iMyanmarHouse.com - Best Property Website for Myanmar
×

ကုိယ္အေလးခ်ိန္ က်ဆင္းဖုိ႔ နည္းမ်ဳိးစုံနဲ႔ ႀကိဳးစားၾကည့္ၾကတုိင္း ေအာင္ျမင္တာ မဟုတ္ပါဘူး။  မေအာင္ျမင္ႏႈန္းဟာ ၉၅ ရာခုိင္ႏႈန္းခန္႔ ရွိတယ္လုိ႔ ဆုိပါတယ္။ ေလ့လာမႈေတြအရ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်တာ ေအာင္ျမင္သြားသူေတြ အနက္ အမ်ားစုဟာလည္း ကုိယ္အေလးခ်ိန္ ျပန္တက္လာၾကတယ္လုိ႔ သိရပါတယ္။  ဒါေၾကာင့္ ကုိယ္အေလးခ်ိန္ကုိ အနည္းဆုံး ေပါင္ ၂၀ ခန္႔ ေလွ်ာ့ခ်ႏုိင္ၿပီး အဲဒီ က်ဆင္းတဲ့ အေလးခ်ိန္အတုိင္း အနည္းဆုံး သုံးႏွစ္ခန္႔ ေနထုိင္ႏုိင္သူ ၁၆၀ ေယာက္ရဲ႕ ေအာင္ျမင္တဲ့ ကုိယ္အေလးခ်ိန္ ထိန္းနည္း ၁၀ ခုကုိ ေဖာ္ျပေပးလုိက္ပါတယ္။

၁။ သူတုိ႔ကုိယ္ သူတုိ႔ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်ႏုိင္တယ္လုိ႔ ယုံၾကည္ၾကပါတယ္ 

လူအမ်ားစုဟာ သူတုိ႔ ကုိယ္အေလးခ်ိန္ကုိ လိုခ်င္တာ ေရာက္ေအာင္ မေလွ်ာ့ခ်ႏုိင္ခင္မွာပဲ ကုိယ္အေလးခ်ိန္ ေလ်ာ့လုိက္၊ ျပန္တက္လုိက္ ျဖစ္တာဟာ ငါးႀကိမ္ထက္မနည္း ျဖစ္တတ္ပါတယ္။ ကုိယ္အေလးခ်ိန္က်တာ ေအာင္ျမင္သူေတြက ဒါကုိသူတုိ႔ အ႐ႈံးမေပးတတ္ၾကပါဘူး။ သူတုိ႔ဟာ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်ေနစဥ္အတြင္း ေမာပန္းၿပီး အားနည္းသြားတတ္ၾကေပမယ့္ ကုိယ္အေလးခ်ိန္ေလွ်ာ့ခ်တဲ့ အစီအစဥ္ကုိ မဖ်က္ဘဲ ပုိၿပီးအားစုိက္ကာ ျပဳလုပ္တတ္ပါတယ္။

၂။  သူတုိ႔အတြက္သာ သူတုိ႔ရဲ႕ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်တတ္ပါတယ္ 

သူတုိ႔ဟာ သူတုိ႔အတြက္သာ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်တာျဖစ္ၿပီး တျခားသူေတြအတြက္ အေလးခ်ိန္ေလွ်ာ့တာ မဟုတ္ပါဘူး။ ဥပမာ- အေမက "သမီးရဲ႕ အေလးခ်ိန္ မေလွ်ာ့ရင္ သမီး လွပၿပီး ၾကည့္ေကာင္းမွာ မဟုတ္ဘူး" လု႔ိ ေျပာရင္ေတာင္ ကုိယ္အေလးခ်ိန္ မေလွ်ာ့ႏုိင္ၾကပါဘူး။ ကုိယ္ခ်စ္ႀကိဳက္ေနသူနဲ႔ ေတြ႕မွ၊ ကုိယ္ကုိယ္တုိင္ လွခ်င္လာမွ၊ ကုိယ္အေလးခ်ိန္ေလွ်ာ့မွ အေလးခ်ိန္ ေလ်ာ့သြားေလ့ ရွိတတ္ၾကပါတယ္။

