iMyanmarHouse.com - Best Property Website for Myanmar
×

စံ-ဇာဏီဘို ရဲ႕ ေမာ္ဒန္ေဗဒင္ ဒီဇင္ဘာ ၂၃ ရက္မွ ၂၉ ရက္အထိ

မိႆရာသီ (မတ္လ ၂၁ မွ ဧၿပီ ၂၀)

မည္သည့္ကိစၥ ေဆာင္ရြက္သည္ျဖစ္ေစ ဖ႐ိုဖရဲ ကစဥ့္ကလ်ားႏွင့္ စီစဥ္ရသည္ကတစ္မ်ိဳး၊
 ေဆာင္ရြက္ရသည္ကတစ္ဖံုဆိုသလို ျဖစ္ေနမည္။ ေငြဝင္ ျပန္ထြက္ေနမည္။ မိသားစုတြင္ရွိေသာ
သူမ်ားသည္လည္း တ­စ္ဦး ၿပီးတစ္ဦး ပစၥည္းေပ်ာက္ျခင္း၊ ေငြလိမ္ခံရျခင္း၊ အလုပ္ကိစၥမ်ားတြင္ တစ္ ဖက္လူ ကတိပ်က္၍ ေႏွာင့္ေႏွးျခင္းႀကံဳမည္။ တစ္ခုထက္ပိုေသာအလုပ္ကိစၥ၊တာဝန္မ်ားေဆာင္ရြက္ရန္
အေနအထားရွိမည္။ လုပ္ငန္းေဟာင္းရပ္၍ လုပ္ငန္းသစ္ စႏိုင္သည္။ ယၾတာ။ ။ အဂၤ ါေန႔တြင္ ဂႏၶမာပန္း ဘုရားကပ္လွဴပါ။

ၿပိႆရာသီ (ဧၿပီ ၂၁ မွ ေမ ၂၁)

ရည္ရြယ္ခ်က္ေအာင္ျမင္မည္။ မိတ္ေကာင္းေဆြေကာင္း အေထာက္အကူရမည္။ စုေပါင္းလုပ္ငန္း အက်ိဳးေပးမည္။ မိသားစုတြင္ လုပ္ငန္းမရွိသူလုပ္ငန္းရ၍ ရွိသူ တိုးတက္မည္။ ႐ုတ္တရက္ေပၚလာေသာျပႆနာ မ်ား ေျဖရွင္းႏိုင္မည္။ ခရီးႏွင့္ပတ္သက္ေသာကိစၥမ်ား စီစဥ္၍ အဆင္ေျပမည္။ ပညာအတတ္ႏွင့္ပတ္သက္၍ ရည္မွန္းသေလာက္ ေအာင္ျမင္ျခင္း ႏွင့္ အလိုျပည့္စံု တိုးတက္ျခင္းရွိမည္။ လက္လြန္ထားေသာေငြမ်ား ျပန္လည္ ရရွိမည္။ယၾတာ။ ။ ေသာၾကာေန႔တြင္ သၾကားမုန္႔ဖက္ထုပ္ဒါနျပဳပါ။

ေမထုန္ရာသီ (ေမ ၂၂ မွ ဇြန္ ၂၁)

မေတာ္တဆ ထိရွမႈအႏၱရာယ္ ဂ႐ုစိုက္ပါ။ ယာဥ္ကားေမာင္းႏွင္ေသာ အခါမ်ားတြင္ အနက္ေရာင္ႏွင့္အနီေရာင္ တြဲဖက္ဝတ္ဆင္ျခင္း မျပဳရ။ အရက္ေသစာ၊ အေပ်ာ္အပါးမ်ားေသာေနရာမ်ားသို႔ သြားေရာက္ျခင္း ေရွာင္ပါ။ ခိုက္ရန္ျဖစ္ပြားမႈ မရွိေအာင္ ထိန္းသိမ္းပါ။ အခါတိုင္းထက္ပို၍ စိတ္မာန္ႀကီးေနမည္။ ေဒါသထြက္လြယ္ေနမည္။ ထစ္ခနဲဆိုက လက္႐ံုး အားကိုး ၾကမ္းတမ္းစြာ ေျဖရွင္းလိုစိတ္ေပၚေနမည္။ ယၾတာ ။  ။ ဗုဒၶဟူးေန႔တြင္ ေပါက္ေပါက္တစ္ပြဲ ဆြမ္းေတာ္တင္ပါ။

