iMyanmarHouse.com - Best Property Website for Myanmar
×

 ေကာ္ဖီကုိ ႀကိဳက္ႏွစ္သက္သူမ်ားအေနနဲ႔ ေကာ္ဖီတစ္ခြက္ေသာက္သုံးၿပီးတဲ႔အခါ အခ်ိန္အပုိင္းျခားအလုိက္ မိမိရဲဲ႕ ခႏၶာကုိယ္အတြင္းမွာ ဘာေတြျဖစ္ေပၚသြားလဲဆုိတာကုိ သိရွိထားသင့္ပါတယ္။ ဒါမွ ေကာ္ဖီရဲ႕ဆုိးက်ိဳး ၊ ေကာင္းက်ိဳးကုိပါ တြဲဖက္သိရွိလာႏုိင္မွာ ျဖစ္ပါတယ္။

 ေကာ္ဖီေသာက္ၿပီး ဆယ္မိနစ္ခန္႔ေလာက္ၾကာၿပီဆုိရင္ေတာ့ ေကာ္ဖီမွာပါဝင္တဲ႔ ကာဖိန္းဓါတ္ေတြက လည္ပတ္ေနတဲ႔ေသြးအတြင္း ေရာက္ရွိသြားၿပီး ႏွလုံးခုန္ႏႈန္းနဲ႔ ေသြးဖိအားေတြကုိ အနည္းငယ္ျမင့္တတ္လာေစပါတယ္။

 ေကာ္ဖီေသာက္ၿပီး မိနစ္ႏွစ္ဆယ္ေလာက္ၾကာသြားၿပီဆုိရင္ေတာ့ သင္ရဲ႕စိတ္ခံစားခ်က္ကုိ စတင္ေျပာင္းလဲလာမွာျဖစ္ၿပီးအိပ္ခ်င္တဲ႔စိတ္ေတြမၾကည္မလင္ျဖစ္ေနတဲ႔စိတ္ေတြကုိ ေပ်ာက္ကြယ္
သြားေအာင္ တျဖည္းျဖည္း ျပဳလုပ္ေပးႏုိင္ပါလိမ့္မယ္။

 ေကာ္ဖီေသာက္ၿပီး နာရီဝက္အၾကာမွာေတာ့ အဒရီနာလုိင္းဓါတ္ေတြကုိ သာမာန္ထက္ ပုိမုိထုတ္လႊင့္လာမွာျဖစ္လုိ႔ မ်က္စိသားငယ္အိမ္ကုိ ပုိမုိက်ယ္လာေစၿပီး အျမင္ကုိလည္း ပုိၿပီးစူးရွလာေစႏုိင္ပါတယ္။ ေကာ္ဖီေသာက္ၿပီး မိနစ္ေလးဆယ္ေလာက္ၾကာလာရင္ေတာ့ ခႏၶာကုိယ္အတြင္း Serotonin ေတြ မ်ားျပားလာလုိ႔ သင္ရဲ႕လႈပ္ရွားမႈေတြကုိ ပုိမုိတတ္ၾကြလာေအာင္ လုပ္ေဆာင္ႏုိင္ပါလိမ့္မယ္။

 ေကာ္ဖီေသာက္သုံးၿပီး ေလးနာရီခန္႔ေလာက္ၾကာၿပီဆုိရင္ ကုိယ္အတြင္းကေန စြမ္းအင္ေတြကုိ လုိတာထက္ပုိထုတ္ေပးပါလိမ့္မယ္။ဒီျဖစ္စဥ္ေၾကာင့္အစာအိမ္အတြင္းအက္ဆစ္ဓါတ္ေတြမ်ားလာေစကာ
အစာေျခစနစ္ကုိအလ်င္အျမန္လုပ္ေဆာင္းေပးပါလိမ့္မယ္။
 ေကာ္ဖီေသာက္ၿပီး ေျခာက္နာရီေလာက္ၾကာၿပီဆုိရင္ေတာ့ သင္အေနနဲ႔ ဆီးမသြားပဲမေနေအာင္
 ျဖစ္လာပါလိမ့္မယ္။ ဒါကေတာ့ ေကာ္ဖီႀကိဳက္သူတုိင္း သိထားသင့္တဲ႔ အခ်က္ေလးေတြ
 ေဖာ္ျပေပးသြားျခင္းပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Thit Htoo Lwin


