iMyanmarHouse.com - Best Property Website for Myanmar
×

ေမး။ မ်က္ခံြေအာက္မွာ အမည္း စက္ေတြ ျဖစ္ေပၚတဲ့အခါ သက္သာေအာင္ ဘယ္လို လုပ္ႏိုင္ပါသလဲ ဆရာမ။

ေၿဖ။ မ်က္ခံြေအာက္မွာ အမည္းစက္ေလးေတြကို ေတြ႕ရတတ္ပါတယ္။ အမ်ဳိးသမီးေတြမွာ အမိ်ဳးသားေတြထက္ ပိုေတြ႕ရပါတယ္၊ ျဖစ္ေစတဲ့ အေၾကာင္းရင္းေတြ စဥ္းစားၾကည့္ရေအာင္-

– လူပန္း၊ စိတ္ပန္းျဖစ္တဲ့အခါ ျဖစ္တတ္တယ္၊ အိပ္ေရးမ၀ရင္လည္း ျဖစ္တတ္တယ္၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္မေပ်ာ္ရင္လည္း ျဖစ္တတ္တယ္၊ ဒါေၾကာင့္ အလုပ္ပင္ပန္းတဲ့အခါ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေအာင္ အိပ္ပါ၊ စိတ္တည္ၿငိမ္ေအာင္ တရားထိုင္ၾကည့္ပါလို႔ အႀကံေပးခ်င္ပါတယ္။

– အဆီေပါက္၊ ေမြးညင္းေပါက္ေတြ ပိတ္သြားရင္လည္း အေရျပား ေရာင္ရမ္းလာၿပီး အမည္းစက္ေတြ ျဖစ္တတ္ပါတယ္၊

– မိတ္ကပ္ထူထူ ပ်စ္ပ်စ္ႀကီးေတြ မလိမ္းသင့္ပါဘူး။ မ်က္ႏွာကို ပြန္းေစမယ့္ ေၾကးခြၽတ္၊ ေပါင္းတင္တာမ်ဳိးေတြ မၾကာခဏ မလုပ္သင့္ဘူး၊ ေၾကးခြၽတ္ကုထံုး (Scrub) ကို ျပင္းျပင္းထန္ထန္ မသံုးသင့္ဘူး၊ မ်က္ႏွာသန္႔ရွင္းေရးကို ဂ႐ုစိုက္သင့္တယ္လို႔ အႀကံေပးခ်င္ပါတယ္။

– အစားေလွ်ာ့စားၿပီး ကိုယ္အေလးခ်ိန္ ေလ်ာ့ခ်တဲ့အခါ ျဖစ္တတ္တယ္။ ေရဓာတ္ခ်ဳိ႕တဲ့တဲ့ အခါနဲ႔ အရည္ေသာက္နည္းတဲ့အခါ ျဖစ္တတ္ပါတယ္။

– က်န္းမာေစတဲ့ အစာကို စားသင့္ပါတယ္။ ေရကိုလည္း ပံုမွန္ ေသာက္သင့္ပါတယ္။

– ေနေလာင္တာမ်ားရင္ ျဖစ္တတ္တယ္၊ မဲွ႔ေျခာက္၊ တင္းတိတ္ အကြက္ေတြ ထြက္လာတတ္ပါတယ္။

– ေနပူဒဏ္သာမကဘဲ ေလပူကိုလည္း ေရွာင္သင့္ပါတယ္၊ အေရျပားကို ပြန္းေစမယ့္ အလွျပင္ပစၥည္းေတြျဖစ္တဲ့ မ်က္ႏွာေပါင္းတင္ပစၥည္း (Face Mask) သံုးတာ၊ Scrub (ေၾကးခြၽတ္ေဆး)သံုးတာ၊ မ်က္ႏွာေၾကးခြၽတ္ ေပါင္းတင္တာ အလြန္အကြၽံ မလုပ္သင့္ပါဘူး၊ ေနေလာင္ဒဏ္ ပိုခံရၿပီး အမည္းစက္ေတြ ပိုထြက္လာတတ္တယ္။

