iGREEN Promotion Singapore
×

ေဈးကြက္ထဲက ဆီေတြကို ဘယ္လိုစစ္ေဆး အေရးယူသလဲ

ေျမပဲဆီဟု တံဆိပ္ ကပ္ထားၿပီး ေျမပဲဆီမဟုတ္ဘဲ စားအုန္းဆီႏွင့္ အျခားစားသုံးဆီ အေရာမ်ားကို စစ္ေဆးေတြ႕ရွိရ၍ ေတာ္ဝင္နဒီ၊ Lucky ၊ SS၊ ေ႐ႊမိုး၊ စိန္သရဖူ၊ စံထိပ္တန္း၊ ေ႐ႊစင္၊ ေ႐ႊကမာၻ၊ Family စသည့္ အမွတ္တံဆိပ္ ၁၈ မ်ိဳးကို ေဈးကြက္အတြင္းမွ အျမန္ဆုံးျပန္လည္ ႐ုပ္သိမ္းရန္ႏွင့္ ဆက္လက္ ထုတ္လုပ္ေနပါက အမ်ိဳးသား အစားအေသာက္ ဥပေဒ ပုဒ္မ (၂၈) ခ အရ အေရးယူသြားမည္ဟု က်န္းမာေရး ဝန္ႀကီးဌာနက ၂၀၁၅ ခုႏွစ္ ဒီဇင္ဘာလ ၁၅ ရက္က ထုတ္ျပန္ ထား သည္။

ယင္းကဲ့သို႔ အမွတ္တံဆိပ္ကပ္ ပါကင္ဘူးမ်ားကို အေရးယူရ လြယ္ကူေသာ္လည္း ခြက္ျခင္ျဖင့္ ေရာင္းခ်ေသာ ဆီမ်ားကို စစ္ေဆး အေရးယူရာတြင္ အခက္ခဲရွိသည္ဟု ရန္ကုန္တိုင္းေဒသႀကီး စားသုံးသူေရးရာ ဦးစီးဌာနမွ တိုင္းဦးစီးမႉး ဦးျမင့္ခ်ိဳ က ေျပာသည္။

“Lose Cargo(အမွတ္တံဆိပ္ မပါေသာပုံးဆီ) ကိုလည္း FDA နဲ႕ေပါင္းၿပီးေတာ့ ေဈးကြက္ထဲမွာ ၾကည့္တဲ့အခါ လူေတြ စားသုံးရန္ သင့္လား၊ မသင့္ဘူးလား၊ ေဘးဥပါဒ္ျဖစ္လား။ ျဖစ္နိုင္ရင္ေတာ့ ဒါမ်ိဳးေတြကို Action ယူသြားဖို႔ရွိတယ္”ဟု လည္း ၎က ေျပာျပသည္။

အဆိုပါကုန္ပစၥည္းသည္ စားသုံးသူ ထိခိုက္နစ္နာၿပီး ေဈးကြက္တြင္ ဆက္လက္မျဖန႔္သင့္ဟု စားသုံးသူေရးရာ ဦးစီးဌာန က ဆုံးျဖတ္ပါက အရင္ဆုံး သတိေပးသည့္ အပိုင္းကို လုပ္ေဆာင္ေၾကာင္း ဦးျမင့္ခ်ိဳက ဆက္လက္ ေျပာဆိုသည္။

“ဒါမွမရရင္ ျပင္းျပင္းထန္ထန္ သတိေပးတယ္။ ေဈးကြက္ထဲမွာရွိေနတဲ့ ပစၥည္းေတြ ျပန္သိမ္းခိုင္းတယ္။ နစ္နာမႈရွိခဲ့ရင္ ေလ်ာ္ေၾကးေပးခိုင္းမယ္။ ဒီအပိုင္းေတြကိုေက်ာ္ၿပီး သူက မလိုက္နာဘူးဆိုရင္ ဥပေဒအရ တရားစြဲၿပီး အေရးယူမယ္”ဟု လည္း ၎က ဆိုသည္။

လက္ရွိ အခ်ိန္ထိ ေဈးကြက္အတြင္းမွ ဆီမ်ားကို စစ္ေဆးအေရးယူမႈ အပိုင္းအား ထိထိေရာက္ေရာက္ မလုပ္နိုင္ေသး ေၾကာင္း၊ ထို႔အျပင္ စားသုံးဆီဆိုင္ရာ စံခ်ိန္စံၫႊန္း သတ္မွတ္ခ်က္သည္လည္း အတည္မျပဳနိုင္ေသးေၾကာင္း၊ Food Adaptation law ကိုလည္း ေရးဆြဲေနဆဲျဖစ္ၿပီး ယခုႏွစ္ကုန္ပိုင္းမွသာ လႊတ္ေတာ္သို႔ တင္နိုင္မည္ျဖစ္ေၾကာင္း ေနျပည္ေတာ္ အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲေရး ဦးစီးဌာန(FDA)မွ ၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သန္းထြဋ္ က ေျပာသည္။

ဆီလုပ္ငန္းလုပ္ကိုင္ပါက ပထမအဆင့္အေနျဖင့္ စက္မႈႀကီးၾကပ္ လိုင္စင္ႏွင့္ စည္ပင္သာယာ လုပ္ငန္းလိုင္စင္ ရွိထားရ မည္ျဖစ္ၿပီး ေနာက္တဆင့္တြင္ FDA ေထာက္ခံခ်က္ ရယူထားရမည္ ျဖစ္သည္။

