iMyanmarHouse.com - Best Property Website for Myanmar
×

ႏွစ္ဦးသား ေန႕စဥ္နဲ႕အမ်ွ အိမ္အလုပ္ေတြ၊ တျခားအျပင္အလုပ္ကိစၥေတြနဲ႕ ရႈပ္ေနတာေၾကာင့္ တစ္ဦးနဲ႕တစ္ဦး အခ်ိန္မေပးျဖစ္ၾကဘူးလား။ ဒါမွမဟုတ္ သင္က အိမ္မႈကိစၥေတြလုပ္ျပီး သင့္အမ်ိဳးသားျပန္အလာ ကို ေစာင့္၊ ေရာက္ေတာ့လည္း အထူးတလည္ အခ်ိန္မျဖဳန္းျဖစ္ပဲ ညစာစား၊ အိပ္ယာ၀င္ ဒါနဲ႕ သံသရာလည္ေနပါသလား။ ဒါမွမဟုတ္ သူကလည္း အခ်ိန္တိုင္း ကြန္ပ်ဴတာေရွ႕၊ တီဗီေရွ႕ စတဲ့ အီလက္ထေရာနစ္ပစၥည္းေတြ ေရွ႕မွာ အလုပ္ရႈပ္ေနသလို သင္ကိုယ္တုိင္ကလည္း သင့္ဖုန္းမ်က္ႏွာျပင္ေလးကို တၾကည့္ၾကည့္နဲ႕ အခ်ိန္ကုန္ေနတတ္ပါသလား။ ဒီလိုဆိုရင္ေတာ့ သင္ ဒါမွမဟုတ္ သင့္လက္တြဲေဖာ္ဟာ တစ္ခ်ိန္မွာ ငါတုိ႕အိမ္ေထာင္ေရးဟာ ပ်င္းစရာၾကီးပါလားလို႕ ေတြးကိုေတြးမိလာပါလိမ့္မယ္။

ဒီလိုအျဖစ္ၾကံဳလာရင္ သင့္အေနနဲ႕ ခ်က္ခ်င္းလုပ္ေဆာင္သင့္တဲ့ အခ်က္ (၂) ခ်က္ရွိပါတယ္။ အဲ့ဒီအခ်က္ (၂)ခ်က္က သင္တုိ႕ႏွစ္ဦးရဲ႕ အိမ္ေထာင္ေရးကို ျပန္လည္ေႏြးေထြးအဆင္ေျပေစပါလိမ့္မယ္။

၁။ အသစ္အသစ္ေသာ နည္းပညာေတြကို အနားေပးလိုက္ပါ။

ဖုန္းကို ပိတ္ထားလိုက္ပါ။ တီဗီနဲ႕ ကြန္ပ်ဴတာကိုလည္း အနားေပးလိုက္ပါ။ ဒီေန႕မွာ ဘာေတြလုပ္တယ္။ ဘာေတြျဖစ္တယ္ဆုိတဲ့ အေၾကာင္းေလး သင့္လက္တြဲေဖာ္ကို ေျပာျပလိုက္ပါ။ သူေျပာတာေလးေတြကိုလည္း ေသခ်ာမွတ္သားျပီး သူ႕ကို အၾကံေပးႏိုင္တာေပး၊ ေဖးမစကားေျပာေပး သင့္တာေျပာေပးျပီး ေနာက္ပိုင္း သူ ဒီစကားမ်ိဳး ျပန္ေျပာလာတဲ့အခါ သင္က မွတ္မိေနတာမ်ိဳး ျဖစ္ေနပါေစ။ ဒီလိုဆုိရင္ သူလည္း ေက်နပ္ေပ်ာ္ရႊင္သြားပါလိမ့္မယ္။

၂။ ေန႕တုိင္းေတြ႕ေနက် ျမင္ကြင္းမ်ိဳးကေန အသစ္တစ္မ်ိဳးကို စဥ္းစားျပီး ႏွစ္ဦးသားအခ်ိန္ျဖဳန္းပါ။

တစ္ပတ္မွာ တစ္ခါေလာက္ေတာ့ အနည္းဆံုး ရည္းစားဘ၀ကလို ျပန္ဒိတ္ၾကပါ။  ဘာပဲျဖစ္ျဖစ္ အိမ္ထဲမွာပဲ အျမဲေတြ႕ေနရတာမ်ိဳးထက္စာရင္ ပတ္၀န္းက်င္အသစ္တစ္ခုမွာက ပိုျပီး သင္တုိ႕ကို လန္းဆန္းေစပါတယ္။ ေနရာသစ္တစ္ခုကို စဥ္းစားျပီး သြားပါ။ ဒီလိုဆုိရင္ သင္တုိ႕ႏွစ္ဦးရဲ႕ ခံစားခ်က္၊ အေတြးေတြဟာ အရင္နဲ႕မတူ ျပန္လည္သစ္လြင္လာမွာပါ။