– ဖုန္၊ မိႈ၊ အိမ္သုတ္ေဆး စတာေတြနဲ႔ ဓာတ္မတည့္တဲ့ အခါလည္း ျဖစ္တတ္ပါတယ္။

– ကိုယ္နဲ႔ မတည့္ဘူးလို႔ သံသယရိွတဲ့ အရာေတြကို ေရွာင္သင့္ပါတယ္။

– မ်ဳိး႐ိုးေၾကာင့္လည္း ျဖစ္တတ္တယ္။ ဗီဇအရ အသားျဖဴ တဲ့သူေတြမွာ ပိုသိသာတတ္တယ္၊ အသက္ႀကီးလာလို႔လည္း ျဖစ္တတ္တယ္။

ေမး မ်က္ခံြေအာက္မွာ အမည္းစက္ေတြထင္ရင္ ဘယ္လို ကုသသင့္ပါသလဲ ဆရာမ။

ေၿဖ မ်က္ခြံေအာက္မွာ အမည္းစက္ေတြ ထင္တာကို ကုသရာမွာ နည္းလမ္းအမ်ားႀကီး ရိွပါတယ္။ အဓိကကေတာ့ ျဖစ္ေစတဲ့ အေၾကာင္းရင္းကို ရွာၿပီး ဖယ္ရွားပစ္ရပါမယ္။

တကယ္လို႔ မကုႏိုင္ေသးရင္၊ ကုမရရင္ ဖံုးထားရမယ္၊ အမည္းစက္ေပ်ာက္ေအာင္ Make-up Concealor ဒါမွမဟုတ္ သနပ္ခါးကို သံုးၿပီး ဖံုးလို႔ရပါတယ္၊ သနပ္ခါးလိိမ္းလိုက္ရင္ အေရျပား အမည္းေရာင္ေတြ အေတာ္မ်ားမ်ားကို ဖံုးၿပီး၊ ၾကည့္ေကာင္းသြားမွာပဲ ျဖစ္ပါတယ္။ အဲဒီအခါ ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္ခ်က္ ျမင့္တက္သြားမွာပါ။



Credit:Healthy Life Journal
 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

မေး။ မျက်ခွံအောက်မှာ အမည်း စက်တွေ ဖြစ်ပေါ်တဲ့အခါ သက်သာအောင် ဘယ်လို လုပ်နိုင်ပါသလဲ ဆရာမ။

ဖြေ။ မျက်ခွံအောက်မှာ အမည်းစက်လေးတွေကို တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုတွေ့ရပါတယ်၊ ဖြစ်စေတဲ့ အကြောင်းရင်းတွေ စဉ်းစားကြည့်ရအောင်-

– လူပန်း၊ စိတ်ပန်းဖြစ်တဲ့အခါ ဖြစ်တတ်တယ်၊ အိပ်ရေးမဝရင်လည်း ဖြစ်တတ်တယ်၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ရင်လည်း ဖြစ်တတ်တယ်၊ ဒါကြောင့် အလုပ်ပင်ပန်းတဲ့အခါ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင် အိပ်ပါ၊ စိတ်တည်ငြိမ်အောင် တရားထိုင်ကြည့်ပါလို့ အကြံပေးချင်ပါတယ်။

– အဆီပေါက်၊ မွေးညင်းပေါက်တွေ ပိတ်သွားရင်လည်း အရေပြား ရောင်ရမ်းလာပြီး အမည်းစက်တွေ ဖြစ်တတ်ပါတယ်၊