၃။  ကုိယ္နဲ႔ သင့္ေတာ္တဲ့ ကိုယ္အေလးခ်ိန္ က်ဆင္းမယ့္ နည္းကုိ ေတြ႕ရွိတတ္ပါတယ္ 

မ်ားေသာအားျဖင့္ ကုိယ့္အစီအစဥ္နဲ႔ကုိယ္ လုပ္မွ ကုိယ္အေလးခ်ိန္ က်တတ္ပါတယ္။ တခ်ဳိ႕ကေတာ့ အာဟာရ ပညာရွင္နဲ႔ တုိင္ပင္ၾကသလုိ တခ်ဳိ႕ကလည္း Slimming Centre ကုိ သြားေလ့ ရွိၾကပါတယ္။ ကုိယ္အေလးခ်ိန္ က်ဆင္းသူေတြဟာ သူတုိ႔ အတြက္ အမွန္တကယ္ အသုံးဝင္မယ့္ နည္းလမ္းကုိ သိရွိၾကၿပီး အစာကုိ ေလွ်ာ့မစားဘဲ မိမိလုိခ်င္တဲ့ ကုိယ္အေလးခ်ိန္ကုိ မေရာက္ႏုိင္မွန္းလည္း သိၾကပါတယ္။

၄။  အစာစားတဲ့ပုံစံ နည္းလမ္း အသစ္ကုိ ေျပာင္းလဲခ်င္စိတ္ ရွိပါတယ္ 

အစားေရွာင္ၿပီး ကုိယ္အေလးခ်ိန္ က်ဆင္းေအာင္ လုပ္သူေတြဟာ သူတုိ႔ရဲ႕ ကုိယ္အေလးခ်ိန္ က်သြားရင္ အရင္ စားေနက် ပုံစံအတုိင္း ျပန္လည္ စားေသာက္တတ္တဲ့ အတြက္ ကုိယ္အေလးခ်ိန္ ျပန္တက္လာေလ့ ရွိပါတယ္။ ကုိယ္အေလးခ်ိန္ကုိ ထိန္းလုိရင္ တစ္ဘဝလုံး အတြက္ အဆီပါဝင္မႈ နည္းတဲ့ အစာ စားရပါမယ္။ သစ္သီးဝလံ၊ ဟင္းသီးဟင္းရြက္နဲ႔ ေကာက္ပဲသီးႏွံ စားသုံးရပါမယ္။ ကယ္လုိရီ ပါဝင္မႈ နည္းၿပီး အရသာရွိေအာင္ ဟင္းခတ္ အေမႊးအႀကိဳင္၊ ေရွာက္ရည္ ဒါမွမဟုတ္ သံပရာရည္နဲ႔ အဆီပါဝင္မႈ နည္းတဲ့ ထုတ္ကုန္ကုိ အသုံးျပဳရပါမယ္။ တျဖည္းျဖည္းနဲ႔ အဆီ ပါဝင္မႈမ်ားတဲ့ အစာကုိ မစားခ်င္ေတာ့တဲ့အထိ ျဖစ္သြားတတ္ၾကပါတယ္။

၅။  ကုိယ္အေလးခ်ိန္ တက္လာရင္ ခ်က္ခ်င္း ျပန္ျပဳျပင္တတ္ပါတယ္ 

ကုိယ္အေလးခ်ိန္ က်ဆင္းသူ အမ်ားစုဟာ တစ္ပတ္တစ္ႀကိမ္မွ ႏွစ္ရက္ျခား သုံးရက္ျခား တစ္ႀကိမ္ ကုိယ္အေလးခ်ိန္ တုိင္းေလ့ ရွိၾကပါတယ္။ သူတုိ႔ရဲ႕ ကုိယ္အေလးခ်ိန္ အနည္းငယ္ တက္လာတာနဲ႔ တစ္ၿပိဳင္နက္ ကုိယ္အေလးခ်ိန္ ေလွ်ာ့ခ်တဲ့ နည္းလမ္းေတြကုိ ခ်က္ခ်င္း အသုံးျပဳၾကပါတယ္။ ဥပမာ- ေလ့က်င့္ခန္း ပုိလုပ္တာ၊ အခ်ဳိစာေတြ မစားေတာ့တာ။ အစာပမာဏ ေလွ်ာ့စားတာ ဒါမွမဟုတ္ သူတုိ႔စားတဲ့ အစာေတြကုိ ဒုိင္ယာရီ ေရးတဲ့ အက်င့္လုပ္ၿပီး ခ်င့္ခ်ိန္စားတာေတြ ျပဳလုပ္တတ္ပါတယ္။