ခြက္ျခင္ ေရာင္းခ်သဴမ်ားအေနျဖင့္ မည္သည့္ေနရာက ဝယ္ယူေၾကာင္း အေထာက္ထားေျပစာ (ေငြရွင္း ေဘာက္ခ်ာ) ရယူထားရန္လိုၿပီး တာဝန္ရွိသူမ်ား စစ္ေဆးသည့္အခါ ယင္း အေထာက္အထားကို ျပသနိုင္ရမည္ျဖစ္ေၾကာင္း ရန္ကုန္ တိုင္း ေဒသႀကီး အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲေရး ဦးစီးဌာန(FDA)မွ ၫႊန္ၾကားေရးမႉး ေဒါက္တာ ေဒၚခင္ေစာလွ က ေျပာသည္။

ျပန္ေၾကာ္ဆီ ႏွင့္ ကင္ဆာ

ဆီကို ထပ္ခါထပ္ခါ အသုံးျပဳ ေၾကာ္ေလွာ္ျခင္းျဖင့္ ကင္ဆာျဖစ္ေစနိုင္ေသာ ဓာတု ဓာတ္ေပါင္းအျဖစ္သို႔ ေျပာင္းလဲ သြားနိုင္ေၾကာင္း သိရွိသူ နည္းပါးလွသည္။

ေျမာင္းဆီႏွင့္ အႀကိမ္ႀကိမ္ အသုံးျပဳ ေၾကာ္ေလွာ္ေသာဆီတြင္ ခဲ၊ အာဆင္းနစ္ႏွင့္ ကင္ဆာ ျဖစ္ေစေသာ Dioxin ဓာတ္ ပါဝင္ၿပီး ယင္းသည္ အျပင္းထန္ဆုံးေသာ ကင္ဆာျဖစ္ေစသည့္ ဓာတ္ျဖစ္ေၾကာင္း WHO က သတ္မွတ္ထားသည္။

အႀကိမ္ႀကိမ္ ျပန္လည္ျပဳလုပ္ထားေသာ ေျမာင္းဆီတြင္ Formaldetyde (ေဖာ္မလင္ ဓာတ္ပစၥည္း)ႏွင့္ Bleaching Agents (ခြၽတ္ေဆး ဓာတ္ပစၥည္းမ်ား) ပါဝင္ ျဖစ္ေပၚလာၿပီး စားသုံးမိပါက ေသြးျဖဴဥမ်ား ပ်က္စီးျခင္း၊ အစာေျခ လမ္းေၾကာင္း အဂၤါမ်ား၏ အျမႇေးပါးပ်က္စီး၍ အစာအဆိပ္သင့္ျခင္း၊ ယင္းမွတဆင့္ ကင္ဆာျဖစ္ေစနိုင္ျခင္း၊ ခဲဓာတ္ႏွင့္ အာဆင္းနစ္ ဓာတ္ သည္ အခ်ိန္တိုအတြင္း အသည္းကို အဆိပ္သင့္ေစၿပီး ကေလးမ်ားတြင္ ႀကီးထြားမႈေႏွးေကြးျခင္း စသည္တို႔ ျဖစ္လာ နိုင္ေၾကာင္း အစားအေသာက္ ပညာရွင္ ေဒါက္တာ စိုးခိုင္က ေျပာသည္။

ျမန္မာနိုင္ငံအတြင္း ေျမာင္းဆီေခၚ ျပန္ေၾကာ္ဆီကို လြန္ခဲ့သည့္ ၅ ႏွစ္ခန႔္က မႏၲေလးဘက္တြင္ စတင္သိရွိ ေဖာ္ထုတ္ နိုင္ခဲ့ျခင္းျဖစ္ၿပီး ယင္းဆီမွာ နယ္စပ္လမ္းေၾကာင္းမွ ဝင္ေရာက္လာျခင္း ျဖစ္သည္။

မႏၲေလးတိုင္းေဒသႀကီး ဆီကုန္သည္မ်ားႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးကိုႀကီး က “ေျမာင္းဆီ၊ ျပန္ေၾကာ္ ဆီ ဆိုတာ အသုံးျပဳၿပီးသားေတြကို ျပန္ခ်က္ထားတဲ့ဆီ၊ သူ႕ကို သုံးစြဲျခင္းအားျဖင့္ ကင္ဆာေတြဘာေတြ ျဖစ္ဖို႔ ေတာ္ေတာ္ေလး မ်ားတယ္”ဟု ေျပာသည္။

အဆိုပါ ေျမာင္းဆီဝင္ေရာက္လာသည့္ လမ္းေၾကာင္းကို စုံစမ္းရာ တ႐ုတ္ျပည္ဘက္မွ ဝင္လာသည္ကို ေတြ႕ရွိရေၾကာင္း၊ ထို႔ေနာက္ မိုဘိုင္းတင္း(Mobile Team) ျဖင့္ စစ္ေဆး အေရးယူမႈမ်ား ျပဳလုပ္ေသာေၾကာင့္ ဝင္ေရာက္မႈ အနည္းငယ္ ေလ်ာ့က်လာေၾကာင္းလည္း ၎က ဆက္ေျပာသည္။

ကင္ဆာေရာဂါ ျဖစ္ေစနိုင္ၿပီး အႏၲရာယ္ႀကီးေသာ ျပန္ေၾကာ္ဆီကို FDA ကလည္း တားျမစ္ထားသည္။

စားေသာက္ကုန္ လုပ္ငန္းမ်ားမွ ထြက္လာေသာ အသုံးျပဳၿပီး ဆီမ်ားကို သီးသန႔္အမွတ္အသား ျပဳလုပ္ၿပီး စနစ္တက် စြန႔္ပစ္ ရန္ လည္း ၫႊန္ၾကား ထားသည္။

