iMyanmarHouse.com - Best Property Website for Myanmar
×

အတက္ေရာဂါရွိေသာ အမ်ဳိးသမီးမ်ားသည္ ဓမၼတာလာခ်ိန္နီးပါက သာမန္ထက္ပုိ၍ တက္ျခင္းမ်ားျဖစ္ႏုိင္သျဖင့္ ဂ႐ုျပဳသင့္ေၾကာင္း ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးဦးေႏွာက္ ႏွင့္ အာ႐ုံေၾကာေဆးကုဌာနသမား ေတာ္ႀကီးတြဲဖက္ပါေမာကၡေဒါက္တာစမ္းဦးကေျပာသည္။

‘‘ဦးေႏွာက္အတြင္းမွာရွိတဲ့ လွ်ပ္စီးေၾကာင္းေတြ ႐ုတ္တရက္မူမမွန္ဘဲ ေျပာင္းလဲတာေၾကာင့္ ခႏၶာကုိယ္တစ္ခုလုံးေတာင့္တင္းလာမယ္။ တုန္ၿပီးသတိလစ္သြားမယ္။ တက္တဲ့အခ်ိန္က စကၠန္႔ပုိင္းေလာက္ပဲ။ တခ်ဳိ႕က်ေတာ့ မိနစ္ အနည္းငယ္ပုိတယ္။ ၂၄နာရီျခားၿပီး အနည္းဆုံးႏွစ္ႀကိမ္နဲ႔အထက္တက္ရင္ အတက္ေရာဂါလုိ႔သတ္မွတ္တယ္’’ဟု ေဒါက္တာစမ္းဦးက ေျပာသည္။

အမ်ဳိးသမီးမ်ားဓမၼတာလာခ်ိန္မ်ားတြင္ တက္ပါက သုံးလအတြင္း တက္ခဲ့ေသာအႀကိမ္အေရအတြက္၊ တက္သည့္အခ်ိန္ႏွင့္ ၾကာခ်ိန္မ်ားကို မွတ္စုျဖင့္မွတ္တမ္းတင္ထားသင့္ၿပီးလိုအပ္ပါက ဆရာ၀န္ ႏွင့္တုိင္ပင္၍ အတက္ေရာဂါကု ေဆးပမာဏကို ခ်ိန္၍ ေသာက္ရ မည္ဟုဆုိသည္။

အတက္ေရာဂါသည္ စိတ္ေရာဂါမဟုတ္ဘဲ ဦးေႏွာက္ႏွင့္အာ႐ုံေၾကာဆုိင္ရာေရာဂါျဖစ္ေသာေၾကာင့္ ကုသ၍ရေသာေရာဂါျဖစ္ေသာ္လည္း လုံး၀ေပ်ာက္ကင္းျခင္းရွိ၊မရွိကို လူတစ္ဦးခ်င္းစီ၏ ေရာဂါအေျခအေနေပၚ၌သာ မူတည္သည္ဟု ေဒါက္တာစမ္းဦးက ဆုိသည္။

အတက္ေရာဂါကို ေဆးေသာက္႐ုံျဖင့္ ၈၀ရာခုိင္ႏႈန္းထိန္းထားႏုိင္ၿပီး ေဆးပမာဏအတုိးအေလွ်ာ့ကို ဆရာ၀န္ၫႊန္ၾကားခ်က္အတုိင္း လိုက္နာရန္လုိအပ္သည္ဟု အေထြေထြေရာဂါကုဆရာ၀န္ ေဒါက္တာတင့္ေဆြက ေျပာၾကားသည္။

အတက္ေရာဂါကုေဆးအခ်ဳိ႕သည္ သေႏၶတားေဆး၏ ေဆးအာနိသင္ကို က်ဆင္းေစႏိုင္သျဖင့္ အတက္ေရာဂါရွိေသာအမ်ဳိးသမီးမ်ားသည္ သင့္ေလ်ာ္ေသာသေႏၶတားသည့္နည္းလမ္းမ်ားကို ဆရာ၀န္ ႏွင့္ တုိင္ပင္ေဆြးေႏြးသင့္ေၾကာင္း ျမန္မာႏုိင္ငံအတက္ေရာဂါစီမံခ်က္၏ က်န္းမာေရးသတိေပးခ်က္တြင္ ေဖာ္ျပထားသည္။

