iMyanmarHouse.com - Best Property Website for Myanmar
×

သင့္မွာ ဘယ္လို အက်င့္စရုိက္ေတြ ရွိသလဲ

ဇန္န၀ါရီ
၀၁ - ၀၉ ေခြး
၁၀ - ၂၄ ၾကြက္
၂၅ - ၃၁ ျခေသၤ့

ေဖေဖာ္၀ါရီ
၀၁ - ၀၅ ေၾကာင္
၀၆ - ၁၄ ခ်ိဳးငွက္
၁၅ - ၂၁ လိပ္
၂၂ - ၂၈ က်ားသစ္နက္

မတ္ခ်္
၀၁ - ၁၂ ေမ်ာက္
၁၃ - ၁၅ ျခေသၤ့
၁၆ - ၂၃ ၾကြက္
၂၄ - ၃၁ ေၾကာင္

ဧၿပီ
၀၁ - ၀၃ ေခြး
၀၄ - ၁၄ က်ားသစ္နက္
၁၅ - ၂၆ ၾကြက္
၂၇ - ၃၀ လိပ္

ေမ
၀၁ - ၁၃ ေမ်ာက္
၁၄ - ၂၁ ခ်ိဳးငွက္
၂၂ - ၃၁ ျခေသၤ့

ဇြန္
၀၁ - ၀၃ ၾကြက္
၀၄ - ၁၄ လိပ္
၁၅ - ၂၀ ေခြး
၂၁ - ၂၄ ေမ်ာက္
၂၅ - ၃၀ ေၾကာင္

ဇူလိုင္
၀၁ - ၀၉ ၾကြက္
၁၀ - ၁၅ ေခြး
၁၆ - ၂၆ ခ်ိဳးငွက္
၂၇ - ၃၁ ေၾကာင္

ၾသဂုတ္
၀၁ - ၁၅ ေမ်ာက္
၁၆ - ၂၅ ၾကြက္
၂၆ - ၃၁ လိပ္

စက္တင္ဘာ
၀၁ - ၁၄ ခ်ိဳးငွက္
၁၅ - ၂၇ ေၾကာင္
၂၈ - ၃၀ ေခြး

ေအာက္တိုဘာ
၀၁ - ၁၅ ေမ်ာက္
၁၆ - ၂၇ လိပ္
၂၈ - ၃၁ က်ားသစ္နက္

ႏုိ၀င္ဘာ
၀၁ - ၁၆ ျခေသၤ့
၁၇ - ၃၀ ေၾကာင္

ဒီဇင္ဘာ
၀၁ - ၁၆ ေခြး
၁၇ - ၂၅ ေမ်ာက္
၂၆ - ၃၁ ခ်ိဳးငွက္


၁။ အကယ္၍ သင့္ေမြးရက္သည္ ေခြး ျဖစ္ပါက အလြန္ သစၥာရွိၿပီး သေဘာေကာင္းသူ ျဖစ္သည္။သင္၏ သစၥာရွိမႈကို လံုး၀ သံသယ ျဖစ္စရာ မလိုေပ။ အလုပ္ႏွင့္ ပတ္သက္ၿပီး ရိုးသားေျဖာင့္မတ္ကာ အလုပ္ကို ေလးစားသူ ျဖစ္ၿပီး ပင္ကို စိတ္ရင္းအားျဖင့္လည္းရိုးသားသူတစ္ဦး ျဖစ္သည္။ အမ်ားတကာႏွင့္ ဆက္ဆံရာတြင္ မိမိကိုယ္မိမိ ရိုက်ိဳး၊ႏွိမ့္ခ် ဆက္ဆံတတ္သူလည္း ျဖစ္သည္။ ထို႔ေၾကာင့္ မိတ္ေတြအေပါင္းအသင္းမ်ားအလယ္တြင္ အားလံုး၏ ခ်စ္ခင္မႈကို ရယူႏုိင္စြမ္း ရွိၿပီး ၀တ္စားဆင္ယင္မႈႏွင့္ ပတ္သက္၍လည္း လိုက္ဖက္သည့္ အ၀တ္အစားမ်ားကို ေရြးခ်ယ္တတ္သည္။ အသစ္အဆန္း ကိုမက္ေမာတတ္သူ ျဖစ္သျဖင့္ ေခတ္ေပၚ အ၀တ္ အစား မ၀ယ္ႏုိင္သည့္ အခါမ်ားတြင္စိတ္ဓါတ္က်ေလ့ ရွိသည္။ ဘ၀ကို သက္သက္သာသာ ေက်ာ္ျဖတ္သူမ်ား ျဖစ္ၿပီး အေပါင္းအသင္းမ်ား အလယ္တြင္ ထင္ေပၚ ေက်ာ္ၾကားသူလည္း ျဖစ္သည္။ သိကၡာရွိေသာအေပါင္း အသင္းမ်ားႏွင့္သာ ေပါင္းသင္းေလ့ ရွိသူလည္း ျဖစ္သည္။