ကရကဋ္ရာသီ (ဇြန္ ၂၂ မွ ဇူလိုင္ ၂၂)

အညံ့အဆိုးကင္း၍ ေကာင္းျခင္း၊ တိုးတက္ျခင္းမ်ား ျဖစ္လာမည္။ ကိုယ္ပိုင္အရည္အေသြးမ်ား ထက္ျမက္ေနမည္။ ေဆာင္ရြက္လိုက္သည္မ်ားမွ ေအာင္ျမင္မႈဆက္တိုက္ရရွိမည္။ မူလစီစဥ္ထားသည္ျဖစ္ေစ၊ မစီစဥ္ ထားသည္ျဖစ္ေစ အေျပာင္းအလဲတစ္ခု ႀကံဳလိမ့္မည္။
 ျဖစ္ေပၚလာမည့္ အေျပာင္းအလဲေနာက္ကြယ္တြင္ အဆင္ေျပမႈ၊ တိုးတက္မႈမ်ားရရွိမည္။ ဆက္ဆံရေသာဝန္းက်င္တြင္ ေျပာင္းလဲမႈရွိမည္။ ေငြလက္လြန္က ျပန္ရ ရန္ ခဲယဥ္းမည္။ ယၾတာ ။ ။ တနလၤာေန႔တြင္ ႀကံရည္ဒါနျပဳပါ။


သိဟ္ရာသီ (ဇူလိုင္ ၂၃ မွ ဩဂုတ္ ၂၃)

ရပ္တန္႔ဆိုင္းငံ့ထားသည့္ အလုပ္အႀကံအစည္မ်ား ၿပီးေျမာက္ေအာင္ ေဆာင္ရြက္ႏိုင္မည္။ ကာလအတန္ၾကာခက္ခက္ခဲခဲျဖစ္ေနသည့္ကိစၥမ်ား အဆင္ေျပသြားမည္။ အေႏွာင့္အယွက္အားလံုးကို ေက်ာ္လႊားၿပီး တိုး တက္မႈ ရရွိမည္။ အမႈျပႆနာ ေျဖရွင္းေနသူမ်ားအဖို႔ မိမိဘက္မွ အႏိုင္ရျခင္း၊ အဆင္ေျပျခင္းႀကံဳမည္။ အေၾကြးေတာင္းခံရန္ ေကာင္းေသာကာလ ျဖစ္သည္။ အလုပ္ေနရာအေျပာင္းအလဲအတြက္ စီစဥ္ေဆာင္ရြက္မႈမ်ား အဆင္ေျပမည္။ ယၾတာ ။ ။ တနဂၤေႏြ ေန႔တြင္ ေခါက္ဆြဲေၾကာ္ ဒါနျပဳပါ။

ကန္ရာသီ (ဩဂုတ္ ၂၄ မွ စက္တင္ဘာ ၂၂)

အဘက္ဘက္မွအဆင္ေျပေသာအေနအထားရွိသည္။အညံ့အဆိုးမွန္သမွ်လည္း ေက်ာ္လႊားႏိုင္လိမ့္မည္။
 ေမာင္ႏွမအရင္းအခ်ာမ်ားမွ ျဖစ္ ေစ၊ ဝမ္းကြဲမ်ားမွျဖစ္ေစ ျပႆနာတစ္ဆင့္ခံ လိုက္လံေျဖရွင္းရလိမ့္မည္။ မိဘအႀကီးအကဲမ်ားရွိက ၄င္းတို႔၏ ဆီး၊ မ်က္စိ၊ သည္းေျခ ေက်ာက္တည္မႈ ေဝဒနာမ်ား ကုသမႈခံယူရန္အတြက္ လိုက္လံေဆာင္ရြက္ေပးေနရမည္။ အလုပ္စီးပြားေရးတြင္ ေဆာင္ရြက္လိုက္သည့္ကိစၥမ်ားမွ ေကာင္းေသာ အက်ိဳး ရရွိမည္။ ယၾတာ။ ။ ဗုဒၶဟူးေန႔တြင္ ယပ္ေတာင္ေဟာင္းမ်ား ရွာေဖြစြန္႔ပစ္ပါ။

