iMyanmarHouse.com - Best Property Website for Myanmar
×
(၁) ရဲရင့်သတ္တိရှိတယ်
၎) ခန္ဓာကိုယ်ကြံ့ခိုင်တယ်
၅) ဟာသဥာဏ်ရွှင်တယ်
(၈) ရိုးသားတယ်
(၉) စိတ်တည်ငြိမ်တယ်
 ဆောင်ရွက်တတ်တယ်။
(၁၀) အပေးသမားဖြစ်တယ်
Credit:For Her Myanmar
#Unicode Version
မိန်းကလေးတစ်ယောက်ဟာ ရုပ်ရည်ချောမောလှပရုံနဲ့ လှပပြီးပြည့်စုံတယ်လို့ မဆိုနိုင်ပါဘူး။ အပေါ်ယံအလှအပထက် အရေးကြီးတဲ့ တခြားအချက်တွေရှိပါသေးတယ်။ ပုံလေးတွေနှိပ်ပြီး ဖတ်ကြည့်ပေးနော်။
(၁) ရဲရင့်သတ္တိရှိတယ်
ရဲရင့်သတ္တိရှိတဲ့မိန်းကလေးတစ်ယောက်ဟာ လူအများကြားမှာ ထင်ပေါ်နေမှာ မလွဲပါဘူး။ သူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ်ချစ်တဲ့သူတစ်ယောက်ယောက်ကို ကူညီဖို့အတွက်ဆိုရင် ဘယ်လိုအန္တရာယ်မျိုးကိုမဆို  ရင်ဆိုင်နိုင်တဲ့သူမျိုးပါ။
၂) ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတယ်
သူမကိုယ်သူမယုံကြည်မှုအပြည့်ရှိတယ်။သူမလုပ်သမျှအရာရာတိုင်းအပေါ်မှာမိမိကိုယ်ကိုယ်ယုံကြည်မှု
အပြည့်နဲ့လုပ်ဆောင်တတ်သူဖြစ်တယ်။ သူမကိုယ်သူမယုံကြည်ရှိပုံကို သူမရဲ့ အပြုအမူ၊ အနေအထိုင်၊ စကားအသွားအလာတွေကနေတဆင့် သိသိသာသာ မြင်နိုင်တယ်။
(၃) လူတိုင်းအပေါ် မေတ္တာထားတယ်
သူမရဲ့ အပြုံးက လူတိုင်းကို နွေးထွေးမှုခံစားရစေတယ်။ ကားပေါ်မှာ နေရာမရတဲ့ သက်ကြီးရွယ်အို အဘိုးအဘွားတွေက  နေရာပေးဖို့လည်းဝန်မလေးဘူး။ဒုက္ခရောက်နေတဲ့သူတွေ့ရင်တစ်နည်းနည်းနဲ့
ကူညီလေ့ရှိတယ်။ တစ်ဖက်လူကို တန်ဖိုးထားခံရတယ်လို့ ခံစားစေတဲ့ သူမပါ။
၄) ခန္ဓာကိုယ်ကြံ့ခိုင်တယ်
သူမဟာ ကျန်းမာရေးကို လိုက်စားလေ့ရှိသူဖြစ်ပြီး အားကစားလုပ်ရတာ သူမဝါသနာဖြစ်တယ်။
၅) ဟာသဉာဏ်ရွှင်တယ်
သူမဟာ ဟာသဉာဏ်ရွှင်တာကြောင့် သူမနဲ့စကားပြောရတာကို လူအများက နှစ်သက်ကြတယ်။ လူတွေကို ပျော်ရွှင်စေအောင်လုပ်နိုင်သူလည်းဖြစ်တယ်။
(၆) တစ်ဖက်သားကို အားပေးတတ်တယ်
စိတ်ဓာတ်ကျနေသူကို ဘယ်လို အားပေးရမလဲဆိုတာသူမကောင်းကောင်းသိတယ်။ဒါကြောင့်မိတ်ဆွေ
အပေါင်းအသင်းတွေက သူမကိုအားကိုးကြတယ်။
(၇) အားကိုးရတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တယ်
သူမဟာ သူမသူငယ်ချင်းတွေ ဒုက္ခရောက်နေချိန်၊ အကူအညီလိုအပ်ချိန်တွေမှာ အကူညီပေးဖို့ ဝန်မလေးတတ်ဘူး။ဒါကြောင့် သူမ အကူအညီလိုတဲ့အခါတိုင်းမှာလည်း သူမကို ကူညီပေးမယ့်လူတွေ ဝိုင်းဝိုင်းလည်နေတတ်တယ်။
(၈) ရိုးသားတယ်
ရိုးသားမှုဟာ အကောင်းဆုံးမူဝါဒဆိုတဲ့ ဆောင်ပုဒ်ကို သူမလက်ကိုင်ထားလေ့ရှိတယ်။ ရိုးသားမှုကြောင့် သူမ နာမည်ဂုဏ်သတင်းကျော်စောလေ့ရှိတယ်။
(၉) စိတ်တည်ငြိမ်တယ်
စိတ်ဖိစီးတဲ့အခြေနေတောင်မှာမှသူမဟာတည်တည်ငြိမ်ငြိမ်နဲ့တာဝန်ကို အောင်မြင်အောင်
 ဆောင်ရွက်တတ်တယ်။
(၁၀) အပေးသမားဖြစ်တယ်
သူမဟာဘယ်သူတွေကိုဘယ်လောက်ပဲကူညီကူညီသူတို့တွေဆီက ပြန်လာမှုကိုဘယ်တော့မှ
 မျှော်မှန်းလေ့မရှိသူ။သူမဟာ အပေးသမားသက်သက်သာဖြစ်တယ်။
ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
Credit:For Her Myanmar
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top