iMyanmarHouse.com - Best Property Website for Myanmar
×

အရက္ေသစာ၊ ပဋိသေႏၶတားေဆး၊ BRCA gene (မ်ိဳး႐ိုးဗီဇ)၊ ဘယ္အရာေတြက ရင္သားကင္ဆာျဖစ္ပြားႏႈန္းကို ျမင့္တက္ေစတာပါလဲ။ ကင္ဆာပညာရွင္တစ္ဦးကေတာ့ ရင္သားျဖစ္ပြားႏႈန္းကို ျမင့္တက္ေစတဲ့အေၾကာင္းအရာေတြကို ျဖစ္ႏိုင္ေခ်အရွိဆံုးမွ အနည္းဆံုးအထိ 1, 2, 3 ဆုိၿပီး အဆင့္သတ္မွတ္ေပးထားပါတယ္။ ေလ့လာၾကည့္ရေအာင္…

အဝလြန္ျခင္း (3)

 ေသြးဆံုးၿပီးအမ်ိဳးသမီးေတြအတြက္ ကိုယ္အေလးခ်ိန္ဟာ အီစထ႐ိုဂ်င္ေဟာ္မုန္း
ထုတ္လုပ္ရာမွာအဓိကက်တဲ့ အခန္းက႑တခုျဖစ္လာပါတယ္။ ေသြးဆံုးခ်ိန္မတိုင္မီမွာ မ်ိဳးဥအိမ္ကထုတ္ေပးတဲ့ အီစထ႐ိုဂ်င္ကို ေသြးဆံုးၿပီးေနာက္ပိုင္းမွာ ခႏၶာကိုယ္မွအဆီဆဲလ္ေတြက ထုတ္ေပးမွာျဖစ္တာေၾကာင့္ အဆီမ်ားေလေလ၊ အီစထ႐ိုဂ်င္ေဟာ္မုန္းမ်ားေလေလျဖစ္ပါတယ္။

ကိုယ္လက္လႈပ္ရွားမႈနည္းပါးျခင္း (3)

 2011 မွာျပဳလုပ္ခဲ့တဲ့ American Institute for Cancer Research ႏွစ္ပတ္လည္အစည္းအေဝးမွာ တင္ျပခဲ့တဲ့ ေလ့လာမႈအရ တစ္ႏွစ္အတြင္းမွာျဖစ္ေပၚခဲ့တဲ့ ရင္သားကင္ဆာျဖစ္စဥ္ 49,000 ခန္႔ဟာ ကိုယ္လက္လႈပ္ရွားမႈနည္းပါးမႈနဲ႔ သက္ဆုိင္ေနတယ္လုိ႔သိရပါတယ္။

အသက္ (3)

 အနီးအနားရွိအဂၤါမ်ားသို႔ ကင္ဆာဆဲလ္မ်ားပ်ံ႕ႏွံ႔ျခင္းရဲ႕ သံုးပံုႏွစ္ပံုခန္႔ဟာ အသက္ 55 ႏွစ္ႏွင့္အထက္
အမ်ိဳးသမီးေတြမွာ ျဖစ္တာကိုေတြ႔ရပါတယ္။

မ်ိဳး႐ိုးဗီဇ (3)

ရင္သားကင္ဆာျဖစ္ပြားသူအေယာက္100မွာ10 ေယာက္ကမ်ိဳး႐ိုးဗီဇေၾကာင့္ျဖစ္တယ္လို႔ယူဆရပါတယ္။

ယမကာမွီဝဲျခင္း (2)

တစ္ေန႔လွ်င္ အရက္ 2 ပတ္မွ 3 ပတ္အထိ ေသာက္သံုးျခင္းက ရင္သားကင္ဆာျဖစ္ပြားႏႈန္းကို 20% ထိ ျမင့္တက္ေစတယ္လို႔ သုေတသနေတြမွာေဖာ္ျပထားပါတယ္။

ဆီစားသံုးမႈ (1)

