iMyanmarHouse.com - Best Property Website for Myanmar
×

အခ်စ္လို႔ေခါင္းစဥ္တပ္လိုက္တာနဲ႔ ေယာက်ာ္းမိန္းမဆက္ဆံေရးကိုသာ ေျပးျမင္တဲ့ လူသားမ်ားအဖို႔ သမိုင္းေၾကာင္းတစ္ေလွ်ာက္ မိန္မသားအခ်င္းခ်င္း ေယာက်ာ္းသားအခ်င္း ခ်စ္ႀကိဳက္မႈအေပၚ
သဘာဝတရားနဲ႔ ဆန္႔က်င္ေနတယ္ဆိုၿပီး ဟိုမိုဆက္ဆံေရး(လိင္တူဆက္ဆံေရး)ကို
 ျပင္းျပင္းထန္ထန္ ျပစ္တင္ကန္႔ကြက္ခဲ့ၾကပါတယ္..။

လိင္တူဆက္ဆံေရးမွာေတာင္ ေယာက်ာ္းအခ်င္းခ်င္းထက္ မိန္းမအခ်င္းခ်င္း ခ်စ္ႀကိဳက္မႈကို ပိုၿပီး ရွံဳ႕ခ်ခဲ့ပါတယ္။ သို႔ေသာ္ျငားလည္း ယခုလက္ရွိ ကမာၻေပၚမွာ လူ႔အခြင့္အေရးေပၚအေျခခံၿပီး လိင္တူဆက္ဆံေရးကိုအထိုက္အေလ်ာက္လက္ခံလာၾကပါတယ္။နယ္သာလန္၊ျပင္သစ္၊ အိုင္ယာလန္၊ကေနဒါ ၊စပိန္ စတဲ့ ႏိုင္ငံေပါင္း (၂၁)ႏိုင္ငံဟာ အတိအလင္း လိင္တူဆက္ဆံေရးကို တရားဝင္လက္ခံထားပါတယ္။စိတ္ပညာရွင္မ်ားရဲ႕ ေလ့လာခ်က္မ်ားအရ ဘာေၾကာင့္ မိန္းမသားအခ်င္းခ်င္း ခ်စ္ႀကိဳက္ရတယ္ဆိုတဲ့ အခ်က္ေတြကေတာ့………..
14572151_1147515825317346_4836030364372252649_n
(၁)ေမြးရာပါ

သာမန္အမ်ိဳးသမီးေတြထက္ အက္စ္ထ႐ိုဂ်င္(estrogen)လို႔ေခၚတဲ့ မေဟာ္မုန္းနည္းပါးမႈေၾကာင့္
 ျဖစ္တတ္ပါတယ္။ ဒီေဟာ္မုန္းခ်ိဳ႕ယြင္းမႈေၾကာင့္အရြယ္ေရာက္လာတဲ့အခါမိန္းကေလးအခ်င္းခ်င္းကိုသာ
 စိတ္ဝင္စားတတ္ပါတယ္။
14690870_1147515835317345_6985557228377546595_n
(၂)မိသားစုျပႆနာ

ငယ္စဥ္ကတည္းကမ်က္စိေရွ႕မွာမိဘေတြရန္ျဖစ္တာကို ျမင္ရပါမ်ားလာၿပီးစိတ္ဒဏ္ရာနက္ရွိဳင္းလာသည့္
အခါမ်ိဳး အထူးသျဖင့္ မိခင္ေမတၱာ ငတ္မြတ္ရင္ မိန္းမသားအခ်င္းခ်င္း ခ်စ္ႀကိဳက္ဖို႔ရာခိုင္ႏႈန္းမ်ားပါတယ္။
fighting-couple
(၃)ပုရိသတို႔ႏွင့္အခ်စ္ေရးျပႆနာ ရႈပ္ေထြးလာ

ဆန္႔က်င္ဘက္လိင္ျဖစ္တဲ့ ပုရိသတို႔နဲ႔ စိတ္ပ်က္စရာဆက္ဆံေရးႏွင့္ ၾကံဳေတြ႕ရသည့္အခါ ပုရိသတို႔ကို စိတ္ကုန္သြားတတ္ပါတယ္။ ဒါေၾကာင့္ အခ်စ္ေရးမွာ ပုရိသတို႔အစား ကိုယ့္မိန္းကေလးအခ်င္းခ်င္းကို အစားထိုးလာတတ္ၾကပါတယ္။
14702226_1147515885317340_2713245350031788497_n
၄)ပုရိသတို႔ထက္နားလည္မႈပိုေပးႏိုင္