၆။ သူတုိ႔ဟာ သူတုိ႔အတြက္ အေကာင္းျမင္ ေတြးတတ္ပါတယ္ 

မေကာင္းျမင္တဲ့ စိတ္ေၾကာင့္ ကုိယ့္စိတ္က မသိဘဲ အစာေတြ စားမိတတ္ေလ့ ရွိပါတယ္။ ဥပမာ- ငါႀကိဳက္တဲ့ အစာတစ္ခုေတာ့ မထိန္းႏုိင္လုိ႔ စားမိသြားၿပီ။ မထူးေတာ့ပါဘူး။ စားလက္စနဲ႔ ဆက္စားလုိက္ေတာ့မယ္ ဆုိၿပီး စိတ္ႀကိဳက္ စားမိသြားတတ္ၾကပါတယ္။  ကုိယ္အေလးခ်ိန္ ထိန္းႏုိင္သူေတြက ဒီေန႔အတြက္ အစာပုိေတြ စားမိသြားတဲ့ အတြက္ ေနာက္ ဆက္ၿပီး မစားမိေအာင္ သတိထားၿပီး ထိန္းတတ္ၾကပါတယ္။

၇။  သူတုိ႔ ေလ့က်င့္ခန္း လုပ္တတ္ပါတယ္ 

ကုိယ္အေလးခ်ိန္ က်ဆင္းသူ ၁၀ ေယာက္မွာ ကုိးေယာက္ဟာ ပုံမွန္ ေလ့က်င့္ခန္း လုပ္တတ္ၾကပါတယ္။ ေန႔စဥ္ လမ္းေလွ်ာက္တာလုိမ်ဳိး လြယ္ကူတဲ့ ေလ့က်င့္ခန္းကုိ ေန႔စဥ္ ပုံမွန္ လုပ္ေဆာင္ခ်က္လုိ သေဘာထားၿပီး လုပ္ေလ့ ရွိပါတယ္။

၈။ သူတုိ႔ရဲ႕ ခံစားခ်က္ကုိ ရင္ဆုိင္ရဲပါတယ္ 

အဝလြန္တတ္သူေတြဟာ စိုးရိမ္စိတ္ မ်ားရင္၊ ဝမ္းနည္းေနရင္၊ ပ်င္းရိေနရင္ ဒါမွမဟုတ္ တစ္ေယာက္တည္း ျဖစ္ေနရင္ အစားအေသာက္ကုိ အလုိအေလ်ာက္ စားမိသြားတတ္ပါတယ္။ အမွန္တကယ္ေတာ့ စိတ္ခံစားခ်က္ေတြ မေကာင္းရင္ ဘာေၾကာင့္ ျဖစ္ရသလဲနဲ႔ ျပႆနာကုိ ေျဖရွင္းႏုိင္တဲ့ နည္းလမ္းကုိ ရွာေဖြၿပီး ေျဖရွင္းရပါမယ္။ ဥပမာ- ပ်င္းရိေနရင္ အိမ္မွာ မေနဘဲ ကုိယ္ ေပ်ာ္ရႊင္ေစႏုိင္မယ့္ နည္းလမ္းေတြ (ဥပမာ-ေစ်းဝယ္ထြက္တာ၊ ကစားကြင္းသြားတာ၊ ႐ုပ္ရွင္ၾကည့္တာ) လုပ္ပါ။ တစ္ေယာက္တည္း ျဖစ္ေနရင္လည္း မိတ္ေဆြေတြကုိ အိမ္အလည္ဖိတ္ၿပီး စကားေျပာပါ။

၉။  သူတုိ႔ဘဝကုိ သူတုိ႔ ေပ်ာ္ရႊင္တတ္ပါတယ္

ေအာင္ျမင္တဲ့ လူအမ်ားစုဟာ တျခားလူေတြရဲ႕ လုိအပ္ခ်က္အတြက္ စြမ္းအင္ အသုံးျပဳတတ္ၾကၿပီး သူတုိ႔ လုိအပ္ခ်က္ကုိ လ်စ္လ်ဴ႐ႈတတ္ၾကပါတယ္။ သူတုိ႔ကုိယ္သူတုိ႔ ဆုခ်တဲ့ အေနနဲ႔ အစာ စားတတ္ၾကပါတယ္။ ကုိယ္အေလးခ်ိန္ ထိန္းႏုိင္သူေတြဟာ သူမ်ားအတြက္ စဥ္းစားေပးတတ္သလုိ သူတုိ႔ကုိယ္ သူတုိ႔လည္း သူတုိ႔ ဂ႐ုစုိက္တတ္ၾကပါတယ္။ သူတုိ႔ကုိယ္သူတုိ႔ ဆုခ်တဲ့ အေနနဲ႔ အစာစားတာ မရွိပါဘူး။

