iMyanmarHouse.com - Best Property Website for Myanmar
×
မကြာခဏ ချစ်တင်းနှောခြင်းက ဦးနှောက်မှတ်ဥာဏ်လုပ်ဆောင်ချက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဒီဆက်နွယ်မှုက ချစ်တင်းနှောတာ ကိုယ်ကာယလေ့ကျင့်ခန်းပုံစံတစ်ခု သို့မဟုတ် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုစတဲ့ မှတ်ဥာဏ်ကို အကျိုးပြုစေတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေတွေကို လျှော့နည်းစေတဲ့ အချက်ကြောင့် ဖြစ်နိုင်ပါတယ်။
ချစ်တင်းနှောခြင်းက မှတ်ဥာဏ်အပေါ် အကျိုးသက်ရောက်မှု ရှိမရှိ အတိအကျဖော်ထုတ်ဖို့ သုတေသနတွေထပ်မံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဦးနှောက်အချက်ပေးမှုမှာ ပါဝင်တဲ့ ဇီဝဓာတ်ပစ္စည်းတွေကို မှတ်ဥာဏ်နဲ့ လိင်ကိစ္စဆောင်ရွက်မှုနှစ်ခုစလုံးနဲ့ ပတ်သက်ဆက်နွယ်ကြောင်း ဖော်ပြထားတယ်လို့ ယင်းလေ့လာမှုမှာ ပါဝင်သူ McGill တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခ Jens Preessner က ပြောဆိုခဲ့ပါတယ်။
Credit : Trend Myanmar
ပို့သပေးပါတယ်။
Unicode Version
လိင်ကိစ္စ မကြာခဏ လုပ်ဆောင်တဲ့ အမျိုးသမီးတွေ ဦးနှောက်မှတ်ဉာဏ် ပိုမိုကောင်းမွန်ကြကြောင်း လေ့လာမှုအသစ်တစ်ရပ်အရ သိရပါတယ်။ အမျိုးသားနဲ့အမျိုးသမီးလိင်ဆက်ဆံမှု (PVI) ဟာ အမျိုးသမီးတစ်ဦးရဲ့ ဦးနှောက်ကို ဘယ်လိုအကျိုးသက်ရောက်စေကြောင်း၊ လေ့လာမှုတွေမှာ စကားလုံး ဝေါဟာရတွေ မှတ်မိစေနိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ ကနေဒါနိုင်ငံ McGill တက္ကသိုလ်က သုတေသနအဖွဲ့တစ်ခုက ချစ်တင်းနှောမှုနဲ့ စိတ်ခံစားချက်၊ ဦးနှောက်မှတ်ဉာဏ်နဲ့ အာရုံကြောဖွဲ့စည်းမှုတွေ ထိန်းချုပ်ပေးရာ ဦးနှောက်အစိတ်အပိုင်းဖြစ်တဲ့ hippocampus  ရှိ အာရုံကြောတစ်သျှူး ဖွံ့ဖြိုးမှုနှစ်ခုကြား ဆက်စပ်မှုကို တွေ့ရှိကြပါတယ်။
ဒီလိုတွေ့ရှိချက်တွေ ရရှိဖို့ အသက် ၃၀ အောက် ဆန့်ကျင်ဘက်လိင်စိတ်ဝင်စားသူအမျိုးသမီး ၇၈ ယောက်ကို ဦးနှောက်မှတ်ဉာဏ်စမ်းသပ်မှုလုပ်ဆောင်ဖို့ မေးမြန်းခဲ့ကြပါတယ်။ ချစ်တင်းနှောမှု မကြာခဏလုပ်တဲ့ အမျိုးသမီးတွေ စကားလုံး၊ ဝေါဟာရတွေကို ပိုမှတ်မိနိုင်ကြပါတယ်။ ဒါပေမယ့် မျက်နှာအသွင်အပြင် မှတ်မိခြင်းအတွက်တော့ အကျိုးသက်မှုမရှိခဲ့ပါဘူး။
မကြာခဏ ချစ်တင်းနှောခြင်းက ဦးနှောက်မှတ်ဉာဏ်လုပ်ဆောင်ချက်နဲ့ အာရုံကြောဖွံ့ဖြိုးမှုနဲ့ ဆက်စပ်နေကြောင်း လေ့လာတွေ့ရှိချက်တွေက ဖော်ပြထားပါတယ်။ ဒီဆက်နွယ်မှုက ချစ်တင်းနှောတာ ကိုယ်ကာယလေ့ကျင့်ခန်းပုံစံတစ်ခု သို့မဟုတ် စိတ်ကျရောဂါနဲ့ စိတ်ဖိစီးမှုစတဲ့ မှတ်ဉာဏ်ကို အကျိုးပြုစေတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါအခြေအနေတွေကို လျှော့နည်းစေတဲ့ အချက်ကြောင့် ဖြစ်နိုင်ပါတယ်။
ချစ်တင်းနှောခြင်းက မှတ်ဉာဏ်အပေါ် အကျိုးသက်ရောက်မှု ရှိမရှိ အတိအကျဖော်ထုတ်ဖို့ သုတေသနတွေထပ်မံလုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဦးနှောက်အချက်ပေးမှုမှာ ပါဝင်တဲ့ ဇီဝဓာတ်ပစ္စည်းတွေကို မှတ်ဉာဏ်နဲ့ လိင်ကိစ္စဆောင်ရွက်မှုနှစ်ခုစလုံးနဲ့ ပတ်သက်ဆက်နွယ်ကြောင်း ဖော်ပြထားတယ်လို့ ယင်းလေ့လာမှုမှာ ပါဝင်သူ McGill တက္ကသိုလ်ရဲ့ စိတ်ပညာပါမောက္ခ Jens Preessner က ပြောဆိုခဲ့ပါတယ်။
Credit : Trend Myanmar
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top