တူရာသီ (စက္တင္ဘာ ၂၃ မွ ေအာက္တိုဘာ ၂၃)

လက္ဝယ္ရွိေသာ ေငြေၾကးကို ျဖဳန္းတီး သံုးစြဲလိုစိတ္ တဖြားဖြားေပၚေပါက္ေနသည္။ အလုပ္ကိစၥမ်ား တိုးတက္ရာ တိုးတက္ေၾကာင္းမ်ားအတြက္ ေဆာင္ရြက္ရန္ လမ္းစမ်ား ပြင့္ေနသည္။
 ေရွ႕ေရးလည္း ေျဖာင့္ျဖဴး မည္။ အေထာက္အကူျပဳသူမ်ားလည္းရွိေနသည္။ ဤသို႔ အေျခအေနရွိေသာ္လည္း စိတ္ပ်က္ၿငီးေငြ႕ကာ ေရွ႕တိုးရန္ ဆႏၵထက္ ထင္ရာစိုင္းလို စိတ္မ်ား လႊမ္းမိုးေနသည္။ ကာလအတန္ၾကာ ေဝးကြာေနေသာ အရပ္တစ္ပါးမွ မိတ္ေဆြမ်ားႏွင့္
 ျပန္လည္ဆံုမည္။ ယၾတာ။ ။ ေသာၾကာေန႔တြင္ သံထည္အေဟာင္းမ်ား စြန္႔ပစ္ပါ။

ၿဗိစၦာရာသီ(ေအာက္တိုဘာ ၂၄ မွ ႏိုဝင္ဘာ ၂၂)

အထူးသတိထားရမည့္ရက္ပိုင္း ျဖစ္သည္။ စိတ္ျမန္လက္ျမန္ လုပ္ကိုင္ေဆာင္ရြက္ျခင္းမ်ား မျပဳရ။ ရင္းႏွီးသူမ်ားႏွင့္ စကားမ်ားရမည္။ ပဋိပကၡျဖစ္မည္။ ျပႆနာတစ္ခုၿပီးတစ္ခု ရင္ဆိုင္ေျဖရွင္းေနရမည္။ သူတစ္ပါးေၾကာင့္ မိမိလုပ္ငန္းအႀကံအစည္မ်ား ေႏွာင့္ေႏွးျခင္း၊ ၾကန္႔ၾကာ ျခင္း ႀကံဳမည္။ အရာရာသတိႏွင့္ယွဥ္ၿပီး ေဆာင္ရြက္ေနသည့္ၾကားမွ လွ်ိဳ႕ဝွက္ခ်က္မ်ားေပါက္ၾကားတတ္သည္။ အလဲြလြဲအေခ်ာ္ေခ်ာ္ ျဖစ္တတ္သည္။ က်န္းမာေရးအတြက္ သတိရွိရမည္။ ယၾတာ ။ ။ အဂၤ ါေန႔တြင္ စကၠဴ၊ စာေစာင္အေဟာင္းမ်ား စြန္႔ပစ္ပါ။

ဓႏုရာသီ (ႏိုဝင္ဘာ ၂၃ မွ ဒီဇင္ဘာ ၂၁)

