iMyanmarHouse.com - Best Property Website for Myanmar
×

လက္သည္းခြံေပၚက အျဖဴေရာင္အစက္ေလးေတြက ကယ္စီယမ္ဓာတ္ခ်ဳိ႕တဲ့ျခင္း လကၡဏာတစ္ခုလုိ႔ လူေတြကထင္ၾကပါတယ္။ ဒါကအမွန္မဟုတ္ပါဘူးလို႔ အေရျပားပညာရွင္ေတြက ဆုိပါတယ္။ အရင္က ဇင့္ဓာတ္ ခ်ဳိ႕တဲ့တယ္လို႔ ထင္ခဲ့ၾကရာက ေနာက္ဆက္တြဲ အယူအဆတစ္ခုအေနနဲ႔ ကယ္စီယမ္ဓာတ္ ခ်ဳိ႕တဲ့တာျဖစ္တယ္ လို႔ ယူဆခဲ့ၾကတာပါ။ ကၽြမ္းက်င္ပညာရွင္ေတြက ဒါကို ယုံတမ္းတစ္ခုလို႔သတ္မွတ္မယ္ဆိုရင္ လက္သည္းေပၚက ဒီအျဖဴေရာင္အစက္ေတြက ဘာကိုဆုိလိုတာပါလဲ။

အမွန္ကေတာ့ အျဖဴေရာင္အစက္ေတြက လူတုိင္းမွာေတြ႔ႏုိင္ျပီး အႏၱရာယ္လည္း မေပးႏုိင္ပါဘူး။ သူက ဗီတာမင္တစ္မ်ဳိးမ်ဳိးခ်ဳိ႕တဲ့တာကိုျပတဲ့ လကၡဏာတစ္ရပ္လည္း မဟုတ္ပါဘူး။ ျဖစ္ရတဲ့ အေၾကာင္းရင္းေတြကေတာ့ လက္သည္းခြံေပၚမွာ ဒါမွမဟုတ္ လက္သည္းခြံေအာက္က အေရျပားေပၚမွာ ထိခိုက္မိခဲ့ဖူးတဲ့ ဒဏ္ရာ တစ္ခုခုေၾကာင့္ ျဖစ္လာတဲ့ အမွတ္အသားေတြပဲ ျဖစ္ပါတယ္။ ပလတ္စတစ္အၾကည္တစ္ခုကုိ ေခါက္ခ်ဳိးခ်ဳိး လိုက္တာ၊ ထိမိသြားတဲ့အခ်ိန္မွာ ျဖစ္သြားသလိုမ်ဳိး အျဖဴေရာင္အစက္ေလးေတြ လက္သည္းေပၚမွာ က်န္ခဲ့တာ ျဖစ္ပါတယ္။

အျဖဴေရာင္ အစက္ေလးေတြ ယာယီပဲျဖစ္ျပီး လက္သည္းရွည္လာတာနဲ႔ တျဖည္းျဖည္းေပ်ာက္သြား တတ္ပါတယ္။ ဒါေပမဲ့ သင္သတိထားရမယ့္ အမွတ္အသားကေတာ့ အညိဳေရာင္ အမွတ္အသားေတြပဲ ျဖစ္ပါတယ္။ ဒါေတြက မၾကာခင္က သင့္လက္မွာ ထိခိုက္ဒဏ္ရာရခဲ့တဲ့ ဒဏ္ရာေတြကုိ ျပတာျဖစ္ပါတယ္။ ေနာက္အေရးၾကီးဆုံးအခ်က္က သင့္လက္သည္းေပၚက အမည္းေရာင္၊ အညဳိေရာင္၊ ခရမ္းေရာင္ အမွတ္အသား ေတြေတြ႔ရရင္ေတာ့ အေရျပားကင္ဆာ အမွတ္အသားျဖစ္ႏုိင္ျပီး ဆရာဝန္နဲ႔ခ်က္ခ်င္းတုိင္ပင္ ျပသင့္တယ္။

ဤစာဖတ္သူမ်ားအားလံုးက်န္းမာခ်မ္းသာၾကပါေစလို႔ေ႐ႊခ်စ္သူမွဆုေတာင္းေမတၱာပို႔သေပးပါတယ္။

မွ်ေဝေပးျခင္းဟာလည္းေမတၱာတစ္မ်ိဳးပဲမို႔ မွ်ေဝေပးပါေနာ္...