ေႁမြေႁမြခ်င္း ေျချမင္တယ္ပဲေျပာရမလား….ဣတၱၳိယတို႔စိတ္ကို ဣတၳိယတို႔သာလွ်င္ အတြင္းက်က်နားလည္ႏိုင္ပါတယ္။ ခ်စ္သူရည္းစားဆက္ဆံေရးမွာအဓိကက်တဲ့နားလည္ေပးမႈဆိုတာကို
 မိန္းကေလးအခ်င္းခ်င္းသာေပးစြမ္းႏိုင္တယ္လို႔ သတ္မွတ္ၿပီး မိန္းကေလးအခ်င္းခ်င္းသာ ခ်စ္သူအျဖစ္ေရြးခ်ယ္သူမ်ားလည္းရွိပါတယ္။
14671295_1147515888650673_4951910739819148448_n
(၅)ပတ္ဝန္းက်င္တြင္ ေယာက်ာ္းေလးနည္းလြန္းရင္

ဒါကေတာ့ မိန္းကေလးေက်ာင္းေတြမွာ အျဖစ္မ်ားတတ္ပါတယ္။ စိတ္လႈပ္ရွားလြယ္ အရာရာကို စမ္းသပ္ၾကည့္ခ်င္တဲ့အခ်ိန္မ်ိဳးမွာ အထူးသျဖင့္ ဆယ္ေက်ာ္သက္အရြယ္မ်ိဳးမွာ ပတ္ဝန္းက်င္မွာရွိတဲ့ မိန္းကေလးအခ်င္းခ်င္းပဲ ခ်စ္သူရည္းစားဆက္ဆံေရးကို ဖန္တီးတတ္ၾကပါတယ္။
14732298_1147515938650668_284854623060832750_n

(၆) ကိုယ္ဝန္ရႏိုင္ေျခမရွိ

အေနာက္တိုင္းစိတ္ပညာရွင္ေတြရဲ႕လိင္တူဆက္ဆံတဲ့မိန္းမသားမ်ားကို ေမးျမန္းစံုစမ္းတဲ့အခါ….”
လူဆိုတာ အခ်စ္ခံရတာကို ႏွစ္သက္သေဘာက်ပါတယ္။ ကိုယ့္ကိုခ်စ္တဲ့သူဟာ…ေယာက်ာ္းျဖစ္ျဖစ္ မိန္းမျဖစ္ျဖစ္ပါ။ ေနာက္ၿပီး ဘဝတက္လမ္းကို လွမ္းေနတဲ့အခါ ကိုယ္မေမွ်ာ္လင့္ထားတဲ့အခ်ိန္ ႐ုတ္တရက္ ကိုယ္ဝန္ရတာမ်ိဳးကို မလိုလားပါဘူး.။ ” လို႔ ေျဖသူမ်ားကိုလည္း ေတြ႕ရွိရပါတယ္။

အေၾကာင္းရင္း မည္သို႔ပင္ရွိေစ….စိတ္ပညာရွင္ေတြရဲ႕ သတ္မွတ္ခ်က္အရေတာ့ မိန္းမသားအခ်င္းခ်င္း အခ်စ္ေရးဟာ အရမ္းကို ႏူးညံ့သိမ္ေမြ႕ၿပီး နက္႐ွိဳင္းတဲ့အတြက္ လမ္းခြဲတဲ့အခါမ်ိဳးမွာ အရမ္းနာက်င္
ခံစားရတယ္လို႔ ဆိုထားပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:For Her Myanmar

#Unicode Version
အချစ်လို့ခေါင်းစဉ်တပ်လိုက်တာနဲ့ ယောကျာ်းမိန်းမဆက်ဆံရေးကိုသာ ပြေးမြင်တဲ့ လူသားများအဖို့ သမိုင်းကြောင်းတစ်လျှောက် မိန်မသားအချင်းချင်း ယောကျာ်းသားအချင်း ချစ်ကြိုက်မှုအပေါ်
သဘာဝတရားနဲ့ ဆန့်ကျင်နေတယ်ဆိုပြီး ဟိုမိုဆက်ဆံရေး(လိင်တူဆက်ဆံရေး)ကို
 ပြင်းပြင်းထန်ထန် ပြစ်တင်ကန့်ကွက်ခဲ့ကြပါတယ်..။

လိင်တူဆက်ဆံရေးမှာတောင် ယောကျာ်းအချင်းချင်းထက် မိန်းမအချင်းချင်း ချစ်ကြိုက်မှုကို ပိုပြီး ရှုံ့ချခဲ့ပါတယ်။ သို့သော်ငြားလည်း ယခုလက်ရှိ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေးပေါ်အခြေခံပြီး လိင်တူဆက်ဆံရေးကိုအထိုက်အလျောက်လက်ခံလာကြပါတယ်။နယ်သာလန်၊ပြင်သစ်၊ အိုင်ယာလန်၊ကနေဒါ ၊စပိန် စတဲ့ နိုင်ငံပေါင်း (၂၁)နိုင်ငံဟာ အတိအလင်း လိင်တူဆက်ဆံရေးကို တရားဝင်လက်ခံထားပါတယ်။စိတ်ပညာရှင်များရဲ့ လေ့လာချက်များအရ ဘာကြောင့် မိန်းမသားအချင်းချင်း ချစ်ကြိုက်ရတယ်ဆိုတဲ့ အချက်တွေကတော့………..

