iMyanmarHouse.com - Best Property Website for Myanmar
×

နာမည္ႀကီး ထိပ္တန္းေတးသံရွင္ေတြျဖစ္တဲ့ အဆိုေတာ္ေအာင္လ ႏွင့္ အဆိုေတာ္ ဝိုင္းစုခိုင္သိန္းတို႔ တြဲေနတယ္ဆိုတဲ့ ေကာလဟာလေတြ ထြက္ခဲ့ေပမယ့္ ကာယကံရွင္ေတြဘက္မွ ဝန္ခံျခင္းေတာ့ မရွိခဲ့ပါဘူး။ဝိုင္းစုရဲ႕ပၪၥမေျမာက္အယ္ဘမ္တစ္ခုျဖစ္တဲ့"ဂါ"စီးရီးပရိုမိုးရွင္းပြဲအနီးမွာ ေကာလဟာလေတြ
ထြက္ေပၚလာျခင္းပဲျဖစ္ပါတယ္။

Promotion လုပ္ေနခ်ိန္မွာပဲ ဝိုင္းစုဟာ ခင္ပြန္းျဖစ္သူနဲ႕ တရားဝင္ကြာရွင္းျပတ္ဆဲေၾကာင္း အသိေပးေၾကာ္ျငာခဲ့သလို ေအာင္လဟာလည္း သူ႕ရဲ႕ဇနီးနဲ႕ LDRS ေတြျဖစ္ေနတာမို႔ ကြာရွင္းခဲ့တယ္လို႔ ဆိုပါတယ္။ ကြာရွင္းၿပီးမၾကာခင္မွာပဲ ေအာင္လဟာ Rs အသစ္ရေနၿပီျဖစ္ၿပီး ေသခ်ာရင္ပရိသတ္ ေတြကို အသိေပးသြားမယ္လို႔ ဆိုလာပါတယ္။ တိုက္ဆိုင္စြာပဲ ဝိုင္းစုကလည္း MC ကလုပ္တဲ့ အင္တာဗ်ဴးတစ္ခုမွာ တစ္ဦးတည္းေသာသမီးမို႔ တစ္ေယာက္တည္းေနသြားမွာ မဟုတ္ဘူး ဆိုၿပီး ေျဖၾကားသြားတာသိရပါတယ္။

အခုလည္း သူတို႔ႏွစ္ေယာက္ ကေလာကို အလည္အပတ္သြားခဲ့တယ္ ဆိုတဲ့သတင္းနဲ႕အတူ ဓာတ္ပုံေတြပါေပၚထြက္လာပါတယ္။ ေအာင္လဟာ သူ႕ရဲ႕ ေဖ့ဘုတ္မွာ Kalaw Trekking ဆိုတဲ့ Vedio file တစ္ခုတင္ထားတာမို႔ ကေလာသြားခဲ့တာကေတာ့ ေသခ်ာပါတယ္။

မေရွးမေႏွာင္းမွာပဲဝိုင္းစုနဲ႕အတူပေလာင္႐ြာမွာလက္တြဲၿပီးရိုက္ထားတဲ့ပုံေတြ ေဒသခံေတြရဲ႕ေျပာ
စကားေတြအရ ေအာင္လဟာ ဝိုင္းစုနဲ႕အတူ ခရီးထြက္ခဲ့တာ ျဖစ္ေကာင္းျဖစ္နိုင္ပါတယ္။
 
သူတို႔ကိုယ္တိုင္ ျမင္ခဲ့တာပါလို႔ ေျပာေနတဲ့ ေဒသခံေတြလည္းရွိေနၿပီး ဟိုတယ္မွာ အခန္းယူေနတဲ့ ဓာတ္ပုံေတြပါ online ေပၚတက္လို႔လာပါတယ္။ ဒါေပမယ့္လည္း photoshop လား ဘာလားဆိုတာ မသိနိုင္တဲ့အတြက္ သူတို႔ကိုယ္တိုင္ အတည္ျပဳျခင္းမရွိေသးခင္ထိေတာ့ ဒါဟာအမွန္ပါလို႔ မေျပာနိုင္ေသးပါဘူး ပရိသတ္ႀကီးေရ…………

