iMyanmarHouse.com - Best Property Website for Myanmar
×





Credit:Thit Htoo Lwin



Unicode Version

ဘရက်ပစ်ကတော့ ဂျိုလီနဲ့တွဲစဉ်အခါက သံယောဇဉ်ကြီးတဲ့ ကလေးတွေဖြစ်ကြတဲ့ Maddox, Pax, Zahara, Shiloh, နဲ့ အမြွှာနှစ်ယောက်ဖြစ်တဲ့ Knox နဲ့ Vivienne စတဲ့ ကလေးခြောက်ယောက်နဲ့ အတူလည်ပတ်ရင်း အချိန်ကုန်ဖို့ အတွက် ပြင်ဆင်နေတာကြာပါပြီ။

 ပြီးခဲ့တဲ့ weekend မှာ ဘရက်ပစ်တစ်ယောက် ကလေးတွေနဲ့ အချိန်ကုန်ခွင့်ရမယ်ဆိုလို့ L.A ကို လာခဲ့ပါတယ်။ ဒါပေမယ့်လည်း အချိန်နီးမှ ဂျိုလီက ပေးမတွေ့တော့ဘူးဆိုတာကြောင့် ဘရက်ပစ်တစ်ယောက် ကလေးတွေနဲ့ တွေ့ခွင့်မရလိုက်ပါဘူး။

ဘရက်ပစ်နဲ့ နီးစပ်သူတစ်ယောက်တော့ “ဘရက်ဒ်ဟာ လောလောဆယ်မှာ အရမ်းကို ဒေါသထွက်လျက်ရှိနေပြီး ဂျိုလီကို မကျေမနပ်ဖြစ်နေပါတယ်။ ကလေးတွေကို ဘယ်သူက အုပ်ထိန်းခွင့်ရမယ်ဆိုတာ ဂျိုလီနဲ့ တရားပြိုင်နေတုန်းပါပဲ။ ဒါပေမယ့်လည်း အခုလို ကလေးတွေကို ဘရက်နဲ့ ပေးမတွေ့တာက ဘရက်ရဲ့ ဖခင်အဖြစ် တာဝန်ယူချင်စိတ်ကို ပိုပြီး မီးထိုးပေးသလို ဖြစ်သွားတယ်” လို့ ပြောကြားခဲ့ပါတယ်။

ဂျိုလီနဲ့ ကလေးတွေကတော့ Thanksgiving Day ကို L.A မှာပဲ ကုန်ဆုံးခဲ့ကြပြီး ဘရက်ပစ်ကတော့ ကလေးတွေကို တွေ့ချင်လို့ အပန်းဖြေနေတဲ့ Turks and Caicos ကျွန်းကနေ အမြန်ပြန်လာခဲ့ပေမယ့် ဂျိုလီရဲ့ လုပ်ကွက်ကြောင့် အစီအစဉ်ပျက်ပြယ်သွားခဲ့တာဖြစ်ပါတယ်။

Credit:Thit Htoo Lwin


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top