၁ဝ။ သူတုိ႔ကုိ အေထာက္အကူျပဳသူေတြ ရွိၾကပါတယ္ 

သူတုိ႔ရဲ႕ မိသားစုဝင္ေတြက သူတုိ႔ ပတ္ဝန္းက်င္မွာ အဆင္သင့္ စားလုိ႔ရတဲ့ အစာေတြ၊ ဆီေၾကာ္စာေတြ၊အခ်ဳိစာေတြမရွိေအာင္ကူညီေပးတတ္ၾကပါတယ္။                                                                           


Credit:ေဒါက္တာ ခင္မုိးမုိး

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version



ကိုယ်အလေးချိန် ကျဆင်းဖို့ နည်းမျိုးစုံနဲ့ ကြိုးစားကြည့်ကြတိုင်း အောင်မြင်တာ မဟုတ်ပါဘူး။  မအောင်မြင်နှုန်းဟာ ၉၅ ရာခိုင်နှုန်းခန့် ရှိတယ်လို့ ဆိုပါတယ်။ လေ့လာမှုတွေအရ ကိုယ်အလေးချိန် လျှော့ချတာ အောင်မြင်သွားသူတွေ အနက် အများစုဟာလည်း ကိုယ်အလေးချိန် ပြန်တက်လာကြတယ်လို့ သိရပါတယ်။  ဒါကြောင့် ကိုယ်အလေးချိန်ကို အနည်းဆုံး ပေါင် ၂၀ ခန့် လျှော့ချနိုင်ပြီး အဲဒီ ကျဆင်းတဲ့ အလေးချိန်အတိုင်း အနည်းဆုံး သုံးနှစ်ခန့် နေထိုင်နိုင်သူ ၁၆၀ ယောက်ရဲ့ အောင်မြင်တဲ့ ကိုယ်အလေးချိန် ထိန်းနည်း ၁၀ ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ သူတို့ကိုယ် သူတို့ ကိုယ်အလေးချိန် လျှော့ချနိုင်တယ်လို့ ယုံကြည်ကြပါတယ်

လူအများစုဟာ သူတို့ ကိုယ်အလေးချိန်ကို လိုချင်တာ ရောက်အောင် မလျှော့ချနိုင်ခင်မှာပဲ ကိုယ်အလေးချိန် လျော့လိုက်၊ ပြန်တက်လိုက် ဖြစ်တာဟာ ငါးကြိမ်ထက်မနည်း ဖြစ်တတ်ပါတယ်။ ကိုယ်အလေးချိန်ကျတာ အောင်မြင်သူတွေက ဒါကိုသူတို့ အရှုံးမပေးတတ်ကြပါဘူး။ သူတို့ဟာ ကိုယ်အလေးချိန် လျှော့ချနေစဉ်အတွင်း မောပန်းပြီး အားနည်းသွားတတ်ကြပေမယ့် ကိုယ်အလေးချိန်လျှော့ချတဲ့ အစီအစဉ်ကို မဖျက်ဘဲ ပိုပြီးအားစိုက်ကာ ပြုလုပ်တတ်ပါတယ်။

၂။  သူတို့အတွက်သာ သူတို့ရဲ့ ကိုယ်အလေးချိန် လျှော့ချတတ်ပါတယ်

သူတို့ဟာ သူတို့အတွက်သာ ကိုယ်အလေးချိန် လျှော့ချတာဖြစ်ပြီး တခြားသူတွေအတွက် အလေးချိန်လျှော့တာ မဟုတ်ပါဘူး။ ဥပမာ- အမေက "သမီးရဲ့ အလေးချိန် မလျှော့ရင် သမီး လှပပြီး ကြည့်ကောင်းမှာ မဟုတ်ဘူး" လု့ိ ပြောရင်တောင် ကိုယ်အလေးချိန် မလျှော့နိုင်ကြပါဘူး။ ကိုယ်ချစ်ကြိုက်နေသူနဲ့ တွေ့မှ၊ ကိုယ်ကိုယ်တိုင် လှချင်လာမှ၊ ကိုယ်အလေးချိန်လျှော့မှ အလေးချိန် လျော့သွားလေ့ ရှိတတ်ကြပါတယ်။