၂။ အကယ္၍ သင့္ေမြးေန႔သည္ ၾကြက္ျဖစ္ပါက သင္သည္ အေပါင္းအသင္းမ်ားအား ေနာက္ေျပာင္တတ္သူ ျဖစ္သည္။ ေပ်ာ္ရႊင္တတ္ေသာ အေငြ႔အသက္မ်ား သင့္မ်က္၀န္းတြင္ ေတြ႔ျမင္ေနရသည့္အတြက္ လူတိုင္းကို ဆြဲေဆာင္ႏုိင္စြမ္း ရွိသည္။ ထုိ႔ေၾကာင့္ လူအမ်ားက သင္ႏွင့္ ေပါင္းသင္းရန္ လိုလားၾကၿပီး လူစံုသည့္ ပြဲလမ္း
သဘင္မ်ားတြင္လည္း သင္ရွိေနေစရန္ လိုလားၾကသည္။ သို႔ေသာ္ သင္သည္ စိတ္ဆတ္သူျဖစ္သည္။ သင္ႏွင့္ စကားေျပာရန္ အေပါင္းအသင္းမ်ားက စကားလံုးကို ေရြးခ်ယ္ေျပာမွသာ ျဖစ္သည္။ စကား အမွားမခံ။ တစ္စံုတေယာက္က စကားမွား ေျပာမိလွ်င္လည္း ခြင့္လႊတ္ႏုိင္စြမ္း မရွိသူ ျဖစ္သည္။

၃။ အကယ္၍ သင့္ေမြးေန႔သည္ ျခေသၤ့ ျဖစ္ပါက သင္သည္ ျခေသၤ့၏ သေဘာထားႏွင့္ ဆန္႔က်င္စြာ ၿငိမ္းခ်မ္းေရးကို လိုလား ႏွစ္သက္သူ ျဖစ္သည္။ ရန္ကို ေရွာင္ရွားေလ့ ရွိၿပီး တင္းမာမႈ အေျခအေန မ်ိဳးကိုပါ လက္မခံတတ္သူ ျဖစ္သည္။ အိမ္တြင္းမွာထက္ အျပင္မွာ ေပ်ာ္ေမြ႔သူ ျဖစ္ၿပီး တစ္ေနရာတည္းတြင္ ၾကာရွည္ ေနရန္ မလိုလားသူလည္း ျဖစ္သည္။ ေမြးရာပါ ေခါင္းေဆာင္ ဗီဇ ရွိသူ ျဖစ္သည္။ လုပ္ငန္းခြင္တြင္ အေပါင္း
အသင္းမ်ားအား အလုပ္ တြင္က်ယ္ေစရန္ နည္းပရိယာယ္ ၾကြယ္၀စြာျဖင့္ စည္းရံုး သိမ္းသြင္းႏုိင္ သူလည္း ျဖစ္သည္။ သူတပါး၏ ခ်စ္ခင္ ျမတ္ႏိုးမႈကို လိုလားၿပီး တစံုတစ္ေယာက္က ကိုယ့္ကို ဂရုစိုက္ၿပီ ဆိုလွ်င္ ကိုယ္က သူ ဂရုစိုက္တာထက္ အဆေပါင္း မ်ားစြာ တံု႔ျပန္မႈ ေပးသည္။ စိတ္သေဘာ ေကာင္းလြန္းျခင္းေၾကာင့္ အေပါင္း အသင္းမ်ားက ေျမွာက္ပင့္ ခိုင္းေစတတ္သည္ို အထူး သတိျပဳပါ။

