iMyanmarHouse.com - Best Property Website for Myanmar
×

၁ - လက်စွပ်က ကြပ်တယ်


၂ - ပါးစပ်ခြောက်တယ်


၃ - ခေါင်းတွေထိုးတယ်


၎ - အပေါ့သွားတယ်




Credit :duwun


#Unicode Version


၁ - လက်စွပ်က ကြပ်တယ်

ဝိတ်တက်ခြင်းမရှိပေမဲ့ ဝတ်ထားတဲ့လက်စွပ်က ကြပ်လာတာဟာ Water retention လို့ခေါ်တဲ့ ခန္ဓာကိုယ်တွင်းရှိ အရည်ထိန်းသိမ်းမှု မြင့်မားလာတာကြောင့်ပါ။ ဒီလိုဖြစ်ရတာဟာ ဆားစားသုံးမှု များပြားတာကြောင့် ဖြစ်ပါတယ်။

၂ - ပါးစပ်ခြောက်တယ်

ဆိုဒီယမ်များတဲ့ အစားအစာတွေကို စားပြီးတဲ့အခါတိုင်း ရေဆာလေ့ရှိပါတယ်။ ခန္ဓာကိုယ်တွင်း ဆားနဲ့ ရေ အနေအထားဟာ ဟန်ချက်မညီတာ ဖြစ်ပါတယ်။ ဒီ့အတွက် ရေပိုသောက်လာတာပါ။

၃ - ခေါင်းတွေထိုးတယ်

ခေါင်းထဲမှာ တစ်ဆစ်ဆစ်နဲ့ ထိုးနေတာဟာ ဆားအစားများတာနဲ့လည်း ဆိုင်ပါတယ်။ တစ်နေ့ကို ဆိုဒီယမ် ၃၅၀၀ မီလီဂရမ်စားသုံးသူတွေဟာ သာမန်စားသုံးသူတွေထက် ခေါင်းပိုကိုက်လေ့ရှိပါတယ်။

၄ - အပေါ့သွားတယ်
ဆား စားတာများရင်လည်း အပေါ့ခဏခဏ သွားတတ်ပါတယ်။ ဆိုဒီယမ်ပမာဏများပြားမှုကို လျှော့ချဖို့အတွက် ကျောက်ကပ်ဟာ ပုံမှန်ထက်ပိုပြီးလုပ်ရတာ ဖြစ်ပါတယ်။

ဆားစားများတယ်လို့ ကိုယ့်ကိုယ်ကိုယ်ထင်ရင် ရေများများ သောက်ပေးဖို့ လိုပါတယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit :duwun

 
 
အသစ်တင်တိုင်း Email ပို့ပေးပါမည်။
သင်၏ Email ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top