iMyanmarHouse.com - Best Property Website for Myanmar
×

အမ်ိဳးသားေတြ လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ (ပန္းေသ၊ ပန္းညွိုးလို႔လဲ ေခၚၾကပါတယ္) ဆိုတာ အမ်ိဳးသား ေတြ ႀကဳံေတြ႕ရတတ္တဲ့ ျပႆနာ တခုျဖစ္ပါတယ္။ တခ်ိဳ႕ေတြအတြက္ တသက္တာလုံး ႀကဳံရတတ္ေပမယ့္ တျခားသူ အမ်ားစု အတြက္ကေတာ့ မထင္မွတ္ဘဲ ျဖစ္တတ္တဲ့ အေျခအေနမ်ိဳး၊ အေၾကာင္းတစုံတရာေၾကာင့္ ျဖစ္လာၿပီး ေျဖရွင္း နိုင္ရင္ ေပ်ာက္ကင္းသြားတတ္တာမ်ိဳးပါ။ ဒါေပမယ့္ ဘာေၾကာင့္ ျဖစ္တယ္ဆိုတာကို သိဖို႔ေတာ့ လိုပါတယ္။ ျဖစ္ရ ျခင္း အေၾကာင္းရင္းကို မသိရင္ အလြယ္တကူ ေျဖရွင္းနိုင္မွာ မဟုတ္ပါဘူး။

ဒီလို ျပႆနာႀကဳံရနိုင္တဲ့ ေနာက္ကြယ္က အေၾကာင္းရင္း ၇ မ်ိဳးကို ေဖာ္ျပလိုက္ပါတယ္။

(၁) ကိုလက္စထေရာ မ်ားျခင္း

အမ်ိဳးသားေတြ လိင္အဂၤါ ေတာင့္တင္းလာျခင္းက လိင္တံထဲမွာ ေသြးစီးဆင္းမႈတိုးလာျခင္းေၾကာင့္ ျဖစ္ပါတယ္။ သန္မာ ရွည္ၾကာေတာင့္တင္းနိုင္ဖို႔ အတြက္ ေသြးလည္ပတ္စီးဆင္းမႈေကာင္းမြန္ဖို႔ လိုအပ္ပါတယ္။ ဒါေပမယ့္ ကိုလက္စထေရာ မ်ားျခင္းေၾကာင့္ ေသြးလည္ပတ္မႈစနစ္ ပုံမမွန္ျခင္းေၾကာင့္ ေသြးစီးဆင္းမႈကို ေလ်ာ့က်ေစၿပီး လိင္မႈဆိုင္ရာ စြမ္းေဆာင္ ရည္ ကိုလည္း က်ဆင္းေစနိုင္ပါတယ္။

(၂) ဆီးခ်ိဳေရာဂါ

လိင္မႈဆိုင္ရာ သာယာမႈနဲ႕ တုန႔္ျပန္မႈ အေပၚမွာ ဆီးခ်ိဳေရာဂါက သက္ေရာက္မႈရွိတယ္ဆိုတာကို လူအမ်ားစုက သတိ မထားမိၾကပါဘူး။ ဆီးခ်ိဳေရာဂါေၾကာင့္ လိင္မႈကိစၥကို ထိခိုက္ေစျခင္းက အမ်ိဳးသားေတြေရာ အမ်ိဳးသမီးေတြမွာေရာ ေတြ႕ ရပါတယ္။ ဆီးခ်ိဳေရာဂါရွိတဲ့ အမ်ိဳးသမီးေတြဟာ လိင္ဆက္ဆံမႈရဲ႕ အထြတ္အထိပ္ ခံစားမႈကို ရဖို႔ ခက္ခဲတတ္ၾကပါတယ္။ ထို နည္းတူပဲ ဆီးခ်ိဳေရာဂါရွိတဲ့ အမ်ိဳးသားေတြဟာလည္း အိပ္ခန္းထဲမွာ အခက္ေတြ႕ၾကရပါတယ္။ အေမရိကန္နိုင္ငံ အမ်ိဳး သားက်န္းမာေရး သိပၸံ(National Institutes of Health) ရဲ႕ အဆိုအရ ဆီးခ်ိဳေရာဂါရွိတဲ့ အမ်ိဳးသား ၇၅ ရာခိုင္ႏႈန္းဟာ လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ နဲ႕ ႀကဳံရေလ့ ရွိတယ္လို႔ သိရပါတယ္။