၄။ အကယ္၍ သင့္ေမြးေန႔သည္ ေၾကာင္ ျဖစ္ပါက သင္သည္ အလြန္အမင္း ခ်စ္ခင္ဖြယ္ ေကာင္းသူ ျဖစ္သည္။ တခါတရံတြင္ လိုအပ္သည္ထက္ ပိုၿပီး ရွက္ေနတတ္သည္။ ျဖတ္ထိုးဥာဏ္ ရွိသည္။ တစ္ေယာက္တည္း ၿငိမ္ၿငိမ္ သက္သက္ ေနရသည္ကို ပိုၿပီး လိုလားသည္။ အရာရာကို ေစ့ေစ့စပ္စပ္ သိလိုစိတ္ ျပင္းျပၿပီး တစ္စုံတစ္ခုကို ေလ့လာၿပီ ဆိုလွ်င္ ေရဆံုးေရဖ်ား လိုက္တတ္သည္။ ပံုမွန္အေနအထားျဖင့္ သင္သည္ ေအးေဆးတည္ၿငိမ္သူ ျဖစ္သည္။ သို႔ေသာ္ အေျခအေနအရ လိုအပ္လာပါက မီးေတာင္ တစ္ခု ေပါက္ကြဲသလို ေပါက္ကြဲႏုိင္စြမ္း ရွိသူ လည္းျဖစ္သည္။ ေခတ္မီ အ၀တ္အစားမ်ားကို ႏွစ္သက္သည္။ ပတ္၀န္းက်င္မွ မိတ္ေဆြမ်ားက သင့္အား ေခတ္မီသူ တစ္ဦး အျဖစ္ သတ္မွတ္ထားၾကသည္။ ပတ္၀န္းက်င္ႏွင့္ ေရာေထြးေနတတ္ေသာ္လည္း သူစိမ္းမ်ား ႏွင့္ စကားေျပာဆိုရန္
၀န္ေလးတတ္သည္။ အေပါင္းအသင္း ေပါင္းရာတြင္ လူေရြး ေပါင္းတတ္သူ တစ္ဦးလည္း ျဖစ္သည္။


၅။ အကယ္၍ သင္၏ ေမြးရက္သည္ လိပ္ျဖစ္ပါက သင္သည္ အရာရာကို အေကာင္းျမင္တတ္သူ တစ္ဦး ျဖစ္ၿပီး စိတ္ႏွလံုးေကာင္း ရွိသူ ျဖစ္သည္။ သင္၏ ၾကင္နာမႈမ်ားကို သင့္ပတ္၀န္းက်င္က အျမဲတေစ ဂရုျပဳမိၾကၿပီး ကိုယ္တိုင္က ၿငိ္မ္းခ်မ္းေရးကို ျမတ္ႏိုးသူျဖစ္သည္။ တစံုတစ္ေယာက္ မွားေနသည္ကို ျမင္ဦးေတာ့ ျပဳျပင္ေပးရန္ ၀န္ေလးသူ ျဖစ္သည္။ မည္သူႏွင့္မွ် ထိပ္တိုက္ ရင္ဆိုင္မႈ မျပဳလို။ ထို႔ေၾကာင့္
ပတ္၀န္းက်င္မွ မိတ္ေဆြမ်ားက သင့္အား ခ်စ္ခင္ၾကသည္။ လူတစ္ဦးတစ္ေယာက္ အေၾကာင္းကိုမွ ေနာက္ကြယ္မွာ အတင္းမေျပာတတ္။ မည္သူ႔ ေပၚမဆို ခ်စ္ခင္မႈေတြ ေပးအပ္ေသာ္လည္း ကိုယ့္အေပၚမွာ မည္သူကမွ် တုံ႔ျပန္မႈ မရွိ။ အရာရာမွာ ရက္ေရာသူ တစ္ဦး ျဖစ္သည္။


