iMyanmarHouse.com - Best Property Website for Myanmar
×







Credit : Duwun

#Unicode Version

 Android OS မဟုတ်တဲ့ စမတ်ဖုန်းအသုံးပြုသူတွေ ကြားချင်မှာမဟုတ်တဲ့ လေ့လာချက်တစ်ရပ်ကို ပညာရှင်တွေက ဖော်ထုတ်ကြေငြာလိုက်ပါတယ်။

လေ့လာချက်အရ Android စမတ်ဖုန်းအသုံးပြုသူ လူသားတွေဟာ သစ္စာစောင့်သိခြင်း၊ ရိုးသားခြင်၊ စစ်မှန်ခြင်း စတဲ့လူမှုပုဂ္ဂိုလ်ရေး ဆိုင်ရာ အားသာချက်တွေ ရှိနေကြောင်း သိရပါတယ်။ Apple ကုမဏီထုတ် iPhone ကို အသုံးပြုတတ်သူတွေဟာ သူတို့ပိုင်ဆိုင်တဲ့ ဖုန်ုးကို ပုဂ္ဂလိက ပိုင်ဆိုင်ချမ်းသာ ကြွယ်ဝမှုအဖြစ် ရှုမြင်လေ့ရှိတယ်လို့ လေ့လာချက်က ထောက်ပြထားပါတယ်။ လေ့လာချက်မှာ ပါဝင်ဖြေဆိုသူ ဦးရေ ၅၀၀ ကျော်ရဲ့စိတ်နေစိတ်ထားနဲ့ အဖြေထုတ်ထားတာဖြစ်ပါတယ်။

iPhone အသုံးပြုသူတွေဟာ စိတ်ခံစားမှုဆိုင်ရာပိုများလေ့ရှိပြီး Android ဖုန်းအသုံးပြုတတ်သူတွေကတော့ ချမ်းသာကြွယ်ဝမှုနဲ့ လူမှုရေးရာ အချက်အလက်တွေမှာ iPhone ပိုင်ရှင်တွေထက် စိတ်ဝင်စားမှု နည်းပါးလေ့ရှိတယ်လို့ သိရပါတယ်။ လင်ကွန်းတက္ကသိုလ်က သုတေသီတွေနဲ့ ဟတ်ဖို့ဒ်ရှိုင်းယားက သုတေသီတွေပူးပေါင်းပြီး ဒီရလဒ်ကို အဖြေထုတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 iPhone ပိုင်ရှင်တွေဟာ ပိုပြီးတော့ စည်းမျဉ်းစည်းကမ်းချိုးဖောက်လေ့ရှိတယ်လို့လည်း လေ့လာချက်မှာ ဖော်ပြထားပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : Duwun
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top