iMyanmarHouse.com - Best Property Website for Myanmar
×

 ၾကက္သြန္ေတြမွာ ဘက္တီးရီးယားပုိးေတြကုိ တုိက္ထုတ္ႏုိင္ၿပီး အႏၱရာယ္မ်ားတဲ႔ အဆိပ္အေတာက္ေတြကုိ ဖယ္ရွားေပးႏုိင္တဲ့ Quercetin လုိ႔အမည္ရတဲ႔ ျဒပ္ေပါင္းေတြပါဝင္ေနပါတယ္။ ဒီျဒပ္ေပါင္းက ဓါတ္မတည့္မႈျဖစ္စဥ္ေတြနဲ႔ ကုိယ္အတြင္းမွ ကုိလက္စေရာပါဝင္မႈေတြကုိပါ ေလ်ာ့ခ်ေပးႏုိင္ပါေသးတယ္။

 က်န္းမာေရးအတြက္ ၾကက္သြန္ရဲ႕အသုံးဝင္မႈေတြထဲက တစ္ခုကုိေျပာပါဆုိရင္ ဓါးထိတဲ႔ဒဏ္ရာေတြကုိ အလ်င္အျမန္ သက္သာေစႏုိင္တာကုိ ေမ့ထားလုိ႔မရပါဘူး။ ၾကက္သြန္တစ္လႊာကုိ ထိခုိက္ဒဏ္ရာရထားတဲ႔ေနရာနားမွာ ခ်က္ခ်င္းကပ္ထားေပးမယ္ဆုိ ေရာဂါပုိးကူးစက္မႈကေန သက္သာေစႏုိင္ၿပီး အနာကုိလည္း အလ်င္အျမန္က်က္ေစႏုိင္ပါတယ္။

 ၾကက္သြန္ေတြမွာ ဖူးေရာင္မႈကုိ သက္သာေစႏုိင္တဲ႔ ဂုဏ္သတၱိရွိတာေၾကာင့္ နားကုိက္ျခင္းလုိ ေဝဒနာမ်ိဳးမွ သက္သာလာေအာင္ လုပ္ေဆာင္ႏုိင္ပါတယ္။ ဒါ့အျပင္ ၾကက္သြန္ေတြဟာ ဖ်ားနာျခင္းကုိ သက္သာေစႏုိင္သလုိ အေအးမိျခင္းအမ်ိဳးမ်ိဳးကုိလည္း ကုသေပးႏုိင္စြမ္းရွိပါတယ္။

 ၾကက္သြန္ေတြဟာ အျဖဴေရာ အနီေရာ က်န္းမာေရးအတြက္ အသီးသီး အေထာက္အကူျပဳႏုိင္လုိ႔ ေန႔စဥ္စားသုံးေနက် အစားအစာေတြမွာ ၾကက္သြန္ကုိ မပါမျဖစ္ ထည့္သြင္းစားေသာက္ၿပီး က်န္းမာေပ်ာ္ရႊင္တဲ့ ဘဝေတြကို ပိုင္ဆိုင္ႏုိင္မွာျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : thithtoolwin

#Unicode Version

 ကြက်သွန်တွေမှာ ဘက်တီးရီးယားပိုးတွေကို တိုက်ထုတ်နိုင်ပြီး အန္တရာယ်များတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တဲ့ Quercetin လို့အမည်ရတဲ့ ဒြပ်ပေါင်းတွေပါဝင်နေပါတယ်။ ဒီဒြပ်ပေါင်းက ဓါတ်မတည့်မှုဖြစ်စဉ်တွေနဲ့ ကိုယ်အတွင်းမှ ကိုလက်စရောပါဝင်မှုတွေကိုပါ လျော့ချပေးနိုင်ပါသေးတယ်။

 ကျန်းမာရေးအတွက် ကြက်သွန်ရဲ့အသုံးဝင်မှုတွေထဲက တစ်ခုကိုပြောပါဆိုရင် ဓါးထိတဲ့ဒဏ်ရာတွေကို အလျင်အမြန် သက်သာစေနိုင်တာကို မေ့ထားလို့မရပါဘူး။ ကြက်သွန်တစ်လွှာကို ထိခိုက်ဒဏ်ရာရထားတဲ့နေရာနားမှာ ချက်ချင်းကပ်ထားပေးမယ်ဆို ရောဂါပိုးကူးစက်မှုကနေ သက်သာစေနိုင်ပြီး အနာကိုလည်း အလျင်အမြန်ကျက်စေနိုင်ပါတယ်။

 ကြက်သွန်တွေမှာ ဖူးရောင်မှုကို သက်သာစေနိုင်တဲ့ ဂုဏ်သတ္တိရှိတာကြောင့် နားကိုက်ခြင်းလို ဝေဒနာမျိုးမှ သက်သာလာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဒါ့အပြင် ကြက်သွန်တွေဟာ ဖျားနာခြင်းကို သက်သာစေနိုင်သလို အအေးမိခြင်းအမျိုးမျိုးကိုလည်း ကုသပေးနိုင်စွမ်းရှိပါတယ်။

 ကြက်သွန်တွေဟာ အဖြူရော အနီရော ကျန်းမာရေးအတွက် အသီးသီး အထောက်အကူပြုနိုင်လို့ နေ့စဉ်စားသုံးနေကျ အစားအစာတွေမှာ ကြက်သွန်ကို မပါမဖြစ် ထည့်သွင်းစားသောက်ပြီး ကျန်းမာပျော်ရွှင်တဲ့ ဘဝတွေကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : thithtoolwin

 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top