၆။ အကယ္၍ သင့္ေမြးေန႔သည္ ခ်ိဳးငွက္ ျဖစ္ပါက သင္သည္ ေပ်ာ္ရႊင္စြာ ေနထိုင္ေလ့ ရွိၿပီး ဘ၀မွာ ကံေကာင္းသူ တစ္ဦးလည္း ျဖစ္သည္။ ပတ္၀န္းက်င္ အေျခအေနက မည္သို႔ပင္ ျဖစ္ေစကာမူ ေပ်ာ္ရႊင္ေနေလ့ ရွိၿပီး ပတ္၀န္းက်င္၏ ဂယက္ရုိက္မႈႏွင့္ ကင္းကြာေနတတ္သည္။ ေရာက္ေလရာတိုင္းမွာ ကိုယ့္ ေပ်ာ္ရႊင္မႈေတြကို မွ်ေ၀တတ္သူ ျဖစ္သည္။ အေပါင္းအသင္းမ်ား ၾကားတြင္ ကုိယ္က ေခါင္းေဆာင္ ျဖစ္သည္။ မိတ္ေဆြမ်ား အေရး ၾကံဳတိုင္း ႏွစ္သိမ့္ အားေပးတတ္ သူလည္း ျဖစ္သည္။ အေပၚစီး ဆက္ဆံမႈကို
မလိုလား။ ဤသို႔ ဆက္ဆံတတ္သူ မ်ားႏွင့္ ေ၀းေအာင္ ေနတတ္သည္။ လုပ္ငန္းခြင္တြင္ စံနစ္တက် လုပ္ကိုင္ ေဆာင္ရြက္တတ္သည္။ အထူး သတိျပဳရန္မွာ သင္သည္ ခ်စ္လြယ္တတ္သူ တစ္ဦး ျဖစ္သည္။


၇။ အကယ္၍ သင္သည္ က်ားသစ္နက္ တစ္ဦး ျဖစ္ပါက လွ်ိဳ႕၀ွက္တတ္သူ တစ္ဦး ျဖစ္သည္။ ပတ္၀န္းက်င္ ဖိအားေတြ မည္မွ်ပင္ မ်ားျပားေစကာမူ အလြယ္တကူ ေျဖရွင္းႏုိင္စြမ္း ရွိသည္။ တခါတရံတြင္ အေပါင္းအသင္း မ်ားႏွင့္ အတင္းေျပာရ သည္ကို ၀ါသနာ ပါသည္။ ဆႏၵရွိသည့္အတိုင္း ျဖစ္ေအာင္ ႀကိဳးစားတတ္ေသာ္လည္း သင့္ ဆႏၵမွာ ရံဖန္ရံခါတြင္ လက္ေတြ႔ ျဖစ္ႏုိင္စြမ္း မရွိ။ ယင္းကဲ့သို႔ေသာ အေျခအေနတြင္ မိတ္ေဆြ အခ်ိဳ႕နဲ႔ ဆက္ဆံေရး ပ်က္ျပားတတ္သည္။ အခက္အခဲ ၾကံဳေတြ႔ေနရေသာ မိတ္ေဆြမ်ားကို ကူညီတတ္သူ ျဖစ္သည္။


