iMyanmarHouse.com - Best Property Website for Myanmar
×

ကေလးေတြအတြက္ လူ ့ေလာကကို၀င္လာဖို ့ နည္းလမ္း ၂ သြယ္ ရွိပါတယ္။ ကိုယ္၀န္ေဆာင္ အမ်ိဳးသမီးအေနနဲ ့ က်န္းမာေရးေကာင္းမြန္ေနရင္ ရိုးရိုးေမြးလို ့ရသလို က်န္းမာေရး အားနဲခ်က္ရွိေနရင္ေတာ့ ခြဲေမြးရေလ့ ရွိပါတယ္။ အဓိကကေတာ့ မိခင္ေရာ ကေလးပါ က်န္းက်န္းမာမာနဲ ့ အသက္ရွင္ သန္ေနဖို ့ပါပဲ။

ဒါေပမယ့္ အခုေနာက္ပိုင္းမွာေတာ့ ရိုးရိုးေမြးနိုင္တဲ့ အေနအထားမွာ ရွိေနေပမယ့္လည္း အလွမပ်က္ခ်င္လို ့ ခြဲေမြးၾကတဲ့ အမ်ိဳးသမီးဦးေရဟာ မ်ားသည္ထက္ မ်ားလာျပီး ခြဲေမြးတာကိုက ဖက္ရွင္လိုျဖစ္ေနတဲ့အတြက္ ပညာရွင္မ်ားက ရိုးရိုးေမြးျခင္းနဲ ့ ခြဲေမြးျခင္းတို႔ရဲ ့ အားသာခ်က္၊ အားနဲခ်က္ေတြကို နွိဴင္းယွဥ္ေဖာ္ျပထားပါတယ္။

အမႊာပူးေမြးမယ္၊ ဆီးခ်ိဳ၊ ေသြးတိုးေတြလို က်န္းမာေရး အားနည္းခ်က္ရွိမယ္၊ HIV ေ၀ဒနာသည္ျဖစ္ေနမယ္၊ ဒါမွမဟုတ္ အခ်င္းနဲ ့ပတ္သက္တဲ့ျပႆနာေတြ ရွိေနမယ္ဆိုရင္ ခြဲေမြးရေလ့ရွိျပီး ကာယကံရွင္ကိုလည္း သူခြဲေမြးမွ ရမယ္ဆိုတာကို ၾကိဳတင္အသိေပးထားေလ့ ရွိပါတယ္။

ကေလးအရြယ္ ၾကီးလြန္းျပီး မိခင္တင္ပဆံု က်ဥ္းလြန္းရင္ လည္းေကာင္း၊ ကေလးက ေမြးလမ္းေၾကာင္းကို ေခါင္းမတည္ထားသလို အဲဒီလို ေခါင္းတည္လာေအာင္ အျပင္ကေန လွည့္ေပးတာကလည္း မေအာင္ျမင္ရင္ လည္းေကာင္း ခြဲေမြးရပါတယ္။

တစ္ခါတေလ ေမြးခန္းထဲကို ေရာက္ျပီးမွ ကေလးေအာက္စီဂ်င္ မရေတာ့တဲ့ ျပႆနာမ်ိဳးျဖစ္ျပီး အေရးေပၚ ခြဲေမြးလိုက္ရတာလည္း ရွိပါတယ္။ အခုေနာက္ပိုင္းမွာေတာ့ လိုအပ္လို ့ ခြဲေမြးရတဲ့အျပင္
 ေမြးလူနာရဲ ့ေတာင္းဆိုခ်က္နဲ ့ ခြဲေမြးေပးရတာေတြ ပိုမ်ားလာတာပဲ ျဖစ္ပါတယ္။

က်န္းမာေရးရွဳေထာင့္ကေန ၾကည့္မယ္ဆိုရင္ ခြဲေမြးတာဟာ ရိုးရိုးေမြးတာထက္ ပိုျပီး ေဘးအႏၱရယ္ကင္းတယ္လို ့ထင္ရေပမယ့္ ခြဲေမြးျခင္းေၾကာင့္ ျဖစ္ေပၚလာနိုင္တဲ့ အက်ိဳးဆက္အႏၱရာယ္ေတြ ရွိေနတာ အမွန္ပဲ ျဖစ္ပါတယ္။