(၃) ဆီးက်ိတ္ကင္ဆာ ကုသျခင္း

ဆီးက်ိတ္ကင္ဆာေရာဂါကုသမႈခံယူေနတဲ့ အမ်ိဳးသားေတြအေနနဲ႕ လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ ႀကဳံရနိုင္ ေခ်က သာမန္လူေတြ ထက္ ၄ဆ ပိုမ်ားတယ္လို႔ မၾကာေသးခင္က ျပဳလုပ္ခဲ့တဲ့ ၿဗိတိန္သုေတသီေတြရဲ႕ ေလ့လာမႈတခုအရ သိရပါတယ္။ သုံးစြဲရတဲ့ ေဆးဝါးေတြနဲ႕ ဓာတ္ေရာင္ျခည္က ဆီးက်ိတ္ကင္ဆာ ေရာဂါ ကုသမႈခံယူေနသူေတြရဲ႕ လိင္မႈဆိုင္ ရာ စြမ္းေဆာင္ရည္နဲ႕ သာယာမႈကို ထိခိုက္ေစပါတယ္။

(၄) ေဆးလိပ္ႏွင့္ အရက္ အလြန္ အကြၽံေသာက္သုံးျခင္း

ေဆးလိပ္ေသာက္ ျခင္းက က်န္းမာေရးကို ထိခိုက္နိုင္တယ္ဆိုတာ လူတိုင္းနီးပါး သိၾကပါတယ္။ ဒါေပမယ့္ လိင္မႈဆိုင္ရာ စြမ္းေဆာင္ရည္နဲ႕ ဆက္စပ္တဲ့ အခါမွာေတာ့ အေမာမခံနိုင္တာေလာက္ပဲ သတိျပဳမိၾကပါတယ္။ ေဆးလိပ္ေသာက္ျခင္းက ေသြးလည္ပတ္မႈကို ႀကီးႀကီးမားမား ထိခိုက္ေစပါတယ္။ ေသြးလည္ပတ္စီးဆင္းမႈ ေကာင္းမွသာ လိင္အဂၤါလည္း သန္သန္ မာမာနဲ႕ အခ်ိန္ရွည္ၾကာစြာ တင္းမာေနနိုင္မွာျဖစ္ပါတယ္။ အရက္အလြန္ အကြၽံေသာက္သုံးျခင္းကလည္း ထိုနည္းတူပဲ ထိ ခိုက္နိုင္ပါတယ္။

(၅) ေဆးဝါးမ်ား

အေၾကာင္းတစုံတရာေၾကာင့္ ေဆးဝါးေတြကလည္း လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ နဲ႕ အျခား လိင္မႈဆိုင္ရာ စြမ္းေဆာင္ရည္ အခက္အခဲေတြကို ျဖစ္ေစပါတယ္။ အဲဒီေဆးေတြထဲမွာ စိတ္က်ေရာဂါ အတြက္ေဆး၊ ဓာတ္မတည့္ တဲ့ ေရာဂါအတြက္ေဆး၊ ဆီး႐ႊင္ေဆး၊ ေသြးတိုးက်ေဆးနဲ႕ အကိုက္အခဲ ေပ်ာက္ေဆးေတြ လည္းပါဝင္ပါတယ္။ တကယ္လို႔ ေဆးဝါး အသစ္တမ်ိဳးမ်ိဳးကို စတင္မွီဝဲ ၿပီးတဲ့ ေနာက္မွာမွ လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ ႀကဳံရတယ္ဆိုရင္ ေဆးေၾကာင့္ ျဖစ္ဖို႔ မ်ားတဲ့ အတြက္ ဆရာဝန္နဲ႕ တိုင္ပင္သင့္ပါတယ္။