၈။ အကယ္၍ သင့္ေမြးေန႔သည္ ေမ်ာက္ ျဖစ္ပါက စိတ္မရွည္၊ တက္ၾကြမႈ လြန္ကဲသူ ျဖစ္သည္။ အရာရာကို အျမန္ဆံုး ၿပီးေျမာက္လိုသူ ျဖစ္သည္။ ရိုးသားေသာ ႏွလံုးသားပုိင္ရွင္ ျဖစ္ၿပီး အမ်ား၏ အာရံု စိုက္မႈကို ခံယူလိုသူ လည္း ျဖစ္သည္။ မိမိ လံုျခံဳမႈကို အထူး ဂရုစိုက္တတ္သူ တစ္ဦးျဖစ္ၿပီး ကိုယ့္ဂုဏ္သတင္းႏွင့္ ပတ္သက္၍ အၿငိ အစြန္း ရွိလာၿပီ ဆိုလွ်င္ လူတိုင္းကို လုိက္ၿပီး ေျဖရွင္းတတ္သူ
 ျဖစ္သည္။ ထို႔ေၾကာင့္ မည္သည့္အ လုပ္ကိုမဆို စမလုပ္ခင္ ကတည္းက သတိႀကီးစြာ ထားတတ္သူမ်ား ျဖစ္သည္။ ဆဌမ အာရံု၏ ႏိႈးေဆာ္မႈေၾကာင့္ အႏၱရာယ္ က်ေရာက္ျခင္းမွ ကင္းေ၀းတတ္သည္။ ေငြေၾကးကို တန္ဖိုးထားတတ္သူ မ်ားလည္း ျဖစ္တတ္သည္။

Credit:YeeMon

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သင့်မှာ ဘယ်လို အကျင့်စရိုက်တွေ ရှိသလဲ

