iMyanmarHouse.com - Best Property Website for Myanmar
×
Credit:MOMOLAY
Unicode Version
လူတော်တော်များများ ရေခဲမုန့် ကို ကြိုက်နှစ်သက် စားသုံးကြပါတယ်။ အရသာမျိုးစုံ၊ အရောင်အသွေးမျိုးစုံရှိတဲ့ ရေခဲမုန့် မှာ ကျန်းမာရေးကို အကျိုးပြုတဲ့ အာဟာရဓါတ်တွေလည်း အများဆုံး ရှိပါတယ်။
ခန္ဓာကိုယ်မှာ သွေးခဲတာတွေ ဖြစ်တတ်ပါတယ်။ ရေခဲမုန့်မှာ ပါဝင်တဲ့ ဗီတာမင်ကေဟာ သွေးခဲခြင်း၊ သွေးပျစ်ခြင်းတွေကို ကာကွယ်တားဆီးပေးပါတယ်။
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ကာဗိုလ်ဟိုက်ဒြိုက်တွေကိုလည်း ရေခဲမုန့်က ပေးစွမ်းနိုင်တဲ့အပြင် ခန္ဓာကိုယ် ကျန်းမာစေဖို့အတွက် စွမ်းအင်တွေ ပေးစွမ်းနိုင်ပါတယ်။
ရေခဲမုန့်မှာ ကယ်လ်စီယမ်ဓါတ် ပါဝင်ခြင်းဟာ အရိုးတွေကို သန်မာစေပြီး သတ္တုဓါတ်ပါဝင်ခြင်းကတော့ ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။
ရေခဲမုန့်ကို နံနက်ခင်း စားသုံးခြင်းဟာ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးစေဖို့ အထောက်အကူပြုတယ်လို့ ဂျပန်နိုင်ငံမှ သုတေသီတွေက ဆိုထားပါတယ်။ တွေးခေါ်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေပြီး စိတ်ကြည်လင် လန်းဆန်းမှုကို ပေးစွမ်းနိုင်ပါတယ်။
ရေခဲမုန့်မှာ ကယ်စီယမ်ဓါတ် ပါဝင်ခြင်းဟာ အူမကြီးကင်ဆာ ဖြစ်ပွားမှုကို လျော့ကျစေပါတယ်။ နို့နဲ့ပြုလုပ်ထားတဲ့ ရေခဲမုန့်တွေဟာ ကျန်းမာရေးကို ပိုမိုအထောက်အကူပြုကြောင်း သုတေသီတွေက ဆိုထားပါတယ်။
Credit:MOMOLAY
 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top