(၆) အဝလြန္ျခင္း

အလြန္ဝ ျခင္းကလည္း ကိုယ္ခႏၶာကို က်န္းမာေရး ျပႆနာ အမ်ိဳးမ်ိဳးေပးနိုင္ပါတယ္။ အဲဒီအျပင္ လိင္မႈဆိုင္ရာ စြမ္းေဆာင္ ရည္ကိုလည္း ဆိုးဆိုးဝါးဝါး က်ဆင္းေစနိုင္ပါတယ္။ အဝလြန္ျခင္းက ေသြးလည္ပတ္မႈကိုထိခိုက္ေစသလို အမ်ိဳးသား ဟိုမုန္း (Testosterone) ထုတ္လုပ္မႈကိုလည္း ေလ်ာ့နည္းေစပါတယ္။ အဲဒီ အခ်က္ ၂ခ်က္လုံးကလည္း လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ ကိုျဖစ္ေစတဲ့ အေၾကာင္းေတြပါပဲ။

(၇) ဟိုမုန္းမ်ား

အမ်ိဳးသား ဟိုမုန္း (Testosterone) ထုတ္လုပ္မႈကိုလည္း ေလ်ာ့နည္းျခင္းက လိင္စြမ္းေဆာင္ရည္ကို က်ဆင္းေစတယ္ဆို တာကို အထက္မွာေျပာခဲ့ၿပီးပါၿပီ။ ေနာက္ထပ္ရွိေသးတာက thyroid ဟိုမုန္းနည္းျခင္း၊ ေက်ာက္ကပ္ အလုပ္ လုပ္ပုံ မမွန္ျခင္း စတာေတြ ေၾကာင့္ ဟိုမုန္းေတြ မညီမွ်ရင္လည္း လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ ျဖစ္လာနိုင္ပါ တယ္။ တကယ္လို႔ ဟိုမုန္းေၾကာင့္ ျဖစ္တယ္ လို႔ သံသယရွိတယ္ဆိုရင္ ဟိုမုန္းအေျခအေနကို စစ္ေဆးၾကည့္ ဖို႔ အေရး ႀကီးပါတယ္။

အထက္မွာေဖာ္ျပခဲ့တာေတြ အားလုံးက လိင္အဂၤါ ေတာင့္တင္းနိုင္မႈ မရွိတဲ့ ျပႆနာ ျဖစ္လာနိုင္တဲ့ အေၾကာင္းရင္းေတြ ဆိုေပမယ့္လို႔ ဒီတိုင္းပဲထားၿပီး တေယာက္ထဲ ဒုကၡခံမေနဘူးဆိုရင္ ေျဖရွင္းလို႔ ရနိုင္တာေတြ ျဖစ္ပါတယ္။ နားလည္ ကြၽမ္း က်င္တဲ့ ဆရာဝန္နဲ႕ ျပသတိုင္ပင္ၿပီး အေၾကာင္းရင္းကို အေျဖရွာမယ္ဆိုရင္ လိုအပ္သလို ကုသေပ်ာက္ကင္းနိုင္မွာ ျဖစ္ပါ တယ္။


Credit: irrawaddy

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ (ပန်းသေ၊ ပန်းညှိုးလို့လဲ ခေါ်ကြပါတယ်) ဆိုတာ အမျိုးသား တွေ ကြုံတွေ့ရတတ်တဲ့ ပြဿနာ တခုဖြစ်ပါတယ်။ တချို့တွေအတွက် တသက်တာလုံး ကြုံရတတ်ပေမယ့် တခြားသူ အများစု အတွက်ကတော့ မထင်မှတ်ဘဲ ဖြစ်တတ်တဲ့ အခြေအနေမျိုး၊ အကြောင်းတစုံတရာကြောင့် ဖြစ်လာပြီး ဖြေရှင်း နိုင်ရင် ပျောက်ကင်းသွားတတ်တာမျိုးပါ။ ဒါပေမယ့် ဘာကြောင့် ဖြစ်တယ်ဆိုတာကို သိဖို့တော့ လိုပါတယ်။ ဖြစ်ရ ခြင်း အကြောင်းရင်းကို မသိရင် အလွယ်တကူ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။