ဇန်နဝါရီ
၀၁ - ၀၉ ခွေး
၁၀ - ၂၄ ကြွက်
၂၅ - ၃၁ ခင်္သြေ့

ဖေဖော်ဝါရီ
၀၁ - ၀၅ ကြောင်
၀၆ - ၁၄ ချိုးငှက်
၁၅ - ၂၁ လိပ်
၂၂ - ၂၈ ကျားသစ်နက်

မတ်ချ်
၀၁ - ၁၂ မျောက်
၁၃ - ၁၅ ခင်္သြေ့
၁၆ - ၂၃ ကြွက်
၂၄ - ၃၁ ကြောင်

ဧပြီ
၀၁ - ၀၃ ခွေး
၀၄ - ၁၄ ကျားသစ်နက်
၁၅ - ၂၆ ကြွက်
၂၇ - ၃၀ လိပ်

မေ
၀၁ - ၁၃ မျောက်
၁၄ - ၂၁ ချိုးငှက်
၂၂ - ၃၁ ခင်္သြေ့

ဇွန်
၀၁ - ၀၃ ကြွက်
၀၄ - ၁၄ လိပ်
၁၅ - ၂၀ ခွေး
၂၁ - ၂၄ မျောက်
၂၅ - ၃၀ ကြောင်

ဇူလိုင်
၀၁ - ၀၉ ကြွက်
၁၀ - ၁၅ ခွေး
၁၆ - ၂၆ ချိုးငှက်
၂၇ - ၃၁ ကြောင်

သြဂုတ်
၀၁ - ၁၅ မျောက်
၁၆ - ၂၅ ကြွက်
၂၆ - ၃၁ လိပ်

စက်တင်ဘာ
၀၁ - ၁၄ ချိုးငှက်
၁၅ - ၂၇ ကြောင်
၂၈ - ၃၀ ခွေး

အောက်တိုဘာ
၀၁ - ၁၅ မျောက်
၁၆ - ၂၇ လိပ်
၂၈ - ၃၁ ကျားသစ်နက်

နိုဝင်ဘာ
၀၁ - ၁၆ ခင်္သြေ့
၁၇ - ၃၀ ကြောင်

ဒီဇင်ဘာ
၀၁ - ၁၆ ခွေး
၁၇ - ၂၅ မျောက်
၂၆ - ၃၁ ချိုးငှက်


၁။ အကယ်၍ သင့်မွေးရက်သည် ခွေး ဖြစ်ပါက အလွန် သစ္စာရှိပြီး သဘောကောင်းသူ ဖြစ်သည်။သင်၏ သစ္စာရှိမှုကို လုံး၀ သံသယ ဖြစ်စရာ မလိုပေ။ အလုပ်နှင့် ပတ်သက်ပြီး ရိုးသားဖြောင့်မတ်ကာ အလုပ်ကို လေးစားသူ ဖြစ်ပြီး ပင်ကို စိတ်ရင်းအားဖြင့်လည်းရိုးသားသူတစ်ဦး ဖြစ်သည်။ အများတကာနှင့် ဆက်ဆံရာတွင် မိမိကိုယ်မိမိ ရိုကျိုး၊နှိမ့်ချ ဆက်ဆံတတ်သူလည်း ဖြစ်သည်။ ထို့ကြောင့် မိတ်တွေအပေါင်းအသင်းများအလယ်တွင် အားလုံး၏ ချစ်ခင်မှုကို ရယူနိုင်စွမ်း ရှိပြီး ဝတ်စားဆင်ယင်မှုနှင့် ပတ်သက်၍လည်း လိုက်ဖက်သည့် အဝတ်အစားများကို ရွေးချယ်တတ်သည်။ အသစ်အဆန်း ကိုမက်မောတတ်သူ ဖြစ်သဖြင့် ခေတ်ပေါ် အဝတ် အစား မဝယ်နိုင်သည့် အခါများတွင်စိတ်ဓါတ်ကျလေ့ ရှိသည်။ ဘဝကို သက်သက်သာသာ ကျော်ဖြတ်သူများ ဖြစ်ပြီး အပေါင်းအသင်းများ အလယ်တွင် ထင်ပေါ် ကျော်ကြားသူလည်း ဖြစ်သည်။ သိက္ခာရှိသောအပေါင်း အသင်းများနှင့်သာ ပေါင်းသင်းလေ့ ရှိသူလည်း ဖြစ်သည်။


၂။ အကယ်၍ သင့်မွေးနေ့သည် ကြွက်ဖြစ်ပါက သင်သည် အပေါင်းအသင်းများအား နောက်ပြောင်တတ်သူ ဖြစ်သည်။ ပျော်ရွှင်တတ်သော အငွေ့အသက်များ သင့်မျက်ဝန်းတွင် တွေ့မြင်နေရသည့်အတွက် လူတိုင်းကို ဆွဲဆောင်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် လူအများက သင်နှင့် ပေါင်းသင်းရန် လိုလားကြပြီး လူစုံသည့် ပွဲလမ်း
သဘင်များတွင်လည်း သင်ရှိနေစေရန် လိုလားကြသည်။ သို့သော် သင်သည် စိတ်ဆတ်သူဖြစ်သည်။ သင်နှင့် စကားပြောရန် အပေါင်းအသင်းများက စကားလုံးကို ရွေးချယ်ပြောမှသာ ဖြစ်သည်။ စကား အမှားမခံ။ တစ်စုံတယောက်က စကားမှား ပြောမိလျှင်လည်း ခွင့်လွှတ်နိုင်စွမ်း မရှိသူ ဖြစ်သည်။

၃။ အကယ်၍ သင့်မွေးနေ့သည် ခင်္သြေ့ ဖြစ်ပါက သင်သည် ခင်္သြေ့၏ သဘောထားနှင့် ဆန့်ကျင်စွာ ငြိမ်းချမ်းရေးကို လိုလား နှစ်သက်သူ ဖြစ်သည်။ ရန်ကို ရှောင်ရှားလေ့ ရှိပြီး တင်းမာမှု အခြေအနေ မျိုးကိုပါ လက်မခံတတ်သူ ဖြစ်သည်။ အိမ်တွင်းမှာထက် အပြင်မှာ ပျော်မွေ့သူ ဖြစ်ပြီး တစ်နေရာတည်းတွင် ကြာရှည် နေရန် မလိုလားသူလည်း ဖြစ်သည်။ မွေးရာပါ ခေါင်းဆောင် ဗီဇ ရှိသူ ဖြစ်သည်။ လုပ်ငန်းခွင်တွင် အပေါင်း
အသင်းများအား အလုပ် တွင်ကျယ်စေရန် နည်းပရိယာယ် ကြွယ်ဝစွာဖြင့် စည်းရုံး သိမ်းသွင်းနိုင် သူလည်း ဖြစ်သည်။ သူတပါး၏ ချစ်ခင် မြတ်နိုးမှုကို လိုလားပြီး တစုံတစ်ယောက်က ကိုယ့်ကို ဂရုစိုက်ပြီ ဆိုလျှင် ကိုယ်က သူ ဂရုစိုက်တာထက် အဆပေါင်း များစွာ တုံ့ပြန်မှု ပေးသည်။ စိတ်သဘော ကောင်းလွန်းခြင်းကြောင့် အပေါင်း အသင်းများက မြှောက်ပင့် ခိုင်းစေတတ်သညို အထူး သတိပြုပါ။