ခြဲေမြးတယ္ဆိုတာ လူနာရဲ ့၀မ္းဗိုက္ကို ဖြင့္ရပါတယ္။ သားအိမ္ကို ဆက္ၿပီး ဖြင့္ရပါတယ္။ ကေလးကို ဆြဲထုတ္ရပါတယ္။ ၿပီးရင္ သားအိမ္နဲ႔၀မ္းဗိုက္ကို ျပန္ ပိတ္ရပါတယ္။ ဒါဟာ အၾကီးစားခြဲစိတ္မႈတစ္ခု ျဖစ္ပါတယ္။ တျခား အႀကီးစား ခြဲစိတ္မႈေတြလိုပဲ လူနာကို အသက္အႏၱရာယ္ ျဖစ္ေစနိုင္ျပီး ဒီေနရာမွာ အသက္ ၂ေခ်ာင္းကိစၥကို ေျပာေနတာျဖစ္ပါတယ္။

ရိုးရိုးေမြးရတာ ပိုၿပီးမိခင္ဆန္တယ္လို ့ ခံစားရပါတယ္။ ကိုယ္နဲ ့အတူ ၉ လ လံုးလံုး အတူရွိေနတဲ့ကေလးကို ကိုယ့္ရဲ ့အားနဲ ့ပဲ လူ ့ေလာကထဲကို ေရာက္ေအာင္ တြန္းပို ့ေပးရတာ တစ္ကယ္ပဲ ပီတိျဖစ္စရာပါ။ မိခင္နဲ ့ကေလးရဲ ့ သံေယာဇဥ္ကိုလည္း အမ်ားၾကီး ပိုေစနိုင္လိမ့္မယ္လို ့ ယံုၾကည္ပါတယ္ ဟု ရိုးရိုးေမြးဖြားျခင္းကိုသာ ဦးစားေပး ေရြးခ်ယ္ခဲ့သူ ကေလး ၆ ဦး မိခင္တစ္ဦးက ေျပာျပပါတယ္။

ကိုယ့္ကေလးကိုယ္ ဘယ္လိုေမြးမယ္ဆုိတာ မိခင္ေလာင္းရဲ ့ကိုယ္ပိုင္ ခြင့္အေရးပဲ ျဖစ္သင့္ပါတယ္။ အသက္ ၂ေခ်ာင္းနဲ ့ဆိုင္တဲ့ ဆံုးျဖတ္ခ်က္ကို ကၽြန္မတို႔ကိုယ္တိုင္ပဲ ခ်မွတ္ခ်င္ပါတယ္။ ခြဲေမြးတဲ့အခါ မိခင္ တစ္ခုခုျဖစ္သြားတယ္ ထားအံုးေတာ့၊ ကေလးကေတာ့ အသက္ရွင္မွာ အမွန္ပါပဲ။ ကၽြန္မတို ့ခြဲေမြးဖို ့ေရြးခ်ယ္တယ္ဆိုတာ ကေလးကို အမွန္တကယ္ ခ်စ္လို ့ပါ။ အလွအပနဲ ့ မဆိုင္ပါဘူးလို ့လည္း မိမိ က်န္းမာေရးအေျခအေနကို စိတ္မခ်လို ့ သားဦးကို ခြဲေမြးထားတဲ့ မိခင္အသစ္စက္စက္ တစ္ဦးကလည္း ေျပာျပပါတယ္။

နွစ္ဦးႏွစ္ဖက္ မိသားစုအသိုင္းအ၀ိုင္း ဘယ္ေလာက္ပဲၾကီးၾကီး၊ တစ္ေန ့တာ ကုန္ဆံုးသြားျပီး ညအေမွာင္ ဖံုးလႊမ္းသြားတဲ့အခါ ကၽြန္မရဲ ့ခင္ပြန္းသည္ပဲ ကၽြန္မအနားမွာ ရွိေပးနိုင္တာပါ။ သူ ့အတြက္ ကၽြန္မ တာ၀န္ေက်ခ်င္ပါတယ္။ ဒါေၾကာင့္ ကၽြန္မရဲ ့ ခႏၶာကိုယ္အလွကို ထိန္းသိမ္းတဲ့အေနနဲ ့ ကိုယ္ပဲအနာခံျပီး ခြဲေမြးဖို ့ေရြးခ်ယ္တာျဖစ္ပါတယ္လို ့ တမင္တကာ ခြဲေမြးဖို ့ေရြးခ်ယ္ခဲ့တဲ့ အိမ္ေထာင္ရွင္ အမ်ိဳးသမီးတစ္ဦးကလည္း ေျပာျပပါတယ္။

