iMyanmarHouse.com - Best Property Website for Myanmar
×

ဒီဓေလ့ဟာသီရိမာဆိုတဲ့အမ်ိဳးသမီးကစတင္တာပါ။သီရိမာဆိုတာ ျပည့္တန္ဆာတစ္ဦးသူမနဲ႕
 ေပ်ာ္ပါးခ်င္ရင္ အႆ ျပာ ၁၀၀၀ ေပးရတယ္။

သူ႕ကိုသေဘာက်ႏွစ္သက္ၾကတဲ့အထဲမွာ လူတင္မကသံဃာေတာ္ေတြပါ ပါဝင္ခဲ့တယ္။

ဥတၱရာရဲ႕ေက်းဇူးေၾကာင့္ သူမဟာ ဘာသာကိုင္းရွိုင္းသူျဖစ္ခဲ့ၿပီးသံဃာ ၈ပါးကိုေန႕စဥ္ဆြမ္းလႉခဲ့တယ္။

သူမေသဆုံးသြားတဲ့အခါသူမကိုခ်က္ခ်င္းေျမမျမႇပ္ေစပဲလင့္စင္ထိုးၿပီးသုႆန္မွာ၃ရက္ထားေစဖို႔ ျမတ္စြာဘုရား
ရွင္ကဗိဗၺိသာရမင္းႀကီးကို မွာၾကားခဲ့တယ္။

၃ ရက္ေျမာက္တဲ့ေန႕မွာ နာမက်န္းတဲ့သူနဲ႕ ကေလးငယ္မွလြဲ၍ အားလုံး သီရိမာရဲ႕ေျမျမဳပ္ပြဲကို လာေရာက္ၾကည့္ရႈ႕ရမည္၊ပ်က္ကြက္ပါကဒဏ္ေငြ ေပးေဆာင္ရမည္ဆိုၿပီးေမာင္းလွည့္ခတ္ေစတယ္။

ဘုရားကလည္း သံဃာအားလုံး လာေရာက္၍ၾကည့္ရႈ႕ရမည္ဟုအမိန႔္ထုတ္တယ္။

၃ ရက္ေျမာက္တဲ့ေနမွာ သီရိမာရဲ႕ ႐ုပ္ကေတာ္ေတာ္ေလးပ်က္စီးေနၿပီ၊

ဒြာရေပါက္ အေပါင္းမွစီးထြက္လာတဲ့ အရည္နံ႕ကလဲ ေထာင္းေထာင္းထေနခဲ့ၿပီ။

အဲ့ဒီအခါမွာေတာ့ ကမာၻေပၚမွာ ပထမဦးဆုံးေလလံပြဲကို စတင္ပါတယ္။

သီရိမာကို လိုခ်င္တဲ့သူရွိရင္ အႆ ျပာ တစ္ေထာင္နဲ႕ အပိုင္ယူနိုင္ပါတယ္တဲ့။

တစ္ေယာက္မွ မလႈပ္ၾကပါ၊ ဒါနဲ႕ ၅၀၀ - ၂၅၀ - အလကားေပးမယ္ဆိုတာေတာင္ မယူၾကေတာ့ဘူး။

ဒီေတာ့ေနာက္တစ္မ်ိဳးေျပာင္းၿပီ သီရိမာကို ၾကင္ၾကင္နာနာနဲ႕ေခၚထားမယ္ဆိုရင္ အသျပာ ၁၀၀၀ ေပးမယ္ဆိုတာေတာင္ ဘယ္သူမွ ယူမယ့္သူမရွိဘူး။

အဲဒီေတာ့မွ ဘုရားက မရဏသေဘာကိုတရားေဟာတယ္၊

အားလုံးကိုလဲ သရဏံဂုံတင္ေပးတယ္။

လူအမ်ား ကြၽတ္တန္းဝင္ၾကတယ္ေပါ့ဗ်ာ....

အဲဒီကစလို႔ ၃ ရက္ထားတဲ့ ဓေလ့၊ အသုဘရႈတဲ့ဓေလ့၊ သရဏံဂုံတင္တဲ့ဓေလ့ေတြ စတင္ျဖစ္လာခဲ့တယ္လို႔ဆိုတယ္။

မွတ္ခ်က္။ ။ သရဏံဂုံတင္ျခင္းသည္ ေသသူကိုတင္ျခင္းမဟုတ္ပါ။ ယခုအခါမွားယြင္းစြာ ေသသူကိုတင္သည္ဟုထင္ေနၾကသည္။

ေနာက္တစ္ခုက

မသာတစ္ေခါက္ ေက်ာင္းဆယ္ေခါက္ဆိုတာကို မသာတစ္ေခါက္ပို႔ျခင္းဟာ ေက်ာင္း ဆယ္ေခါက္သြားျခင္းနဲ႕ ကုသိုလ္တူတယ္လို႔ထင္ေနၾကတယ္၊ တကယ္က မသာတစ္ေခါက္
ပို႔တဲ့အတြက္ သံေဝဂရၿပီး ေက်ာင္းကို ဆယ္ေခါက္ေရာက္သြားလိမ့္မယ္လို႔ဆိုတာပါ။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:Dama Knowledge