#Unicode Version
ကော်ဖီကို ကြိုက်နှစ်သက်သူများအနေနဲ့ ကော်ဖီတစ်ခွက်သောက်သုံးပြီးတဲ့အခါ အချိန်အပိုင်းခြားအလိုက် မိမိရဲ့ ခန္ဓာကိုယ်အတွင်းမှာ ဘာတွေဖြစ်ပေါ်သွားလဲဆိုတာကို သိရှိထားသင့်ပါတယ်။ ဒါမှ ကော်ဖီရဲ့ဆိုးကျိုး ၊ ကောင်းကျိုးကိုပါ တွဲဖက်သိရှိလာနိုင်မှာ ဖြစ်ပါတယ်။

 ကော်ဖီသောက်ပြီး ဆယ်မိနစ်ခန့်လောက်ကြာပြီဆိုရင်တော့ ကော်ဖီမှာပါဝင်တဲ့ ကာဖိန်းဓါတ်တွေက လည်ပတ်နေတဲ့သွေးအတွင်း ရောက်ရှိသွားပြီး နှလုံးခုန်နှုန်းနဲ့ သွေးဖိအားတွေကို အနည်းငယ်မြင့်တတ်လာစေပါတယ်။

 ကော်ဖီသောက်ပြီး မိနစ်နှစ်ဆယ်လောက်ကြာသွားပြီဆိုရင်တော့ သင်ရဲ့စိတ်ခံစားချက်ကို စတင်ပြောင်းလဲလာမှာဖြစ်ပြီးအိပ်ချင်တဲ့စိတ်တွေမကြည်မလင်ဖြစ်နေတဲ့စိတ်တွေကို ပျောက်ကွယ်

သွားအောင် တဖြည်းဖြည်း ပြုလုပ်ပေးနိုင်ပါလိမ့်မယ်။

 ကော်ဖီသောက်ပြီး နာရီဝက်အကြာမှာတော့ အဒရီနာလိုင်းဓါတ်တွေကို သာမာန်ထက် ပိုမိုထုတ်လွှင့်လာမှာဖြစ်လို့ မျက်စိသားငယ်အိမ်ကို ပိုမိုကျယ်လာစေပြီး အမြင်ကိုလည်း ပိုပြီးစူးရှလာစေနိုင်ပါတယ်။ ကော်ဖီသောက်ပြီး မိနစ်လေးဆယ်လောက်ကြာလာရင်တော့ ခန္ဓာကိုယ်အတွင်း Serotonin တွေ များပြားလာလို့ သင်ရဲ့လှုပ်ရှားမှုတွေကို ပိုမိုတတ်ကြွလာအောင် လုပ်ဆောင်နိုင်ပါလိမ့်မယ်။

 ကော်ဖီသောက်သုံးပြီး လေးနာရီခန့်လောက်ကြာပြီဆိုရင် ကိုယ်အတွင်းကနေ စွမ်းအင်တွေကို လိုတာထက်ပိုထုတ်ပေးပါလိမ့်မယ်။ဒီဖြစ်စဉ်ကြောင့်အစာအိမ်အတွင်းအက်ဆစ်ဓါတ်တွေများလာစေကာ
အစာခြေစနစ်ကိုအလျင်အမြန်လုပ်ဆောင်းပေးပါလိမ့်မယ်။
 ကော်ဖီသောက်ပြီး ခြောက်နာရီလောက်ကြာပြီဆိုရင်တော့ သင်အနေနဲ့ ဆီးမသွားပဲမနေအောင်
 ဖြစ်လာပါလိမ့်မယ်။ ဒါကတော့ ကော်ဖီကြိုက်သူတိုင်း သိထားသင့်တဲ့ အချက်လေးတွေ
 ဖော်ပြပေးသွားခြင်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Thit Htoo Lwin
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top