ရိုးရိုးေမြးျခင္း၏ အားသာခ်က္မ်ား။ ေဆးရံုတက္ခ်ိန္ တိုေတာင္းျပီး အနာက်က္ခ်ိန္ အမ်ားႀကီး ပိုျမန္ပါတယ္။ ႏိုင္ငံတကာမွာ ရိုးရိုးေမြး လူနာကို ေဆးရံုေပၚမွာ ၂၄ နာရီကေန ၄၈ နာရီအထိိပဲ ထားပါတယ္။ ခြဲေမြးထားသလိုမ်ိဳး ေသြးထြက္လြန္ျခင္း၊ ၀မ္းဗိုက္မွာ ခြဲဒဏ္ရာေၾကာင့္ျဖစ္တဲ့ အမာ ရြတ္ျဖစ္ေပၚျခင္း၊ ေမးေဆးဒဏ္ေၾကာင့္ ေမ့တတ္လာျခင္း၊ ေမ့ေဆး ထိုးတားတဲ့ေနရာမွာ အျမဲနာေနျခင္းတို ့ကို ခံစားရမွာ မဟုတ္တဲ့အျပင္ ခြဲလူနာ လုပ္နိုင္မွာမဟုတ္တဲ့ ကိုယ့္ရင္ေသြးေလးကို ရင္ခြင္ပိုက္ၿပီး နို ့ခ်ိဳတိုက္ေကၽြးတာ ကိုလည္း ခ်က္ျခင္းျပဳလုပ္နုိင္မွာ ျဖစ္ပါတယ္။

ရုိးရိုးေမြးျခင္း၏ အားနဲခ်က္မ်ား။ မိန္းမကိုယ္ ပတ္ပတ္လည္က အေရျပားနဲ ့တစ္ရွဳးေတြ စုတ္ျပဲသြားနိုင္ပါတယ္။ ဒါေတြကို ျပန္ခ်ဳပ္ရတဲ့အခါ တင္ပဆံုၾကြက္သားမွာ ဒဏ္ျဖစ္သြားနိုင္ျပီး ဆီး၊ ၀မ္း ထိန္းရခက္သြားနိုင္ ပါတယ္။ ေခ်ာင္းဆိုးလိုက္တိုင္း၊ ရယ္လိုက္တိုင္း ဆီးထြက္က်တဲ့ အမ်ိဳးသမီး အမ်ားစုဟာ ရိုးရိုးေမြးၿပီး မိန္းမကိုယ္ကို ျပန္ခ်ဳပ္ထားရသူမ်ား ျဖစ္ပါတယ္။ ဒါ့အျပင္ မိန္းမကိုယ္နဲ ့စအိုအၾကား ကာလရွည္ၾကာ နာက်င္ေနတတ္တဲ့ အတြက္ မိမိခင္ပြန္းအေပၚ သိပ္ စိတ္မရွည္ခ်င္ေတာ့ပါဘူး။