ေျပာေရးဆိုေရး ေအာင္ျမင္မည္။ အခက္အခဲၾကားမွ တိုးတက္မည္။ ေငြေၾကးကံေကာင္းမည္။ မိသားစုႏွင့္ပတ္သက္ေသာ ေကာင္းျခင္းမဂၤလာ အျဖာျဖာက်ေရာက္ႏိုင္ေသာကံ ေပၚထြန္းသည္။ လိုအပ္လာ၍ စြန္႔စားၿပီး ရြပ္ရြပ္ခြ်ံခြ်ံလုပ္ေသာကိစၥမ်ားမွ အက်ိဳးအျမတ္ေကာင္း ရရွိမည္။ ပ်ိဳရြယ္သူမ်ားအဖို႔ တစ္ဦးထက္ပိုေသာ ေမတၱာေရးရာႀကံဳမည္။ ကိုယ္တိုင္တြင္လည္းေကာင္း၊ မိသားစုတြင္လည္းေကာင္း က်န္းမာေရး အညံ့ရွိမည္။ ယၾတာ ။ ။ ၾကာသပေတးေန႔တြင္ သစၥာပန္း ဘုရားကပ္လွဴပါ။

မကာရရာသီ (ဒီဇင္ဘာ ၂၂ မွ ဇန္နဝါရီ ၂၀)

သူတစ္ပါး႐ႈပ္ေထြးထားသည့္ျပႆနာမ်ား မိမိတာဝန္ခံ ေျဖရွင္းရကိန္း ႀကံဳမည္။ ရန္အေႏွာင့္အယွက္ မ်ားမည္။ပစၥည္းေပ်ာက္တတ္သည္။ ေရွ႕တိုးလုပ္ကိုင္ေနသည့္ကိစၥမ်ားအရွိန္ေလ်ာ့က်ရပ္တန္႔တတ္သည္။
 စကားအေျပာအဆို ဆင္ျခင္ပါ။ ကိုယ္စကားေျပာျခင္းထက္ သူတစ္ပါး ေျပာဆိုသည့္စကားမ်ားအေပၚ နားေထာင္ရန္ကာလျဖစ္သည္။ ဆက္ဆံ ေနသည့္ ဝန္းက်င္ေဟာင္းကိုစြန္႔၍လူသစ္၊ဝန္းက်င္သစ္မ်ားႏွင့္
 ပူးတြဲေဆာင္ရြက္ပါ။ ယၾတာ ။ ။ စေနေန႔တြင္ နာနတ္သီးဆြမ္းေတာ္တင္ပါ။

ကံုရာသီ (ဇန္နဝါရီ ၂၁ မွ ေဖေဖာ္ဝါရီ ၁၈)

ေပါ့ေပါ့ဆဆထားသိုမႈေၾကာင့္ ပစၥည္းမ်ား ပ်က္ယြင္းတတ္သည္။ သဘာဝေဘးဥပဒ္ရန္ေၾကာင့္ ျဖစ္ေပၚေသာအပ်က္အစီး မ်ားမည္။ ဤရက္အတြင္း ဝီရိယပိုကာမွ တန္႐ံုက်မည္။ အခါတစ္ပါးထက္ အကဲပို စိုးရိမ္စိတ္ထား ေဆာင္ရြက္သင့္သည္။ ျဖစ္လာမွ ေျဖရွင္းပါက အဆင္ေျပမည္ မဟုတ္။ ႀကိဳတင္တြက္ဆၿပီး အရာရာေဆာင္ရြက္ထားသင့္သည္။ တစ္ပါးသူက စိုးရိမ္စိတ္ႀကီးသည္၊ အကဲပိုသည္ဟု မည္မွ်ေျပာေစ ႀကိဳတင္ကာကြယ္ပါ။ ယၾတာ ။ ။ စေနေန႔တြင္ ဒိန္ခ်ဥ္ဒါနျပဳပါ။

