iMyanmarHouse.com - Best Property Website for Myanmar
×

တရားထိုင္ တာလို႔ ေျပာရင္ တခ်ိဳ႕လူေတြက ဘာသာေရးနဲ႔ပဲ ဆက္စပ္ေနတယ္လို႔ ထင္ေနၾကပါတယ္။ အမွန္တကယ္မွာေတာ့ တရားထိုင္ျခင္းဟာ စိတ္ က်န္းမာေရးကိုလည္း အထူး အေထာက္အကူျပဳေနပါေသးတယ္။ ဒါေၾကာင့္လည္း နိုင္ငံတကာက တရားထိုင္ အသင္းအဖြဲ႕ေတြ၊ meditation centre ေတြမွာ လူမ်ိဳး ဘာသာ မေရြး လာေရာက္ၿပီး တရားထိုင္ရင္း စိတ္ၾကည္လင္ က်န္းမာလာေအာင္ လုပ္ယူေနၾကတာပဲ ျဖစ္ပါတယ္။

၁။ စိတ္အာ႐ုံ စူးစိုက္မွု ေကာင္းမြန္လာေစျခင္း
၂။ စိတ္ဖိစီးမွုနဲ႔ ပူပန္ ေသာကမ်ားကို ေလ်ာ့နည္းေစျခင္း
၃။ ေဆးလိပ္ အရက္ ေသာက္သုံးျခင္း စသည့္ မိမိကိုယ္ကို ထိခိုက္ေစသည့္ အက်င့္ဆိုးမ်ားကို ေဖ်ာက္ဖ်က္ပစ္နိုင္ျခင္း (စိတ္ခြန္အား ေကာင္းလာတဲ့ အခါမွာ ကိုယ့္အတြက္ မေကာင္းဘူးမွန္း သိတာေတြကို မလုပ္ဘဲ ထိန္းခ်ဳပ္လာနိုင္ပါတယ္)
၄။ ေတြးေခၚ ဆုံးျဖတ္နိုင္စြမ္းကို တိုးတက္ေစျခင္း
၅။ မိမိကိုယ္ မိမိ ပိုမို နားလည္လာေစျခင္း၊ မိမိကိုယ္ကို ေဝဖန္ သုံးသပ္နိုင္စြမ္း တိုးတက္လာေစျခင္း
၆။ စိတ္ဓာတ္ တည္ၾကည္ ႀကံ့ခိုင္ေစျခင္း
၇။ အိုမင္းရင့္ေရာ္မွုကို ေလၽွာ့ခ်ေပးျခင္း (အရြယ္မတိုင္မီ အိုမင္းမွုကို ျဖစ္ေစတဲ့ စိတ္ေသာကေတြကို တရားထိုင္ျခင္းက ေဖ်ာက္ဖ်က္ေပးနိုင္ပါတယ္)

ဒီ နည္းလမ္းေတြဟာ သိပၸံနည္းက် ေတြ႕ရွိလာတဲ့ အခ်က္အလက္ေတြ ျဖစ္ပါတယ္။ အဲဒီ အခ်က္ေတြအျပင္ တရားထိုင္ျခင္းဟာ ခႏၶာကိုယ္မွာ ျဖစ္တဲ့ ေရာင္ရမ္းနာေတြကို သက္သာ ေပ်ာက္ကင္းေစေၾကာင္း အခ်က္အလက္တခ်ိဳ႕ကို ေတြ႕ရွိထားေပမယ့္ အတည္ျပဳဖို႔ လိုအပ္ေနေသးတယ္လို႔ သိရပါတယ္။

တကယ္တမ္းမွာ တရားထိုင္ျခင္းအလုပ္ဟာ ကၽြန္ေတာ္တို႔ ျမန္မာလူမ်ိဳးေတြနဲ႔ မေဝးလွပါဘူး။ သၾကၤန္ကာလေတြ၊ ေႏြပိတ္ရက္ေတြ အတြင္းမွာ တရားစခန္းေတြ ဝင္၊ ဝိပႆနာ ရွုမွတ္တာေတြ ရွိတတ္ၾကပါတယ္။ တရားထိုင္ရင္ စိတ္ တည္ၾကည္ ေအးခ်မ္းတာ၊ သတိအားေကာင္းတာ စတဲ့ အက်ိဳးေတြကိုလည္း လက္ေတြ႕ ျမင္သိ ခံစားရသူေတြ ရွိေနၾကၿပီးသား ျဖစ္ပါတယ္။ အားလပ္ရက္ေတြမွ မဟုတ္ဘဲ က်န္တဲ့ တစ္ေန႔တာ အတြင္းက ရတဲ့ အခ်ိန္ အနည္းအက်ဥ္းမွာလည္း တရားထိုင္ရင္း က်န္းမာျခင္း အက်ိဳးကို ရယူသြားနိုင္ေအာင္ အက်ိဳးေမၽွာ္ၿပီး သတိေပး တိုက္တြန္းလိုက္ရျခင္းပဲ ျဖစ္ပါတယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit :Yoyarlay

