iMyanmarHouse.com - Best Property Website for Myanmar
×

လူတိုင္းနီးပါး စမတ္ဖုန္းအသံုးျပဳေနၾကတဲ့ေခတ္မွာ သင္လည္း စမတ္ဖုန္းနဲ႔ ေဖ့စ္ဘြတ္ကို မၾကာခဏၾကည့္ျဖစ္ေနတယ္ဆုိရင္ေတာ့ မ်က္လံုးေတြ ေညာင္းညာၿပီးေအာင့္တာမ်ိဳး ျဖစ္လာမွာ ေသခ်ာပါတယ္။ ကြန္ပ်ဴတာ၊ ဖုန္းနဲ႔ tablet တုိ႔လို အရာေတြကို ၾကာၾကာၾကည့္သူေတြအဖုိ႔ မ်က္လံုးေတြကို ဂ႐ုစိုက္သင့္ပါတယ္။ တစ္ေနကုန္ အလုပ္မွာ ကြန္ပ်ဴတာကိုၾကည့္ၿပီး အလုပ္လုပ္ေနရသူေတြနဲ႔ ဖုန္းကိုအခ်ိန္ၾကာၾကာ ၾကည့္ေနရသူေတြအတြက္ အလြယ္ကူဆံုး မ်က္လံုးေလ့က်င့္ခန္းေတြ ေဖာ္ျပလိုက္ပါတယ္။

၁။ လက္ဖဝါး

မ်က္လံုးေတြ အရမ္းေညာင္းညာလာၿပီဆုိရင္ မ်က္လံုးေတြမွိတ္ထားလိုက္ပါ။ လက္ဖဝါးႏွစ္ဖက္ကို အခ်င္းခ်င္းပြတ္တုိက္ၿပီး ျဖစ္ေပၚလာတဲ့ သဘာဝအေႏြးဓာတ္နဲ႔ မ်က္ခြံေတြေပၚကို တင္ေပးထားပါ။ ဖိထားဖုိ႔မလိုပါဘူး။ ခပ္ဖြဖြေလး တင္ထားေပး႐ံုပါပဲ။

၂။ အဖြင့္/အပိတ္

မ်က္ခံုးေတြက်ံဳ႕သြားတဲ့အထိ မ်က္စိကို အားပါးတရ မွိတ္လိုက္ပါ။ ၿပီးရင္လည္း မ်က္ခံုးေတြပင့္တင္ၿပီး မ်က္လံုးေတြျပဴးက်ယ္လာေအာင္ မ်က္စိကို ခပ္က်ယ္က်ယ္ဖြင့္ပါ။

၃။ တစ္ပတ္ၾကည့္

ဦးေခါင္းကို လံုးဝမေရြ႕ေစဘဲ မ်က္လံုးနဲ႔ပဲ ၃၆၀ ဒီဂရီအျပည့္ လည္ေအာင္ ဘယ္ဘက္တစ္လွည့္၊ ညာဘက္တစ္လွည့္ ၅ ႀကိမ္ ၾကည့္ေပးရမွာျဖစ္ပါတယ္။ တစ္ဖက္ၾကည့္ၿပီးတိုင္း မ်က္ေတာင္ခတ္ၿပီးမွ ေနာက္တစ္ဖက္ကိုၾကည့္ပါ။

၄။ အေဝးကိုၾကည့္

ဖုန္း/ကြန္ပ်ဴတာကေန မ်က္လံုးကိုခြာၿပီး ခပ္ေဝးေဝးကို လွမ္းၾကည့္ပါ။ အနီးကိုပဲၾကည့္ေနရတဲ့ မ်က္လံုးသူငယ္အိမ္အတြက္ အေဝးကိုၾကည့္ေပးဖုိ႔လည္း လိုပါတယ္။ အေဝးမွာေရးထားတဲ့စာေတြကို လွမ္းဖတ္ၾကည့္ပါ။ အရမ္းအားစိုက္ၿပီးဖတ္ဖုိ႔ေတာ့ မလိုပါဘူး။

၅။ မ်က္ေတာင္ခတ္ပါ

စာ သို႔မဟုတ္ ဗီဒီယိုေတြကို အာရံုစိုက္ၿပီးၾကည့္ေနတဲ့အခါ မ်က္ေတာင္ခတ္ဖုိ႔ ေမ့ေလ်ာ့ေနတတ္ၾကပါတယ္။ မ်က္ေတာင္ခတ္ဖုိ႔ မေမ့ပါနဲဲ႔။ အီလက္ထေရာနစ္မ်က္ႏွာျပင္ေတြကို ၾကည့္တဲ့အခါ မၾကာခဏ မ်က္ေတာင္ခတ္ေပးမယ္ဆုိ မ်က္လံုးေညာင္းညာတာမ်ိဳး သိပ္မျဖစ္ေတာ့ပါဘူး။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :duwun

