iMyanmarHouse.com - Best Property Website for Myanmar
×

လူတစ္ေယာက္ရဲ႕ခႏၶာကိုယ္အစိတ္အပိုင္းေတြကေနအဲ့ဒီလူဘယ္လိုလူစားမ်ိဳးလဲဆုိတာ ေျပာျပေပးႏိုင္တဲ့ အခ်က္ေတြရွိေနပါတယ္။ ဒီတစ္ခါေတာ့ လက္မကိုၾကည့္ျပီး အဲ့ဒီလူ ဘယ္လိုစိတ္ေနစိတ္ထား၊ ကိုယ္ရည္ကိုယ္ေသြး ရွိမယ္ဆိုတာ ေျပာျပေပးႏိုင္တဲ့အေၾကာင္းေလး ဖတ္ၾကည့္လိုက္ပါဦး။

ေျဖာင့္တန္းေနတဲ့ လက္မ

လက္မေထာင္လုိက္တဲ့အခါမွာ ေျဖာင့္တန္းေနျပီး ေနာက္ကိုေကြးညြတ္ေနျခင္းမရွိတဲ့ လက္မပုိင္ရွင္ျဖစ္မယ္ဆုိရင္သင္ဟာအရာရာကိုအရမ္းအေလးအနက္ထားတတ္တဲ့သူတစ္ဦးျဖစ္ပါတယ္။ စိတ္ဓာတ္မာေၾကာျပီး ခံစားလြယ္တဲ့သူတစ္ဦးမဟုတ္ပါဘူး။ သင့္ရဲ႕ စိတ္လႈပ္ရွားမႈကို ျပေလ့မရွိတဲ့
သူတစ္ဦးျဖစ္ေပမဲ့ စိတ္ဓာတ္က်တတ္သူတစ္ဦးေတာ့ မဟုတ္ပါဘူး။

ေကြးေနတဲ့လက္မ

လက္မေထာင္လိုက္တဲ့အခါ နည္းနည္းျဖစ္ေစ၊ မ်ားမ်ားျဖစ္ေစ ေကြးေနတတ္တဲ့သူေတြဟာ ကိုယ့္ရဲ႕ ခံစားခ်က္ေတြကို အမ်ားသိေအာင္ ျပတတ္တဲ့သူေတြျဖစ္သလို အေတြးေတြကိုလည္း ထုတ္ေဖာ္ေျပာရမွာ ႏွစ္သက္တတ္သူေတြျဖစ္ပါတယ္။

လက္မရဲ႕ ပထမအဆစ္က ဒုတိယအဆစ္ထက္ပိုရွည္မယ္ဆုိရင္ (လက္မေထာင္လိုက္ရင္ အေပၚအဆစ္ကို ပထမအဆစ္အျဖစ္ သတ္မွတ္ပါတယ္)

စိတ္စြမ္းအားကုိ ယုံၾကည္သူတစ္ဦးျဖစ္ျပီး အလုပ္ကိုအရမ္းၾကိဳးစားတတ္သူတစ္ဦးျဖစ္ပါတယ္။ အလုိလိုသိစိတ္ကို ယုံၾကည္ျပီး အေရးၾကီးတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်ေလ့ရွိပါတယ္။  အခ်စ္ေရးနဲ႔ ပတ္သက္လာရင္လည္း ေတာ္ေတာ့္ကို သစၥာၾကီးသူတစ္ေယာက္ပါ။

လက္မရဲ႕ ပထမအဆစ္က ဒုတိယအဆစ္ထက္ပိုတုိေနမယ္ဆုိရင္

သင့္ရဲ႕ ဆုံးျဖတ္ခ်က္အားလုံးကုိ စိတ္ခံစားခ်က္ထက္ လက္ေတြ႔က်မႈေပၚမွာပဲ မူတည္ျပီးခ်တတ္ပါတယ္။ စိတ္ခံစားခ်က္နဲ႔ လက္ေတြ႕က်တာကို ယွဥ္လာရင္ လက္ေတြ႔ကို ပိုဦးစားေပးတတ္တာေၾကာင့္ အခ်စ္ေရးနဲ႔ ပတ္သက္လာရင္ သင့္ေလ်ာ္တဲ့ လက္တြဲေဖာ္နဲ႔ေတြ႔ႏုိင္ဖုိ႔အခြင့္အေရးေကာင္းေတြနဲ႔ လြဲသြားတတ္ပါတယ္။ ဒီျပႆနာကို ေက်ာ္လႊားႏုိင္ဖုိ႔အတြက္ သင့္အေနနဲ႔ အခ်စ္ကို ရွာေဖြတဲ့အခါမွာ လက္ေတြ႔က်တာေတြကို ေနာက္မွာထားျပီး ခံစားခ်က္ေလးကို အနည္းငယ္ ထည့္သြင္းစဥ္းစားသင့္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးေပ်ာ္႐ြင္ခ်မ္းေျမ့ၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...


