iMyanmarHouse.com - Best Property Website for Myanmar
×

ေလလည္တယ္ဆုိတာ က်န္းမာေရးအျမင္နဲ႔ ၾကည့္ရင္ ဝမ္းမွန္တယ္ဆုိတဲ့ သေဘာပါပဲ။ ဒါေပမဲ့ အနံ႔ကဆိုးေတာ့ တျခားလူေတြမွာ မခံသာျဖစ္ၾကရပါတယ္။ ခ်စ္သူရည္းစားအခ်င္းခ်င္း တစ္ေယာက္ေရွ႕မွာ တစ္ေယာက္ အျပန္အလွန္ ေလလည္တာကို ဘာမွထူးထူးျခားျခား မခံစားရဘူးဆိုရင္ေတာ့ အဲ့ဒီစံုတြဲေတြဟာ အေတာ္ကိုရင္းႏွီးခ်စ္ခင္ေနၾကၿပီလို႔ အဓိပၸာယ္သက္ေရာက္ေနတာပါပဲ။

၁။ နားလည္ေပးတတ္သူ

သင္က သူ႔အေပၚမွာ ယံုၾကည္အားကိုးၿပီး ပြင့္လင္းတဲ့သေဘာ သက္ေရာက္သြားပါတယ္။ သူ႔ဘက္က ေလလည္တာကိုလည္း ကိုယ္က က်န္းမာေရးအရ နားလည္လက္ခံေပးႏိုင္ၿပီဆုိရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အျပန္အလွန္နားလည္ခြင့္လႊတ္တတ္တဲ့ အခ်စ္ေရး ျဖစ္လာမွာ ေသခ်ာပါတယ္။

၂။ ပိုၿပီးၿမဲၿမံခိုင္မာတဲ့အခ်စ္ေရး

ကိုယ္ပဲျဖစ္ျဖစ္ သူပဲျဖစ္ျဖစ္ ေလလည္မိလို႔ ႏွစ္ေယာက္လံုးမွာ မ်က္ႏွာပ်က္ရေလာက္ေအာင္ မျဖစ္ဘူးဆိုရင္ေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ အတူတူေရွ႕ဆက္ဖုိ႔ ပိုၿပီးရာခိုင္ႏႈန္း မ်ားသြားပါၿပီ။ ဘာေၾကာင့္လဲဆုိေတာ့ ဒါက လူတုိင္းျဖစ္တတ္တဲ့သဘာဝပဲဆုိတာ သူေရာကိုယ္ပါ နားလည္ေပးႏိုင္ၾကတယ္ေလ။ တျခားအမွားေတြရွိလာရင္လည္း နားလည္ေပးႏိုင္ၾကမွာပါ။

၃။ ခ်စ္စရာေကာင္း

ဒါကို ဟာသလိုမ်ိဳး သေဘာထားေပးတတ္တဲ့ခ်စ္သူဆုိရင္ေတာ့ လက္မလႊတ္သင့္ေတာ့ပါဘူး။ အျခားလူေတြကေတာ့ သင့္ေလလည္သံကို ႏွာေခါင္းရႈံ႕ေလွာင္ေျပာင္ၾကေပမဲ့ သူကေတာ့ ႏွစ္ေယာက္လံုးတဲ့ဆုိင္တဲ့အရာလိုမ်ိဳး ဟာသေႏွာေပးရင္ တကယ္ခ်စ္စရာေကာင္းတယ္မဟုတ္လား။

၄။ မလိမ္ညာတတ္သူ

ေနာက္တစ္နည္းေျပာရရင္ ခ်စ္သူေရွ႕မွာ ပြင့္ပြင့္လင္းလင္း ေလလည္တာဟာ ယံုၾကည္မႈကို ျပသရာလည္းေရာက္ပါတယ္။ ခ်စ္သူဘဝမွာတည္းက ေကာင္းကြက္ဆုိးကြက္မွန္သမွ် ဖြင့္ခ်ျပသူလို႔လည္း ေျပာႏိုင္တာေပါ့။

၅။ ပိုမိုခ်စ္လာတဲ့သေဘာသက္ေရာက္

အစပိုင္းမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ကြယ္ဝွက္မႈေတြ ရွက္ရြံ႕မႈေတြ ရွိစၿမဲပါ။ ဒါေပမဲ့ ခ်စ္သူသက္တမ္းၾကာလာတာ ဒါမွမဟုတ္ သူနဲ႔ကိုယ့္ၾကား အခ်စ္ေတြ ပိုတိုးပြားလာရင္ေတာ့ ေလလည္တယ္ဆုိတာ ပမႊားကိစၥေလးတစ္ခုသာ ျဖစ္သြားပါတယ္။ ေလလည္ခ်ိန္မွာ ရယ္ေမာလိုက္ၾကၿပီး ခဏေနေမ့သြားၾကတဲ့အဆင့္ဆုိရင္ေတာ့ ခ်စ္သူႏွစ္ဦးၾကားမွာ ခ်စ္ႀကိဳးခိုင္မာလာတယ္ဆိုတာ ေပၚလြင္ေနပါတယ္။