ျမန္မာနိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္းမွ တြဲဖက္ အတြင္းေရးမႉး ဦးပိုင္ၿဖိဳးသန႔္က “က်ေနာ္တို႔က ဒီလို သုံးတဲ့ ပုံစံေတြကအစ ေျပာင္းရမယ္။ တခ်ိဳ႕အေၾကာ္ဆိုင္ေတြ ၾကည့္လိုက္၊ ဆီက မည္းတူးေနေအာင္ ေၾကာ္တာ။ ဒီလိုမ်ိဳး လုပ္ရင္ေတာ့ ဘာဆီပဲစားစား ဒီလိုစားရင္ ေသမွာပဲ။ ဘယ္ေလာက္ ေကာင္းမြန္တဲ့ ဆီျဖစ္ပါေစ၊ ဒီလိုမ်ိဳး သုံးေနရင္ေတာ့ အႏၲရာယ္ရွိမွာပဲ”ဟု ေျပာဆိုသည္။

စားသုံးရန္ သင့္ေလ်ာ္သည့္ ဆီအမ်ိဳးအစား ဆိုတာ

စားသုံးရန္ အသင့္ေလ်ာ္ဆုံး ဆီမွာ မျပည့္ဝဆီ အမ်ိဳးအစားျဖစ္ၿပီး ေျပာင္းဖူး၊ ပဲပိစပ္၊ ေနၾကာ၊ မုန္ညင္း၊ အုန္းသီး၊ ႏွမ္း ႏွင့္ ေျမပဲ၊ ဖြဲႏု တို႔မွ ရရွိေသာ ေနၾကာဆီ၊ ပဲပိစပ္ဆီ၊ မုန္ညင္းဆီ၊ သံလြင္ဆီ၊ အုန္းဆီ၊ ပဲဆီ၊ ႏွမ္းဆီ၊ ဖြဲႏုဆီမ်ား ျဖစ္ သည္။

မႏၲေလးတိုင္းေဒသႀကီး ဆီကုန္သည္မ်ားႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္း ဥကၠ႒ ဦးကိုႀကီးက “အဓိက ပဲဆီ၊ ႏွမ္းဆီက ျမန္မာတျပည္လုံးက ႀကိဳက္လည္း ႀကိဳက္တယ္။ ႏွစ္ေပါင္းရာခ်ီၿပီး စားလာလည္း ဘာမွ အႏၲရာယ္မရွိဘူး။ WHO က လည္း ဒီဆီေတြက က်န္းမာေရးနဲ႕ ညီၫြတ္တယ္၊ ႏွလုံး ေသြးတိုး မျဖစ္ဘူးဆိုတဲ့ ေထာက္ခံခ်က္ေတြ ရတယ္”ဟု ေျပာသည္။

လူဦးေရ တိုးပြားလာၿပီး ကုန္ေဈးႏႈန္း ႀကီးျမင့္လာေသာ ယေန႕ေခတ္အခါတြင္ ပဲဆီ၊ ႏွမ္းဆီ စစ္စစ္မွာ လူတိုင္းစားနိုင္ သည့္ အရာ မဟုတ္ေတာ့ေပ။

ျမန္မာနိုင္ငံ ဆီကုန္သည္ႏွင့္ ဆီလုပ္ငန္းရွင္မ်ား အသင္းမွ ရရွိေသာ စာရင္းမ်ားအရ ျမန္မာနိုုင္ငံသား ၁ ဦးသည္ ၁ ႏွစ္လွ်င္ ဆီ ၆ ပိႆာႏႈန္း သုံးစြဲရာ၊ ျပည္တြင္းလိုအပ္ခ်က္ တန္ခ်ိန္ ၆ သိန္း ေက်ာ္၊ ဟိုတယ္၊ စားေသာက္ကုန္ စသည့္ လုပ္ငန္းမ်ား အပါအဝင္ ၁ ႏွစ္လွ်င္ ဆီလိုအပ္ခ်က္မွာ တန္ခ်ိန္ ၁ သန္း ခန႔္ျဖစ္ေၾကာင္း သိရသည္။

ျပည္တြင္းမွ ပဲဆီ ထုတ္လုပ္နိုင္မႈသည္ တန္ခ်ိန္ ၃ သိန္းခန႔္၊ ႏွမ္းဆီ၊ ေနၾကာဆီ အပါအဝင္ အျခားဆီ ထုတ္လုပ္နိုင္မႈ သည္ တန္ခ်ိန္ ၁ သိန္း၊ စုစုေပါင္း တန္ခ်ိန္ ၄ သိန္းခန႔္သာ ထုတ္လုပ္နိုင္၍ ျပည္ပမွ ႏွစ္စဥ္ တန္ခ်ိန္ ၆ သိန္း ခန႔္ တင္သြင္းေနရ သည္။

စားအုန္းဆီ တင္သြင္းခဲ့သည္မွာ စစ္အစိုးရလက္ထက္ ၁၉၈၈ ခုႏွစ္ ေနာက္ပိုင္းတြင္ ျဖစ္သည္။

ဝင္ေငြ၊ ထြက္ေငြ မမွ်တေသာ အေျခခံ လူတန္းစားမ်ားအတြက္ ေဈးႏႈန္းခ်ိဳသာေသာ စားအုန္းဆီသည္ ပစ္မွတ္တခု ျဖစ္လာခဲ့သည္။

လက္ရွိတြင္လည္း စားအုန္းဆီသည္ ျပည္တြင္း ဆီေဈးကြက္၏ ၉၀ ရာခိုင္ႏႈန္း နီးပါးကို ရယူထားနိုင္သည္။

