iMyanmarHouse.com - Best Property Website for Myanmar
×

 ခ်စ္တို႔ေရ မိတ္ကပ္လိမ္းတာက ကိုယ္႔ရုပ္သြင္ကိုပိုလွပေစတာ မွန္ေပမယ္႕ တကယ္လို႔မ်ား လံုး၀မိတ္ကပ္မလိမ္းဘဲ ေနခ်င္တယ္ဆိုရင္လည္း ဒီအေပၚမွာ အက်ိဳးရလဒ္ေတြရွိတယ္လို႕ ေျပာပါရေစ

ဒါေတြက ဘာေတြလဲဆိုေတာ႕….

စိတ္ေပါ႔ပါးတယ္

မိတ္ကပ္မလိမ္းဘဲေနတာက ကိုယ္႔မ်က္ႏွာျပင္ေလး ေပါ႔ေပါ႔ပါးပါးနဲ႕ ေနလို႔ေကာင္းရံုတင္ မကဘူး စိတ္လည္းေပါ႔ပါးေစတယ္။စိတ္ထဲမွာ ငါမလွေတာ႔ဘူးလားလို႕ ေတြးမိတာမ်ိဳးရွိႏိုင္ေပမယ္႔ မ်က္ႏွာေျပာင္ေလးက တစ္မ်ိဳး ခ်စ္စရာ ေကာင္းတာကိုလည္းလက္ခံမိလာမွာျဖစ္ပါတယ္။ပိုႏုပ်ိဳတယ္လို႔ေတာင္ မွတ္ခ်က္ေပးခံရႏိုင္ပါတယ္။

အသားအေရပိုလွလာမယ္

Makeup မသံုးဘဲ Skincare ကိုေသေသခ်ာခ်ာ သံုးမိလာတဲ႕အတြက္ အသားအေရက သဘာ၀အတိုင္း ၾကည္လင္လွပလာႏိုင္ပါတယ္။သဘာ၀အလွဆိုတာေလးကို ခံစားမိလာပါလိမ္႔မယ္။

အိုမင္းရင္႔ေရာ္မွုကို တားဆီးနိုင္မယ္

တကယ္ေတာ႔ ဘယ္မိတ္ကပ္ပစၥည္းေတြပဲျဖစ္ျဖစ္ ဓာတုပစၥည္းေတြပါတာခ်ည္းပဲမို႔ သနပ္ခါးပဲစြဲလိမ္းလာတဲ႕ သူနဲ႕ ယွဥ္ရင္ေတာင္ ၾကမ္းတမ္းရင္႔ေရာ္တဲ႕ အသားအေရရွိေနတတ္ပါတယ္။မိတ္ကပ္လိမ္းတာေလ်ွာ႔လိုက္တာနဲ႕ အမ်ွ အေရျပားက အသက္ရွဴခြင္႔ပိုရလာျပီး ပိုက်န္းမာလာတာေတြ႔ရပါလိမ္႔မယ္။

ဓာတ္မတည္႔တာမ်ိဳးေတြ မရွိေတာ႔ဘူး

Cosmetic မသံုးတဲ႕အတြက္ ကိုယ္႔အေရျပားနဲ႕ ဓာတ္မတည္႔ျဖစ္ျပီး အဖုအပိမ္႔ထြက္တာေတြ၊နီရဲယားယံတာေတြကေန ကင္းေ၀းပါလိမ္႔မယ္။အလာဂ်ီျဖစ္လို႕ Facial Clinic ေတြမွာ ေငြကုန္ရတာမ်ိဴး မရွိေတာ႕ဘူးေပါ႔ေနာ္။

မိတ္ကပ္ကိုေန႔စဥ္လိုလို စြဲစြဲျမဲျမဲ လိမ္းျဖစ္ေနသူေတြ အေနနဲ႕ သတိထားဖို႔အတြက္ေရာ၊ မိတ္ကပ္မလိမ္းတတ္တဲ႕ ညေလးေတြ အေနနဲ႕ အျခားေသာ full makeup နဲ႕ သူငယ္ခ်င္းေလးေတြကိုေခ်ပႏိုင္ဖို႔အတြက္ပါ ေရးသားလိုက္တာပါ။ငါက မျပင္တတ္လို႔မဟုတ္ဘူး၊ဒီအခ်က္ေတြေၾကာင္႔ မလိမ္းတာကြ ဆိုျပီးေျပာလို႔ရတာေပါ႕…။