Credit:Myanmarload

 ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နာမည်ကြီး ထိပ်တန်းတေးသံရှင်တွေဖြစ်တဲ့ အဆိုတော်အောင်လ နှင့် အဆိုတော် ဝိုင်းစုခိုင်သိန်းတို့ တွဲနေတယ်ဆိုတဲ့ ကောလဟာလတွေ ထွက်ခဲ့ပေမယ့် ကာယကံရှင်တွေဘက်မှ ဝန်ခံခြင်းတော့ မရှိခဲ့ပါဘူး။ဝိုင်းစုရဲ့ပဉ္စမမြောက်အယ်ဘမ်တစ်ခုဖြစ်တဲ့"ဂါ"စီးရီးပရိုမိုးရှင်းပွဲအနီးမှာ ကောလဟာလတွေ
ထွက်ပေါ်လာခြင်းပဲဖြစ်ပါတယ်။

Promotion လုပ်နေချိန်မှာပဲ ဝိုင်းစုဟာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းပြတ်ဆဲကြောင်း အသိပေးကြော်ငြာခဲ့သလို အောင်လဟာလည်း သူ့ရဲ့ဇနီးနဲ့ LDRS တွေဖြစ်နေတာမို့ ကွာရှင်းခဲ့တယ်လို့ ဆိုပါတယ်။ ကွာရှင်းပြီးမကြာခင်မှာပဲ အောင်လဟာ Rs အသစ်ရနေပြီဖြစ်ပြီး သေချာရင်ပရိသတ် တွေကို အသိပေးသွားမယ်လို့ ဆိုလာပါတယ်။ တိုက်ဆိုင်စွာပဲ ဝိုင်းစုကလည်း MC ကလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ တစ်ဦးတည်းသောသမီးမို့ တစ်ယောက်တည်းနေသွားမှာ မဟုတ်ဘူး ဆိုပြီး ဖြေကြားသွားတာသိရပါတယ်။

အခုလည်း သူတို့နှစ်ယောက် ကလောကို အလည်အပတ်သွားခဲ့တယ် ဆိုတဲ့သတင်းနဲ့အတူ ဓာတ်ပုံတွေပါပေါ်ထွက်လာပါတယ်။ အောင်လဟာ သူ့ရဲ့ ဖေ့ဘုတ်မှာ Kalaw Trekking ဆိုတဲ့ Vedio file တစ်ခုတင်ထားတာမို့ ကလောသွားခဲ့တာကတော့ သေချာပါတယ်။

မရှေးမနှောင်းမှာပဲဝိုင်းစုနဲ့အတူပလောင်ရွာမှာလက်တွဲပြီးရိုက်ထားတဲ့ပုံတွေ ဒေသခံတွေရဲ့ပြော
စကားတွေအရ အောင်လဟာ ဝိုင်းစုနဲ့အတူ ခရီးထွက်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

သူတို့ကိုယ်တိုင် မြင်ခဲ့တာပါလို့ ပြောနေတဲ့ ဒေသခံတွေလည်းရှိနေပြီး ဟိုတယ်မှာ အခန်းယူနေတဲ့ ဓာတ်ပုံတွေပါ online ပေါ်တက်လို့လာပါတယ်။ ဒါပေမယ့်လည်း photoshop လား ဘာလားဆိုတာ မသိနိုင်တဲ့အတွက် သူတို့ကိုယ်တိုင် အတည်ပြုခြင်းမရှိသေးခင်ထိတော့ ဒါဟာအမှန်ပါလို့ မပြောနိုင်သေးပါဘူး ပရိသတ်ကြီးရေ…………

Credit:Myanmarload



 ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top