ရန္ကုန္တိုင္းေဒသႀကီး စားသုံးသူေရးရာ ဦးစီးဌာနမွ တိုင္းဦးစီးမႉး ဦးျမင့္ခ်ိဳက “နိုင္ငံအတြက္ လိုေနတဲ့ စားသုံးဆီကို ျဖည့္ဖို႔အတြက္ အေကာင္းဆုံးက စားအုန္းဆီပဲ။ ေဈးႏႈန္းအရေရာ၊ က်ေနာ္တို႔က စားအုန္းဆီမွ တင္သြင္းခြင့္ ျပဳထားတာ မဟုတ္ဘူး။ ဘယ္ဆီျဖစ္ျဖစ္ တင္သြင္းခြင့္ျပဳထားတယ္။ ေဈးႏႈန္းအရ ျဖန႔္ခ်ိဖို႔ အသင့္ဆုံးက စားအုန္းဆီ ျဖစ္တဲ့ အတြက္ စားအုန္းဆီပဲ ေပးသြင္းတယ္”ဟု ေျပာသည္။

ျမန္မာနိုင္ငံသို႔ တင္သြင္း ေရာင္းခ်ေနေသာ စားအုန္းဆီမ်ား ၏ အနိမ့္ဆုံး အရည္အေသြးကို (Cloud Point) CP 8 ဟု သတ္မွတ္ထားသည္။

ယင္းအမွတ္ထက္ ျမင့္ပါက စက္မႈကုန္ၾကမ္း အျဖစ္သာ အသုံးျပဳသင့္ၿပီး လက္ရွိ ေဈးကြက္ထဲတြင္ CP 8 ႏွင့္ CP 6 ကို တင္သြင္းမႈ မ်ားေၾကာင္း စားအုန္းဆီ တင္သြင္းေရာင္းခ်ေသာ လုပ္ငန္းရွင္ တဦးထံမွ သိရသည္။

ဥပေဒဆိုင္ရာ အျငင္းပြားမႈလည္းရွိ

ေရာေႏွာဆီမ်ားႏွင့္ပတ္သက္၍ အေရးယူမႈအပိုင္းတြင္ FDA ႏွင့္ စားသုံးသူ အကာအကြယ္ ေပးေရး ဥပေဒၾကား အျငင္း ပြားစရာလည္း ျဖစ္ေနသည္။

ျမန္မာနိုင္ငံ အစားအေသာက္ႏွင့္ ေဆးဝါး ကြပ္ကဲေရး ဦးစီးဌာန(FDA) က မည္သည့္ ပစၥည္း၊ ဆီ အမ်ိဳးအစားမ်ားႏွင့္ ေရာေႏွာေၾကာင္း အာဟာရ တန္ဖိုး စာရင္း Nutrition Fact တြင္ တရားဝင္ေဖာ္ျပပါက ေရာေႏွာခြင့္ ျပဳထားသည္။

စားသုံးသူ အကာအကြယ္ ေပးေရး ဥပေဒ ပုဒ္မ ၁၀ (စ) တြင္ အမ်ိဳးအစားတူ အရည္အေသြးနိမ့္ ကုန္စည္ကို ေရာေႏွာ ေရာင္းခ်ျခင္းႏွင့္ အမ်ိဳးအစားမတူ စားသုံးရန္ မသင့္ေသာ ကုန္စည္ကို ေရာေႏွာ ေရာင္းခ်ျခင္းျဖင့္ စားသုံးသူအား လိမ္လည္ လွည့္ျဖားျခင္း မျပဳရန္ တားျမစ္ထားသည္။

တားျမစ္ခ်က္အား ခ်ိဳးေဖာက္ေၾကာင္း ျပစ္မႈထင္ရွား စီရင္ျခင္းခံရလွ်င္ ၃ ႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ၊ က်ပ္ သိန္း ၅၀ ထက္ မပိုေသာ ေငြဒဏ္ ျဖစ္ေစ၊ ဒဏ္ ႏွစ္ရပ္လုံးျဖစ္ေစ ခ်မွတ္ျခင္းခံရမည္ဟု ျပဌာန္းထားသည္။

ယင္းစားသုံးသူ အကာအကြယ္ ေပးေရး ဥပေဒကိုလည္း အသစ္ျပန္လည္ ေရးဆြဲေနေၾကာင္း သိရသည္။

“အဓိကက စားသုံးဆီကို ဓာတ္ခြဲစမ္းသပ္တဲ့အေျဖက စကားေျပာတယ္”ဟု ယခင္က ဗဟိုတရား႐ုံး ေရွ႕ေန တဦး ျဖစ္ၿပီး လက္ရွိ ဥပေဒပညာရပ္ ဆိုင္ရာ စာေရးဆရာ ဦးေနမင္းက ေျပာသည္။

အမ်ိဳးအစားႏွစ္ခု ေရာေႏွာရာတြင္ က်န္းမာေရးကို မထိခိုက္ေစနိုင္ေၾကာင္း တိက်သည့္ ဓာတ္ခြဲခန္း အေျဖထြက္ပါက ေရာေႏွာျခင္းသည္ ျပႆနာ မရွိနိုင္ေၾကာင္း၊ သို႔ေသာ္ စားသုံးရန္ မသင့္ေလ်ာ္ဘဲ လူကို အႏၲရာယ္ ျဖစ္ေစနိုင္ေသာ ေရာေႏွာျခင္းကိုမူ ခြင့္မျပဳသင့္ေၾကာင္း ၎က ဆက္ေျပာသည္။