– မိတ်ကပ်ထူထူ ပျစ်ပျစ်ကြီးတွေ မလိမ်းသင့်ပါဘူး။ မျက်နှာကို ပွန်းစေမယ့် ကြေးချွတ်၊ ပေါင်းတင်တာမျိုးတွေ မကြာခဏ မလုပ်သင့်ဘူး၊ ကြေးချွတ်ကုထုံး (Scrub) ကို ပြင်းပြင်းထန်ထန် မသုံးသင့်ဘူး၊ မျက်နှာသန့်ရှင်းရေးကို ဂရုစိုက်သင့်တယ်လို့ အကြံပေးချင်ပါတယ်။

– အစားလျှော့စားပြီး ကိုယ်အလေးချိန် လျော့ချတဲ့အခါ ဖြစ်တတ်တယ်။ ရေဓာတ်ချို့တဲ့တဲ့ အခါနဲ့ အရည်သောက်နည်းတဲ့အခါ ဖြစ်တတ်ပါတယ်။

– ကျန်းမာစေတဲ့ အစာကို စားသင့်ပါတယ်။ ရေကိုလည်း ပုံမှန် သောက်သင့်ပါတယ်။

– နေလောင်တာများရင် ဖြစ်တတ်တယ်၊ မဲှ့ခြောက်၊ တင်းတိတ် အကွက်တွေ ထွက်လာတတ်ပါတယ်။

– နေပူဒဏ်သာမကဘဲ လေပူကိုလည်း ရှောင်သင့်ပါတယ်၊ အရေပြားကို ပွန်းစေမယ့် အလှပြင်ပစ္စည်းတွေဖြစ်တဲ့ မျက်နှာပေါင်းတင်ပစ္စည်း (Face Mask) သုံးတာ၊ Scrub (ကြေးချွတ်ဆေး)သုံးတာ၊ မျက်နှာကြေးချွတ် ပေါင်းတင်တာ အလွန်အကျွံ မလုပ်သင့်ပါဘူး၊ နေလောင်ဒဏ် ပိုခံရပြီး အမည်းစက်တွေ ပိုထွက်လာတတ်တယ်။

– ဖုန်၊ မှို၊ အိမ်သုတ်ဆေး စတာတွေနဲ့ ဓာတ်မတည့်တဲ့ အခါလည်း ဖြစ်တတ်ပါတယ်။

– ကိုယ်နဲ့ မတည့်ဘူးလို့ သံသယရှိတဲ့ အရာတွေကို ရှောင်သင့်ပါတယ်။

– မျိုးရိုးကြောင့်လည်း ဖြစ်တတ်တယ်။ ဗီဇအရ အသားဖြူ တဲ့သူတွေမှာ ပိုသိသာတတ်တယ်၊ အသက်ကြီးလာလို့လည်း ဖြစ်တတ်တယ်။

မေး မျက်ခွံအောက်မှာ အမည်းစက်တွေထင်ရင် ဘယ်လို ကုသသင့်ပါသလဲ ဆရာမ။

ဖြေ မျက်ခွံအောက်မှာ အမည်းစက်တွေ ထင်တာကို ကုသရာမှာ နည်းလမ်းအများကြီး ရှိပါတယ်။ အဓိကကတော့ ဖြစ်စေတဲ့ အကြောင်းရင်းကို ရှာပြီး ဖယ်ရှားပစ်ရပါမယ်။

တကယ်လို့ မကုနိုင်သေးရင်၊ ကုမရရင် ဖုံးထားရမယ်၊ အမည်းစက်ပျောက်အောင် Make-up Concealor ဒါမှမဟုတ် သနပ်ခါးကို သုံးပြီး ဖုံးလို့ရပါတယ်၊ သနပ်ခါးလိမ်းလိုက်ရင် အရေပြား အမည်းရောင်တွေ အတော်များများကို ဖုံးပြီး၊ ကြည့်ကောင်းသွားမှာပဲ ဖြစ်ပါတယ်။ အဲဒီအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ချက် မြင့်တက်သွားမှာပါ။



Credit:Healthy Life Journal

 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top