Credit : Duwun

ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

လေလည်တယ်ဆိုတာ ကျန်းမာရေးအမြင်နဲ့ ကြည့်ရင် ဝမ်းမှန်တယ်ဆိုတဲ့ သဘောပါပဲ။ ဒါပေမဲ့ အနံ့ကဆိုးတော့ တခြားလူတွေမှာ မခံသာဖြစ်ကြရပါတယ်။ ချစ်သူရည်းစားအချင်းချင်း တစ်ယောက်ရှေ့မှာ တစ်ယောက် အပြန်အလှန် လေလည်တာကို ဘာမှထူးထူးခြားခြား မခံစားရဘူးဆိုရင်တော့ အဲ့ဒီစုံတွဲတွေဟာ အတော်ကိုရင်းနှီးချစ်ခင်နေကြပြီလို့ အဓိပ္ပာယ်သက်ရောက်နေတာပါပဲ။

၁။ နားလည်ပေးတတ်သူ

သင်က သူ့အပေါ်မှာ ယုံကြည်အားကိုးပြီး ပွင့်လင်းတဲ့သဘော သက်ရောက်သွားပါတယ်။ သူ့ဘက်က လေလည်တာကိုလည်း ကိုယ်က ကျန်းမာရေးအရ နားလည်လက်ခံပေးနိုင်ပြီဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်ခွင့်လွှတ်တတ်တဲ့ အချစ်ရေး ဖြစ်လာမှာ သေချာပါတယ်။

၂။ ပိုပြီးမြဲမြံခိုင်မာတဲ့အချစ်ရေး

ကိုယ်ပဲဖြစ်ဖြစ် သူပဲဖြစ်ဖြစ် လေလည်မိလို့ နှစ်ယောက်လုံးမှာ မျက်နှာပျက်ရလောက်အောင် မဖြစ်ဘူးဆိုရင်တော့ တစ်ယောက်နဲ့တစ်ယောက် အတူတူရှေ့ဆက်ဖို့ ပိုပြီးရာခိုင်နှုန်း များသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ ဒါက လူတိုင်းဖြစ်တတ်တဲ့သဘာဝပဲဆိုတာ သူရောကိုယ်ပါ နားလည်ပေးနိုင်ကြတယ်လေ။ တခြားအမှားတွေရှိလာရင်လည်း နားလည်ပေးနိုင်ကြမှာပါ။

၃။ ချစ်စရာကောင်း

ဒါကို ဟာသလိုမျိုး သဘောထားပေးတတ်တဲ့ချစ်သူဆိုရင်တော့ လက်မလွှတ်သင့်တော့ပါဘူး။ အခြားလူတွေကတော့ သင့်လေလည်သံကို နှာခေါင်းရှုံ့လှောင်ပြောင်ကြပေမဲ့ သူကတော့ နှစ်ယောက်လုံးတဲ့ဆိုင်တဲ့အရာလိုမျိုး ဟာသနှောပေးရင် တကယ်ချစ်စရာကောင်းတယ်မဟုတ်လား။

၄။ မလိမ်ညာတတ်သူ

နောက်တစ်နည်းပြောရရင် ချစ်သူရှေ့မှာ ပွင့်ပွင့်လင်းလင်း လေလည်တာဟာ ယုံကြည်မှုကို ပြသရာလည်းရောက်ပါတယ်။ ချစ်သူဘဝမှာတည်းက ကောင်းကွက်ဆိုးကွက်မှန်သမျှ ဖွင့်ချပြသူလို့လည်း ပြောနိုင်တာပေါ့။

၅။ ပိုမိုချစ်လာတဲ့သဘောသက်ရောက်

အစပိုင်းမှာတော့ တစ်ယောက်နဲ့တစ်ယောက်ကြား ကွယ်ဝှက်မှုတွေ ရှက်ရွံ့မှုတွေ ရှိစမြဲပါ။ ဒါပေမဲ့ ချစ်သူသက်တမ်းကြာလာတာ ဒါမှမဟုတ် သူနဲ့ကိုယ့်ကြား အချစ်တွေ ပိုတိုးပွားလာရင်တော့ လေလည်တယ်ဆိုတာ ပမွှားကိစ္စလေးတစ်ခုသာ ဖြစ်သွားပါတယ်။ လေလည်ချိန်မှာ ရယ်မောလိုက်ကြပြီး ခဏနေမေ့သွားကြတဲ့အဆင့်ဆိုရင်တော့ ချစ်သူနှစ်ဦးကြားမှာ ချစ်ကြိုးခိုင်မာလာတယ်ဆိုတာ ပေါ်လွင်နေပါတယ်။

Credit : Duwun



ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...




 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top