iMyanmarHouse.com - Best Property Website for Myanmar
×

အရွင္မဟာေမာဂၢလာန္ကုိယ္ေတာ္ျမတ္ ဂိဇၥ်ကုဋ္ေတာင္ဘက္ ၾကြေနစဥ္ လမ္းမွာျပိတၱာေလးေယာက္ကုိ ေတြ႕လုိက္ေတာ့ တအံ့တၾသနဲ႔ ေမးလုိက္မိတယ္။
“ျပိတၱာမ၊ ျမင္ရတာ စိတ္မခ်မ္းသာလုိက္တာ။ တစ္ေယာက္က ရဲရဲေတာက္ေနတဲ့ သေလးစပါး ဖ်င္းေတြကုိ ေခါင္းေပၚ မွာ ျဖန္႔ၾကဲၿပီး ပူေလာင္တဲ့ဒဏ္ကုိ မျပတ္ခံစားေနရတယ္။ တစ္ေယာက္ကေတာ့ တင္းပုတ္နဲ႔ ကုိယ့္ေခါင္း ကုိ ျပန္ရုိက္ခဲြေနတယ္။ တစ္ေယာက္ကေတာ့ ကုိယ့္အသားအေသြးကုိ
 ျပန္ဖဲ့စားေနတယ္။ နင္ကေတာ့ ညစ္ပတ္တဲ့ မစင္ေတြကို စားေနတယ္။ ဘယ္လုိ အကုသုိလ္ေၾကာင့္ ခုလုိ ခံစားရတာလဲ ေျပာပါဦး”

မွန္ပါဘုရား။ ဒါ တပည့္ေတာ္တုိ႕ အရင္က မိသားစုေတြပါ။ ရဲရဲေတာက္ေလာင္ေနတဲ့ သေလးစပါးဖ်င္းေတြ ၾကဲေနတဲ့ သူက သားပါဘုရား။ လူ႔ဘ၀တုန္းက အေမကုိ ညဥ္းဆဲခဲ့လုိ႔ပါ။ တင္းပုတ္နဲ႔ျပန္ထုေနတဲ့ ေကာင္က လင္ပါ။ ေကာက္က်စ္စင္းလဲတဲ့ ကုန္သည္ေပါ့ဘုရား။ ကုိယ့္အသားကုိ ဖဲ့စားေနတာက ေခြ်းမပါဘုရား။ သူမကေတာ့ အိမ္မွာ အသားခ်က္ေတာ့ မသိေအာင္ အသားေတြ ခုိးစားခဲ့တယ္။ ေမးေတာ့ မစားဘူးလုိ႕လိမ္တယ္။ အဲဒါေၾကာင့္ ခုလုိျဖစ္ေနတာပါ။ တပည့္ေတာ္မကေတာ့ အဲတုန္းက တစ္အိမ္လုံးကုိ ဦးစီးတဲ့ အိမ္ရွင္မပါ။ အရမ္းကပ္ေစးနဲခဲ့တယ္။ ဥစၥာရွိသားနဲ႔ မရွိဘူးလုိ႕ လိမ္ခဲ့တယ္။ ၀ွက္ခဲ့တယ္။ သူမ်ားကို ေပးကမ္းကူညီခ်င္းမရွိခဲ့ဘူး။ “ငါ့အိမ္မွာ ဘာပစၥည္းမွ မရွိဘူး။ ရွိရဲ႕သားနဲ႔ လွဴိ႕၀ွက္ခဲ့ရင္ မစင္စားရပါေစသား” လုိ႔လိမ္ခဲ့တယ္။ အဲဒီမေကာင္းတဲ့ ကံေတြေၾကာင့္ တပည့္ေတာ္မ ခုလုိ ပုိးေလာက္ျပည့္ေနတဲ့ မစင္ေတြ စားေနရပါတယ္ဘုရား။

“အုိး.. တယ္လည္း အျပစ္ၾကီးလွေပတယ္။”

မွန္ပါဘုရား၊ ဒါေၾကာင့္ ကုသုိလ္ကံ၊ အကုသုိလ္ကံဆုိတာ အခ်ည္းအႏွီးမျဖစ္ပါဘူး။ အက်ိဳး ေပးျမဲပါပဲဘုရား။ အက်ိဳးမေပးပဲနဲ႔ မေနပါဘူး။ ဒါေၾကာင့္လဲ မေကာင္းတဲ့ ပုိးေလာက္ေတြ ျပည့္ေနတဲ့ မစင္ေတြစားေနရတာ၊ ေသာက္လည္းေသာက္ေနရ တာပါဘုရား။