မိန္ရာသီ (ေဖေဖာ္ဝါရီ ၁၉ မွ မတ္ ၂၀)
အခက္အခဲၾကားမွ ေအာင္ျမင္မႈမ်ား ျဖစ္ေပၚမည္။ ခရီးကိစၥမ်ားအဆင္ေျပမည္။ လူမ်ိဳးကြဲ အက်ိဳးေပးမည္။ မေတာ္တဆထိခိုက္မႈအႏၱရာယ္မ်ား ျဖစ္ေပၚႏိုင္သည္။ မိမိယာဥ္ကားအား အျခားကားမွ ဝင္ေရာက္
တိုက္မိျခင္းမ်ိဳး ျဖစ္တတ္သည္။ ေလွကားအတက္အဆင္းလဲၿပိဳတတ္သည္။ေဆးထိုးမွားျခင္း၊
အစားမွားျခင္းမ်ား ျဖစ္လြယ္သည္။ စက္ပစၥည္း၊လွ်ပ္စစ္ပစၥည္းတို႔သည္ မိမိကိုင္တြယ္သည္ႏွင့္
ပ်က္စီးျခင္းျဖစ္တတ္သည္။ယၾတာ။ ။ ၾကာသပေတးေန႔တြင္ မုန္႔ဟင္းခါး ဒါနျပဳပါ။

ခ်မ္းေျမ႕ေမတၱာ တံု႔ျပန္ပါသည္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:စံ-ဇာဏီဘို

#Unicode Version
စံ-ဇာဏီဘို ရဲ့ မော်ဒန်ဗေဒင် ဒီဇင်ဘာ ၂၃ ရက်မှ ၂၉ ရက်အထိ

မိဿရာသီ (မတ်လ ၂၁ မှ ဧပြီ ၂၀)

မည်သည့်ကိစ္စ ဆောင်ရွက်သည်ဖြစ်စေ ဖရိုဖရဲ ကစဥ့်ကလျားနှင့် စီစဉ်ရသည်ကတစ်မျိုး၊
 ဆောင်ရွက်ရသည်ကတစ်ဖုံဆိုသလို ဖြစ်နေမည်။ ငွေဝင် ပြန်ထွက်နေမည်။ မိသားစုတွင်ရှိသော
သူများသည်လည်း တ­စ်ဦး ပြီးတစ်ဦး ပစ္စည်းပျောက်ခြင်း၊ ငွေလိမ်ခံရခြင်း၊ အလုပ်ကိစ္စများတွင် တစ် ဖက်လူ ကတိပျက်၍ နှောင့်နှေးခြင်းကြုံမည်။ တစ်ခုထက်ပိုသောအလုပ်ကိစ္စ၊တာဝန်များဆောင်ရွက်ရန်
အနေအထားရှိမည်။ လုပ်ငန်းဟောင်းရပ်၍ လုပ်ငန်းသစ် စနိုင်သည်။ ယတြာ။ ။ အင်္ဂ ါနေ့တွင် ဂန္ဓမာပန်း ဘုရားကပ်လှူပါ။

ပြိဿရာသီ (ဧပြီ ၂၁ မှ မေ ၂၁)

ရည်ရွယ်ချက်အောင်မြင်မည်။ မိတ်ကောင်းဆွေကောင်း အထောက်အကူရမည်။ စုပေါင်းလုပ်ငန်း အကျိုးပေးမည်။ မိသားစုတွင် လုပ်ငန်းမရှိသူလုပ်ငန်းရ၍ ရှိသူ တိုးတက်မည်။ ရုတ်တရက်ပေါ်လာသောပြဿနာ များ ဖြေရှင်းနိုင်မည်။ ခရီးနှင့်ပတ်သက်သောကိစ္စများ စီစဉ်၍ အဆင်ပြေမည်။ ပညာအတတ်နှင့်ပတ်သက်၍ ရည်မှန်းသလောက် အောင်မြင်ခြင်း နှင့် အလိုပြည့်စုံ တိုးတက်ခြင်းရှိမည်။ လက်လွန်ထားသောငွေများ ပြန်လည် ရရှိမည်။ယတြာ။ ။ သောကြာနေ့တွင် သကြားမုန့်ဖက်ထုပ်ဒါနပြုပါ။

မေထုန်ရာသီ (မေ ၂၂ မှ ဇွန် ၂၁)

