iMyanmarHouse.com - Best Property Website for Myanmar
×

သေႏၶတားေဆးကို သံုးႏွစ္ေက်ာ္ ၾကာတ့ဲအထိ မွီဝဲတ့ဲ အမ်ိဳးသမီးေတြအေနနဲ႔ အျမင္အာရံုဆံုးရံႈးႏိုင္တ့ဲ မ်က္စိျပႆနာျဖစ္ႏိုင္ေျခ ႏွစ္ဆခန္႔ ျမင့္မားတယ္ လို႔ ေလ့လာမႈအရ ေတြ႔ရွိထားပါတယ္။ သေႏၶတားေဆးမွီဝဲတ့ဲ အမ်ိဳးသမီးေတြအေနနဲ႔ မ်က္စိေရတိမ္ေရာဂါ ျဖစ္ႏိုင္ေျခပိုမ်ားတယ္လို႔ သုေတသသီေတြက ေတြ႔ရွိခ့ဲပါတယ္။

ေရတိမ္ေရာဂါဟာ မ်က္စိအတြင္း ေရဆင္းတ့ဲပိုက္ ပိတ္ဆို႔မႈျဖစ္ခ့ဲရင္ ေရစီးဆင္းမႈ မရွိေတာ့တ့ဲအတြက္ မ်က္လံုးအတြင္း ဖိအားမ်ားလာကာ ျမင္လႊာမွ အာရံုေၾကာနဲ႔ မ်က္စိအာရံုေၾကာ ပ်က္စီးတာေၾကာင့္ ျဖစ္တာပါ။

ဒီေလ့လာမႈအသစ္ဟာ ပါးစပ္မွမွီဝဲရတ့ဲ သေႏၶတားေဆးကို အသံုးျပဳတ့ဲ အမ်ိဳးသမီးေတြအေနနဲ႔ ေရတိမ္ေရာဂါျဖစ္ႏိုင္ေျခ မ်ားတာကို ပထမဆံုး ေတြ႔ရွိတာျဖစ္ပါတယ္။

ပါးစပ္မွ မွီဝဲရတ့ဲ သေႏၶတားေဆးဟာ ေရတိမ္ေရာဂါျဖစ္ဖို႔ တိုက္ရိုက္ဆက္သြယ္မႈမရွိေပမယ့္ ဒီသေႏၶတားေဆးကို ေရရွည္အသံုးျပဳပါက ေရတိမ္ေရာဂါ ျဖစ္ႏိုင္ေျခကို ျမင့္မားတာကို ညႊန္ျပေနတယ္လို႔ သိရပါတယ္။ ေရတိမ္ေရာဂါကို မ်က္စဥ္းေဆးခတ္တာ၊ ေလဆာကုထံုးအသံုးျပဳတာ ဒါမွမဟုတ္ ခြဲစိတ္နည္းလမ္း အသံုးျပဳႏိုင္ပါတယ္။

ေရာဂါရွိမွန္း ေစာေစာစီးစီးသိဖို႔ အေရးႀကီးပါတယ္။ မ်က္လံုးတြင္း ပ်က္စီးမႈ ျဖစ္လာရင္ ျပန္လည္ျပဳျပင္လို႔ မရႏိုင္တာေၾကာင့္ပါ။ ေရတိမ္ေရာဂါကို မကုသဘဲ ထားခ့ဲရင္ အျမင္အာရံုဆံုးရံႈးႏိုင္ပါတယ္။


Credit:Healthcare
 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

သန္ဓေတားဆေးကို သုံးနှစ်ကျော် ကြာတဲ့အထိ မှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ အမြင်အာရုံဆုံးရှုံးနိုင်တဲ့ မျက်စိပြဿနာဖြစ်နိုင်ခြေ နှစ်ဆခန့် မြင့်မားတယ် လို့ လေ့လာမှုအရ တွေ့ရှိထားပါတယ်။ သန္ဓေတားဆေးမှီဝဲတဲ့ အမျိုးသမီးတွေအနေနဲ့ မျက်စိရေတိမ်ရောဂါ ဖြစ်နိုင်ခြေပိုများတယ်လို့ သုတေသသီတွေက တွေ့ရှိခဲ့ပါတယ်။

ရေတိမ်ရောဂါဟာ မျက်စိအတွင်း ရေဆင်းတဲ့ပိုက် ပိတ်ဆို့မှုဖြစ်ခဲ့ရင် ရေစီးဆင်းမှု မရှိတော့တဲ့အတွက် မျက်လုံးအတွင်း ဖိအားများလာကာ မြင်လွှာမှ အာရုံကြောနဲ့ မျက်စိအာရုံကြော ပျက်စီးတာကြောင့် ဖြစ်တာပါ။

ဒီလေ့လာမှုအသစ်ဟာ ပါးစပ်မှမှီဝဲရတဲ့ သန္ဓေတားဆေးကို အသုံးပြုတဲ့ အမျိုးသမီးတွေအနေနဲ့ ရေတိမ်ရောဂါဖြစ်နိုင်ခြေ များတာကို ပထမဆုံး တွေ့ရှိတာဖြစ်ပါတယ်။

ပါးစပ်မှ မှီဝဲရတဲ့ သန္ဓေတားဆေးဟာ ရေတိမ်ရောဂါဖြစ်ဖို့ တိုက်ရိုက်ဆက်သွယ်မှုမရှိပေမယ့် ဒီသန္ဓေတားဆေးကို ရေရှည်အသုံးပြုပါက ရေတိမ်ရောဂါ ဖြစ်နိုင်ခြေကို မြင့်မားတာကို ညွှန်ပြနေတယ်လို့ သိရပါတယ်။ ရေတိမ်ရောဂါကို မျက်စဉ်းဆေးခတ်တာ၊ လေဆာကုထုံးအသုံးပြုတာ ဒါမှမဟုတ် ခွဲစိတ်နည်းလမ်း အသုံးပြုနိုင်ပါတယ်။

ရောဂါရှိမှန်း စောစောစီးစီးသိဖို့ အရေးကြီးပါတယ်။ မျက်လုံးတွင်း ပျက်စီးမှု ဖြစ်လာရင် ပြန်လည်ပြုပြင်လို့ မရနိုင်တာကြောင့်ပါ။ ရေတိမ်ရောဂါကို မကုသဘဲ ထားခဲ့ရင် အမြင်အာရုံဆုံးရှုံးနိုင်ပါတယ်။


Credit:Healthcare

 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top