အရွင္မဟာေမာဂၢလာန္ကုိယ္ေတာ္ျမတ္လည္း သက္ျပင္းရွည္ခ်ကာ ၿပိတၱာမိသားစုႏွင့္ ကံ၊ ကံရဲ႕အက်ိဳး၏ ဆန္းၾကယ္မူကုိ သံေ၀ဂျဖစ္ၿပီး စိတ္မေကာင္းစြာနဲ႔ပဲ ျပန္ၾကြလာပါေတာ့တယ္။

မေကာင္းတာလုပ္မိသူကုိ ဘုရားေတာင္မကယ္ႏုိင္ပါဘူး။သူလုပ္ရပ္ကိုသူကုိယ္တုိင္ပဲ ေပးဆပ္ရျမဲပါပဲ။
 ကုိယ္ေတာ္ျမတ္ လည္း စိတ္မေကာင္းျဖစ္ရုံကလဲြလုိ႔ ဘာမွမတက္ႏုိင္။ ဘုရားရွင္ကုိ အသိေပးေလွ်ာက္ထားၿပီးေတာ့ လက္ရွိလူ႔ဘ၀ရရွိေန တဲ့ ေနာင္လာေနာက္သားမ်ားကုိ ဒီျပိတၱာမိသားစုကုိ ဥပမာျပၿပီး မေကာင္းတာမလုပ္မိေအာင္ ႏိုးေဆာ္ဖုိ႔ပဲ ရွိပါတယ္။

“ပုညံ၀ သုခံ ဇေနတိ၊ အပုညံ ဒုကၡံ ဇေနတိ။
တသၼာ ပုညံ၀ ကာတဗၺံ၊ အပုညံ န စ ကာတဗၺံ။”

“ ေကာင္းကံဟာ ေကာင္းက်ိဳးကို ျဖစ္ေစတယ္။
မေကာင္းကံဟာ မေကာင္းက်ိဳးကုိ ျဖစ္ေစတယ္။
ဒါေၾကာင့္ ေကာင္းကံကုိ ျပဳရမယ္။
မေကာင္းကံကုိ မျပဳအပ္ပါဘူး။”

ဒါေၾကာင့္ စာဖတ္သူမ်ားအားလုံးလည္း ဒီၿပိတၱာမိသားစုကုိ ဆင္ျခင္ သတိ၀င္ၿပီး မေကာင္းက်ိဳးကုိ
 ျဖစ္ေစတဲ့ကံမ်ားကိုအတက္ႏုိင္ဆုံးေရွာင္ပါ။ ေကာင္းက်ိဳးကုိ ျဖစ္ေစမယ့္ ေကာင္းကံေတြကို
 တက္ႏုိင္သမွ်ဆည္းပူးပါလုိ႔ တုိက္တြန္းလုိက္ရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit: ေရႊစမ္းေျမ အရွင္က၀ိဓဇသာရ

#Unicode Version
အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ် ဂိဇ္ဈကုဋ်တောင်ဘက် ကြွနေစဉ် လမ်းမှာပြိတ္တာလေးယောက်ကို တွေ့လိုက်တော့ တအံ့တသြနဲ့ မေးလိုက်မိတယ်။
“ပြိတ္တာမ၊ မြင်ရတာ စိတ်မချမ်းသာလိုက်တာ။ တစ်ယောက်က ရဲရဲတောက်နေတဲ့ သလေးစပါး ဖျင်းတွေကို ခေါင်းပေါ် မှာ ဖြန့်ကြဲပြီး ပူလောင်တဲ့ဒဏ်ကို မပြတ်ခံစားနေရတယ်။ တစ်ယောက်ကတော့ တင်းပုတ်နဲ့ ကိုယ့်ခေါင်း ကို ပြန်ရိုက်ခွဲနေတယ်။ တစ်ယောက်ကတော့ ကိုယ့်အသားအသွေးကို
 ပြန်ဖဲ့စားနေတယ်။ နင်ကတော့ ညစ်ပတ်တဲ့ မစင်တွေကို စားနေတယ်။ ဘယ်လို အကုသိုလ်ကြောင့် ခုလို ခံစားရတာလဲ ပြောပါဦး”