2014 မွ ေလ့လာမႈအရ ျပည့္ဝဆီစားသံုးတဲ့အမ်ိဳးသမီးေတြမွာ ေဟာ္မုန္းလက္ခံေနရာရွိတဲ့ ကင္ဆာအမ်ိဳးအစားျဖစ္ပြားႏႈန္းဟာ 28% ထိ ျမင့္တက္တာကိုေတြ႕ရပါတယ္။

ပဋိသေႏၶတားေဆး (1)

တားေဆးသံုးစြဲျခင္းေၾကာင့္ ရင္သားကင္ဆာျဖစ္ပြားႏႈန္းအနည္းငယ္ျမင့္တက္ႏိုင္ေပမယ့္ တားေဆးသံုးစြဲမႈရပ္တန္႔ၿပီ ေနာက္ 10 ႏွစ္အၾကာမွာ ကင္ဆာျဖစ္ပြားႏႈန္းဟာ ပံုမွန္သို႔ျပန္လည္ေလ်ာ့က်သြားႏုိင္ပါတယ္။

Parabens (1)

အလွကုန္ပစၥည္းေတြမွာတာရွည္ခံေအာင္ ထည့္သြင္းအသံုးျပဳထားတဲ့ပစၥည္း Paraben ဟာ ခႏၶာကိုယ္အတြင္းမွာ အီစထ႐ိုဂ်င္ကဲ့သို႔ျပဳမူတာေၾကာင့္ ရင္သားကင္ဆာဆဲလ္မ်ားပြားႏႈန္းကို အားေပးႏုိင္ပါတယ္။ ဒါေပမဲ့ အစားအေသာက္ႏွင့္ေဆးဝါး ကြပ္ကဲေရး (FDA) က အလွကုန္ေတြမွာပါဝင္တဲ့ Paraben အေရအတြက္ဟာ နည္းပါးတာေၾကာင့္ စိုးရိပ္စရာမရွိဘူးလို႔ဆုိပါတယ္။

အိပ္ေရးပ်က္ျခင္း (1)

အခ်ိဳ႕ေသာေလ့လာမႈေတြမွာအိပ္ေရးမဝျခင္းႏွင့္ ျဖစ္ပြားႏႈန္းဆက္စပ္မႈရွိတယ္လို႔ ေထာက္ျပခဲ့ေပမယ့္ 2013 ခုႏွစ္ ၾသစေၾတးလ်ေလ့လာမႈအရ ဆက္စပ္မႈမရွိဘူးလို႔ သိရပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit:DrMyanmar

#Unicode Version
အရက်သေစာ၊ ပဋိသန္ဓေတားဆေး၊ BRCA gene (မျိုးရိုးဗီဇ)၊ ဘယ်အရာတွေက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို မြင့်တက်စေတာပါလဲ။ ကင်ဆာပညာရှင်တစ်ဦးကတော့ ရင်သားဖြစ်ပွားနှုန်းကို မြင့်တက်စေတဲ့အကြောင်းအရာတွေကို ဖြစ်နိုင်ချေအရှိဆုံးမှ အနည်းဆုံးအထိ 1, 2, 3 ဆိုပြီး အဆင့်သတ်မှတ်ပေးထားပါတယ်။ လေ့လာကြည့်ရအောင်…

အဝလွန်ခြင်း (3)

 သွေးဆုံးပြီးအမျိုးသမီးတွေအတွက် ကိုယ်အလေးချိန်ဟာ အီစထရိုဂျင်ဟော်မုန်း
ထုတ်လုပ်ရာမှာအဓိကကျတဲ့ အခန်းကဏ္ဍတခုဖြစ်လာပါတယ်။ သွေးဆုံးချိန်မတိုင်မီမှာ မျိုးဥအိမ်ကထုတ်ပေးတဲ့ အီစထရိုဂျင်ကို သွေးဆုံးပြီးနောက်ပိုင်းမှာ ခန္ဓာကိုယ်မှအဆီဆဲလ်တွေက ထုတ်ပေးမှာဖြစ်တာကြောင့် အဆီများလေလေ၊ အီစထရိုဂျင်ဟော်မုန်းများလေလေဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုနည်းပါးခြင်း (3)

