iMyanmarHouse.com - Best Property Website for Myanmar
×

ညအိပ္ခ်ိန္တြင္ အတြင္းခံဝတ္ဆင္ျခင္းေၾကာင့္ ျဖစ္ေပၚလာမယ့္ ဆိုးက်ိဳးမ်ားကို သိေစလိုပါတယ္

တစ္ေနကုန္သြားလာလွဳပ္ရွားရလို႕ ပင္ပန္းတယ္မဟုတ္လား ပ်ိဳေမတို႕ေရ။
ညအိပ္ခ်ိန္ေတြမွာေတာ့ စိတ္ေရာ လူပါ လြတ္လပ္စြာ ေနထိုင္သင့္ပါတယ္။
တစ္ေန႕တာလံုး သိမ္းအုပ္ဖံုးကာထားသမွ် ညအခ်ိန္မွာေတာ့ တစ္လႊာၿပီး တစ္လႊာ ခြာပစ္ဖို႕ လိုအပ္ပါတယ္။
ဘာလို႕ အတြင္းခံ မဝတ္ဘဲ အိပ္သင့္သလဲ ဆိုတာ ၾကည့္လိုက္ရေအာင္။

– ေသြးလွည့္ပတ္မွဳကို ဆိုးရြားေစပါတယ္။
ဘရာမွာ ပါတဲ့ underwire လို႕ေခၚတဲ့ ရင္သားကိုပင့္ေပးထားတဲ့သံေကြးေတြဟာ ေသြးစီးဆင္းမွဳကို ေႏွာင့္ယွက္ပါတယ္။
sport bra အားကစားအတြင္းခံကိုေတာင္မွ ညအိပ္ခ်ိန္မွာ မဝတ္ဆင္သင့္ပါဘူး။

– သက္ေသာင့္သက္သာမရွိေစပါဘူး။
ဘရာဝတ္အိပ္ရလို႕ အိပ္ေကာင္းတယ္ဆိုတာမ်ိဳး မရွိပါဘူး။ ဘရာပါမက တင္းက်ပ္တဲ့ညအိပ္ ဝတ္စံုမ်ိဳးကပါ စိတ္ကို လြတ္လပ္မွဳမေပးလို႔ ညအိပ္တဲ့အခါ အေနွာင့္အယွက္ျဖစ္ေစပါတယ္။

– အရာေတြထင္တတ္တယ္။
တစ္ညလံုး ဘရာဝတ္အိပ္ေတာ့ အေရျပားေပၚမွာ ယားယံတာ အကြက္ေတြထတာ အရာထင္တာ အသားေရာင္ မညီေတာ့တာ ေတြအထိ ျဖစ္နိုင္ပါတယ္။

– ရင္သားမွာ မွိဳနဲ႕ အက်ိတ္ ပိုျဖစ္ေစတယ္။
ဘရာဝတ္ၿပီးအိပ္တဲ့အခါ ရင္သားတစ္ဝိုက္အေရျပားမွာ မွိဳေပါက္တတ္ၿပီး အထဲက ရင္သား တစ္ရွဴးေတြမွာလည္း အက်ိတ္ေတြ ျဖစ္ေပၚေစတတ္ပါတယ္။

– ဓာတ္မတည့္မွဳေတြျဖစ္နိုင္တယ္။
အၾကာႀကီး ဝတ္ထားရတဲ့အခါမွာ အေရျပားယားယံျခင္းနဲ႕ အရည္ၾကည္ဖုျဖစ္တာေတြပါ ရလာနိုင္ပါတယ္။

– ရင္သားရဲ႕ သဘာဝလုပ္ေဆာင္မွဳေတြကို ရပ္တန္႕ေစတယ္။
ရင္သားဆဲလ္ေလးေတြဟာ ႀကီးထြားလာတတ္ပါတယ္။ ဒီအခ်ိန္မွာ ဘရာနဲ႕ တင္းက်ပ္စြာဖိထားရင္ သူ႕ရဲ႕ သဘာဝလုပ္ေဆာင္မွဳေတြ ေလ်ာ့က်သြားတတ္ပါတယ္။

– pantie လို႕ေခၚတဲ့ အတြင္းခံေဘာင္းဘီေတြ ဝတ္ဆင္ၿပီးအိပ္တာဟာလည္း မိန္းမကုိယ္အတြက္ အနံ႕အသက္ဆိုးေတြ ျဖစ္ေစပါတယ္။
ေလဝင္ေလထြက္ေကာင္းတဲ့ ခ်ည္သားေဘာင္းဘီအပြေတြဝတ္အိပ္တာ အေကာင္းဆံုးပါပဲ။

– တစ္လတစ္ခါ ရာသီခ်ိန္မွာ မျဖစ္မေန အတြင္းခံဝတ္ရမယ္ဆိုရင္ ခ်ည္သား/ ဝါးသား တို႕နဲ႕လုပ္ထားတဲ့ အသားပါးပါး ေအးတဲ့ အတြင္းခံမ်ိဳးဝတ္ပါ။ diaper လို႕ေခၚတဲ့ လူႀကီးသံုး ဂြမ္းထုတ္နဲ႕ အခ်ိဳ႕လစဥ္သံုးတံဆိပ္မ်ားမွာ ညသံုး သားေရႀကိဳးဂြမ္းထုတ္ ရွိေနၿပီမို႕ အတြင္းခံ ေဘာင္းဘီ မဝတ္ဘဲနဲ႕လည္း pad ခံၿပီး လြတ္လပ္စြာ အိပ္စက္နိုင္ၿပီ ျဖစ္ပါေၾကာင္း။