မှန်ပါဘုရား။ ဒါ တပည့်တော်တို့ အရင်က မိသားစုတွေပါ။ ရဲရဲတောက်လောင်နေတဲ့ သလေးစပါးဖျင်းတွေ ကြဲနေတဲ့ သူက သားပါဘုရား။ လူ့ဘဝတုန်းက အမေကို ညဉ်းဆဲခဲ့လို့ပါ။ တင်းပုတ်နဲ့ပြန်ထုနေတဲ့ ကောင်က လင်ပါ။ ကောက်ကျစ်စင်းလဲတဲ့ ကုန်သည်ပေါ့ဘုရား။ ကိုယ့်အသားကို ဖဲ့စားနေတာက ချွေးမပါဘုရား။ သူမကတော့ အိမ်မှာ အသားချက်တော့ မသိအောင် အသားတွေ ခိုးစားခဲ့တယ်။ မေးတော့ မစားဘူးလို့လိမ်တယ်။ အဲဒါကြောင့် ခုလိုဖြစ်နေတာပါ။ တပည့်တော်မကတော့ အဲတုန်းက တစ်အိမ်လုံးကို ဦးစီးတဲ့ အိမ်ရှင်မပါ။ အရမ်းကပ်စေးနဲခဲ့တယ်။ ဥစ္စာရှိသားနဲ့ မရှိဘူးလို့ လိမ်ခဲ့တယ်။ ဝှက်ခဲ့တယ်။ သူများကို ပေးကမ်းကူညီချင်းမရှိခဲ့ဘူး။ “ငါ့အိမ်မှာ ဘာပစ္စည်းမှ မရှိဘူး။ ရှိရဲ့သားနဲ့ လှိူ့ဝှက်ခဲ့ရင် မစင်စားရပါစေသား” လို့လိမ်ခဲ့တယ်။ အဲဒီမကောင်းတဲ့ ကံတွေကြောင့် တပည့်တော်မ ခုလို ပိုးလောက်ပြည့်နေတဲ့ မစင်တွေ စားနေရပါတယ်ဘုရား။

“အိုး.. တယ်လည်း အပြစ်ကြီးလှပေတယ်။”

မှန်ပါဘုရား၊ ဒါကြောင့် ကုသိုလ်ကံ၊ အကုသိုလ်ကံဆိုတာ အချည်းအနှီးမဖြစ်ပါဘူး။ အကျိုး ပေးမြဲပါပဲဘုရား။ အကျိုးမပေးပဲနဲ့ မနေပါဘူး။ ဒါကြောင့်လဲ မကောင်းတဲ့ ပိုးလောက်တွေ ပြည့်နေတဲ့ မစင်တွေစားနေရတာ၊ သောက်လည်းသောက်နေရ တာပါဘုရား။

အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်လည်း သက်ပြင်းရှည်ချကာ ပြိတ္တာမိသားစုနှင့် ကံ၊ ကံရဲ့အကျိုး၏ ဆန်းကြယ်မူကို သံဝေဂဖြစ်ပြီး စိတ်မကောင်းစွာနဲ့ပဲ ပြန်ကြွလာပါတော့တယ်။

မကောင်းတာလုပ်မိသူကို ဘုရားတောင်မကယ်နိုင်ပါဘူး။သူလုပ်ရပ်ကိုသူကိုယ်တိုင်ပဲ ပေးဆပ်ရမြဲပါပဲ။
 ကိုယ်တော်မြတ် လည်း စိတ်မကောင်းဖြစ်ရုံကလွဲလို့ ဘာမှမတက်နိုင်။ ဘုရားရှင်ကို အသိပေးလျှောက်ထားပြီးတော့ လက်ရှိလူ့ဘဝရရှိနေ တဲ့ နောင်လာနောက်သားများကို ဒီပြိတ္တာမိသားစုကို ဥပမာပြပြီး မကောင်းတာမလုပ်မိအောင် နိုးဆော်ဖို့ပဲ ရှိပါတယ်။

“ပုညံ၀ သုခံ ဇနေတိ၊ အပုညံ ဒုက္ခံ ဇနေတိ။
တသ္မာ ပုညံ၀ ကာတဗ္ဗံ၊ အပုညံ န စ ကာတဗ္ဗံ။”

“ ကောင်းကံဟာ ကောင်းကျိုးကို ဖြစ်စေတယ်။
မကောင်းကံဟာ မကောင်းကျိုးကို ဖြစ်စေတယ်။
ဒါကြောင့် ကောင်းကံကို ပြုရမယ်။
မကောင်းကံကို မပြုအပ်ပါဘူး။”

ဒါကြောင့် စာဖတ်သူများအားလုံးလည်း ဒီပြိတ္တာမိသားစုကို ဆင်ခြင် သတိဝင်ပြီး မကောင်းကျိုးကို
 ဖြစ်စေတဲ့ကံများကိုအတက်နိုင်ဆုံးရှောင်ပါ။ ကောင်းကျိုးကို ဖြစ်စေမယ့် ကောင်းကံတွေကို
 တက်နိုင်သမျှဆည်းပူးပါလို့ တိုက်တွန်းလိုက်ရပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit: ရွှေစမ်းမြေ အရှင်ကဝိဓဇသာရ
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top