#Unicode Version

လူတိုင်းနီးပါး စမတ်ဖုန်းအသုံးပြုနေကြတဲ့ခေတ်မှာ သင်လည်း စမတ်ဖုန်းနဲ့ ဖေ့စ်ဘွတ်ကို မကြာခဏကြည့်ဖြစ်နေတယ်ဆိုရင်တော့ မျက်လုံးတွေ ညောင်းညာပြီးအောင့်တာမျိုး ဖြစ်လာမှာ သေချာပါတယ်။ ကွန်ပျူတာ၊ ဖုန်းနဲ့ tablet တို့လို အရာတွေကို ကြာကြာကြည့်သူတွေအဖို့ မျက်လုံးတွေကို ဂရုစိုက်သင့်ပါတယ်။ တစ်နေကုန် အလုပ်မှာ ကွန်ပျူတာကိုကြည့်ပြီး အလုပ်လုပ်နေရသူတွေနဲ့ ဖုန်းကိုအချိန်ကြာကြာ ကြည့်နေရသူတွေအတွက် အလွယ်ကူဆုံး မျက်လုံးလေ့ကျင့်ခန်းတွေ ဖော်ပြလိုက်ပါတယ်။

၁။ လက်ဖဝါး

မျက်လုံးတွေ အရမ်းညောင်းညာလာပြီဆိုရင် မျက်လုံးတွေမှိတ်ထားလိုက်ပါ။ လက်ဖဝါးနှစ်ဖက်ကို အချင်းချင်းပွတ်တိုက်ပြီး ဖြစ်ပေါ်လာတဲ့ သဘာဝအနွေးဓာတ်နဲ့ မျက်ခွံတွေပေါ်ကို တင်ပေးထားပါ။ ဖိထားဖို့မလိုပါဘူး။ ခပ်ဖွဖွလေး တင်ထားပေးရုံပါပဲ။

၂။ အဖွင့်/အပိတ်

မျက်ခုံးတွေကျုံ့သွားတဲ့အထိ မျက်စိကို အားပါးတရ မှိတ်လိုက်ပါ။ ပြီးရင်လည်း မျက်ခုံးတွေပင့်တင်ပြီး မျက်လုံးတွေပြူးကျယ်လာအောင် မျက်စိကို ခပ်ကျယ်ကျယ်ဖွင့်ပါ။

၃။ တစ်ပတ်ကြည့်

ဦးခေါင်းကို လုံးဝမရွေ့စေဘဲ မျက်လုံးနဲ့ပဲ ၃၆၀ ဒီဂရီအပြည့် လည်အောင် ဘယ်ဘက်တစ်လှည့်၊ ညာဘက်တစ်လှည့် ၅ ကြိမ် ကြည့်ပေးရမှာဖြစ်ပါတယ်။ တစ်ဖက်ကြည့်ပြီးတိုင်း မျက်တောင်ခတ်ပြီးမှ နောက်တစ်ဖက်ကိုကြည့်ပါ။

၄။ အဝေးကိုကြည့်

ဖုန်း/ကွန်ပျူတာကနေ မျက်လုံးကိုခွာပြီး ခပ်ဝေးဝေးကို လှမ်းကြည့်ပါ။ အနီးကိုပဲကြည့်နေရတဲ့ မျက်လုံးသူငယ်အိမ်အတွက် အဝေးကိုကြည့်ပေးဖို့လည်း လိုပါတယ်။ အဝေးမှာရေးထားတဲ့စာတွေကို လှမ်းဖတ်ကြည့်ပါ။ အရမ်းအားစိုက်ပြီးဖတ်ဖို့တော့ မလိုပါဘူး။

၅။ မျက်တောင်ခတ်ပါ

စာ သို့မဟုတ် ဗီဒီယိုတွေကို အာရုံစိုက်ပြီးကြည့်နေတဲ့အခါ မျက်တောင်ခတ်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ မျက်တောင်ခတ်ဖို့ မမေ့ပါနဲ့။ အီလက်ထရောနစ်မျက်နှာပြင်တွေကို ကြည့်တဲ့အခါ မကြာခဏ မျက်တောင်ခတ်ပေးမယ်ဆို မျက်လုံးညောင်းညာတာမျိုး သိပ်မဖြစ်တော့ပါဘူး။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :duwun
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top