အတက္ေရာဂါသည္ လူႀကီး၊ လူငယ္မေရြးျဖစ္ပြားႏုိင္ၿပီး ျမန္မာႏိုင္ငံတြင္ လူတစ္ေထာင္လွ်င္ တစ္ဦးႏႈန္းျဖစ္ပြားေနသည္ဟု က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနမွ သိရသည္။

Credit : 7Day Daily


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အတက်ရောဂါရှိသော အမျိုးသမီးများသည် ဓမ္မတာလာချိန်နီးပါက သာမန်ထက်ပို၍ တက်ခြင်းများဖြစ်နိုင်သဖြင့် ဂရုပြုသင့်ကြောင်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးဦးနှောက် နှင့် အာရုံကြောဆေးကုဌာနသမား တော်ကြီးတွဲဖက်ပါမောက္ခဒေါက်တာစမ်းဦးကပြောသည်။

‘‘ဦးနှောက်အတွင်းမှာရှိတဲ့ လျှပ်စီးကြောင်းတွေ ရုတ်တရက်မူမမှန်ဘဲ ပြောင်းလဲတာကြောင့် ခန္ဓာကိုယ်တစ်ခုလုံးတောင့်တင်းလာမယ်။ တုန်ပြီးသတိလစ်သွားမယ်။ တက်တဲ့အချိန်က စက္ကန့်ပိုင်းလောက်ပဲ။ တချို့ကျတော့ မိနစ် အနည်းငယ်ပိုတယ်။ ၂၄နာရီခြားပြီး အနည်းဆုံးနှစ်ကြိမ်နဲ့အထက်တက်ရင် အတက်ရောဂါလို့သတ်မှတ်တယ်’’ဟု ဒေါက်တာစမ်းဦးက ပြောသည်။

အမျိုးသမီးများဓမ္မတာလာချိန်များတွင် တက်ပါက သုံးလအတွင်း တက်ခဲ့သောအကြိမ်အရေအတွက်၊ တက်သည့်အချိန်နှင့် ကြာချိန်များကို မှတ်စုဖြင့်မှတ်တမ်းတင်ထားသင့်ပြီးလိုအပ်ပါက ဆရာဝန် နှင့်တိုင်ပင်၍ အတက်ရောဂါကု ဆေးပမာဏကို ချိန်၍ သောက်ရ မည်ဟုဆိုသည်။

အတက်ရောဂါသည် စိတ်ရောဂါမဟုတ်ဘဲ ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါဖြစ်သောကြောင့် ကုသ၍ရသောရောဂါဖြစ်သော်လည်း လုံးဝပျောက်ကင်းခြင်းရှိ၊မရှိကို လူတစ်ဦးချင်းစီ၏ ရောဂါအခြေအနေပေါ်၌သာ မူတည်သည်ဟု ဒေါက်တာစမ်းဦးက ဆိုသည်။

အတက်ရောဂါကို ဆေးသောက်ရုံဖြင့် ၈၀ရာခိုင်နှုန်းထိန်းထားနိုင်ပြီး ဆေးပမာဏအတိုးအလျှော့ကို ဆရာဝန်ညွှန်ကြားချက်အတိုင်း လိုက်နာရန်လိုအပ်သည်ဟု အထွေထွေရောဂါကုဆရာဝန် ဒေါက်တာတင့်ဆွေက ပြောကြားသည်။

အတက်ရောဂါကုဆေးအချို့သည် သန္ဓေတားဆေး၏ ဆေးအာနိသင်ကို ကျဆင်းစေနိုင်သဖြင့် အတက်ရောဂါရှိသောအမျိုးသမီးများသည် သင့်လျော်သောသန္ဓေတားသည့်နည်းလမ်းများကို ဆရာဝန် နှင့် တိုင်ပင်ဆွေးနွေးသင့်ကြောင်း မြန်မာနိုင်ငံအတက်ရောဂါစီမံချက်၏ ကျန်းမာရေးသတိပေးချက်တွင် ဖော်ပြထားသည်။

အတက်ရောဂါသည် လူကြီး၊ လူငယ်မရွေးဖြစ်ပွားနိုင်ပြီး မြန်မာနိုင်ငံတွင် လူတစ်ထောင်လျှင် တစ်ဦးနှုန်းဖြစ်ပွားနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ သိရသည်။

Credit : 7Day Daily



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top