသာက္ပါ။ မ်က္ႏွာတြင္ ေခြ်းမ်ား စို႔လာျပီး အေအးပတ္ျခင္း၊ ႏွာေစျခင္း၊ ေခါင္းအံု ေခါင္းကိုက္ျခင္း မ်ားကို ခ်က္ခ်င္း သက္သာ ေစႏိုင္သည္။ အမ်ိဳးသမီးမ်ား၊ ဓမၼတာ လာခ်ိန္တြင္ အေအးပတ္၍ ေသြးမဆင္း ႏိုင္ျခင္း၊ ကိုက္ခဲျခင္း၊ ကိုယ္လက္ မအီမသာ ျဖစ္ျခင္းမ်ား အတြက္လည္း ခ်င္းထန္းလ်က္ ျပဳတ္ရည္သည္ ထိေရာက္ေသာ ေဆးတစ္လက္ ျဖစ္သည္။

ဂ်င္းတက္၏ အပူေၾကာင့္ ေသြးဆင္း မွန္ကန္ ေစသည္။ ထန္းလ်က္ အမည္းတြင္ သံဓါတ္ ပါသျဖင့္ ေသြးအားနည္းျခင္းကို ေကာင္းေစႏိုင္သည္။ ဂ်င္းႏွင့္ ထန္းလ်က္သည္ အတြဲညီေသာ ေဆးဖက္၀င္ ပစၥည္းမ်ား ျဖစ္ျပီး မီးဖိုေခ်ာင္သံုးသျဖင့္ အိမ္တုိင္းတြင္ ေဆာင္ထား သင့္ေပသည္။ အသက္ႀကီးရင့္သူ ကိုယ္ခံအား မေကာင္းသူမ်ားသည္ ေအးေသာ ရာသီဥတုတြင္ ဂ်င္းသုတ္ကို ေန႔စဥ္ စားသံုး သင့္သည္။ ဂ်င္းသုတ္တြင္ ၾကက္သြန္ျဖဴေၾကာ္ႏွင့္ ႏွမ္းေလွာ္။ ႏွမ္းဆီတုိ႔ကိုပါ တြဲဖက္စားသံုး ရေသာေၾကာင့္ အစာေၾကျပီး ေလသက္ေစေသာ ဓာတ္စာ ျဖစ္သည္။
 ေရွးတိုင္းရင္း ျမန္မာ ဆရာႀကီးမ်ားက ေအးေသာ ဥတုတြင္ အစာေၾကၿပီး အခိုး ပြင့္ေစသည့္ (၁)ဂ်င္း၊ (၂)ပိတ္ဂ်င္း၊ (၃)ငရုတ္ေကာင္း ဟူေသာ အစပ္သံုးပါး စားမည္ ျဖစ္သည္။ ထိုသံုးမ်ဳိးမွ ခ်င္းသည္ မီးဖိုေခ်ာင္သံုး ေဆး၀ါး ဓါတ္စာအျဖစ္ အလြယ္တကူ ရႏိုင္သည္။
အေအး ပတ္ျခင္းေၾကာင့္ ေသြးတုိးျခင္းႏွင့္ ေနာက္ဆက္တဲြ ဦးေႏွာက္ ေသြးေၾကာ ေပါက္ျခင္း၊ ေလျဖတ္ျခင္း တုိ႔ကိုပါ ကာကြယ္ ႏိုင္ေၾကာင္း သတင္းေကာင္း ပါးလိုက္ပါသည္။


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:ျမ၀တီ

#Unicode Version

 ဆောင်းဥတုတွင် အပြင်ထွက်လျှင် အအေးပတ်ခြင်းနှင့် ရေချိုး မှားခြင်းမှ ကာကွယ်ရန် အတွက် ချင်းကို နေ့စဉ် စားသုံး ပေးသင့်သည်။

ဂျင်းတက် အစိုကို အိမ်ရှင်မ များက မီးဖိုချောင်သုံး ဟင်းခတ် အမွှေးအကြိုင် အဖြစ် သုံးလေ့ ရှိသည်။ ဂျင်းခြောက်ကို ပရဆေး ပစ္စည်း အဖြစ် ဆေးဖော်ရာတွင် အသုံးပြုကြသည်။ အစာကြေဆေးနှင့် အခိုးပွင့်ဆေး မှန်သမျှတွင် ချင်းပါဝင်သည်။ အမျှင်များသော ဥအတက်မျိုး ဖြစ်သဖြင့် ကင်ဆာ ရောဂါကို ကာကွယ် စေနိုင်သည်ဟု ဖတ်ရှု ရသည်။ ဂျင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် သာမက အစာ ကြေစေရန် အတွက်ပါ ရည်ရွယ်ပြီး ဟင်းချက်ရာတွင် ထုထောင်းပြီး ထည့်လေ့ ရှိသည်။

