iMyanmarHouse.com - Best Property Website for Myanmar
×





၃ - လေ့လာနိုင်တယ်


၎ - စားစရာရှိတယ်


၅ - ရည်မှန်းချက်ရှိတယ်






Credit : duwun




Unicode Version

၁ - ပိုကောင်းဖို့ ကြိုးစားနေတယ်

ဘာလုပ်ချင်မှန်း၊ ဘာလုပ်ရမှန်း မသိတာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သင်က လက်ရှိအခြေအနေထက် ပိုကောင်းချင်စိတ်ရှိနေတယ်ဆိုတာကတော့ သင့်ဘဝက အဆိုးကြီးမဟုတ်သလို၊ သင့်အခြေအနေကလည်း အဆိုးကြီး မဟုတ်ကြောင်း ပြနေတာပါ။

၂ - အလုပ်ရှိတယ်၊ လေ့လာတယ်

အလုပ်ရှိတယ် ဒါမှမဟုတ် တစ်စုံတစ်ခုကို လေ့လာနေတယ်ဆိုတဲ့လူအတွက် သူ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ဟာ ၅၀-၅၀ ပါပဲ။

၃ - လေ့လာနိုင်တယ်

အလုပ်လည်းမရှိဘူး၊ ဘာမှလည်း မလေ့လာချင်ပေမဲ့ လေ့လာနိုင်တဲ့ အခွင့်အရေးရရှိထားရင် ဒီလူ့ဘဝဟာ ဆိုးဝါးနေတယ်လို့ ပြောလို့မရပါဘူး။

၄ - စားစရာရှိတယ်

နေ့စဉ် စားဖို့တစ်ခုတည်းရုန်းကန်နေရသူတွေ အများကြီးပါ။ နေ့စဉ်စားဖို့ ရှိနေရင် ဆိုးဝါးတဲ့ဘဝထဲ မရောက်သေးပါဘူး။

၅ - ရည်မှန်းချက်ရှိတယ်

ရည်မှန်းချက်ရှိတဲ့လူရဲ့ ဘဝဟာ ဘယ်တော့မှ အဆိုးကြီးမဖြစ်ပါဘူး။ အဆိုးကြီးထဲရောက်နေရင်တောင် ဒီရည်မှန်းချက်ကြောင့် အေးအေးဆေးဆေး ဖြတ်ကျော်နိုင်ပါတယ်။

၆ - ပျော်ရွှင်မှုအစစ်ရှိတယ်

နေ့စဉ်ပျော်စရာလို့ လူတွေသတ်မှတ်တာတွေရှိပေမဲ့ တကယ်မပျော်သူတွေရှိပါတယ်။ ဥပမာ-ဘယ်သွားတယ်၊ ဘာလုပ်တယ်၊ ဘယ်လောက်ပျော်တယ်လို့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ကြပေမဲ့ လက်တွေ့ဘဝမှာ တကယ်မပျော်သူတွေ ရှိပါတယ်။ သင်ပျော်ရွှင်မှုနည်းနည်းပဲ ရှိပေမဲ့ ဒီပျော်ရွှင်မှုတွေက တကယ်စစ်မှန်တဲ့ ပျော်ရွှင်မှုဆို သင့်ဘဝက အဆိုးကြီး မဟုတ်ပါဘူး။

၇ - အိပ်ရာကောင်းကောင်းတစ်ခုရှိတယ်

အေးအေးဆေးဆေး အိပ်နိုင်တဲ့ အိပ်ရာလေးတစ်လုံးနဲ့ သင်နေ့စဉ်အိပ်ရတာဟာ ဘဝက အဆိုးကြီးမဟုတ်သေးဘူးဆိုတဲ့ အချက်ပါပဲ။

Credit : duwun


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...



 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top