 2011 မှာပြုလုပ်ခဲ့တဲ့ American Institute for Cancer Research နှစ်ပတ်လည်အစည်းအဝေးမှာ တင်ပြခဲ့တဲ့ လေ့လာမှုအရ တစ်နှစ်အတွင်းမှာဖြစ်ပေါ်ခဲ့တဲ့ ရင်သားကင်ဆာဖြစ်စဉ် 49,000 ခန့်ဟာ ကိုယ်လက်လှုပ်ရှားမှုနည်းပါးမှုနဲ့ သက်ဆိုင်နေတယ်လို့သိရပါတယ်။

အသက် (3)

 အနီးအနားရှိအင်္ဂါများသို့ ကင်ဆာဆဲလ်များပျံ့နှံ့ခြင်းရဲ့ သုံးပုံနှစ်ပုံခန့်ဟာ အသက် 55 နှစ်နှင့်အထက်
အမျိုးသမီးတွေမှာ ဖြစ်တာကိုတွေ့ရပါတယ်။

မျိုးရိုးဗီဇ (3)

ရင်သားကင်ဆာဖြစ်ပွားသူအယောက်100မှာ10 ယောက်ကမျိုးရိုးဗီဇကြောင့်ဖြစ်တယ်လို့ယူဆရပါတယ်။

ယမကာမှီဝဲခြင်း (2)

တစ်နေ့လျှင် အရက် 2 ပတ်မှ 3 ပတ်အထိ သောက်သုံးခြင်းက ရင်သားကင်ဆာဖြစ်ပွားနှုန်းကို 20% ထိ မြင့်တက်စေတယ်လို့ သုတေသနတွေမှာဖော်ပြထားပါတယ်။

ဆီစားသုံးမှု (1)

2014 မှ လေ့လာမှုအရ ပြည့်ဝဆီစားသုံးတဲ့အမျိုးသမီးတွေမှာ ဟော်မုန်းလက်ခံနေရာရှိတဲ့ ကင်ဆာအမျိုးအစားဖြစ်ပွားနှုန်းဟာ 28% ထိ မြင့်တက်တာကိုတွေ့ရပါတယ်။

ပဋိသန္ဓေတားဆေး (1)

တားဆေးသုံးစွဲခြင်းကြောင့် ရင်သားကင်ဆာဖြစ်ပွားနှုန်းအနည်းငယ်မြင့်တက်နိုင်ပေမယ့် တားဆေးသုံးစွဲမှုရပ်တန့်ပြီ နောက် 10 နှစ်အကြာမှာ ကင်ဆာဖြစ်ပွားနှုန်းဟာ ပုံမှန်သို့ပြန်လည်လျော့ကျသွားနိုင်ပါတယ်။

Parabens (1)

အလှကုန်ပစ္စည်းတွေမှာတာရှည်ခံအောင် ထည့်သွင်းအသုံးပြုထားတဲ့ပစ္စည်း Paraben ဟာ ခန္ဓာကိုယ်အတွင်းမှာ အီစထရိုဂျင်ကဲ့သို့ပြုမူတာကြောင့် ရင်သားကင်ဆာဆဲလ်များပွားနှုန်းကို အားပေးနိုင်ပါတယ်။ ဒါပေမဲ့ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေး (FDA) က အလှကုန်တွေမှာပါဝင်တဲ့ Paraben အရေအတွက်ဟာ နည်းပါးတာကြောင့် စိုးရိပ်စရာမရှိဘူးလို့ဆိုပါတယ်။

အိပ်ရေးပျက်ခြင်း (1)

အချို့သောလေ့လာမှုတွေမှာအိပ်ရေးမဝခြင်းနှင့် ဖြစ်ပွားနှုန်းဆက်စပ်မှုရှိတယ်လို့ ထောက်ပြခဲ့ပေမယ့် 2013 ခုနှစ် သြစတြေးလျလေ့လာမှုအရ ဆက်စပ်မှုမရှိဘူးလို့ သိရပါတယ်။



ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...


Credit:DrMyanmar
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top