ရိုးရိုးေမြးျခင္း၏ ကေလးအေပၚ သက္ေရာက္ေသာ အက်ိဳးအျပစ္မ်ား။ မိခင္က ခ်က္ျခင္းဆိုသလို
 ေထြးေပြ႔ယုယ နို ့ခ်ိဳ တိုက္ေကၽြးနိုင္ပါတယ္။ ညွစ္ျပီး ေမြးတဲ့အခါ ကေလးရဲ ့အဆုတ္ထဲေရာက္ေနတဲ့
 ေရတြကိုလည္း ညွစ္ထုတ္ေပးလိုက္ပါတယ္။ ဒီေတာ့ ေမြးျပီးတာနဲ ့ ကေလးက မြန္းမေနဘဲ ေအာက္စီဂ်င္ ခ်က္ျခင္း ရွဴနိုင္မွာျဖစ္လို ့ ဦးေနွာက္ကို ထိခိုက္မႈ နည္းေစနိုင္ပါတယ္။ မိခင္ရဲ ့ေမြးလမ္းေၾကာင္း တစ္ေလွ်ာက္ကေန ခႏၶာကိုယ္အတြက္ လိုအပ္တဲ့ ဘက္တီးရီးယားေတြ ကူးစက္လာတာမို ့ ျပင္ပကမၻာကို ခံနိုင္ရည္ရွိတဲ့ ခုခံအား တစ္ခါတည္း ပါလာေလ့ရွိပါတယ္။ ဒါေပမယ့္ ေမြးဖြားခ်ိန္ ၾကာျမင့္ေနမယ္ဆိုရင္ ကေလးကို ညွပ္နဲ ့ဆြဲထုတ္ရတာ ရွိတတ္ျပီး ဦးေခါင္းခြံပံုပ်က္တာ၊ အခန္ ့မသင့္ရင္ ကိုယ္လက္အဂၤါ ထိခိုက္တာတို ့ ျဖစ္နိုင္ပါတယ္။

ခြဲေမြးျခင္း၏ အားသာခ်က္မ်ား။ ရိုးရိုးေမြးနိုင္ရဲ႕သားနဲ ့ ခြဲေမြးမယ္ဆိုရင္ အားသာခ်က္ အေထြအထူး မရွိပါဘူး။ ခြဲေမြးျခင္း၏ အားနည္းခ်က္မ်ား။ ေဆးရံုမွာ ရက္ေပါင္းမ်ားစြာ ကုသခံရပါတယ္။ အနဲဆံုး ၄ ရက္ပါပဲ။ နာက်င္မႈ၊ ေယာင္ရမ္းမႈေတြကို လနဲ ့ခ်ီ ခံရနိုင္ပါတယ္။

ေသြးထြက္မ်ားတဲ့အတြက္ ေသြးသြင္းရတာျဖစ္လို ့ မလိုလားအပ္တဲ့ ကူးစက္မႈေတြ ျဖစ္နိုင္ပါတယ္။ အစာအိမ္၊ ဆီးအိမ္ေတြကို ထိမိရွမိတတ္တဲ့ အတြက္ အသက္အႏၱရာယ္ မျဖစ္ေတာင္ တစ္သက္လံုး တေျမ့ေျမ့နဲ ့ေလာင္ေနမယ့္ အတြင္းမီးကို ျငိမ္းေနရနိုင္ပါတယ္။

ကေလးကိုလည္း နို ့ ခ်က္ျခင္းတိုက္နိုင္မွာ မဟုတ္ပါဘူး။ ၀မ္းဗိုက္မွာ ခြဲဒဏ္ရာ အမာရြတ္ၾကီး ျဖစ္က်န္ေနပါလိမ့္မယ္။ ဒဏ္ရာ လံုး၀ေပ်ာက္ကင္းဖို ့ ၂ လ အနဲဆံုး ၾကာျမင့္မွာျဖစ္ျပီး ခင္ပြန္းသည္အေပၚ ေတာ္ေတာ္နဲ ့ တာ၀န္ေက်နိုင္အံုးမွာ မဟုတ္ပါဘူး။ ရိုးရိုးေမြးတာထက္ ခြဲေမြးတဲ့အခါမွာ မိခင္ေသဆံုးနိုင္ေခ် ၃ ဆ ပိုမ်ားပါတယ္။

တစ္ခါခြဲေမြးျပီးရင္ ေနာက္အေခါက္ေတြလည္း ခြဲေမြးရတာ့မွာပါ။ ဒါ့အျပင္ ဒုတိယကေလးကို ကိုယ္၀န္ေဆာင္ထားတဲ့အခါ သားအိမ္ခ်ဳပ္ရိုး ေျပသြားနိုင္ပါေသးတယ္။ မိခင္ေရာ ကေလးပါ အသက္အႏၱရာယ္ ရွိပါတယ္။