၃။  ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန် ကျဆင်းမယ့် နည်းကို တွေ့ရှိတတ်ပါတယ်

များသောအားဖြင့် ကိုယ့်အစီအစဉ်နဲ့ကိုယ် လုပ်မှ ကိုယ်အလေးချိန် ကျတတ်ပါတယ်။ တချို့ကတော့ အာဟာရ ပညာရှင်နဲ့ တိုင်ပင်ကြသလို တချို့ကလည်း Slimming Centre ကို သွားလေ့ ရှိကြပါတယ်။ ကိုယ်အလေးချိန် ကျဆင်းသူတွေဟာ သူတို့ အတွက် အမှန်တကယ် အသုံးဝင်မယ့် နည်းလမ်းကို သိရှိကြပြီး အစာကို လျှော့မစားဘဲ မိမိလိုချင်တဲ့ ကိုယ်အလေးချိန်ကို မရောက်နိုင်မှန်းလည်း သိကြပါတယ်။

၄။  အစာစားတဲ့ပုံစံ နည်းလမ်း အသစ်ကို ပြောင်းလဲချင်စိတ် ရှိပါတယ်

အစားရှောင်ပြီး ကိုယ်အလေးချိန် ကျဆင်းအောင် လုပ်သူတွေဟာ သူတို့ရဲ့ ကိုယ်အလေးချိန် ကျသွားရင် အရင် စားနေကျ ပုံစံအတိုင်း ပြန်လည် စားသောက်တတ်တဲ့ အတွက် ကိုယ်အလေးချိန် ပြန်တက်လာလေ့ ရှိပါတယ်။ ကိုယ်အလေးချိန်ကို ထိန်းလိုရင် တစ်ဘဝလုံး အတွက် အဆီပါဝင်မှု နည်းတဲ့ အစာ စားရပါမယ်။ သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်နဲ့ ကောက်ပဲသီးနှံ စားသုံးရပါမယ်။ ကယ်လိုရီ ပါဝင်မှု နည်းပြီး အရသာရှိအောင် ဟင်းခတ် အမွှေးအကြိုင်၊ ရှောက်ရည် ဒါမှမဟုတ် သံပရာရည်နဲ့ အဆီပါဝင်မှု နည်းတဲ့ ထုတ်ကုန်ကို အသုံးပြုရပါမယ်။ တဖြည်းဖြည်းနဲ့ အဆီ ပါဝင်မှုများတဲ့ အစာကို မစားချင်တော့တဲ့အထိ ဖြစ်သွားတတ်ကြပါတယ်။

၅။  ကိုယ်အလေးချိန် တက်လာရင် ချက်ချင်း ပြန်ပြုပြင်တတ်ပါတယ်

ကိုယ်အလေးချိန် ကျဆင်းသူ အများစုဟာ တစ်ပတ်တစ်ကြိမ်မှ နှစ်ရက်ခြား သုံးရက်ခြား တစ်ကြိမ် ကိုယ်အလေးချိန် တိုင်းလေ့ ရှိကြပါတယ်။ သူတို့ရဲ့ ကိုယ်အလေးချိန် အနည်းငယ် တက်လာတာနဲ့ တစ်ပြိုင်နက် ကိုယ်အလေးချိန် လျှော့ချတဲ့ နည်းလမ်းတွေကို ချက်ချင်း အသုံးပြုကြပါတယ်။ ဥပမာ- လေ့ကျင့်ခန်း ပိုလုပ်တာ၊ အချိုစာတွေ မစားတော့တာ။ အစာပမာဏ လျှော့စားတာ ဒါမှမဟုတ် သူတို့စားတဲ့ အစာတွေကို ဒိုင်ယာရီ ရေးတဲ့ အကျင့်လုပ်ပြီး ချင့်ချိန်စားတာတွေ ပြုလုပ်တတ်ပါတယ်။