ဒီလို ပြဿနာကြုံရနိုင်တဲ့ နောက်ကွယ်က အကြောင်းရင်း ၇ မျိုးကို ဖော်ပြလိုက်ပါတယ်။

(၁) ကိုလက်စထရော များခြင်း

အမျိုးသားတွေ လိင်အင်္ဂါ တောင့်တင်းလာခြင်းက လိင်တံထဲမှာ သွေးစီးဆင်းမှုတိုးလာခြင်းကြောင့် ဖြစ်ပါတယ်။ သန်မာ ရှည်ကြာတောင့်တင်းနိုင်ဖို့ အတွက် သွေးလည်ပတ်စီးဆင်းမှုကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကိုလက်စထရော များခြင်းကြောင့် သွေးလည်ပတ်မှုစနစ် ပုံမမှန်ခြင်းကြောင့် သွေးစီးဆင်းမှုကို လျော့ကျစေပြီး လိင်မှုဆိုင်ရာ စွမ်းဆောင် ရည် ကိုလည်း ကျဆင်းစေနိုင်ပါတယ်။

(၂) ဆီးချိုရောဂါ

လိင်မှုဆိုင်ရာ သာယာမှုနဲ့ တုန့်ပြန်မှု အပေါ်မှာ ဆီးချိုရောဂါက သက်ရောက်မှုရှိတယ်ဆိုတာကို လူအများစုက သတိ မထားမိကြပါဘူး။ ဆီးချိုရောဂါကြောင့် လိင်မှုကိစ္စကို ထိခိုက်စေခြင်းက အမျိုးသားတွေရော အမျိုးသမီးတွေမှာရော တွေ့ ရပါတယ်။ ဆီးချိုရောဂါရှိတဲ့ အမျိုးသမီးတွေဟာ လိင်ဆက်ဆံမှုရဲ့ အထွတ်အထိပ် ခံစားမှုကို ရဖို့ ခက်ခဲတတ်ကြပါတယ်။ ထို နည်းတူပဲ ဆီးချိုရောဂါရှိတဲ့ အမျိုးသားတွေဟာလည်း အိပ်ခန်းထဲမှာ အခက်တွေ့ကြရပါတယ်။ အမေရိကန်နိုင်ငံ အမျိုး သားကျန်းမာရေး သိပ္ပံ(National Institutes of Health) ရဲ့ အဆိုအရ ဆီးချိုရောဂါရှိတဲ့ အမျိုးသား ၇၅ ရာခိုင်နှုန်းဟာ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ ကြုံရလေ့ ရှိတယ်လို့ သိရပါတယ်။

(၃) ဆီးကျိတ်ကင်ဆာ ကုသခြင်း

ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူနေတဲ့ အမျိုးသားတွေအနေနဲ့ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရနိုင် ချေက သာမန်လူတွေ ထက် ၄ဆ ပိုများတယ်လို့ မကြာသေးခင်က ပြုလုပ်ခဲ့တဲ့ ဗြိတိန်သုတေသီတွေရဲ့ လေ့လာမှုတခုအရ သိရပါတယ်။ သုံးစွဲရတဲ့ ဆေးဝါးတွေနဲ့ ဓာတ်ရောင်ခြည်က ဆီးကျိတ်ကင်ဆာ ရောဂါ ကုသမှုခံယူနေသူတွေရဲ့ လိင်မှုဆိုင် ရာ စွမ်းဆောင်ရည်နဲ့ သာယာမှုကို ထိခိုက်စေပါတယ်။

(၄) ဆေးလိပ်နှင့် အရက် အလွန် အကျွံသောက်သုံးခြင်း

ဆေးလိပ်သောက် ခြင်းက ကျန်းမာရေးကို ထိခိုက်နိုင်တယ်ဆိုတာ လူတိုင်းနီးပါး သိကြပါတယ်။ ဒါပေမယ့် လိင်မှုဆိုင်ရာ စွမ်းဆောင်ရည်နဲ့ ဆက်စပ်တဲ့ အခါမှာတော့ အမောမခံနိုင်တာလောက်ပဲ သတိပြုမိကြပါတယ်။ ဆေးလိပ်သောက်ခြင်းက သွေးလည်ပတ်မှုကို ကြီးကြီးမားမား ထိခိုက်စေပါတယ်။ သွေးလည်ပတ်စီးဆင်းမှု ကောင်းမှသာ လိင်အင်္ဂါလည်း သန်သန် မာမာနဲ့ အချိန်ရှည်ကြာစွာ တင်းမာနေနိုင်မှာဖြစ်ပါတယ်။ အရက်အလွန် အကျွံသောက်သုံးခြင်းကလည်း ထိုနည်းတူပဲ ထိ ခိုက်နိုင်ပါတယ်။