မည္သည့္ စားေသာက္ကုန္ ပစၥည္းမဆို ပါဝင္ပစၥည္းမ်ားကို ပါကင္ေပၚတြင္ ေဖာ္ျပရန္လိုေၾကာင္း၊ စားသုံးဆီမ်ား တြင္ လည္း မည့္သည့္ဆီ အမ်ိဳးအစားမ်ား ေရာေႏွာထားေၾကာင္း စံႏႈန္းသတ္မွတ္ကာ တိတိက်က် ေဖာ္ျပၿပီး ေရာင္းခ်ပါက အေကာင္းဆုံး ျဖစ္ေၾကာင္းလည္း ဦးေနမင္းက ေျပာသည္။

“အဲဒီစံႏႈန္း သတ္မွတ္ခ်က္ကို စားေသာက္ကုန္ စစ္ေဆးတဲ့အဖြဲ႕ေတြက ေထာက္ခံတယ္၊ အတည္ျပဳတယ္ဆိုတဲ့ ေထာက္ခံ ခ်က္ လက္မွတ္။ အဲဒီ သက္ေသခံ လက္မွတ္ေလးလည္းပါရင္ အေကာင္းဆုံး ထုတ္လုပ္မႈနဲ႕ ေဈးကြက္မွာလည္း စားသုံးသူ ေတြအတြက္ စိတ္ခ်ရတဲ့ အေနအထားရွိမွာေပါ့”ဟုလည္း ဦးေနမင္းက ေျပာဆိုသည္။

ယင္းကဲ့သို႔ စိတ္ခ်ရေသာ ထုတ္လုပ္မႈပုံစံကို ေသခ်ာစြာ မလုပ္ေဆာင္နိုင္သမွ် ကာလပတ္လုံး ျမန္မာနိုင္ငံတြင္ မေက်ာ့ တို႔လို လူေပါင္းမ်ားစြာထံသို႔ ေရာဂါမ်ိဳးစုံက မဖိတ္ေခၚဘဲ ေရာက္လာေနဦးမည္သာ။ ။

Credit:Irrawaddy


ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

ဈေးကွက်ထဲက ဆီတွေကို ဘယ်လိုစစ်ဆေး အရေးယူသလဲ

မြေပဲဆီဟု တံဆိပ် ကပ်ထားပြီး မြေပဲဆီမဟုတ်ဘဲ စားအုန်းဆီနှင့် အခြားစားသုံးဆီ အရောများကို စစ်ဆေးတွေ့ရှိရ၍ တော်ဝင်နဒီ၊ Lucky ၊ SS၊ ရွှေမိုး၊ စိန်သရဖူ၊ စံထိပ်တန်း၊ ရွှေစင်၊ ရွှေကမ္ဘာ၊ Family စသည့် အမှတ်တံဆိပ် ၁၈ မျိုးကို ဈေးကွက်အတွင်းမှ အမြန်ဆုံးပြန်လည် ရုပ်သိမ်းရန်နှင့် ဆက်လက် ထုတ်လုပ်နေပါက အမျိုးသား အစားအသောက် ဥပဒေ ပုဒ်မ (၂၈) ခ အရ အရေးယူသွားမည်ဟု ကျန်းမာရေး ဝန်ကြီးဌာနက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်က ထုတ်ပြန် ထား သည်။

ယင်းကဲ့သို့ အမှတ်တံဆိပ်ကပ် ပါကင်ဘူးများကို အရေးယူရ လွယ်ကူသော်လည်း ခွက်ခြင်ဖြင့် ရောင်းချသော ဆီများကို စစ်ဆေး အရေးယူရာတွင် အခက်ခဲရှိသည်ဟု ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချို က ပြောသည်။

“Lose Cargo(အမှတ်တံဆိပ် မပါသောပုံးဆီ) ကိုလည်း FDA နဲ့ပေါင်းပြီးတော့ ဈေးကွက်ထဲမှာ ကြည့်တဲ့အခါ လူတွေ စားသုံးရန် သင့်လား၊ မသင့်ဘူးလား၊ ဘေးဥပါဒ်ဖြစ်လား။ ဖြစ်နိုင်ရင်တော့ ဒါမျိုးတွေကို Action ယူသွားဖို့ရှိတယ်”ဟု လည်း ၎င်းက ပြောပြသည်။

အဆိုပါကုန်ပစ္စည်းသည် စားသုံးသူ ထိခိုက်နစ်နာပြီး ဈေးကွက်တွင် ဆက်လက်မဖြန့်သင့်ဟု စားသုံးသူရေးရာ ဦးစီးဌာန က ဆုံးဖြတ်ပါက အရင်ဆုံး သတိပေးသည့် အပိုင်းကို လုပ်ဆောင်ကြောင်း ဦးမြင့်ချိုက ဆက်လက် ပြောဆိုသည်။

“ဒါမှမရရင် ပြင်းပြင်းထန်ထန် သတိပေးတယ်။ ဈေးကွက်ထဲမှာရှိနေတဲ့ ပစ္စည်းတွေ ပြန်သိမ်းခိုင်းတယ်။ နစ်နာမှုရှိခဲ့ရင် လျော်ကြေးပေးခိုင်းမယ်။ ဒီအပိုင်းတွေကိုကျော်ပြီး သူက မလိုက်နာဘူးဆိုရင် ဥပဒေအရ တရားစွဲပြီး အရေးယူမယ်”ဟု လည်း ၎င်းက ဆိုသည်။