မတော်တဆ ထိရှမှုအန္တရာယ် ဂရုစိုက်ပါ။ ယာဉ်ကားမောင်းနှင်သော အခါများတွင် အနက်ရောင်နှင့်အနီရောင် တွဲဖက်ဝတ်ဆင်ခြင်း မပြုရ။ အရက်သေစာ၊ အပျော်အပါးများသောနေရာများသို့ သွားရောက်ခြင်း ရှောင်ပါ။ ခိုက်ရန်ဖြစ်ပွားမှု မရှိအောင် ထိန်းသိမ်းပါ။ အခါတိုင်းထက်ပို၍ စိတ်မာန်ကြီးနေမည်။ ဒေါသထွက်လွယ်နေမည်။ ထစ်ခနဲဆိုက လက်ရုံး အားကိုး ကြမ်းတမ်းစွာ ဖြေရှင်းလိုစိတ်ပေါ်နေမည်။ ယတြာ ။  ။ ဗုဒ္ဓဟူးနေ့တွင် ပေါက်ပေါက်တစ်ပွဲ ဆွမ်းတော်တင်ပါ။

ကရကဋ်ရာသီ (ဇွန် ၂၂ မှ ဇူလိုင် ၂၂)

အညံ့အဆိုးကင်း၍ ကောင်းခြင်း၊ တိုးတက်ခြင်းများ ဖြစ်လာမည်။ ကိုယ်ပိုင်အရည်အသွေးများ ထက်မြက်နေမည်။ ဆောင်ရွက်လိုက်သည်များမှ အောင်မြင်မှုဆက်တိုက်ရရှိမည်။ မူလစီစဉ်ထားသည်ဖြစ်စေ၊ မစီစဉ် ထားသည်ဖြစ်စေ အပြောင်းအလဲတစ်ခု ကြုံလိမ့်မည်။
 ဖြစ်ပေါ်လာမည့် အပြောင်းအလဲနောက်ကွယ်တွင် အဆင်ပြေမှု၊ တိုးတက်မှုများရရှိမည်။ ဆက်ဆံရသောဝန်းကျင်တွင် ပြောင်းလဲမှုရှိမည်။ ငွေလက်လွန်က ပြန်ရ ရန် ခဲယဉ်းမည်။ ယတြာ ။ ။ တနင်္လာနေ့တွင် ကြံရည်ဒါနပြုပါ။


သိဟ်ရာသီ (ဇူလိုင် ၂၃ မှ ဩဂုတ် ၂၃)

ရပ်တန့်ဆိုင်းငံ့ထားသည့် အလုပ်အကြံအစည်များ ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်။ ကာလအတန်ကြာခက်ခက်ခဲခဲဖြစ်နေသည့်ကိစ္စများ အဆင်ပြေသွားမည်။ အနှောင့်အယှက်အားလုံးကို ကျော်လွှားပြီး တိုး တက်မှု ရရှိမည်။ အမှုပြဿနာ ဖြေရှင်းနေသူများအဖို့ မိမိဘက်မှ အနိုင်ရခြင်း၊ အဆင်ပြေခြင်းကြုံမည်။ အကြွေးတောင်းခံရန် ကောင်းသောကာလ ဖြစ်သည်။ အလုပ်နေရာအပြောင်းအလဲအတွက် စီစဉ်ဆောင်ရွက်မှုများ အဆင်ပြေမည်။ ယတြာ ။ ။ တနင်္ဂနွေ နေ့တွင် ခေါက်ဆွဲကြော် ဒါနပြုပါ။

ကန်ရာသီ (ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၂)