(၁)မွေးရာပါ

သာမန်အမျိုးသမီးတွေထက် အက်စ်ထရိုဂျင်(estrogen)လို့ခေါ်တဲ့ မဟော်မုန်းနည်းပါးမှုကြောင့်
 ဖြစ်တတ်ပါတယ်။ ဒီဟော်မုန်းချို့ယွင်းမှုကြောင့်အရွယ်ရောက်လာတဲ့အခါမိန်းကလေးအချင်းချင်းကိုသာ
 စိတ်ဝင်စားတတ်ပါတယ်။

(၂)မိသားစုပြဿနာ

ငယ်စဉ်ကတည်းကမျက်စိရှေ့မှာမိဘတွေရန်ဖြစ်တာကို မြင်ရပါများလာပြီးစိတ်ဒဏ်ရာနက်ရှိုင်းလာသည့်
အခါမျိုး အထူးသဖြင့် မိခင်မေတ္တာ ငတ်မွတ်ရင် မိန်းမသားအချင်းချင်း ချစ်ကြိုက်ဖို့ရာခိုင်နှုန်းများပါတယ်။

(၃)ပုရိသတို့နှင့်အချစ်ရေးပြဿနာ ရှုပ်ထွေးလာ

ဆန့်ကျင်ဘက်လိင်ဖြစ်တဲ့ ပုရိသတို့နဲ့ စိတ်ပျက်စရာဆက်ဆံရေးနှင့် ကြုံတွေ့ရသည့်အခါ ပုရိသတို့ကို စိတ်ကုန်သွားတတ်ပါတယ်။ ဒါကြောင့် အချစ်ရေးမှာ ပုရိသတို့အစား ကိုယ့်မိန်းကလေးအချင်းချင်းကို အစားထိုးလာတတ်ကြပါတယ်။

၄)ပုရိသတို့ထက်နားလည်မှုပိုပေးနိုင်

မြွေမြွေချင်း ခြေမြင်တယ်ပဲပြောရမလား….ဣတ္တ္ထိယတို့စိတ်ကို ဣတ္ထိယတို့သာလျှင် အတွင်းကျကျနားလည်နိုင်ပါတယ်။ ချစ်သူရည်းစားဆက်ဆံရေးမှာအဓိကကျတဲ့နားလည်ပေးမှုဆိုတာကို
 မိန်းကလေးအချင်းချင်းသာပေးစွမ်းနိုင်တယ်လို့ သတ်မှတ်ပြီး မိန်းကလေးအချင်းချင်းသာ ချစ်သူအဖြစ်ရွေးချယ်သူများလည်းရှိပါတယ်။

(၅)ပတ်ဝန်းကျင်တွင် ယောကျာ်းလေးနည်းလွန်းရင်

ဒါကတော့ မိန်းကလေးကျောင်းတွေမှာ အဖြစ်များတတ်ပါတယ်။ စိတ်လှုပ်ရှားလွယ် အရာရာကို စမ်းသပ်ကြည့်ချင်တဲ့အချိန်မျိုးမှာ အထူးသဖြင့် ဆယ်ကျော်သက်အရွယ်မျိုးမှာ ပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးအချင်းချင်းပဲ ချစ်သူရည်းစားဆက်ဆံရေးကို ဖန်တီးတတ်ကြပါတယ်။


(၆) ကိုယ်ဝန်ရနိုင်ခြေမရှိ

အနောက်တိုင်းစိတ်ပညာရှင်တွေရဲ့လိင်တူဆက်ဆံတဲ့မိန်းမသားများကို မေးမြန်းစုံစမ်းတဲ့အခါ….”
လူဆိုတာ အချစ်ခံရတာကို နှစ်သက်သဘောကျပါတယ်။ ကိုယ့်ကိုချစ်တဲ့သူဟာ…ယောကျာ်းဖြစ်ဖြစ် မိန်းမဖြစ်ဖြစ်ပါ။ နောက်ပြီး ဘဝတက်လမ်းကို လှမ်းနေတဲ့အခါ ကိုယ်မမျှော်လင့်ထားတဲ့အချိန် ရုတ်တရက် ကိုယ်ဝန်ရတာမျိုးကို မလိုလားပါဘူး.။ ” လို့ ဖြေသူများကိုလည်း တွေ့ရှိရပါတယ်။

အကြောင်းရင်း မည်သို့ပင်ရှိစေ….စိတ်ပညာရှင်တွေရဲ့ သတ်မှတ်ချက်အရတော့ မိန်းမသားအချင်းချင်း အချစ်ရေးဟာ အရမ်းကို နူးညံ့သိမ်မွေ့ပြီး နက်ရှိုင်းတဲ့အတွက် လမ်းခွဲတဲ့အခါမျိုးမှာ အရမ်းနာကျင်
ခံစားရတယ်လို့ ဆိုထားပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:For Her Myanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top