လက်ရှိ အချိန်ထိ ဈေးကွက်အတွင်းမှ ဆီများကို စစ်ဆေးအရေးယူမှု အပိုင်းအား ထိထိရောက်ရောက် မလုပ်နိုင်သေး ကြောင်း၊ ထို့အပြင် စားသုံးဆီဆိုင်ရာ စံချိန်စံညွှန်း သတ်မှတ်ချက်သည်လည်း အတည်မပြုနိုင်သေးကြောင်း၊ Food Adaptation law ကိုလည်း ရေးဆွဲနေဆဲဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းမှသာ လွှတ်တော်သို့ တင်နိုင်မည်ဖြစ်ကြောင်း နေပြည်တော် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွဋ် က ပြောသည်။

ဆီလုပ်ငန်းလုပ်ကိုင်ပါက ပထမအဆင့်အနေဖြင့် စက်မှုကြီးကြပ် လိုင်စင်နှင့် စည်ပင်သာယာ လုပ်ငန်းလိုင်စင် ရှိထားရ မည်ဖြစ်ပြီး နောက်တဆင့်တွင် FDA ထောက်ခံချက် ရယူထားရမည် ဖြစ်သည်။

ခွက်ခြင် ရောင်းချသူများအနေဖြင့် မည်သည့်နေရာက ဝယ်ယူကြောင်း အထောက်ထားပြေစာ (ငွေရှင်း ဘောက်ချာ) ရယူထားရန်လိုပြီး တာဝန်ရှိသူများ စစ်ဆေးသည့်အခါ ယင်း အထောက်အထားကို ပြသနိုင်ရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်း ဒေသကြီး အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA)မှ ညွှန်ကြားရေးမှူး ဒေါက်တာ ဒေါ်ခင်စောလှ က ပြောသည်။

ပြန်ကြော်ဆီ နှင့် ကင်ဆာ

ဆီကို ထပ်ခါထပ်ခါ အသုံးပြု ကြော်လှော်ခြင်းဖြင့် ကင်ဆာဖြစ်စေနိုင်သော ဓာတု ဓာတ်ပေါင်းအဖြစ်သို့ ပြောင်းလဲ သွားနိုင်ကြောင်း သိရှိသူ နည်းပါးလှသည်။

မြောင်းဆီနှင့် အကြိမ်ကြိမ် အသုံးပြု ကြော်လှော်သောဆီတွင် ခဲ၊ အာဆင်းနစ်နှင့် ကင်ဆာ ဖြစ်စေသော Dioxin ဓာတ် ပါဝင်ပြီး ယင်းသည် အပြင်းထန်ဆုံးသော ကင်ဆာဖြစ်စေသည့် ဓာတ်ဖြစ်ကြောင်း WHO က သတ်မှတ်ထားသည်။

အကြိမ်ကြိမ် ပြန်လည်ပြုလုပ်ထားသော မြောင်းဆီတွင် Formaldetyde (ဖော်မလင် ဓာတ်ပစ္စည်း)နှင့် Bleaching Agents (ချွတ်ဆေး ဓာတ်ပစ္စည်းများ) ပါဝင် ဖြစ်ပေါ်လာပြီး စားသုံးမိပါက သွေးဖြူဥများ ပျက်စီးခြင်း၊ အစာခြေ လမ်းကြောင်း အင်္ဂါများ၏ အမြှေးပါးပျက်စီး၍ အစာအဆိပ်သင့်ခြင်း၊ ယင်းမှတဆင့် ကင်ဆာဖြစ်စေနိုင်ခြင်း၊ ခဲဓာတ်နှင့် အာဆင်းနစ် ဓာတ် သည် အချိန်တိုအတွင်း အသည်းကို အဆိပ်သင့်စေပြီး ကလေးများတွင် ကြီးထွားမှုနှေးကွေးခြင်း စသည်တို့ ဖြစ်လာ နိုင်ကြောင်း အစားအသောက် ပညာရှင် ဒေါက်တာ စိုးခိုင်က ပြောသည်။

မြန်မာနိုင်ငံအတွင်း မြောင်းဆီခေါ် ပြန်ကြော်ဆီကို လွန်ခဲ့သည့် ၅ နှစ်ခန့်က မန္တလေးဘက်တွင် စတင်သိရှိ ဖော်ထုတ် နိုင်ခဲ့ခြင်းဖြစ်ပြီး ယင်းဆီမှာ နယ်စပ်လမ်းကြောင်းမှ ဝင်ရောက်လာခြင်း ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီး က “မြောင်းဆီ၊ ပြန်ကြော် ဆီ ဆိုတာ အသုံးပြုပြီးသားတွေကို ပြန်ချက်ထားတဲ့ဆီ၊ သူ့ကို သုံးစွဲခြင်းအားဖြင့် ကင်ဆာတွေဘာတွေ ဖြစ်ဖို့ တော်တော်လေး များတယ်”ဟု ပြောသည်။

အဆိုပါ မြောင်းဆီဝင်ရောက်လာသည့် လမ်းကြောင်းကို စုံစမ်းရာ တရုတ်ပြည်ဘက်မှ ဝင်လာသည်ကို တွေ့ရှိရကြောင်း၊ ထို့နောက် မိုဘိုင်းတင်း(Mobile Team) ဖြင့် စစ်ဆေး အရေးယူမှုများ ပြုလုပ်သောကြောင့် ဝင်ရောက်မှု အနည်းငယ် လျော့ကျလာကြောင်းလည်း ၎င်းက ဆက်ပြောသည်။

ကင်ဆာရောဂါ ဖြစ်စေနိုင်ပြီး အန္တရာယ်ကြီးသော ပြန်ကြော်ဆီကို FDA ကလည်း တားမြစ်ထားသည်။