ခြဲေမြးျခင္း၏ ကေလးအေပၚ သက္ေရာက္ေသာ အက်ိဳးအျပစ္မ်ား။ ေမြးၿပီးၿပီးျခင္း အဆုပ္ထဲမွာ ေရရွိေနတဲ့အတြက္ အသက္ မရွဴနိုင္ပါ။ အမ်ားစုမွာ အဆုတ္အေအးပတ္ေရာဂါ ရသြားပါတယ္။ ခြဲေမြးထားတဲ့ ကေလးေတြဟာ အ၀လြန္တတ္ၾကပါတယ္။ အေၾကာင္းရင္းကို မသိရေသးပါဘူး။ အက်ိဳးကေတာ့ တစ္ခုပဲ ရွိပါတယ္။ ခြဲေမြးတဲ့အခါမွာလို အခန္ ့မသင့္လို ့ဆိုျပီး ညွပ္နဲ ့ဆြဲထုတ္ခံရမွာ မဟုတ္တဲ့အတြက္ ဦးေခါင္းမွာ ဒဏ္ရာဒဏ္ခ်က္ေတြ ကင္းေနပါလိမ့္မယ္ ဆိုတာကို ေလ့လာေရးသား တင္ျပလိုက္ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : dailynewsmedia.net

#Unicode Version
ကလေးတွေအတွက် လူ့လောကကိုဝင်လာဖို့ နည်းလမ်း ၂ သွယ် ရှိပါတယ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးအနေနဲ့ ကျန်းမာရေးကောင်းမွန်နေရင် ရိုးရိုးမွေးလို့ရသလို ကျန်းမာရေး အားနဲချက်ရှိနေရင်တော့ ခွဲမွေးရလေ့ ရှိပါတယ်။ အဓိကကတော့ မိခင်ရော ကလေးပါ ကျန်းကျန်းမာမာနဲ့ အသက်ရှင် သန်နေဖို့ပါပဲ။

ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ရိုးရိုးမွေးနိုင်တဲ့ အနေအထားမှာ ရှိနေပေမယ့်လည်း အလှမပျက်ချင်လို့ ခွဲမွေးကြတဲ့ အမျိုးသမီးဦးရေဟာ များသည်ထက် များလာပြီး ခွဲမွေးတာကိုက ဖက်ရှင်လိုဖြစ်နေတဲ့အတွက် ပညာရှင်များက ရိုးရိုးမွေးခြင်းနဲ့ ခွဲမွေးခြင်းတို့ရဲ့ အားသာချက်၊ အားနဲချက်တွေကို နှိူင်းယှဉ်ဖော်ပြထားပါတယ်။

အမွှာပူးမွေးမယ်၊ ဆီးချို၊ သွေးတိုးတွေလို ကျန်းမာရေး အားနည်းချက်ရှိမယ်၊ HIV ဝေဒနာသည်ဖြစ်နေမယ်၊ ဒါမှမဟုတ် အချင်းနဲ့ပတ်သက်တဲ့ပြဿနာတွေ ရှိနေမယ်ဆိုရင် ခွဲမွေးရလေ့ရှိပြီး ကာယကံရှင်ကိုလည်း သူခွဲမွေးမှ ရမယ်ဆိုတာကို ကြိုတင်အသိပေးထားလေ့ ရှိပါတယ်။

ကလေးအရွယ် ကြီးလွန်းပြီး မိခင်တင်ပဆုံ ကျဉ်းလွန်းရင် လည်းကောင်း၊ ကလေးက မွေးလမ်းကြောင်းကို ခေါင်းမတည်ထားသလို အဲဒီလို ခေါင်းတည်လာအောင် အပြင်ကနေ လှည့်ပေးတာကလည်း မအောင်မြင်ရင် လည်းကောင်း ခွဲမွေးရပါတယ်။

တစ်ခါတလေ မွေးခန်းထဲကို ရောက်ပြီးမှ ကလေးအောက်စီဂျင် မရတော့တဲ့ ပြဿနာမျိုးဖြစ်ပြီး အရေးပေါ် ခွဲမွေးလိုက်ရတာလည်း ရှိပါတယ်။ အခုနောက်ပိုင်းမှာတော့ လိုအပ်လို့ ခွဲမွေးရတဲ့အပြင် မွေးလူနာရဲ့တောင်းဆိုချက်နဲ့ ခွဲမွေးပေးရတာတွေ ပိုများလာတာပဲ ဖြစ်ပါတယ်။