အဘက်ဘက်မှအဆင်ပြေသောအနေအထားရှိသည်။အညံ့အဆိုးမှန်သမျှလည်း ကျော်လွှားနိုင်လိမ့်မည်။
 မောင်နှမအရင်းအချာများမှ ဖြစ် စေ၊ ဝမ်းကွဲများမှဖြစ်စေ ပြဿနာတစ်ဆင့်ခံ လိုက်လံဖြေရှင်းရလိမ့်မည်။ မိဘအကြီးအကဲများရှိက ၎င်းတို့၏ ဆီး၊ မျက်စိ၊ သည်းခြေ ကျောက်တည်မှု ဝေဒနာများ ကုသမှုခံယူရန်အတွက် လိုက်လံဆောင်ရွက်ပေးနေရမည်။ အလုပ်စီးပွားရေးတွင် ဆောင်ရွက်လိုက်သည့်ကိစ္စများမှ ကောင်းသော အကျိုး ရရှိမည်။ ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ယပ်တောင်ဟောင်းများ ရှာဖွေစွန့်ပစ်ပါ။

တူရာသီ (စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၃)

လက်ဝယ်ရှိသော ငွေကြေးကို ဖြုန်းတီး သုံးစွဲလိုစိတ် တဖွားဖွားပေါ်ပေါက်နေသည်။ အလုပ်ကိစ္စများ တိုးတက်ရာ တိုးတက်ကြောင်းများအတွက် ဆောင်ရွက်ရန် လမ်းစများ ပွင့်နေသည်။
 ရှေ့ရေးလည်း ဖြောင့်ဖြူး မည်။ အထောက်အကူပြုသူများလည်းရှိနေသည်။ ဤသို့ အခြေအနေရှိသော်လည်း စိတ်ပျက်ငြီးငွေ့ကာ ရှေ့တိုးရန် ဆန္ဒထက် ထင်ရာစိုင်းလို စိတ်များ လွှမ်းမိုးနေသည်။ ကာလအတန်ကြာ ဝေးကွာနေသော အရပ်တစ်ပါးမှ မိတ်ဆွေများနှင့်
 ပြန်လည်ဆုံမည်။ ယတြာ။ ။ သောကြာနေ့တွင် သံထည်အဟောင်းများ စွန့်ပစ်ပါ။

ဗြိစ္ဆာရာသီ(အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂)

အထူးသတိထားရမည့်ရက်ပိုင်း ဖြစ်သည်။ စိတ်မြန်လက်မြန် လုပ်ကိုင်ဆောင်ရွက်ခြင်းများ မပြုရ။ ရင်းနှီးသူများနှင့် စကားများရမည်။ ပဋိပက္ခဖြစ်မည်။ ပြဿနာတစ်ခုပြီးတစ်ခု ရင်ဆိုင်ဖြေရှင်းနေရမည်။ သူတစ်ပါးကြောင့် မိမိလုပ်ငန်းအကြံအစည်များ နှောင့်နှေးခြင်း၊ ကြန့်ကြာ ခြင်း ကြုံမည်။ အရာရာသတိနှင့်ယှဉ်ပြီး ဆောင်ရွက်နေသည့်ကြားမှ လျှို့ဝှက်ချက်များပေါက်ကြားတတ်သည်။ အလွဲလွဲအချော်ချော် ဖြစ်တတ်သည်။ ကျန်းမာရေးအတွက် သတိရှိရမည်။ ယတြာ ။ ။ အင်္ဂ ါနေ့တွင် စက္ကူ၊ စာစောင်အဟောင်းများ စွန့်ပစ်ပါ။

ဓနုရာသီ (နိုဝင်ဘာ ၂၃ မှ ဒီဇင်ဘာ ၂၁)

ပြောရေးဆိုရေး အောင်မြင်မည်။ အခက်အခဲကြားမှ တိုးတက်မည်။ ငွေကြေးကံကောင်းမည်။ မိသားစုနှင့်ပတ်သက်သော ကောင်းခြင်းမင်္ဂလာ အဖြာဖြာကျရောက်နိုင်သောကံ ပေါ်ထွန်းသည်။ လိုအပ်လာ၍ စွန့်စားပြီး ရွပ်ရွပ်ချွံချွံလုပ်သောကိစ္စများမှ အကျိုးအမြတ်ကောင်း ရရှိမည်။ ပျိုရွယ်သူများအဖို့ တစ်ဦးထက်ပိုသော မေတ္တာရေးရာကြုံမည်။ ကိုယ်တိုင်တွင်လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ကျန်းမာရေး အညံ့ရှိမည်။ ယတြာ ။ ။ ကြာသပတေးနေ့တွင် သစ္စာပန်း ဘုရားကပ်လှူပါ။