၄။ အကယ်၍ သင့်မွေးနေ့သည် ကြောင် ဖြစ်ပါက သင်သည် အလွန်အမင်း ချစ်ခင်ဖွယ် ကောင်းသူ ဖြစ်သည်။ တခါတရံတွင် လိုအပ်သည်ထက် ပိုပြီး ရှက်နေတတ်သည်။ ဖြတ်ထိုးဉာဏ် ရှိသည်။ တစ်ယောက်တည်း ငြိမ်ငြိမ် သက်သက် နေရသည်ကို ပိုပြီး လိုလားသည်။ အရာရာကို စေ့စေ့စပ်စပ် သိလိုစိတ် ပြင်းပြပြီး တစ်စုံတစ်ခုကို လေ့လာပြီ ဆိုလျှင် ရေဆုံးရေဖျား လိုက်တတ်သည်။ ပုံမှန်အနေအထားဖြင့် သင်သည် အေးဆေးတည်ငြိမ်သူ ဖြစ်သည်။ သို့သော် အခြေအနေအရ လိုအပ်လာပါက မီးတောင် တစ်ခု ပေါက်ကွဲသလို ပေါက်ကွဲနိုင်စွမ်း ရှိသူ လည်းဖြစ်သည်။ ခေတ်မီ အဝတ်အစားများကို နှစ်သက်သည်။ ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ခေတ်မီသူ တစ်ဦး အဖြစ် သတ်မှတ်ထားကြသည်။ ပတ်ဝန်းကျင်နှင့် ရောထွေးနေတတ်သော်လည်း သူစိမ်းများ နှင့် စကားပြောဆိုရန်
ဝန်လေးတတ်သည်။ အပေါင်းအသင်း ပေါင်းရာတွင် လူရွေး ပေါင်းတတ်သူ တစ်ဦးလည်း ဖြစ်သည်။


၅။ အကယ်၍ သင်၏ မွေးရက်သည် လိပ်ဖြစ်ပါက သင်သည် အရာရာကို အကောင်းမြင်တတ်သူ တစ်ဦး ဖြစ်ပြီး စိတ်နှလုံးကောင်း ရှိသူ ဖြစ်သည်။ သင်၏ ကြင်နာမှုများကို သင့်ပတ်ဝန်းကျင်က အမြဲတစေ ဂရုပြုမိကြပြီး ကိုယ်တိုင်က ငြိမ်းချမ်းရေးကို မြတ်နိုးသူဖြစ်သည်။ တစုံတစ်ယောက် မှားနေသည်ကို မြင်ဦးတော့ ပြုပြင်ပေးရန် ဝန်လေးသူ ဖြစ်သည်။ မည်သူနှင့်မျှ ထိပ်တိုက် ရင်ဆိုင်မှု မပြုလို။ ထို့ကြောင့်
ပတ်ဝန်းကျင်မှ မိတ်ဆွေများက သင့်အား ချစ်ခင်ကြသည်။ လူတစ်ဦးတစ်ယောက် အကြောင်းကိုမှ နောက်ကွယ်မှာ အတင်းမပြောတတ်။ မည်သူ့ ပေါ်မဆို ချစ်ခင်မှုတွေ ပေးအပ်သော်လည်း ကိုယ့်အပေါ်မှာ မည်သူကမျှ တုံ့ပြန်မှု မရှိ။ အရာရာမှာ ရက်ရောသူ တစ်ဦး ဖြစ်သည်။