ကျန်းမာရေးရှုထောင့်ကနေ ကြည့်မယ်ဆိုရင် ခွဲမွေးတာဟာ ရိုးရိုးမွေးတာထက် ပိုပြီး ဘေးအန္တရယ်ကင်းတယ်လို့ထင်ရပေမယ့် ခွဲမွေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်အန္တရာယ်တွေ ရှိနေတာ အမှန်ပဲ ဖြစ်ပါတယ်။

ခွဲမွေးတယ်ဆိုတာ လူနာရဲ့ဝမ်းဗိုက်ကို ဖွင့်ရပါတယ်။ သားအိမ်ကို ဆက်ပြီး ဖွင့်ရပါတယ်။ ကလေးကို ဆွဲထုတ်ရပါတယ်။ ပြီးရင် သားအိမ်နဲ့ဝမ်းဗိုက်ကို ပြန် ပိတ်ရပါတယ်။ ဒါဟာ အကြီးစားခွဲစိတ်မှုတစ်ခု ဖြစ်ပါတယ်။ တခြား အကြီးစား ခွဲစိတ်မှုတွေလိုပဲ လူနာကို အသက်အန္တရာယ် ဖြစ်စေနိုင်ပြီး ဒီနေရာမှာ အသက် ၂ချောင်းကိစ္စကို ပြောနေတာဖြစ်ပါတယ်။

ရိုးရိုးမွေးရတာ ပိုပြီးမိခင်ဆန်တယ်လို့ ခံစားရပါတယ်။ ကိုယ်နဲ့အတူ ၉ လ လုံးလုံး အတူရှိနေတဲ့ကလေးကို ကိုယ့်ရဲ့အားနဲ့ပဲ လူ့လောကထဲကို ရောက်အောင် တွန်းပို့ပေးရတာ တစ်ကယ်ပဲ ပီတိဖြစ်စရာပါ။ မိခင်နဲ့ကလေးရဲ့ သံယောဇဉ်ကိုလည်း အများကြီး ပိုစေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ် ဟု ရိုးရိုးမွေးဖွားခြင်းကိုသာ ဦးစားပေး ရွေးချယ်ခဲ့သူ ကလေး ၆ ဦး မိခင်တစ်ဦးက ပြောပြပါတယ်။

ကိုယ့်ကလေးကိုယ် ဘယ်လိုမွေးမယ်ဆိုတာ မိခင်လောင်းရဲ့ကိုယ်ပိုင် ခွင့်အရေးပဲ ဖြစ်သင့်ပါတယ်။ အသက် ၂ချောင်းနဲ့ဆိုင်တဲ့ ဆုံးဖြတ်ချက်ကို ကျွန်မတို့ကိုယ်တိုင်ပဲ ချမှတ်ချင်ပါတယ်။ ခွဲမွေးတဲ့အခါ မိခင် တစ်ခုခုဖြစ်သွားတယ် ထားအုံးတော့၊ ကလေးကတော့ အသက်ရှင်မှာ အမှန်ပါပဲ။ ကျွန်မတို့ခွဲမွေးဖို့ရွေးချယ်တယ်ဆိုတာ ကလေးကို အမှန်တကယ် ချစ်လို့ပါ။ အလှအပနဲ့ မဆိုင်ပါဘူးလို့လည်း မိမိ ကျန်းမာရေးအခြေအနေကို စိတ်မချလို့ သားဦးကို ခွဲမွေးထားတဲ့ မိခင်အသစ်စက်စက် တစ်ဦးကလည်း ပြောပြပါတယ်။

နှစ်ဦးနှစ်ဖက် မိသားစုအသိုင်းအဝိုင်း ဘယ်လောက်ပဲကြီးကြီး၊ တစ်နေ့တာ ကုန်ဆုံးသွားပြီး ညအမှောင် ဖုံးလွှမ်းသွားတဲ့အခါ ကျွန်မရဲ့ခင်ပွန်းသည်ပဲ ကျွန်မအနားမှာ ရှိပေးနိုင်တာပါ။ သူ့အတွက် ကျွန်မ တာဝန်ကျေချင်ပါတယ်။ ဒါကြောင့် ကျွန်မရဲ့ ခန္ဓာကိုယ်အလှကို ထိန်းသိမ်းတဲ့အနေနဲ့ ကိုယ်ပဲအနာခံပြီး ခွဲမွေးဖို့ရွေးချယ်တာဖြစ်ပါတယ်လို့ တမင်တကာ ခွဲမွေးဖို့ရွေးချယ်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးကလည်း ပြောပြပါတယ်။