(၅) ဆေးဝါးများ

အကြောင်းတစုံတရာကြောင့် ဆေးဝါးတွေကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ နဲ့ အခြား လိင်မှုဆိုင်ရာ စွမ်းဆောင်ရည် အခက်အခဲတွေကို ဖြစ်စေပါတယ်။ အဲဒီဆေးတွေထဲမှာ စိတ်ကျရောဂါ အတွက်ဆေး၊ ဓာတ်မတည့် တဲ့ ရောဂါအတွက်ဆေး၊ ဆီးရွှင်ဆေး၊ သွေးတိုးကျဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ လည်းပါဝင်ပါတယ်။ တကယ်လို့ ဆေးဝါး အသစ်တမျိုးမျိုးကို စတင်မှီဝဲ ပြီးတဲ့ နောက်မှာမှ လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကြုံရတယ်ဆိုရင် ဆေးကြောင့် ဖြစ်ဖို့ များတဲ့ အတွက် ဆရာဝန်နဲ့ တိုင်ပင်သင့်ပါတယ်။

(၆) အဝလွန်ခြင်း

အလွန်ဝ ခြင်းကလည်း ကိုယ်ခန္ဓာကို ကျန်းမာရေး ပြဿနာ အမျိုးမျိုးပေးနိုင်ပါတယ်။ အဲဒီအပြင် လိင်မှုဆိုင်ရာ စွမ်းဆောင် ရည်ကိုလည်း ဆိုးဆိုးဝါးဝါး ကျဆင်းစေနိုင်ပါတယ်။ အဝလွန်ခြင်းက သွေးလည်ပတ်မှုကိုထိခိုက်စေသလို အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းစေပါတယ်။ အဲဒီ အချက် ၂ချက်လုံးကလည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ကိုဖြစ်စေတဲ့ အကြောင်းတွေပါပဲ။

(၇) ဟိုမုန်းများ

အမျိုးသား ဟိုမုန်း (Testosterone) ထုတ်လုပ်မှုကိုလည်း လျော့နည်းခြင်းက လိင်စွမ်းဆောင်ရည်ကို ကျဆင်းစေတယ်ဆို တာကို အထက်မှာပြောခဲ့ပြီးပါပြီ။ နောက်ထပ်ရှိသေးတာက thyroid ဟိုမုန်းနည်းခြင်း၊ ကျောက်ကပ် အလုပ် လုပ်ပုံ မမှန်ခြင်း စတာတွေ ကြောင့် ဟိုမုန်းတွေ မညီမျှရင်လည်း လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်ပါ တယ်။ တကယ်လို့ ဟိုမုန်းကြောင့် ဖြစ်တယ် လို့ သံသယရှိတယ်ဆိုရင် ဟိုမုန်းအခြေအနေကို စစ်ဆေးကြည့် ဖို့ အရေး ကြီးပါတယ်။

အထက်မှာဖော်ပြခဲ့တာတွေ အားလုံးက လိင်အင်္ဂါ တောင့်တင်းနိုင်မှု မရှိတဲ့ ပြဿနာ ဖြစ်လာနိုင်တဲ့ အကြောင်းရင်းတွေ ဆိုပေမယ့်လို့ ဒီတိုင်းပဲထားပြီး တယောက်ထဲ ဒုက္ခခံမနေဘူးဆိုရင် ဖြေရှင်းလို့ ရနိုင်တာတွေ ဖြစ်ပါတယ်။ နားလည် ကျွမ်း ကျင်တဲ့ ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီး အကြောင်းရင်းကို အဖြေရှာမယ်ဆိုရင် လိုအပ်သလို ကုသပျောက်ကင်းနိုင်မှာ ဖြစ်ပါ တယ်။


Credit: irrawaddy


ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top