iMyanmarHouse.com - Best Property Website for Myanmar
×

အသက္ ၅၀ အရြယ္မွာ အမ်ိဳးသမီး ၁၀ ေယာက္မွာ ၈ ေယာက္က သားအိမ္မွာ အသားလံုးျဖစ္တတ္ၾကပါတယ္။ uterine fibroids ဆိုတာ အျဖစ္မ်ားၿပီး သားအိမ္ႂကြက္သားေတြ ႀကီးထြားလာတဲ့ ကင္ဆာမဟုတ္ေသာ ေရာဂါပဲျဖစ္ပါတယ္။ အမ်ိဳးသမီးတစ္ေယာက္မွာ အရြယ္အစား ၁ - ၈ လက္မေလာက္ရွိတဲ့ အသားလံုးတစ္လံုး (သို႔) အသားလံုးေလးေတြ အမ်ားႀကီးရွိတတ္ပါတယ္။ အခ်ိဳ႕မွာေတာ့ ဘာေရာဂါလကၡဏာမွမျပဘဲ ရွိေနတတ္ပါတယ္။ ဒါေပမယ့္ သားအိမ္အသားလံုးရွိတဲ့ အမ်ိဳးသမီးေတြရဲ႕ အနည္းဆံုး ၂၅% ေလာက္ကေတာ့ ေရာဂါလကၡဏာ အနည္းငယ္ (သို႔) ျပင္းထန္လာၿပီး ကုသမႈခံယူရပါတယ္။

ေရာဂါလကၡဏာမ်ား

-  ဓမၼတာမမွန္ျခင္း၊ ေသြးမ်ားမ်ားဆင္းျခင္း၊ ေသြးဆင္းခ်ိန္ၾကာျခင္း

-  ရာသီလာခ်ိန္တြင္ ကိုက္ခဲျခင္း

-  ေသြးအတံုး၊အခဲမ်ားဆင္းျခင္း

-  ဗိုက္ျပည့္အင့္ျခင္း

-  ဝမ္းခ်ဳပ္ျခင္း

-  ဆီးခဏခဏသြားျခင္း၊ ဆီးသြားရခက္ခဲျခင္း

-  မ်ိဳးမေအာင္ျခင္း

-  လိင္ဆက္ဆံလွ်င္နာျခင္း

-  နာတာရွည္အျဖဴဆင္းျခင္း

-  ပင္ပန္းႏြမ္းနယ္ျခင္း

အမ်ားအားျဖင့္ အမ်ိဳးသမီးေတြက ကုသမႈခံယူဖို႔ ၃ႏွစ္ခြဲ - ၅ႏွစ္ေက်ာ္ေလာက္ေစာင့္ၿပီးမွ လာေလ့ရွိၾကပါတယ္။ ေရာဂါသိဖို႔ေနာက္က်ျခင္းက ေရာဂါကုထံုးေတြရဲ႔ အက်ိဳးသက္ေရာက္မႈကိုေနွာင့္ေႏွးေစပါတယ္။ ေစာေစာသိေလေလ ကုသဖို႔နည္းလမ္းမ်ားမ်ားေရြးခ်ယ္ႏိုင္ေလပါပဲ။

ကုထံုးမ်ား

၁။ ေစာင့္ၾကည့္ျခင္း - ဘာေရာဂါလကၡဏာမွမျပေသးရင္ေတာ့ ေစာင့္ၾကည့္ေနရပါမယ္။ ကုသမႈမျပဳေသးေပမယ့္ ေျပာင္းလဲမႈနဲ႔ ေရာဂါလကၡဏာေတြကိုေတာ့ မ်က္ေျခမပ်က္ေစာင့္ၾကည့္ေနရပါမယ္။

၂။ ေဟာ္မုန္းေဆးမ်ား - ကိုယ္ဝန္တားေဆး (သို႔) အျခားေဟာ္မုန္းေဆးေတြက အသားလံုးကို က်ံဳ႔ေစႏိုင္သလို ေသြးထြက္တာကိုလည္း ထိန္းခ်ဳပ္ႏိုင္ပါတယ္။

၃။ ေဟာ္မုန္းမဟုတ္ေသာေဆးမ်ား - tranexemic acid ကဲ့သို႔ေသာ ေဆးေတြက ေသြးဆင္းမ်ားတာကို သက္သာေစပါတယ္။

၄။ Focused ultrasound - ခြဲစိတ္ဖို႔မလိုဘဲ ႏွႈန္းလြန္အသံလႈိင္းကို အသံုးျပဳၿပီး အသားလံုးတစ္သွ်ဴးေတြကို အပူေပးဖ်က္ဆီးတဲ့ နည္းတစ္မ်ိဳးျဖစ္ပါတယ္။