Credit: (အခရာ)

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

 ချစ်တို့ရေ မိတ်ကပ်လိမ်းတာက ကိုယ့်ရုပ်သွင်ကိုပိုလှပစေတာ မှန်ပေမယ့် တကယ်လို့များ လုံးဝမိတ်ကပ်မလိမ်းဘဲ နေချင်တယ်ဆိုရင်လည်း ဒီအပေါ်မှာ အကျိုးရလဒ်တွေရှိတယ်လို့ ပြောပါရစေ

ဒါတွေက ဘာတွေလဲဆိုတော့….

စိတ်ပေါ့ပါးတယ်

မိတ်ကပ်မလိမ်းဘဲနေတာက ကိုယ့်မျက်နှာပြင်လေး ပေါ့ပေါ့ပါးပါးနဲ့ နေလို့ကောင်းရုံတင် မကဘူး စိတ်လည်းပေါ့ပါးစေတယ်။စိတ်ထဲမှာ ငါမလှတော့ဘူးလားလို့ တွေးမိတာမျိုးရှိနိုင်ပေမယ့် မျက်နှာပြောင်လေးက တစ်မျိုး ချစ်စရာ ကောင်းတာကိုလည်းလက်ခံမိလာမှာဖြစ်ပါတယ်။ပိုနုပျိုတယ်လို့တောင် မှတ်ချက်ပေးခံရနိုင်ပါတယ်။

အသားအရေပိုလှလာမယ်

Makeup မသုံးဘဲ Skincare ကိုသေသေချာချာ သုံးမိလာတဲ့အတွက် အသားအရေက သဘာဝအတိုင်း ကြည်လင်လှပလာနိုင်ပါတယ်။သဘာဝအလှဆိုတာလေးကို ခံစားမိလာပါလိမ့်မယ်။

အိုမင်းရင့်ရော်မှုကို တားဆီးနိုင်မယ်

တကယ်တော့ ဘယ်မိတ်ကပ်ပစ္စည်းတွေပဲဖြစ်ဖြစ် ဓာတုပစ္စည်းတွေပါတာချည်းပဲမို့ သနပ်ခါးပဲစွဲလိမ်းလာတဲ့ သူနဲ့ ယှဉ်ရင်တောင် ကြမ်းတမ်းရင့်ရော်တဲ့ အသားအရေရှိနေတတ်ပါတယ်။မိတ်ကပ်လိမ်းတာလျှော့လိုက်တာနဲ့ အမျှ အရေပြားက အသက်ရှူခွင့်ပိုရလာပြီး ပိုကျန်းမာလာတာတွေ့ရပါလိမ့်မယ်။

ဓာတ်မတည့်တာမျိုးတွေ မရှိတော့ဘူး

Cosmetic မသုံးတဲ့အတွက် ကိုယ့်အရေပြားနဲ့ ဓာတ်မတည့်ဖြစ်ပြီး အဖုအပိမ့်ထွက်တာတွေ၊နီရဲယားယံတာတွေကနေ ကင်းဝေးပါလိမ့်မယ်။အလာဂျီဖြစ်လို့ Facial Clinic တွေမှာ ငွေကုန်ရတာမျိူး မရှိတော့ဘူးပေါ့နော်။

မိတ်ကပ်ကိုနေ့စဉ်လိုလို စွဲစွဲမြဲမြဲ လိမ်းဖြစ်နေသူတွေ အနေနဲ့ သတိထားဖို့အတွက်ရော၊ မိတ်ကပ်မလိမ်းတတ်တဲ့ ညလေးတွေ အနေနဲ့ အခြားသော full makeup နဲ့ သူငယ်ချင်းလေးတွေကိုချေပနိုင်ဖို့အတွက်ပါ ရေးသားလိုက်တာပါ။ငါက မပြင်တတ်လို့မဟုတ်ဘူး၊ဒီအချက်တွေကြောင့် မလိမ်းတာကွ ဆိုပြီးပြောလို့ရတာပေါ့…။

Credit: (အခရာ)


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top