Credit:Trend Myanmar


#Unicode Version
လူတစ်ယောက်ရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကနေအဲ့ဒီလူဘယ်လိုလူစားမျိုးလဲဆိုတာ ပြောပြပေးနိုင်တဲ့ အချက်တွေရှိနေပါတယ်။ ဒီတစ်ခါတော့ လက်မကိုကြည့်ပြီး အဲ့ဒီလူ ဘယ်လိုစိတ်နေစိတ်ထား၊ ကိုယ်ရည်ကိုယ်သွေး ရှိမယ်ဆိုတာ ပြောပြပေးနိုင်တဲ့အကြောင်းလေး ဖတ်ကြည့်လိုက်ပါဦး။

ဖြောင့်တန်းနေတဲ့ လက်မ

လက်မထောင်လိုက်တဲ့အခါမှာ ဖြောင့်တန်းနေပြီး နောက်ကိုကွေးညွတ်နေခြင်းမရှိတဲ့ လက်မပိုင်ရှင်ဖြစ်မယ်ဆိုရင်သင်ဟာအရာရာကိုအရမ်းအလေးအနက်ထားတတ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ စိတ်ဓာတ်မာကြောပြီး ခံစားလွယ်တဲ့သူတစ်ဦးမဟုတ်ပါဘူး။ သင့်ရဲ့ စိတ်လှုပ်ရှားမှုကို ပြလေ့မရှိတဲ့
သူတစ်ဦးဖြစ်ပေမဲ့ စိတ်ဓာတ်ကျတတ်သူတစ်ဦးတော့ မဟုတ်ပါဘူး။

ကွေးနေတဲ့လက်မ

လက်မထောင်လိုက်တဲ့အခါ နည်းနည်းဖြစ်စေ၊ များများဖြစ်စေ ကွေးနေတတ်တဲ့သူတွေဟာ ကိုယ့်ရဲ့ ခံစားချက်တွေကို အများသိအောင် ပြတတ်တဲ့သူတွေဖြစ်သလို အတွေးတွေကိုလည်း ထုတ်ဖော်ပြောရမှာ နှစ်သက်တတ်သူတွေဖြစ်ပါတယ်။

လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုရှည်မယ်ဆိုရင် (လက်မထောင်လိုက်ရင် အပေါ်အဆစ်ကို ပထမအဆစ်အဖြစ် သတ်မှတ်ပါတယ်)

စိတ်စွမ်းအားကို ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်ကိုအရမ်းကြိုးစားတတ်သူတစ်ဦးဖြစ်ပါတယ်။ အလိုလိုသိစိတ်ကို ယုံကြည်ပြီး အရေးကြီးတဲ့ဆုံးဖြတ်ချက်တွေကို ချလေ့ရှိပါတယ်။  အချစ်ရေးနဲ့ ပတ်သက်လာရင်လည်း တော်တော့်ကို သစ္စာကြီးသူတစ်ယောက်ပါ။

လက်မရဲ့ ပထမအဆစ်က ဒုတိယအဆစ်ထက်ပိုတိုနေမယ်ဆိုရင်

သင့်ရဲ့ ဆုံးဖြတ်ချက်အားလုံးကို စိတ်ခံစားချက်ထက် လက်တွေ့ကျမှုပေါ်မှာပဲ မူတည်ပြီးချတတ်ပါတယ်။ စိတ်ခံစားချက်နဲ့ လက်တွေ့ကျတာကို ယှဉ်လာရင် လက်တွေ့ကို ပိုဦးစားပေးတတ်တာကြောင့် အချစ်ရေးနဲ့ ပတ်သက်လာရင် သင့်လျော်တဲ့ လက်တွဲဖော်နဲ့တွေ့နိုင်ဖို့အခွင့်အရေးကောင်းတွေနဲ့ လွဲသွားတတ်ပါတယ်။ ဒီပြဿနာကို ကျော်လွှားနိုင်ဖို့အတွက် သင့်အနေနဲ့ အချစ်ကို ရှာဖွေတဲ့အခါမှာ လက်တွေ့ကျတာတွေကို နောက်မှာထားပြီး ခံစားချက်လေးကို အနည်းငယ် ထည့်သွင်းစဉ်းစားသင့်ပါတယ်။


ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:Trend Myanmar

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top