၅။ Uterine fibroid embolization (UFE) - အသားလံုးကို ေသြးေရာက္ရွိမႈနည္းေအာင္ သားအိမ္ေသြးေၾကာကို အမႈန္ေလးေတြနဲ႔ ပိတ္ဆို႔လုိက္ျခင္းျဖစ္ပါတယ္။

၆။ Myomectomy procedures - သားအိမ္မွ အသားလံုးကို မွန္ေျပာင္းသံုးၿပီး (သို႔) ဗိုက္ခြဲၿပီး ဖယ္ထုတ္ျခင္း

၇။ Hysterectomy (ဝမ္းဗိုက္ မွန္ေျပာင္းျဖင့္၊ ေမြးလမ္းေၾကာင္းမွတစ္ဆင့္ မွန္ေျပာင္းထည့္ၿပီး၊ ဗိုက္ခြဲ) - သားအိမ္တစ္ခုလံုးထုတ္လိုက္ျခင္း၊ အျခားအသားလံုးျပန္မျဖစ္ေအာင္ဖယ္ရွားျခင္း

ကုထံုးေတြကို ရွင္းျပလုိက္ခ်ိန္မွာ အမ်ိဳးသမီး ၆၀%က ultrasound ကို ေရြးခ်ယ္ၾကပါတယ္။ ၅၅% ေလာက္ကေတာ့ ေနာက္ထပ္ျပန္ျဖစ္မွာေၾကာက္လို႔ သားအိမ္ထုတ္ခ်င္ၾကပါတယ္။

            တကယ္လို႔ မိမိရဲ႕သားအိမ္မွာ အလံုးအက်ိတ္ျဖစ္ေနတယ္လို႔သံသယရွိရင္ ဆရာဝန္နဲ႔ ျပၿပီး ကုထံုးေတြအေၾကာင္းကို ေလ့လာပါ။ ေရာဂါေစာေစာသိေလေလ ေရြးခ်ယ္စရာကုထံုးေတြမ်ားၿပီး ေကာင္းမြန္တဲ့ ဘဝအရည္အေသြးကို ပိုင္ဆိုင္ႏိုင္ပါမယ္။

            သိထားသင့္တဲ့အခ်က္ေတြကေတာ့ ဒီေရာဂါခံစားလာရၿပီဆိုရင္ ကုထံုးေတြကိုေသခ်ာေရြးခ်ယ္ပါ။ ခြဲစိတ္မႈမလုပ္ခင္မွာ အျခားနည္းလမ္းေတြကို တစ္ခုၿပီးတစ္ခု ေရြးခ်ယ္လို႔ရပါတယ္။ ခြဲစိတ္ရမယ္ဆိုရင္လည္း ဆရာဝန္တိုက္တြန္းမႈအရ မဟုတ္ဘဲ မိမိဆႏၵနဲ႔ ေသခ်ာဆံုးျဖတ္ပါ။


Credit:Drmyanmar

 ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

အသက် ၅၀ အရွယ်မှာ အမျိုးသမီး ၁၀ ယောက်မှာ ၈ ယောက်က သားအိမ်မှာ အသားလုံးဖြစ်တတ်ကြပါတယ်။ uterine fibroids ဆိုတာ အဖြစ်များပြီး သားအိမ်ကြွက်သားတွေ ကြီးထွားလာတဲ့ ကင်ဆာမဟုတ်သော ရောဂါပဲဖြစ်ပါတယ်။ အမျိုးသမီးတစ်ယောက်မှာ အရွယ်အစား ၁ - ၈ လက်မလောက်ရှိတဲ့ အသားလုံးတစ်လုံး (သို့) အသားလုံးလေးတွေ အများကြီးရှိတတ်ပါတယ်။ အချို့မှာတော့ ဘာရောဂါလက္ခဏာမှမပြဘဲ ရှိနေတတ်ပါတယ်။ ဒါပေမယ့် သားအိမ်အသားလုံးရှိတဲ့ အမျိုးသမီးတွေရဲ့ အနည်းဆုံး ၂၅% လောက်ကတော့ ရောဂါလက္ခဏာ အနည်းငယ် (သို့) ပြင်းထန်လာပြီး ကုသမှုခံယူရပါတယ်။