၆။ သူတို့ဟာ သူတို့အတွက် အကောင်းမြင် တွေးတတ်ပါတယ်

မကောင်းမြင်တဲ့ စိတ်ကြောင့် ကိုယ့်စိတ်က မသိဘဲ အစာတွေ စားမိတတ်လေ့ ရှိပါတယ်။ ဥပမာ- ငါကြိုက်တဲ့ အစာတစ်ခုတော့ မထိန်းနိုင်လို့ စားမိသွားပြီ။ မထူးတော့ပါဘူး။ စားလက်စနဲ့ ဆက်စားလိုက်တော့မယ် ဆိုပြီး စိတ်ကြိုက် စားမိသွားတတ်ကြပါတယ်။  ကိုယ်အလေးချိန် ထိန်းနိုင်သူတွေက ဒီနေ့အတွက် အစာပိုတွေ စားမိသွားတဲ့ အတွက် နောက် ဆက်ပြီး မစားမိအောင် သတိထားပြီး ထိန်းတတ်ကြပါတယ်။

၇။  သူတို့ လေ့ကျင့်ခန်း လုပ်တတ်ပါတယ်

ကိုယ်အလေးချိန် ကျဆင်းသူ ၁၀ ယောက်မှာ ကိုးယောက်ဟာ ပုံမှန် လေ့ကျင့်ခန်း လုပ်တတ်ကြပါတယ်။ နေ့စဉ် လမ်းလျှောက်တာလိုမျိုး လွယ်ကူတဲ့ လေ့ကျင့်ခန်းကို နေ့စဉ် ပုံမှန် လုပ်ဆောင်ချက်လို သဘောထားပြီး လုပ်လေ့ ရှိပါတယ်။

၈။ သူတို့ရဲ့ ခံစားချက်ကို ရင်ဆိုင်ရဲပါတယ်

အဝလွန်တတ်သူတွေဟာ စိုးရိမ်စိတ် များရင်၊ ဝမ်းနည်းနေရင်၊ ပျင်းရိနေရင် ဒါမှမဟုတ် တစ်ယောက်တည်း ဖြစ်နေရင် အစားအသောက်ကို အလိုအလျောက် စားမိသွားတတ်ပါတယ်။ အမှန်တကယ်တော့ စိတ်ခံစားချက်တွေ မကောင်းရင် ဘာကြောင့် ဖြစ်ရသလဲနဲ့ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ရှာဖွေပြီး ဖြေရှင်းရပါမယ်။ ဥပမာ- ပျင်းရိနေရင် အိမ်မှာ မနေဘဲ ကိုယ် ပျော်ရွှင်စေနိုင်မယ့် နည်းလမ်းတွေ (ဥပမာ-ဈေးဝယ်ထွက်တာ၊ ကစားကွင်းသွားတာ၊ ရုပ်ရှင်ကြည့်တာ) လုပ်ပါ။ တစ်ယောက်တည်း ဖြစ်နေရင်လည်း မိတ်ဆွေတွေကို အိမ်အလည်ဖိတ်ပြီး စကားပြောပါ။

၉။  သူတို့ဘဝကို သူတို့ ပျော်ရွှင်တတ်ပါတယ်

အောင်မြင်တဲ့ လူအများစုဟာ တခြားလူတွေရဲ့ လိုအပ်ချက်အတွက် စွမ်းအင် အသုံးပြုတတ်ကြပြီး သူတို့ လိုအပ်ချက်ကို လျစ်လျူရှုတတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ ဆုချတဲ့ အနေနဲ့ အစာ စားတတ်ကြပါတယ်။ ကိုယ်အလေးချိန် ထိန်းနိုင်သူတွေဟာ သူများအတွက် စဉ်းစားပေးတတ်သလို သူတို့ကိုယ် သူတို့လည်း သူတို့ ဂရုစိုက်တတ်ကြပါတယ်။ သူတို့ကိုယ်သူတို့ ဆုချတဲ့ အနေနဲ့ အစာစားတာ မရှိပါဘူး။

၁ဝ။ သူတို့ကို အထောက်အကူပြုသူတွေ ရှိကြပါတယ်

သူတို့ရဲ့ မိသားစုဝင်တွေက သူတို့ ပတ်ဝန်းကျင်မှာ အဆင်သင့် စားလို့ရတဲ့ အစာတွေ၊ ဆီကြော်စာတွေ၊အချိုစာတွေမရှိအောင်ကူညီပေးတတ်ကြပါတယ်။                                                                          


Credit:ဒေါက်တာ ခင်မိုးမိုး



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top