စားသောက်ကုန် လုပ်ငန်းများမှ ထွက်လာသော အသုံးပြုပြီး ဆီများကို သီးသန့်အမှတ်အသား ပြုလုပ်ပြီး စနစ်တကျ စွန့်ပစ် ရန် လည်း ညွှန်ကြား ထားသည်။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ တွဲဖက် အတွင်းရေးမှူး ဦးပိုင်ဖြိုးသန့်က “ကျနော်တို့က ဒီလို သုံးတဲ့ ပုံစံတွေကအစ ပြောင်းရမယ်။ တချို့အကြော်ဆိုင်တွေ ကြည့်လိုက်၊ ဆီက မည်းတူးနေအောင် ကြော်တာ။ ဒီလိုမျိုး လုပ်ရင်တော့ ဘာဆီပဲစားစား ဒီလိုစားရင် သေမှာပဲ။ ဘယ်လောက် ကောင်းမွန်တဲ့ ဆီဖြစ်ပါစေ၊ ဒီလိုမျိုး သုံးနေရင်တော့ အန္တရာယ်ရှိမှာပဲ”ဟု ပြောဆိုသည်။

စားသုံးရန် သင့်လျော်သည့် ဆီအမျိုးအစား ဆိုတာ

စားသုံးရန် အသင့်လျော်ဆုံး ဆီမှာ မပြည့်ဝဆီ အမျိုးအစားဖြစ်ပြီး ပြောင်းဖူး၊ ပဲပိစပ်၊ နေကြာ၊ မုန်ညင်း၊ အုန်းသီး၊ နှမ်း နှင့် မြေပဲ၊ ဖွဲနု တို့မှ ရရှိသော နေကြာဆီ၊ ပဲပိစပ်ဆီ၊ မုန်ညင်းဆီ၊ သံလွင်ဆီ၊ အုန်းဆီ၊ ပဲဆီ၊ နှမ်းဆီ၊ ဖွဲနုဆီများ ဖြစ် သည်။

မန္တလေးတိုင်းဒေသကြီး ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးကိုကြီးက “အဓိက ပဲဆီ၊ နှမ်းဆီက မြန်မာတပြည်လုံးက ကြိုက်လည်း ကြိုက်တယ်။ နှစ်ပေါင်းရာချီပြီး စားလာလည်း ဘာမှ အန္တရာယ်မရှိဘူး။ WHO က လည်း ဒီဆီတွေက ကျန်းမာရေးနဲ့ ညီညွတ်တယ်၊ နှလုံး သွေးတိုး မဖြစ်ဘူးဆိုတဲ့ ထောက်ခံချက်တွေ ရတယ်”ဟု ပြောသည်။

လူဦးရေ တိုးပွားလာပြီး ကုန်ဈေးနှုန်း ကြီးမြင့်လာသော ယနေ့ခေတ်အခါတွင် ပဲဆီ၊ နှမ်းဆီ စစ်စစ်မှာ လူတိုင်းစားနိုင် သည့် အရာ မဟုတ်တော့ပေ။

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းမှ ရရှိသော စာရင်းများအရ မြန်မာနိုုင်ငံသား ၁ ဦးသည် ၁ နှစ်လျှင် ဆီ ၆ ပိဿာနှုန်း သုံးစွဲရာ၊ ပြည်တွင်းလိုအပ်ချက် တန်ချိန် ၆ သိန်း ကျော်၊ ဟိုတယ်၊ စားသောက်ကုန် စသည့် လုပ်ငန်းများ အပါအဝင် ၁ နှစ်လျှင် ဆီလိုအပ်ချက်မှာ တန်ချိန် ၁ သန်း ခန့်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းမှ ပဲဆီ ထုတ်လုပ်နိုင်မှုသည် တန်ချိန် ၃ သိန်းခန့်၊ နှမ်းဆီ၊ နေကြာဆီ အပါအဝင် အခြားဆီ ထုတ်လုပ်နိုင်မှု သည် တန်ချိန် ၁ သိန်း၊ စုစုပေါင်း တန်ချိန် ၄ သိန်းခန့်သာ ထုတ်လုပ်နိုင်၍ ပြည်ပမှ နှစ်စဉ် တန်ချိန် ၆ သိန်း ခန့် တင်သွင်းနေရ သည်။

စားအုန်းဆီ တင်သွင်းခဲ့သည်မှာ စစ်အစိုးရလက်ထက် ၁၉၈၈ ခုနှစ် နောက်ပိုင်းတွင် ဖြစ်သည်။

ဝင်ငွေ၊ ထွက်ငွေ မမျှတသော အခြေခံ လူတန်းစားများအတွက် ဈေးနှုန်းချိုသာသော စားအုန်းဆီသည် ပစ်မှတ်တခု ဖြစ်လာခဲ့သည်။

လက်ရှိတွင်လည်း စားအုန်းဆီသည် ပြည်တွင်း ဆီဈေးကွက်၏ ၉၀ ရာခိုင်နှုန်း နီးပါးကို ရယူထားနိုင်သည်။

ရန်ကုန်တိုင်းဒေသကြီး စားသုံးသူရေးရာ ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးမြင့်ချိုက “နိုင်ငံအတွက် လိုနေတဲ့ စားသုံးဆီကို ဖြည့်ဖို့အတွက် အကောင်းဆုံးက စားအုန်းဆီပဲ။ ဈေးနှုန်းအရရော၊ ကျနော်တို့က စားအုန်းဆီမှ တင်သွင်းခွင့် ပြုထားတာ မဟုတ်ဘူး။ ဘယ်ဆီဖြစ်ဖြစ် တင်သွင်းခွင့်ပြုထားတယ်။ ဈေးနှုန်းအရ ဖြန့်ချိဖို့ အသင့်ဆုံးက စားအုန်းဆီ ဖြစ်တဲ့ အတွက် စားအုန်းဆီပဲ ပေးသွင်းတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံသို့ တင်သွင်း ရောင်းချနေသော စားအုန်းဆီများ ၏ အနိမ့်ဆုံး အရည်အသွေးကို (Cloud Point) CP 8 ဟု သတ်မှတ်ထားသည်။