ရောဂါလက္ခဏာများ

-  ဓမ္မတာမမှန်ခြင်း၊ သွေးများများဆင်းခြင်း၊ သွေးဆင်းချိန်ကြာခြင်း

-  ရာသီလာချိန်တွင် ကိုက်ခဲခြင်း

-  သွေးအတုံး၊အခဲများဆင်းခြင်း

-  ဗိုက်ပြည့်အင့်ခြင်း

-  ဝမ်းချုပ်ခြင်း

-  ဆီးခဏခဏသွားခြင်း၊ ဆီးသွားရခက်ခဲခြင်း

-  မျိုးမအောင်ခြင်း

-  လိင်ဆက်ဆံလျှင်နာခြင်း

-  နာတာရှည်အဖြူဆင်းခြင်း

-  ပင်ပန်းနွမ်းနယ်ခြင်း

အများအားဖြင့် အမျိုးသမီးတွေက ကုသမှုခံယူဖို့ ၃နှစ်ခွဲ - ၅နှစ်ကျော်လောက်စောင့်ပြီးမှ လာလေ့ရှိကြပါတယ်။ ရောဂါသိဖို့နောက်ကျခြင်းက ရောဂါကုထုံးတွေရဲ့ အကျိုးသက်ရောက်မှုကိုနှောင့်နှေးစေပါတယ်။ စောစောသိလေလေ ကုသဖို့နည်းလမ်းများများရွေးချယ်နိုင်လေပါပဲ။

ကုထုံးများ

၁။ စောင့်ကြည့်ခြင်း - ဘာရောဂါလက္ခဏာမှမပြသေးရင်တော့ စောင့်ကြည့်နေရပါမယ်။ ကုသမှုမပြုသေးပေမယ့် ပြောင်းလဲမှုနဲ့ ရောဂါလက္ခဏာတွေကိုတော့ မျက်ခြေမပျက်စောင့်ကြည့်နေရပါမယ်။

၂။ ဟော်မုန်းဆေးများ - ကိုယ်ဝန်တားဆေး (သို့) အခြားဟော်မုန်းဆေးတွေက အသားလုံးကို ကျုံ့စေနိုင်သလို သွေးထွက်တာကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

၃။ ဟော်မုန်းမဟုတ်သောဆေးများ - tranexemic acid ကဲ့သို့သော ဆေးတွေက သွေးဆင်းများတာကို သက်သာစေပါတယ်။

၄။ Focused ultrasound - ခွဲစိတ်ဖို့မလိုဘဲ နှှုန်းလွန်အသံလှိုင်းကို အသုံးပြုပြီး အသားလုံးတစ်သျှူးတွေကို အပူပေးဖျက်ဆီးတဲ့ နည်းတစ်မျိုးဖြစ်ပါတယ်။

၅။ Uterine fibroid embolization (UFE) - အသားလုံးကို သွေးရောက်ရှိမှုနည်းအောင် သားအိမ်သွေးကြောကို အမှုန်လေးတွေနဲ့ ပိတ်ဆို့လိုက်ခြင်းဖြစ်ပါတယ်။

၆။ Myomectomy procedures - သားအိမ်မှ အသားလုံးကို မှန်ပြောင်းသုံးပြီး (သို့) ဗိုက်ခွဲပြီး ဖယ်ထုတ်ခြင်း

၇။ Hysterectomy (ဝမ်းဗိုက် မှန်ပြောင်းဖြင့်၊ မွေးလမ်းကြောင်းမှတစ်ဆင့် မှန်ပြောင်းထည့်ပြီး၊ ဗိုက်ခွဲ) - သားအိမ်တစ်ခုလုံးထုတ်လိုက်ခြင်း၊ အခြားအသားလုံးပြန်မဖြစ်အောင်ဖယ်ရှားခြင်း

ကုထုံးတွေကို ရှင်းပြလိုက်ချိန်မှာ အမျိုးသမီး ၆၀%က ultrasound ကို ရွေးချယ်ကြပါတယ်။ ၅၅% လောက်ကတော့ နောက်ထပ်ပြန်ဖြစ်မှာကြောက်လို့ သားအိမ်ထုတ်ချင်ကြပါတယ်။

            တကယ်လို့ မိမိရဲ့သားအိမ်မှာ အလုံးအကျိတ်ဖြစ်နေတယ်လို့သံသယရှိရင် ဆရာဝန်နဲ့ ပြပြီး ကုထုံးတွေအကြောင်းကို လေ့လာပါ။ ရောဂါစောစောသိလေလေ ရွေးချယ်စရာကုထုံးတွေများပြီး ကောင်းမွန်တဲ့ ဘဝအရည်အသွေးကို ပိုင်ဆိုင်နိုင်ပါမယ်။

            သိထားသင့်တဲ့အချက်တွေကတော့ ဒီရောဂါခံစားလာရပြီဆိုရင် ကုထုံးတွေကိုသေချာရွေးချယ်ပါ။ ခွဲစိတ်မှုမလုပ်ခင်မှာ အခြားနည်းလမ်းတွေကို တစ်ခုပြီးတစ်ခု ရွေးချယ်လို့ရပါတယ်။ ခွဲစိတ်ရမယ်ဆိုရင်လည်း ဆရာဝန်တိုက်တွန်းမှုအရ မဟုတ်ဘဲ မိမိဆန္ဒနဲ့ သေချာဆုံးဖြတ်ပါ။


Credit:Drmyanmar



 ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top