#Unicode Version

တရားထိုင် တာလို့ ပြောရင် တချို့လူတွေက ဘာသာရေးနဲ့ပဲ ဆက်စပ်နေတယ်လို့ ထင်နေကြပါတယ်။ အမှန်တကယ်မှာတော့ တရားထိုင်ခြင်းဟာ စိတ် ကျန်းမာရေးကိုလည်း အထူး အထောက်အကူပြုနေပါသေးတယ်။ ဒါကြောင့်လည်း နိုင်ငံတကာက တရားထိုင် အသင်းအဖွဲ့တွေ၊ meditation centre တွေမှာ လူမျိုး ဘာသာ မရွေး လာရောက်ပြီး တရားထိုင်ရင်း စိတ်ကြည်လင် ကျန်းမာလာအောင် လုပ်ယူနေကြတာပဲ ဖြစ်ပါတယ်။

၁။ စိတ်အာရုံ စူးစိုက်မှု ကောင်းမွန်လာစေခြင်း
၂။ စိတ်ဖိစီးမှုနဲ့ ပူပန် သောကများကို လျော့နည်းစေခြင်း
၃။ ဆေးလိပ် အရက် သောက်သုံးခြင်း စသည့် မိမိကိုယ်ကို ထိခိုက်စေသည့် အကျင့်ဆိုးများကို ဖျောက်ဖျက်ပစ်နိုင်ခြင်း (စိတ်ခွန်အား ကောင်းလာတဲ့ အခါမှာ ကိုယ့်အတွက် မကောင်းဘူးမှန်း သိတာတွေကို မလုပ်ဘဲ ထိန်းချုပ်လာနိုင်ပါတယ်)
၄။ တွေးခေါ် ဆုံးဖြတ်နိုင်စွမ်းကို တိုးတက်စေခြင်း
၅။ မိမိကိုယ် မိမိ ပိုမို နားလည်လာစေခြင်း၊ မိမိကိုယ်ကို ဝေဖန် သုံးသပ်နိုင်စွမ်း တိုးတက်လာစေခြင်း
၆။ စိတ်ဓာတ် တည်ကြည် ကြံ့ခိုင်စေခြင်း
၇။ အိုမင်းရင့်ရော်မှုကို လျှော့ချပေးခြင်း (အရွယ်မတိုင်မီ အိုမင်းမှုကို ဖြစ်စေတဲ့ စိတ်သောကတွေကို တရားထိုင်ခြင်းက ဖျောက်ဖျက်ပေးနိုင်ပါတယ်)

ဒီ နည်းလမ်းတွေဟာ သိပ္ပံနည်းကျ တွေ့ရှိလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ အဲဒီ အချက်တွေအပြင် တရားထိုင်ခြင်းဟာ ခန္ဓာကိုယ်မှာ ဖြစ်တဲ့ ရောင်ရမ်းနာတွေကို သက်သာ ပျောက်ကင်းစေကြောင်း အချက်အလက်တချို့ကို တွေ့ရှိထားပေမယ့် အတည်ပြုဖို့ လိုအပ်နေသေးတယ်လို့ သိရပါတယ်။

တကယ်တမ်းမှာ တရားထိုင်ခြင်းအလုပ်ဟာ ကျွန်တော်တို့ မြန်မာလူမျိုးတွေနဲ့ မဝေးလှပါဘူး။ သင်္ကြန်ကာလတွေ၊ နွေပိတ်ရက်တွေ အတွင်းမှာ တရားစခန်းတွေ ဝင်၊ ဝိပဿနာ ရှုမှတ်တာတွေ ရှိတတ်ကြပါတယ်။ တရားထိုင်ရင် စိတ် တည်ကြည် အေးချမ်းတာ၊ သတိအားကောင်းတာ စတဲ့ အကျိုးတွေကိုလည်း လက်တွေ့ မြင်သိ ခံစားရသူတွေ ရှိနေကြပြီးသား ဖြစ်ပါတယ်။ အားလပ်ရက်တွေမှ မဟုတ်ဘဲ ကျန်တဲ့ တစ်နေ့တာ အတွင်းက ရတဲ့ အချိန် အနည်းအကျဉ်းမှာလည်း တရားထိုင်ရင်း ကျန်းမာခြင်း အကျိုးကို ရယူသွားနိုင်အောင် အကျိုးမျှော်ပြီး သတိပေး တိုက်တွန်းလိုက်ရခြင်းပဲ ဖြစ်ပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :Yoyarlay
 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top