ရိုးရိုးမွေးခြင်း၏ အားသာချက်များ။ ဆေးရုံတက်ချိန် တိုတောင်းပြီး အနာကျက်ချိန် အများကြီး ပိုမြန်ပါတယ်။ နိုင်ငံတကာမှာ ရိုးရိုးမွေး လူနာကို ဆေးရုံပေါ်မှာ ၂၄ နာရီကနေ ၄၈ နာရီအထိပဲ ထားပါတယ်။ ခွဲမွေးထားသလိုမျိုး သွေးထွက်လွန်ခြင်း၊ ဝမ်းဗိုက်မှာ ခွဲဒဏ်ရာကြောင့်ဖြစ်တဲ့ အမာ ရွတ်ဖြစ်ပေါ်ခြင်း၊ မေးဆေးဒဏ်ကြောင့် မေ့တတ်လာခြင်း၊ မေ့ဆေး ထိုးတားတဲ့နေရာမှာ အမြဲနာနေခြင်းတို့ကို ခံစားရမှာ မဟုတ်တဲ့အပြင် ခွဲလူနာ လုပ်နိုင်မှာမဟုတ်တဲ့ ကိုယ့်ရင်သွေးလေးကို ရင်ခွင်ပိုက်ပြီး နို့ချိုတိုက်ကျွေးတာ ကိုလည်း ချက်ခြင်းပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

ရိုးရိုးမွေးခြင်း၏ အားနဲချက်များ။ မိန်းမကိုယ် ပတ်ပတ်လည်က အရေပြားနဲ့တစ်ရှုးတွေ စုတ်ပြဲသွားနိုင်ပါတယ်။ ဒါတွေကို ပြန်ချုပ်ရတဲ့အခါ တင်ပဆုံကြွက်သားမှာ ဒဏ်ဖြစ်သွားနိုင်ပြီး ဆီး၊ ဝမ်း ထိန်းရခက်သွားနိုင် ပါတယ်။ ချောင်းဆိုးလိုက်တိုင်း၊ ရယ်လိုက်တိုင်း ဆီးထွက်ကျတဲ့ အမျိုးသမီး အများစုဟာ ရိုးရိုးမွေးပြီး မိန်းမကိုယ်ကို ပြန်ချုပ်ထားရသူများ ဖြစ်ပါတယ်။ ဒါ့အပြင် မိန်းမကိုယ်နဲ့စအိုအကြား ကာလရှည်ကြာ နာကျင်နေတတ်တဲ့ အတွက် မိမိခင်ပွန်းအပေါ် သိပ် စိတ်မရှည်ချင်တော့ပါဘူး။

ရိုးရိုးမွေးခြင်း၏ ကလေးအပေါ် သက်ရောက်သော အကျိုးအပြစ်များ။ မိခင်က ချက်ခြင်းဆိုသလို

 ထွေးပွေ့ယုယ နို့ချို တိုက်ကျွေးနိုင်ပါတယ်။ ညှစ်ပြီး မွေးတဲ့အခါ ကလေးရဲ့အဆုတ်ထဲရောက်နေတဲ့

 ရေတွကိုလည်း ညှစ်ထုတ်ပေးလိုက်ပါတယ်။ ဒီတော့ မွေးပြီးတာနဲ့ ကလေးက မွန်းမနေဘဲ အောက်စီဂျင် ချက်ခြင်း ရှူနိုင်မှာဖြစ်လို့ ဦးနှောက်ကို ထိခိုက်မှု နည်းစေနိုင်ပါတယ်။ မိခင်ရဲ့မွေးလမ်းကြောင်း တစ်လျှောက်ကနေ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဘက်တီးရီးယားတွေ ကူးစက်လာတာမို့ ပြင်ပကမ္ဘာကို ခံနိုင်ရည်ရှိတဲ့ ခုခံအား တစ်ခါတည်း ပါလာလေ့ရှိပါတယ်။ ဒါပေမယ့် မွေးဖွားချိန် ကြာမြင့်နေမယ်ဆိုရင် ကလေးကို ညှပ်နဲ့ဆွဲထုတ်ရတာ ရှိတတ်ပြီး ဦးခေါင်းခွံပုံပျက်တာ၊ အခန့်မသင့်ရင် ကိုယ်လက်အင်္ဂါ ထိခိုက်တာတို့ ဖြစ်နိုင်ပါတယ်။