Credit : trend myanmar

#Unicode Version

လက်သည်းခွံပေါ်က အဖြူရောင်အစက်လေးတွေက ကယ်စီယမ်ဓာတ်ချို့တဲ့ခြင်း လက္ခဏာတစ်ခုလို့ လူတွေကထင်ကြပါတယ်။ ဒါကအမှန်မဟုတ်ပါဘူးလို့ အရေပြားပညာရှင်တွေက ဆိုပါတယ်။ အရင်က ဇင့်ဓာတ် ချို့တဲ့တယ်လို့ ထင်ခဲ့ကြရာက နောက်ဆက်တွဲ အယူအဆတစ်ခုအနေနဲ့ ကယ်စီယမ်ဓာတ် ချို့တဲ့တာဖြစ်တယ် လို့ ယူဆခဲ့ကြတာပါ။ ကျွမ်းကျင်ပညာရှင်တွေက ဒါကို ယုံတမ်းတစ်ခုလို့သတ်မှတ်မယ်ဆိုရင် လက်သည်းပေါ်က ဒီအဖြူရောင်အစက်တွေက ဘာကိုဆိုလိုတာပါလဲ။

အမှန်ကတော့ အဖြူရောင်အစက်တွေက လူတိုင်းမှာတွေ့နိုင်ပြီး အန္တရာယ်လည်း မပေးနိုင်ပါဘူး။ သူက ဗီတာမင်တစ်မျိုးမျိုးချို့တဲ့တာကိုပြတဲ့ လက္ခဏာတစ်ရပ်လည်း မဟုတ်ပါဘူး။ ဖြစ်ရတဲ့ အကြောင်းရင်းတွေကတော့ လက်သည်းခွံပေါ်မှာ ဒါမှမဟုတ် လက်သည်းခွံအောက်က အရေပြားပေါ်မှာ ထိခိုက်မိခဲ့ဖူးတဲ့ ဒဏ်ရာ တစ်ခုခုကြောင့် ဖြစ်လာတဲ့ အမှတ်အသားတွေပဲ ဖြစ်ပါတယ်။ ပလတ်စတစ်အကြည်တစ်ခုကို ခေါက်ချိုးချိုး လိုက်တာ၊ ထိမိသွားတဲ့အချိန်မှာ ဖြစ်သွားသလိုမျိုး အဖြူရောင်အစက်လေးတွေ လက်သည်းပေါ်မှာ ကျန်ခဲ့တာ ဖြစ်ပါတယ်။

အဖြူရောင် အစက်လေးတွေ ယာယီပဲဖြစ်ပြီး လက်သည်းရှည်လာတာနဲ့ တဖြည်းဖြည်းပျောက်သွား တတ်ပါတယ်။ ဒါပေမဲ့ သင်သတိထားရမယ့် အမှတ်အသားကတော့ အညိုရောင် အမှတ်အသားတွေပဲ ဖြစ်ပါတယ်။ ဒါတွေက မကြာခင်က သင့်လက်မှာ ထိခိုက်ဒဏ်ရာရခဲ့တဲ့ ဒဏ်ရာတွေကို ပြတာဖြစ်ပါတယ်။ နောက်အရေးကြီးဆုံးအချက်က သင့်လက်သည်းပေါ်က အမည်းရောင်၊ အညိုရောင်၊ ခရမ်းရောင် အမှတ်အသား တွေတွေ့ရရင်တော့ အရေပြားကင်ဆာ အမှတ်အသားဖြစ်နိုင်ပြီး ဆရာဝန်နဲ့ချက်ချင်းတိုင်ပင် ပြသင့်တယ်။

ဤစာဖတ်သူများအားလုံးကျန်းမာချမ်းသာကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။

မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

Credit : trend myanmar


 
 
အသစ္တင္တိုင္း Email ပို႔ေပးပါမည္။
သင္၏ Email ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top