Credit:Trend Myanmar


ဤစာဖတ္သူမ်ားအားလံုးခ်စ္ေသာသူနွင့္ရိုးေျမက်ေပါင္းဖက္နိုင္ပါေစလို႔ေရႊခ်စ္သူမွဆုေတာင္းေမတၱာ
ပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Unicode Version

နှစ်ဦးသား နေ့စဉ်နဲ့အမျှ အိမ်အလုပ်တွေ၊ တခြားအပြင်အလုပ်ကိစ္စတွေနဲ့ ရှုပ်နေတာကြောင့် တစ်ဦးနဲ့တစ်ဦး အချိန်မပေးဖြစ်ကြဘူးလား။ ဒါမှမဟုတ် သင်က အိမ်မှုကိစ္စတွေလုပ်ပြီး သင့်အမျိုးသားပြန်အလာ ကို စောင့်၊ ရောက်တော့လည်း အထူးတလည် အချိန်မဖြုန်းဖြစ်ပဲ ညစာစား၊ အိပ်ယာဝင် ဒါနဲ့ သံသရာလည်နေပါသလား။ ဒါမှမဟုတ် သူကလည်း အချိန်တိုင်း ကွန်ပျူတာရှေ့၊ တီဗီရှေ့ စတဲ့ အီလက်ထရောနစ်ပစ္စည်းတွေ ရှေ့မှာ အလုပ်ရှုပ်နေသလို သင်ကိုယ်တိုင်ကလည်း သင့်ဖုန်းမျက်နှာပြင်လေးကို တကြည့်ကြည့်နဲ့ အချိန်ကုန်နေတတ်ပါသလား။ ဒီလိုဆိုရင်တော့ သင် ဒါမှမဟုတ် သင့်လက်တွဲဖော်ဟာ တစ်ချိန်မှာ ငါတို့အိမ်ထောင်ရေးဟာ ပျင်းစရာကြီးပါလားလို့ တွေးကိုတွေးမိလာပါလိမ့်မယ်။

ဒီလိုအဖြစ်ကြုံလာရင် သင့်အနေနဲ့ ချက်ချင်းလုပ်ဆောင်သင့်တဲ့ အချက် (၂) ချက်ရှိပါတယ်။ အဲ့ဒီအချက် (၂)ချက်က သင်တို့နှစ်ဦးရဲ့ အိမ်ထောင်ရေးကို ပြန်လည်နွေးထွေးအဆင်ပြေစေပါလိမ့်မယ်။

၁။ အသစ်အသစ်သော နည်းပညာတွေကို အနားပေးလိုက်ပါ။

ဖုန်းကို ပိတ်ထားလိုက်ပါ။ တီဗီနဲ့ ကွန်ပျူတာကိုလည်း အနားပေးလိုက်ပါ။ ဒီနေ့မှာ ဘာတွေလုပ်တယ်။ ဘာတွေဖြစ်တယ်ဆိုတဲ့ အကြောင်းလေး သင့်လက်တွဲဖော်ကို ပြောပြလိုက်ပါ။ သူပြောတာလေးတွေကိုလည်း သေချာမှတ်သားပြီး သူ့ကို အကြံပေးနိုင်တာပေး၊ ဖေးမစကားပြောပေး သင့်တာပြောပေးပြီး နောက်ပိုင်း သူ ဒီစကားမျိုး ပြန်ပြောလာတဲ့အခါ သင်က မှတ်မိနေတာမျိုး ဖြစ်နေပါစေ။ ဒီလိုဆိုရင် သူလည်း ကျေနပ်ပျော်ရွှင်သွားပါလိမ့်မယ်။

၂။ နေ့တိုင်းတွေ့နေကျ မြင်ကွင်းမျိုးကနေ အသစ်တစ်မျိုးကို စဉ်းစားပြီး နှစ်ဦးသားအချိန်ဖြုန်းပါ။

တစ်ပတ်မှာ တစ်ခါလောက်တော့ အနည်းဆုံး ရည်းစားဘဝကလို ပြန်ဒိတ်ကြပါ။  ဘာပဲဖြစ်ဖြစ် အိမ်ထဲမှာပဲ အမြဲတွေ့နေရတာမျိုးထက်စာရင် ပတ်ဝန်းကျင်အသစ်တစ်ခုမှာက ပိုပြီး သင်တို့ကို လန်းဆန်းစေပါတယ်။ နေရာသစ်တစ်ခုကို စဉ်းစားပြီး သွားပါ။ ဒီလိုဆိုရင် သင်တို့နှစ်ဦးရဲ့ ခံစားချက်၊ အတွေးတွေဟာ အရင်နဲ့မတူ ပြန်လည်သစ်လွင်လာမှာပါ။

Credit:Trend Myanmar




ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top