ခွဲမွေးခြင်း၏ အားသာချက်များ။ ရိုးရိုးမွေးနိုင်ရဲ့သားနဲ့ ခွဲမွေးမယ်ဆိုရင် အားသာချက် အထွေအထူး မရှိပါဘူး။ ခွဲမွေးခြင်း၏ အားနည်းချက်များ။ ဆေးရုံမှာ ရက်ပေါင်းများစွာ ကုသခံရပါတယ်။ အနဲဆုံး ၄ ရက်ပါပဲ။ နာကျင်မှု၊ ယောင်ရမ်းမှုတွေကို လနဲ့ချီ ခံရနိုင်ပါတယ်။

သွေးထွက်များတဲ့အတွက် သွေးသွင်းရတာဖြစ်လို့ မလိုလားအပ်တဲ့ ကူးစက်မှုတွေ ဖြစ်နိုင်ပါတယ်။ အစာအိမ်၊ ဆီးအိမ်တွေကို ထိမိရှမိတတ်တဲ့ အတွက် အသက်အန္တရာယ် မဖြစ်တောင် တစ်သက်လုံး တမြေ့မြေ့နဲ့လောင်နေမယ့် အတွင်းမီးကို ငြိမ်းနေရနိုင်ပါတယ်။

ကလေးကိုလည်း နို့ ချက်ခြင်းတိုက်နိုင်မှာ မဟုတ်ပါဘူး။ ဝမ်းဗိုက်မှာ ခွဲဒဏ်ရာ အမာရွတ်ကြီး ဖြစ်ကျန်နေပါလိမ့်မယ်။ ဒဏ်ရာ လုံးဝပျောက်ကင်းဖို့ ၂ လ အနဲဆုံး ကြာမြင့်မှာဖြစ်ပြီး ခင်ပွန်းသည်အပေါ် တော်တော်နဲ့ တာဝန်ကျေနိုင်အုံးမှာ မဟုတ်ပါဘူး။ ရိုးရိုးမွေးတာထက် ခွဲမွေးတဲ့အခါမှာ မိခင်သေဆုံးနိုင်ချေ ၃ ဆ ပိုများပါတယ်။

တစ်ခါခွဲမွေးပြီးရင် နောက်အခေါက်တွေလည်း ခွဲမွေးရတာ့မှာပါ။ ဒါ့အပြင် ဒုတိယကလေးကို ကိုယ်ဝန်ဆောင်ထားတဲ့အခါ သားအိမ်ချုပ်ရိုး ပြေသွားနိုင်ပါသေးတယ်။ မိခင်ရော ကလေးပါ အသက်အန္တရာယ် ရှိပါတယ်။

ခွဲမွေးခြင်း၏ ကလေးအပေါ် သက်ရောက်သော အကျိုးအပြစ်များ။ မွေးပြီးပြီးခြင်း အဆုပ်ထဲမှာ ရေရှိနေတဲ့အတွက် အသက် မရှူနိုင်ပါ။ အများစုမှာ အဆုတ်အအေးပတ်ရောဂါ ရသွားပါတယ်။ ခွဲမွေးထားတဲ့ ကလေးတွေဟာ အဝလွန်တတ်ကြပါတယ်။ အကြောင်းရင်းကို မသိရသေးပါဘူး။ အကျိုးကတော့ တစ်ခုပဲ ရှိပါတယ်။ ခွဲမွေးတဲ့အခါမှာလို အခန့်မသင့်လို့ဆိုပြီး ညှပ်နဲ့ဆွဲထုတ်ခံရမှာ မဟုတ်တဲ့အတွက် ဦးခေါင်းမှာ ဒဏ်ရာဒဏ်ချက်တွေ ကင်းနေပါလိမ့်မယ် ဆိုတာကို လေ့လာရေးသား တင်ပြလိုက်ရပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : dailynewsmedia.net
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top