အအေးပတ်သူနှင့် ရေချိုးမှား သူများ၏ ကိုယ်တွင်း ငုတ်လျိုး သွားသော အပူဓာတ်ကို ကြေသွား စေရန်နှင့် ပြန်လည် ကန်ထွက်စေရန် ပူစပ်သော အရသာရှိသည့် ဂျင်းတက်ကို ခပ်ပါးပါး လှီးဖြတ်ပြီး ဂျင်းပါးပါး ခုနှစ်လွှာ ထန်းလျက် (အမည်း) ခုနှစ်ခဲ၊ ကွမ်းရွက် သုံးရွက်တို့ ကိုဆား အနည်းငယ် ထည့်ပြီး ရေနွေး မတ်ခွက်ကြီး တစ်ခွက်နှင့် ရောကြိုပါ။ ရေနွေး သုံးပုံတစ်ပုံ ခမ်းသွားပြီးလျှင် ကြွေပန်းကန်လုံး အကြီးတွင် လောင်းထည့်ပါ။ ဂျင်းပြုတ်ရည် ပူပူမှ ထွက်သော အငွေ့ကိုလည်း ရှူရှိုက်ရင်း ကြွေဇွန်းဖြင့် ကော်နိုင်သမျှ ပူပူ မှုတ်သောက်ပါ။ မျက်နှာတွင် ချွေးများ စို့လာပြီး အအေးပတ်ခြင်း၊ နှာစေခြင်း၊ ခေါင်းအုံ ခေါင်းကိုက်ခြင်း များကို ချက်ချင်း သက်သာ စေနိုင်သည်။ အမျိုးသမီးများ၊ ဓမ္မတာ လာချိန်တွင် အအေးပတ်၍ သွေးမဆင်း နိုင်ခြင်း၊ ကိုက်ခဲခြင်း၊ ကိုယ်လက် မအီမသာ ဖြစ်ခြင်းများ အတွက်လည်း ချင်းထန်းလျက် ပြုတ်ရည်သည် ထိရောက်သော ဆေးတစ်လက် ဖြစ်သည်။

ဂျင်းတက်၏ အပူကြောင့် သွေးဆင်း မှန်ကန် စေသည်။ ထန်းလျက် အမည်းတွင် သံဓါတ် ပါသဖြင့် သွေးအားနည်းခြင်းကို ကောင်းစေနိုင်သည်။ ဂျင်းနှင့် ထန်းလျက်သည် အတွဲညီသော ဆေးဖက်ဝင် ပစ္စည်းများ ဖြစ်ပြီး မီးဖိုချောင်သုံးသဖြင့် အိမ်တိုင်းတွင် ဆောင်ထား သင့်ပေသည်။ အသက်ကြီးရင့်သူ ကိုယ်ခံအား မကောင်းသူများသည် အေးသော ရာသီဥတုတွင် ဂျင်းသုတ်ကို နေ့စဉ် စားသုံး သင့်သည်။ ဂျင်းသုတ်တွင် ကြက်သွန်ဖြူကြော်နှင့် နှမ်းလှော်။ နှမ်းဆီတို့ကိုပါ တွဲဖက်စားသုံး ရသောကြောင့် အစာကြေပြီး လေသက်စေသော ဓာတ်စာ ဖြစ်သည်။
 ရှေးတိုင်းရင်း မြန်မာ ဆရာကြီးများက အေးသော ဥတုတွင် အစာကြေပြီး အခိုး ပွင့်စေသည့် (၁)ဂျင်း၊ (၂)ပိတ်ဂျင်း၊ (၃)ငရုတ်ကောင်း ဟူသော အစပ်သုံးပါး စားမည် ဖြစ်သည်။ ထိုသုံးမျိုးမှ ချင်းသည် မီးဖိုချောင်သုံး ဆေးဝါး ဓါတ်စာအဖြစ် အလွယ်တကူ ရနိုင်သည်။
အအေး ပတ်ခြင်းကြောင့် သွေးတိုးခြင်းနှင့် နောက်ဆက်တွဲ ဦးနှောက် သွေးကြော ပေါက်ခြင်း၊ လေဖြတ်ခြင်း တို့ကိုပါ ကာကွယ် နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ပါသည်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:မြဝတီ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top