#Unicode Version
ဒီဓလေ့ဟာသီရိမာဆိုတဲ့အမျိုးသမီးကစတင်တာပါ။သီရိမာဆိုတာ ပြည့်တန်ဆာတစ်ဦးသူမနဲ့
 ပျော်ပါးချင်ရင် အဿ ပြာ ၁၀၀၀ ပေးရတယ်။

သူ့ကိုသဘောကျနှစ်သက်ကြတဲ့အထဲမှာ လူတင်မကသံဃာတော်တွေပါ ပါဝင်ခဲ့တယ်။

ဥတ္တရာရဲ့ကျေးဇူးကြောင့် သူမဟာ ဘာသာကိုင်းရှိုင်းသူဖြစ်ခဲ့ပြီးသံဃာ ၈ပါးကိုနေ့စဉ်ဆွမ်းလှူခဲ့တယ်။

သူမသေဆုံးသွားတဲ့အခါသူမကိုချက်ချင်းမြေမမြှပ်စေပဲလင့်စင်ထိုးပြီးသုဿန်မှာ၃ရက်ထားစေဖို့ မြတ်စွာဘုရား
ရှင်ကဗိဗ္ဗိသာရမင်းကြီးကို မှာကြားခဲ့တယ်။

၃ ရက်မြောက်တဲ့နေ့မှာ နာမကျန်းတဲ့သူနဲ့ ကလေးငယ်မှလွဲ၍ အားလုံး သီရိမာရဲ့မြေမြုပ်ပွဲကို လာရောက်ကြည့်ရှု့ရမည်၊ပျက်ကွက်ပါကဒဏ်ငွေ ပေးဆောင်ရမည်ဆိုပြီးမောင်းလှည့်ခတ်စေတယ်။

ဘုရားကလည်း သံဃာအားလုံး လာရောက်၍ကြည့်ရှု့ရမည်ဟုအမိန့်ထုတ်တယ်။

၃ ရက်မြောက်တဲ့နေမှာ သီရိမာရဲ့ ရုပ်ကတော်တော်လေးပျက်စီးနေပြီ၊

ဒွာရပေါက် အပေါင်းမှစီးထွက်လာတဲ့ အရည်နံ့ကလဲ ထောင်းထောင်းထနေခဲ့ပြီ။

အဲ့ဒီအခါမှာတော့ ကမ္ဘာပေါ်မှာ ပထမဦးဆုံးလေလံပွဲကို စတင်ပါတယ်။

သီရိမာကို လိုချင်တဲ့သူရှိရင် အဿ ပြာ တစ်ထောင်နဲ့ အပိုင်ယူနိုင်ပါတယ်တဲ့။

တစ်ယောက်မှ မလှုပ်ကြပါ၊ ဒါနဲ့ ၅၀၀ - ၂၅၀ - အလကားပေးမယ်ဆိုတာတောင် မယူကြတော့ဘူး။

ဒီတော့နောက်တစ်မျိုးပြောင်းပြီ သီရိမာကို ကြင်ကြင်နာနာနဲ့ခေါ်ထားမယ်ဆိုရင် အသပြာ ၁၀၀၀ ပေးမယ်ဆိုတာတောင် ဘယ်သူမှ ယူမယ့်သူမရှိဘူး။

အဲဒီတော့မှ ဘုရားက မရဏသဘောကိုတရားဟောတယ်၊

အားလုံးကိုလဲ သရဏံဂုံတင်ပေးတယ်။

လူအများ ကျွတ်တန်းဝင်ကြတယ်ပေါ့ဗျာ....

အဲဒီကစလို့ ၃ ရက်ထားတဲ့ ဓလေ့၊ အသုဘရှုတဲ့ဓလေ့၊ သရဏံဂုံတင်တဲ့ဓလေ့တွေ စတင်ဖြစ်လာခဲ့တယ်လို့ဆိုတယ်။

မှတ်ချက်။ ။ သရဏံဂုံတင်ခြင်းသည် သေသူကိုတင်ခြင်းမဟုတ်ပါ။ ယခုအခါမှားယွင်းစွာ သေသူကိုတင်သည်ဟုထင်နေကြသည်။

နောက်တစ်ခုက

မသာတစ်ခေါက် ကျောင်းဆယ်ခေါက်ဆိုတာကို မသာတစ်ခေါက်ပို့ခြင်းဟာ ကျောင်း ဆယ်ခေါက်သွားခြင်းနဲ့ ကုသိုလ်တူတယ်လို့ထင်နေကြတယ်၊ တကယ်က မသာတစ်ခေါက်

ပို့တဲ့အတွက် သံဝေဂရပြီး ကျောင်းကို ဆယ်ခေါက်ရောက်သွားလိမ့်မယ်လို့ဆိုတာပါ။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit:Dama Knowledge

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top