၆။ အကယ်၍ သင့်မွေးနေ့သည် ချိုးငှက် ဖြစ်ပါက သင်သည် ပျော်ရွှင်စွာ နေထိုင်လေ့ ရှိပြီး ဘဝမှာ ကံကောင်းသူ တစ်ဦးလည်း ဖြစ်သည်။ ပတ်ဝန်းကျင် အခြေအနေက မည်သို့ပင် ဖြစ်စေကာမူ ပျော်ရွှင်နေလေ့ ရှိပြီး ပတ်ဝန်းကျင်၏ ဂယက်ရိုက်မှုနှင့် ကင်းကွာနေတတ်သည်။ ရောက်လေရာတိုင်းမှာ ကိုယ့် ပျော်ရွှင်မှုတွေကို မျှဝေတတ်သူ ဖြစ်သည်။ အပေါင်းအသင်းများ ကြားတွင် ကိုယ်က ခေါင်းဆောင် ဖြစ်သည်။ မိတ်ဆွေများ အရေး ကြုံတိုင်း နှစ်သိမ့် အားပေးတတ် သူလည်း ဖြစ်သည်။ အပေါ်စီး ဆက်ဆံမှုကို
မလိုလား။ ဤသို့ ဆက်ဆံတတ်သူ များနှင့် ဝေးအောင် နေတတ်သည်။ လုပ်ငန်းခွင်တွင် စံနစ်တကျ လုပ်ကိုင် ဆောင်ရွက်တတ်သည်။ အထူး သတိပြုရန်မှာ သင်သည် ချစ်လွယ်တတ်သူ တစ်ဦး ဖြစ်သည်။


၇။ အကယ်၍ သင်သည် ကျားသစ်နက် တစ်ဦး ဖြစ်ပါက လျှို့ဝှက်တတ်သူ တစ်ဦး ဖြစ်သည်။ ပတ်ဝန်းကျင် ဖိအားတွေ မည်မျှပင် များပြားစေကာမူ အလွယ်တကူ ဖြေရှင်းနိုင်စွမ်း ရှိသည်။ တခါတရံတွင် အပေါင်းအသင်း များနှင့် အတင်းပြောရ သည်ကို ဝါသနာ ပါသည်။ ဆန္ဒရှိသည့်အတိုင်း ဖြစ်အောင် ကြိုးစားတတ်သော်လည်း သင့် ဆန္ဒမှာ ရံဖန်ရံခါတွင် လက်တွေ့ ဖြစ်နိုင်စွမ်း မရှိ။ ယင်းကဲ့သို့သော အခြေအနေတွင် မိတ်ဆွေ အချို့နဲ့ ဆက်ဆံရေး ပျက်ပြားတတ်သည်။ အခက်အခဲ ကြုံတွေ့နေရသော မိတ်ဆွေများကို ကူညီတတ်သူ ဖြစ်သည်။


၈။ အကယ်၍ သင့်မွေးနေ့သည် မျောက် ဖြစ်ပါက စိတ်မရှည်၊ တက်ကြွမှု လွန်ကဲသူ ဖြစ်သည်။ အရာရာကို အမြန်ဆုံး ပြီးမြောက်လိုသူ ဖြစ်သည်။ ရိုးသားသော နှလုံးသားပိုင်ရှင် ဖြစ်ပြီး အများ၏ အာရုံ စိုက်မှုကို ခံယူလိုသူ လည်း ဖြစ်သည်။ မိမိ လုံခြုံမှုကို အထူး ဂရုစိုက်တတ်သူ တစ်ဦးဖြစ်ပြီး ကိုယ့်ဂုဏ်သတင်းနှင့် ပတ်သက်၍ အငြိ အစွန်း ရှိလာပြီ ဆိုလျှင် လူတိုင်းကို လိုက်ပြီး ဖြေရှင်းတတ်သူ
 ဖြစ်သည်။ ထို့ကြောင့် မည်သည့်အ လုပ်ကိုမဆို စမလုပ်ခင် ကတည်းက သတိကြီးစွာ ထားတတ်သူများ ဖြစ်သည်။ ဆဌမ အာရုံ၏ နှိုးဆော်မှုကြောင့် အန္တရာယ် ကျရောက်ခြင်းမှ ကင်းဝေးတတ်သည်။ ငွေကြေးကို တန်ဖိုးထားတတ်သူ များလည်း ဖြစ်တတ်သည်။

Credit:YeeMon



ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်... 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top