ယင်းအမှတ်ထက် မြင့်ပါက စက်မှုကုန်ကြမ်း အဖြစ်သာ အသုံးပြုသင့်ပြီး လက်ရှိ ဈေးကွက်ထဲတွင် CP 8 နှင့် CP 6 ကို တင်သွင်းမှု များကြောင်း စားအုန်းဆီ တင်သွင်းရောင်းချသော လုပ်ငန်းရှင် တဦးထံမှ သိရသည်။

ဥပဒေဆိုင်ရာ အငြင်းပွားမှုလည်းရှိ

ရောနှောဆီများနှင့်ပတ်သက်၍ အရေးယူမှုအပိုင်းတွင် FDA နှင့် စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကြား အငြင်း ပွားစရာလည်း ဖြစ်နေသည်။

မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာန(FDA) က မည်သည့် ပစ္စည်း၊ ဆီ အမျိုးအစားများနှင့် ရောနှောကြောင်း အာဟာရ တန်ဖိုး စာရင်း Nutrition Fact တွင် တရားဝင်ဖော်ပြပါက ရောနှောခွင့် ပြုထားသည်။

စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေ ပုဒ်မ ၁၀ (စ) တွင် အမျိုးအစားတူ အရည်အသွေးနိမ့် ကုန်စည်ကို ရောနှော ရောင်းချခြင်းနှင့် အမျိုးအစားမတူ စားသုံးရန် မသင့်သော ကုန်စည်ကို ရောနှော ရောင်းချခြင်းဖြင့် စားသုံးသူအား လိမ်လည် လှည့်ဖြားခြင်း မပြုရန် တားမြစ်ထားသည်။

တားမြစ်ချက်အား ချိုးဖောက်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သိန်း ၅၀ ထက် မပိုသော ငွေဒဏ် ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခြင်းခံရမည်ဟု ပြဌာန်းထားသည်။

ယင်းစားသုံးသူ အကာအကွယ် ပေးရေး ဥပဒေကိုလည်း အသစ်ပြန်လည် ရေးဆွဲနေကြောင်း သိရသည်။

“အဓိကက စားသုံးဆီကို ဓာတ်ခွဲစမ်းသပ်တဲ့အဖြေက စကားပြောတယ်”ဟု ယခင်က ဗဟိုတရားရုံး ရှေ့နေ တဦး ဖြစ်ပြီး လက်ရှိ ဥပဒေပညာရပ် ဆိုင်ရာ စာရေးဆရာ ဦးနေမင်းက ပြောသည်။

အမျိုးအစားနှစ်ခု ရောနှောရာတွင် ကျန်းမာရေးကို မထိခိုက်စေနိုင်ကြောင်း တိကျသည့် ဓာတ်ခွဲခန်း အဖြေထွက်ပါက ရောနှောခြင်းသည် ပြဿနာ မရှိနိုင်ကြောင်း၊ သို့သော် စားသုံးရန် မသင့်လျော်ဘဲ လူကို အန္တရာယ် ဖြစ်စေနိုင်သော ရောနှောခြင်းကိုမူ ခွင့်မပြုသင့်ကြောင်း ၎င်းက ဆက်ပြောသည်။

မည်သည့် စားသောက်ကုန် ပစ္စည်းမဆို ပါဝင်ပစ္စည်းများကို ပါကင်ပေါ်တွင် ဖော်ပြရန်လိုကြောင်း၊ စားသုံးဆီများ တွင် လည်း မည့်သည့်ဆီ အမျိုးအစားများ ရောနှောထားကြောင်း စံနှုန်းသတ်မှတ်ကာ တိတိကျကျ ဖော်ပြပြီး ရောင်းချပါက အကောင်းဆုံး ဖြစ်ကြောင်းလည်း ဦးနေမင်းက ပြောသည်။

“အဲဒီစံနှုန်း သတ်မှတ်ချက်ကို စားသောက်ကုန် စစ်ဆေးတဲ့အဖွဲ့တွေက ထောက်ခံတယ်၊ အတည်ပြုတယ်ဆိုတဲ့ ထောက်ခံ ချက် လက်မှတ်။ အဲဒီ သက်သေခံ လက်မှတ်လေးလည်းပါရင် အကောင်းဆုံး ထုတ်လုပ်မှုနဲ့ ဈေးကွက်မှာလည်း စားသုံးသူ တွေအတွက် စိတ်ချရတဲ့ အနေအထားရှိမှာပေါ့”ဟုလည်း ဦးနေမင်းက ပြောဆိုသည်။

ယင်းကဲ့သို့ စိတ်ချရသော ထုတ်လုပ်မှုပုံစံကို သေချာစွာ မလုပ်ဆောင်နိုင်သမျှ ကာလပတ်လုံး မြန်မာနိုင်ငံတွင် မကျော့ တို့လို လူပေါင်းများစွာထံသို့ ရောဂါမျိုးစုံက မဖိတ်ခေါ်ဘဲ ရောက်လာနေဦးမည်သာ။ ။

Credit:Irrawaddy




ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top