iMyanmarHouse.com - Best Property Website for Myanmar
×






Credit :  trend myanmar

#Unicode Version

အမေရိကနိုင်ငံ Women's Health Initiative က မကြာသေးမီက ပြုလုပ်တဲ့ လေ့လာမှုတစ်ခုမှာ ပထမကလေး မွေးဖွားချိန်ရွေ့ဆိုင်းတာဟာ အသက်ရှည်ခြင်းနဲ့ ပတ်သက်ဆက်နွယ်နေကြောင်း လေ့လာတွေ့ရှိခဲ့ပါတယ်။

အမျိုးသမီးဦးရေ ၂၈,၀၀၀ ကို လေ့လာလိုက်တဲ့အခါ ကလေးယူဖို့ အသက် ၂၅ သို့မဟုတ် ထိုထက် ကြီးတဲ့အထိ စောင့်သူတွေဟာ အသက် ၉၀ ထိ အသက်ရှည်နိုင်ခြေ ပိုများတယ်လို့ တွေ့ရှိခဲ့ပါတယ်။ နောက်ပြီး လူဖြူအမျိုးသမီးတွေကြား ကလေး ၂ ယောက်ကနေ ၄ ယောက်ရှိသူတွေ ကလေးတစ်ယောက်တည်း ရှိသူတွေထက် အသက်ပိုရှည်နိုင်ခြေ ပိုများကြပါသတဲ့။

ဒေါက်တာ Aladdin Shadyad နဲ့ သူအဖွဲ့ဟာ အခုလို သက်တမ်းရှည်ရခြင်း အကြောင်းအရင်းကို လေ့လာစူးစမ်းမှု မလုပ်ဖြစ်ခဲ့ပေမယ့်လို့ အကြောင်းရင်းခံများစွာကနေ ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအခွင့်အလမ်းကို ညွှန်ပြနေပါတယ်။ အသက်ပိုကြီးတဲ့ မိခင်တွေမှာ များသောအားဖြင့် အဆင့်အတန်း ပိုမြင့်တဲ့ ပညာရေးနဲ့ ဝင်ငွေတွေ ရယူထားနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :  trend myanmar


 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top