iMyanmarHouse.com - Best Property Website for Myanmar
×




Credit: Trend Myanmar




Unicode Version



အမျိုးသမီးဆရာဝန်တွေ အမျိုးသားဆရာဝန်တွေထက် သက်ကြီးလူနာတွေ ပြုစုစောင့်ရှောက်ရာမှာ ပိုမိုကောင်းမွန်ကြတယ်လို့ ဟားဗတ်တက္ကသိုလ်က သုတေသနအသစ်တစ်ခုက လေ့လာတွေ့ရှိခဲ့ပါတယ်။ ခုတစ်ပတ်ထွက် ပညာရေးဂျာနယ် JAMA Internal Medicine မှာ ဖော်ပြထားတဲ့ လေ့လာမှုအရ အမျိုးသားဆရာဝန်တွေသာ အမျိုးသမီးဆရာဝန်တွေလောက် အကျိုးရလဒ်တွေ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါက နှစ်စဉ် လူနာသေဆုံးမှု ၃၂,၀၀၀ ယောက် ပိုမိုလျှော့နည်းလိမ့်မယ်လို့ ရှင်းပြထားပါတယ်။

ယခင်စစ်တမ်းကောက်လေ့လာမှုအရ အမျိုးသမီးဆရာဝန်တွေဟာ အမျိုးသားတွေထက် လူနာတွေနဲ့ ရက်ချိန်းပိုယူကြပြီး ဆေးဝါးကုသမှုဆိုင်ရာလမ်းညွှန်ချက်တွေကို ပြီးဆုံးအောင် ဆောင်ရွက်တတ်ကြပါတယ်။ သားအိမ်ခေါင်းမှ ခြစ်ယူပြီး ကင်ဆာရောဂါရှိမရှိ စစ်ဆေးမှု သို့မဟုတ် ဓာတ်ရောင်ခြည်ဖြင့် နှစ်စဉ်ကင်ဆာရောဂါ ရှိမရှိစစ်ဆေးမှုစတဲ့ အလွန့်အလွန်အရေးကြီးတဲ့ ရောဂါကာကွယ်တားဆီးရေးစစ်ဆေးမှုတွေအတွက် ဖုန်းခေါ်ဆိုနိုင်ခြေလည်း ပိုများကြပါတယ်။

သေချာတာကတော့ အမျိုးသားဆရာဝန်တွေမှာ အမျိုးသမီးဆရာဝန်တွေဆီက လေ့လာသင်ယူစရာတွေ တစ်ခု သို့မဟုတ် တစ်ခုထက်မက ရှိနေတယ် ဆိုတာပါပဲ။


Credit: Trend Myanmar



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top