မကာရရာသီ (ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၂၀)

သူတစ်ပါးရှုပ်ထွေးထားသည့်ပြဿနာများ မိမိတာဝန်ခံ ဖြေရှင်းရကိန်း ကြုံမည်။ ရန်အနှောင့်အယှက် များမည်။ပစ္စည်းပျောက်တတ်သည်။ ရှေ့တိုးလုပ်ကိုင်နေသည့်ကိစ္စများအရှိန်လျော့ကျရပ်တန့်တတ်သည်။
 စကားအပြောအဆို ဆင်ခြင်ပါ။ ကိုယ်စကားပြောခြင်းထက် သူတစ်ပါး ပြောဆိုသည့်စကားများအပေါ် နားထောင်ရန်ကာလဖြစ်သည်။ ဆက်ဆံ နေသည့် ဝန်းကျင်ဟောင်းကိုစွန့်၍လူသစ်၊ဝန်းကျင်သစ်များနှင့်
 ပူးတွဲဆောင်ရွက်ပါ။ ယတြာ ။ ။ စနေနေ့တွင် နာနတ်သီးဆွမ်းတော်တင်ပါ။

ကုံရာသီ (ဇန်နဝါရီ ၂၁ မှ ဖေဖော်ဝါရီ ၁၈)

ပေါ့ပေါ့ဆဆထားသိုမှုကြောင့် ပစ္စည်းများ ပျက်ယွင်းတတ်သည်။ သဘာဝဘေးဥပဒ်ရန်ကြောင့် ဖြစ်ပေါ်သောအပျက်အစီး များမည်။ ဤရက်အတွင်း ဝီရိယပိုကာမှ တန်ရုံကျမည်။ အခါတစ်ပါးထက် အကဲပို စိုးရိမ်စိတ်ထား ဆောင်ရွက်သင့်သည်။ ဖြစ်လာမှ ဖြေရှင်းပါက အဆင်ပြေမည် မဟုတ်။ ကြိုတင်တွက်ဆပြီး အရာရာဆောင်ရွက်ထားသင့်သည်။ တစ်ပါးသူက စိုးရိမ်စိတ်ကြီးသည်၊ အကဲပိုသည်ဟု မည်မျှပြောစေ ကြိုတင်ကာကွယ်ပါ။ ယတြာ ။ ။ စနေနေ့တွင် ဒိန်ချဉ်ဒါနပြုပါ။

မိန်ရာသီ (ဖေဖော်ဝါရီ ၁၉ မှ မတ် ၂၀)
အခက်အခဲကြားမှ အောင်မြင်မှုများ ဖြစ်ပေါ်မည်။ ခရီးကိစ္စများအဆင်ပြေမည်။ လူမျိုးကွဲ အကျိုးပေးမည်။ မတော်တဆထိခိုက်မှုအန္တရာယ်များ ဖြစ်ပေါ်နိုင်သည်။ မိမိယာဉ်ကားအား အခြားကားမှ ဝင်ရောက်
တိုက်မိခြင်းမျိုး ဖြစ်တတ်သည်။ လှေကားအတက်အဆင်းလဲပြိုတတ်သည်။ဆေးထိုးမှားခြင်း၊
အစားမှားခြင်းများ ဖြစ်လွယ်သည်။ စက်ပစ္စည်း၊လျှပ်စစ်ပစ္စည်းတို့သည် မိမိကိုင်တွယ်သည်နှင့်
ပျက်စီးခြင်းဖြစ်တတ်သည်။ယတြာ။ ။ ကြာသပတေးနေ့တွင် မုန့်ဟင်းခါး ဒါနပြုပါ။

ချမ်းမြေ့မေတ္တာ တုံ့ပြန်ပါသည်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:စံ-ဇာဏီဘို
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top