ပ်ိဳေမတို႕ရဲ႕ တန္ဖိုးရွိတဲ့ တစ္ညတာမွာ အားအင္အျပည့္ရဖို႕ အိပ္ေရးဝတဲ့ ညေလးေတြ ျဖစ္ပါေစရွင့္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : for her myanmar

#Unicode Version

ညအိပ်ချိန်တွင် အတွင်းခံဝတ်ဆင်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများကို သိစေလိုပါတယ်

တစ်နေကုန်သွားလာလှုပ်ရှားရလို့ ပင်ပန်းတယ်မဟုတ်လား ပျိုမေတို့ရေ။
ညအိပ်ချိန်တွေမှာတော့ စိတ်ရော လူပါ လွတ်လပ်စွာ နေထိုင်သင့်ပါတယ်။
တစ်နေ့တာလုံး သိမ်းအုပ်ဖုံးကာထားသမျှ ညအချိန်မှာတော့ တစ်လွှာပြီး တစ်လွှာ ခွာပစ်ဖို့ လိုအပ်ပါတယ်။
ဘာလို့ အတွင်းခံ မဝတ်ဘဲ အိပ်သင့်သလဲ ဆိုတာ ကြည့်လိုက်ရအောင်။

– သွေးလှည့်ပတ်မှုကို ဆိုးရွားစေပါတယ်။
ဘရာမှာ ပါတဲ့ underwire လို့ခေါ်တဲ့ ရင်သားကိုပင့်ပေးထားတဲ့သံကွေးတွေဟာ သွေးစီးဆင်းမှုကို နှောင့်ယှက်ပါတယ်။
sport bra အားကစားအတွင်းခံကိုတောင်မှ ညအိပ်ချိန်မှာ မဝတ်ဆင်သင့်ပါဘူး။

– သက်သောင့်သက်သာမရှိစေပါဘူး။
ဘရာဝတ်အိပ်ရလို့ အိပ်ကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ ဘရာပါမက တင်းကျပ်တဲ့ညအိပ် ဝတ်စုံမျိုးကပါ စိတ်ကို လွတ်လပ်မှုမပေးလို့ ညအိပ်တဲ့အခါ အနှောင့်အယှက်ဖြစ်စေပါတယ်။

– အရာတွေထင်တတ်တယ်။
တစ်ညလုံး ဘရာဝတ်အိပ်တော့ အရေပြားပေါ်မှာ ယားယံတာ အကွက်တွေထတာ အရာထင်တာ အသားရောင် မညီတော့တာ တွေအထိ ဖြစ်နိုင်ပါတယ်။

– ရင်သားမှာ မှိုနဲ့ အကျိတ် ပိုဖြစ်စေတယ်။
ဘရာဝတ်ပြီးအိပ်တဲ့အခါ ရင်သားတစ်ဝိုက်အရေပြားမှာ မှိုပေါက်တတ်ပြီး အထဲက ရင်သား တစ်ရှူးတွေမှာလည်း အကျိတ်တွေ ဖြစ်ပေါ်စေတတ်ပါတယ်။

– ဓာတ်မတည့်မှုတွေဖြစ်နိုင်တယ်။
အကြာကြီး ဝတ်ထားရတဲ့အခါမှာ အရေပြားယားယံခြင်းနဲ့ အရည်ကြည်ဖုဖြစ်တာတွေပါ ရလာနိုင်ပါတယ်။

– ရင်သားရဲ့ သဘာဝလုပ်ဆောင်မှုတွေကို ရပ်တန့်စေတယ်။
ရင်သားဆဲလ်လေးတွေဟာ ကြီးထွားလာတတ်ပါတယ်။ ဒီအချိန်မှာ ဘရာနဲ့ တင်းကျပ်စွာဖိထားရင် သူ့ရဲ့ သဘာဝလုပ်ဆောင်မှုတွေ လျော့ကျသွားတတ်ပါတယ်။

– pantie လို့ခေါ်တဲ့ အတွင်းခံဘောင်းဘီတွေ ဝတ်ဆင်ပြီးအိပ်တာဟာလည်း မိန်းမကိုယ်အတွက် အနံ့အသက်ဆိုးတွေ ဖြစ်စေပါတယ်။
လေဝင်လေထွက်ကောင်းတဲ့ ချည်သားဘောင်းဘီအပွတွေဝတ်အိပ်တာ အကောင်းဆုံးပါပဲ။

– တစ်လတစ်ခါ ရာသီချိန်မှာ မဖြစ်မနေ အတွင်းခံဝတ်ရမယ်ဆိုရင် ချည်သား/ ဝါးသား တို့နဲ့လုပ်ထားတဲ့ အသားပါးပါး အေးတဲ့ အတွင်းခံမျိုးဝတ်ပါ။ diaper လို့ခေါ်တဲ့ လူကြီးသုံး ဂွမ်းထုတ်နဲ့ အချို့လစဉ်သုံးတံဆိပ်များမှာ ညသုံး သားရေကြိုးဂွမ်းထုတ် ရှိနေပြီမို့ အတွင်းခံ ဘောင်းဘီ မဝတ်ဘဲနဲ့လည်း pad ခံပြီး လွတ်လပ်စွာ အိပ်စက်နိုင်ပြီ ဖြစ်ပါကြောင်း။

ပျိုမေတို့ရဲ့ တန်ဖိုးရှိတဲ့ တစ်ညတာမှာ အားအင်အပြည့်ရဖို့ အိပ်ရေးဝတဲ့ ညလေးတွေ ဖြစ်ပါစေရှင့်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : for her myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top